မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်

တန်းဖိုးနည်းဖုန်းရောင်းဆိုင် (ဓါတ်ပုံ-Google Images)
မြန်မာနိုင်ငံတွင် လက်ရှိ ချထားပေးနေသော ငွေကျပ်နှစ်သိန်းတန်  နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးတင်ရောင်းချနေမှုများကို ဟန့်တားနိုင်ရန် အတွက် မူရင်းဈေးနှုန်း အတိုင်းရောင်း ချပေးမည့် One Stop Services ပေးမည့် ဆိုင် ငါးဆိုင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဖွင့်လှစ်ပေး ထားပြီဖြစ်ကြောင်း  သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူ နေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ် ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်း ချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့် လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေး နှုန်းအတိုင်း လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့  မြန်မာ့ဆက်သွယ် ရေးအနေနဲ့ ဖုန်းကတ်တွေမူရင်းဈေးထက် ပိုနေတာကိုသိရလို့ သက်ဆိုင်ရာ ကုမ0x081ပဏီတွေ ကို အရေးယူဆောင်ရွက်မယ်လို့ သတိပေး ထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေ တာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင် နေတာကြောင့်  လို့ ယူဆမိပါတယ်။ တကယ် တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိ ရင်ရှိသလောက် ဖုန်းတွေကို ရောင်း ချပေး သွားမှာပါ။ အကန့်အသတ် လုံးဝမထားပါ ဘူး။ အဲဒီလို ငွေပိုပေးဝယ် နေရတာ တွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်း တွေကို မူရင်းဈေး အတိုင်း လိုသ လောက် ရောင်း ချပေးမည့် One Stop Services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေး ထားပြီဖြစ် ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း  ကပြောသည်။

အဆိုပါ One Stop Services ဖြင့်ဝန်ဆောင်မှုပေးမည့်ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်း ဆက်သွယ်ရေး စီးပွားဌာန၊ ပန်းဆိုး တန်း မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ ရန်ကုန်တိုင်း စီးပွားဌာန(စာတိုက်ကြီး)၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားဌာန တို့ဖြစ်ကာ ယင်းဆိုင်များ အား ဧပြီ၂ရရက်မှစ၍ ဖွင့်လှစ် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
Yangon Media Group
မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ် မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ် Reviewed by သစ်ထူးလွင် on 17:13 Rating: 5

29 comments:

Killer said...

တော်ပါဆက်သွယ်ရေးရယ်... ကျေးဇူးတင်ပါတယ်.. မင်းတို့ပါရင်ပိုဆိုးလို့ပါ... အရင်ကတည်းက ကြိုးတားရမှာ အခုမှ နာမည်ကောင်းဝင်ယူမနေနဲ့... အလကားဆသရ...

ဇာမဏီ said...

အင်မတန်ဈေးကြီးနေပါသေးတယ်ခင်ဗျာ ။ အိမ်နီးနားချင်းနိုင်ငံတွေထက် အဆ (၇၀) လောက်ကို ဈေးကြီးနေ
ပါသေးတယ် မြန်မာ့ဆက်သွယ်ရေးခင်ဗျာ။ တာရိုးကနွားတွေ ။

kscs said...

ငတ်လို့မ၀ကြသေးဘူးလားဟင်။ တော်တော်ကို ကောင်းတဲ့ အစီအစဉ်ပါပဲနော်။ တန်ဖိုးမတက် တက်အောင် အတင်းကာရော လုပ်နေတာကြီးက ခေတ်နောက်ပြန်သွားနေသလိုပဲ။

ဖိုးစလုံး said...

ဟဟဟဟဟ...ဆက်သွယ်ရေးက ၀န်ထမ်းတွေ ဖန်ငွေရအောင် လုပ်ခြလိုက်ပြန်ပြီ..တော်ပါပေ၏။

ရာဇာ said...

၅၀၀၀ ထောင် တန် ဆင်းမ်ကဒ် ထွက်တော့ မှာဆိုတော့ လက်ရှိ ၂ သိန်းတန် ဖုံးကို တက်သုတ်ရိုက်ပြီး ရောင်းနေတာ....လူကြီးတွေ ကိုလဲ ပေးထားပြီး သားဖြစ်နေတော့ အရင်းကြေ အောင် အသဲအသန် ရောင်းနေတာဗျို့......

ရာဇာ said...

၅၀၀၀ ထောင် တန် ဆင်းမ်ကဒ် ထွက်တော့ မှာဆိုတော့ လက်ရှိ ၂ သိန်းတန် ဖုံးကို တက်သုတ်ရိုက်ပြီး ရောင်းနေတာ....လူကြီးတွေ ကိုလဲ ပေးထားပြီး သားဖြစ်နေတော့ အရင်းကြေ အောင် အသဲအသန် ရောင်းနေတာဗျို့......

itintinwin said...

အရင်ထဲကအကောင်အထည်ဖေါ်လုပ်မယ်လို့ဆုံးဖြတ်ထားရင်..သေချာစဉ်းစြားပီးမှလုပ်...သုံးသူတွေကတော့သုံးစွဲချင်တော့ဈေးပိုပြီးဝယ်လိုက်ကြရတာဘဲ..အလွန်အကျွံဖြစ်လာလို့ထ အော်တော့မှ... ရွှေမန်းလိုအပြောကောင်းတဲ့သူတွေနဲ့တွေ့တော့တာဘဲ... M P T ရေ..

ချစ်ဖူး said...

စီးပွားဖြစ်အောင်သာလုပ်လိုက်ပါတော့ စီးပွားဌာနတို့ရယ်။

babagyi said...

နှစ်သိန်းတန်GSMကိုApril လကတည်းက၀ယ်ထားတာခုထိမပွင့်သေးဘူးဆက်သွယ်ရေးကကောင်တွေရောင်းဖို့ပဲသိတယ်။

konay said...

ဒါဟာ ပြေလည်မယ့်ဖြေရှင်းနည်းမဟုတ်ဘူး။ ဘာမှမလုပ်တတ်ရင်လည်း ဘာမှမလုပ်ပါနဲ့ ဆသရ တို့ရေ။ ခင်ဗျားတို့ လုပ်နေတာ ရန်ကုန်မှာ ၊ တနိုင်ငံလုံးအတိုင်းအတာ နဲ့ နယ်တွေမှာရော ဘယ်လိုလုပ်မလဲ ၊ ခင်ဗျားတို့တွေ ဘာမှမလုပ်ဘဲနေတာ ကောင်းပါတယ်။ ထိရောက်တဲ့ ဆောင်ရွက်မှုတွေဆိုတာ ဒါပဲလား ။

minnwe said...

တော်ပါတော့ဆက်သွယ်ရေးနားခါးလွန်းပါတယ်ကြားကောင်းအောင်
အသံဟစ်နေတယ်မြန်မာပြည်ကြီးအတွက်ဘယ်တော့်မှအဆင်ပြေမှာ
မဟုတ်တော့ဘူးခင်ဗျားတို့ ရှိနေတဲ့ကာလလုံးမှာကျွန်တော်တို့ သေသာ
သွားမယ်အဆင်ပြေဘို့ ဝေးသေးဆက်သွယ်ရေး

Unknown said...

ဆိုင်တွေနဲ့ပေါင်းရိုက်၊ဂွင်ဆင်စားတဲ့ မြန်မာ့ဆက်သွယ်ရေးရေ။ချေးစားပြောရင်
တောင်ချေးကြိုက်လို့လို့ပဲမှတ်ပါတယ်။နာမည်ကောင်းမယူပါနဲ့တော့၊ရွံလွန်းလို့ပါ။
မင်းတို့စားလို့တော့မဝသေးပါဘူး။လူမိသွားလို့မဟုတ်လား။ဒါတောင်နှစ်ပတ်
လောက်အတွင်းမင်းတို့စို့စို့ပို့ပို့စားလိုက်ရပြီဘဲ။ခွေးသူခိုးတွေစကတည်းကအဲဒီအ
တိုင်းလုပ်ပေးခဲ့ပါလလား။မင်းတို့မသိလို့မဟုတ်ဘူး။တမင်သက်သက်လုပ်တာ။
လူတွေကိုနည်းပေါင်းစုံနှိပ်စက်နေတယ်။

fortuneleader said...

ဘယ်နိုင်ငံမှာမှ SIM ကဒ် ရဖို့ကို ဓာတ်ပုံတွေကပ်၊ မှတ်ပုံတင်တွေပြပြီဝယ်ရတာတစ်ခါမှမကြားဖူးဖူး။မှတ်ပုံတင်မရှိရင်ဖုန်းကိုင်လို့မရသေးဘူး။မှတ်ပုံတင်လုပ်ရင်ပိုက်ဆံကနေရင်းထိုင်ရင်း တစ်သိန်း လောက်ကကုန်အုန်းမယ်။မှတ်ပုံတင်မရှိတဲ့လူတွေကလူမဟုတ်သလိုပဲ။ကောင်းလိုက်တဲ့ဆက်သွယ်ရေးစနစ်ရဲ့ဥပဒေတွေ။

kaungseithuhan said...

ဟုတ်ကောဟုတ်လို့လားဗျာ၊ဆက်သွယ်ရေးဆိုပြီးပြည်သူတွေနဲ့အဆက်သွယ်ပြတ်နေတယ်၊ဒီနေ့အထိဘယ်သတင်းစာတွေမှာမတွေ့ရသေးပါဘူး၊တနေ့မှ ၅ လုံးရောင်းတဲ့ဆိုင်တွေလားဗျာ၊လူလာစိုး
လို့မကြေငြာတာလားဗျာ။

မနောမြေ said...

အေးပေါ့မင်းတို့ ရသလောက်ကို ယူအုံးမယ့် ဆက်သွယ်ရေး
လိုသလောက်ကို ယူအုံးမယ် ဆသရ

ahhtinkaya said...

နယ်တွေမှာတော့ဈေးတက်တဲ့ပြသနာမတက်ပဲ ရန်ကုန်မှာမှလာဖြစ်နေတယ်ဆိုတော့??? ရှေ့နဲ့နောက်နဲ့မညီဘူးနော်ဦးသိန်း ၀င်းရေ၊ လိုင်းတွေလိုသလောက်ချပေးနေတယ်ဆိုတာ ဟုတ်ရဲ့လားမောင်ကာဠုရယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာကိုနားမလည်လို့ထင်တယ်။

စိုင်းထက် said...

ဆသရ(STY) ဆိုတာ ဘာလဲ south ta yuu လား?
အဲ့ကောင်တွေက အဲ့တိုင်းပဲလေ

ဖိုးသား said...

အော် .............. အတော်အံ့သြစရာပါလား ဈေးတင်ရောင်းချနေမှုတွေကို ဟန့်တားနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးက ဖုံးအရောင်းဆိုင်ဖွင့်ရတယ်တဲ့ အရေးယူဆောင်ရွက်မယ်လို့လဲ သတိပေးထားတယ်တဲ့ မြန်မာနိုင်ငံက တရားဥပဒေဆိုတာ ဘာပါလဲနော် ........................

Guest said...

ဒီလောက်နဲ့တော့ မကျေနပ်နိုင်သေးဘူး။၅၀၀၀ တန်အောက်လျော့ မှကျေနပ်နိုင်မယ်။အလကားတောင်ဖြစ်သင့်သေးတယ်။ခုထိအိတ်ထဲ ထည့် ခြင်းတုန်း။

MasterMyanmar said...

ခုလို လုပ်လို့ အစကတည်းက ရနေတာကို၊ ဘဘကြီးတွေ၏ ကုမ္ပဏီတွေရဲ့ ဆိုင်တွေ မှာပေးရောင်းနေတာ ဘာလို့ပါလည်း။ အလကားပေးကြွေးတာ သိသိကြီးနှင့်။ ခွေးမသားတွေ ပေါင်းပီး ပြည်သူကို ရိုက်စားနေပီးတော့မှ။ ခုကိုင်မယ် တိုင်မယ်ဆိုမှ ဆိုင်တွေ ထဖွင့်တာ။ အကုန်ဖြုတ်ပစ်ကွာ။

cthu said...

ဈေးကွက်ကို ဘယ်လိုချုပ်ကိုင်ရမလဲသိသာလား . . . စာမတတ်သာလားဗျာ . . .၀ယ်လိုအားများနေရင် ဈေးတက်မှာပဲ . . .ရောင်းလိုအားများနေရင်ဈေးကျမှာပဲ . . .ဒီလောက်ရိုးရှင်းသာဗျာ. . . ဘာတွေအရေးကြီး ဂွင်ကျယ်လုပ်နေကျသာလဲ . . .
ရုံပိတ်ရက်ခံသွားတယ်ဗျာ အဲ့ဒီမှာ ဈေးကွက်မှာ ပစ္စည်းပျက်သွားလို့ ဈေးကြီးနေသာ . . .
အလကား လားပြီးသွေး ကြီးနေတယ် . . . ဆိုင်တိုင်ကို လိုသလောက်ချပေးလိုက်
အပြိုင် အဆိုင်ရှိနေရင် ဈေးကဘယ်တက်မလဲ . . . လျှောက်ပြီး အပိုတွေပြောနေတယ် သိသိကြီးနဲ့ စားကွက် ချန်ထားသာကို . . .နာမည်ကောင်းလာယူနေတယ် . . .

Myo1 said...

မြန်မာပြည်မှာ လူမုန်းအများဆုံးဌာနကြီး ၂ ခုရှိပါတယ်...MPT နဲ့  EPC

thet said...

ကိုကေးလား
က လဲ ဘယ်လိုကြိးလဲ

lwannaymie said...

မြန်မာ့ဆက်သွယ်ရေးမှ ရိုးသားသောအရာရှိများကိုတော့လေးစားပါတယ်။ ဒါပေမဲ့ မြန်မာ့ဆက်သွယ်ရေးဆိုတာ ဝန်ကြီးဌာနကြီးတစ်ခုပါ။ လမ်းဘေးက အစုတ်အပြတ်ရောင်းတဲ့ဆိုင်မဟုတ်ပါဘူး။ နိုင်ငံတော်ဥပဒေဆိုတာ ရှိပါတယ်။ ဒီလိုတာ ခွဲခြား၊ခွဲခြားဆိုင်သီးသန့်ဖွင့်မယ်ဆိုရင်၊ အရက်ဆိုင် သာသာပါဘဲ(ငါဆိုင်ကရေမရောရသေးဘူး)။ တစ်နိုင်ငံလုံး တစ်ဈေးနှုန်းထဲ မဖြစ်နေရင်၊ ဘယ်နားမှာ ဟာနေလဲ၊ခိုးနေလဲ၊စုံစမ်းစစ်ဆေး၊ဖမ်းပြစ်ရမှာပါ၊ (ငါဆိုင်ကတတ်တတ်၊တစ်ခြားဆိုင်ကတတ်တတ်) ဒါမျိုးလုပ်မယ်ဆိုရင် (မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဆိုင်)ဆိုပြီး လုပ်ငန်းထောင်ပါ။ မလုပ်တတ် ရင်မြန်မြန်ဆင်းကြပါ။ (သမ္မကြီးရေ...ကယ်ပါအုံး) ယုံကြည်လျှက်။

Ko Nyo Khant ( Mdy university.) said...

ငါးနေရာနည်းပါတယ်...ဆက်သွယ်ရေးစခန်းရှိတဲ့မြို့နယ်တွေမှာရောင်းပေးရင်ပိုအစဉ်ပြေပါတယ်...မှတ်ပုံတင်တွေ..ဓာတ်ပုံတွေ...ဘာလို့တောင်းနေရသလဲ..ထိန်းသိမ်းထားရတာတာဝန်ပိုတစ်ခုဖြစ်နေပါတယ်...သူများနိုင်ငံတွေလိုဝယ်ချင်တဲ့အချိန်ဝယ်....၀ယ်ချင်တဲ့နေရာမှာဝယ်လို့ရအောင်...စီစဉ်ပေးရင်းလည်းဖြစ်ပါတယ်..ထိန်းချုပ်ကန့်သတ်မှုတွေများလွန်းပါတယ်....ဈေးကွက်မှာ...ထိန်းချုပ်ကန့်သတ်မှုတွေများရင်...မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာမှာပါဘဲ...စီးပွား/ကူးသန်းတောင်ဖြေလျှော့မှုတွေအများကြိးလုပ်ပေးနေပြီဘဲ..နောက်ဆို...လိုင်စင်မလိုဘဲတင်သွင်းခွင့်ပြုဘို့ပစ္စည်းတွေတောင်ညှိနှိုင်းနေကြပြီဆိုတော့...မလိုလားတဲ့ထိန်းချုပ်မှုတွေဖြေလျှော့သင့်ပါတယ်။

mad dog said...

တော်စမ်းပါ ဆက်သွယ်ေ၇း ၇ယ်... မေ၇ာင်၇ာ ဆီလူးမနေနဲ့။

Topsidon21 said...

Market Orientated Economy - လို့ ဗိုလ်မှုးချုပ်ဟောင်း ဦးအေဘယ်လ်
ကျင့်သုံးခဲ့ဘူးပါတယ်။ စစ်မှန်တဲ့ ၊ ကြိုးနီစံနစ်လုံးဝကင်းရှင်းတဲ့ စံနစ်ကို
တကယ်လက်တွေ့ကျကျ ကျင့်သုံးလိုတဲ့ ခေါင်းဆောင်ပိုင်း နဲ့ အောက်ခြေ
ဝန်ထမ်းတွေ အားလုံး ရဲ့ ပင်ကိုယ်အသိစိတ်တွေ တည့်မတ်မှန်ကန် ခဲ့ရင်
တော့ ယနေ့ လျောက်လှမ်းနေတဲ့ ဒီမိကရေစီဖေါ်ဆောင်ရေး လမ်းသစ်
ကြီး မုချမသွေ အချိန်တိုတိုအတွင်း အောင်မြင်လာမှာပါ။
လုပ်ပိုင်ခွင့်အာဏာ ကို တလွဲကျင့်သုံးပြီး ကိုယ်ကျိုးရှာနေသူတစ်စု ရဲ့
မရိုးသားမှု၊နိမ့်ကျတဲ့အတွေးအခေါ်အမူအကျင့်ကြောင့် ခုလို အဟန့်အတား
တွေ မကုန်ဆုံးနိုင်သေးတာပါ။

Unknown said...

အော်.. အပြင်ကိုရောင်းလို့ဝသွားပြီကို ၀ယ်တဲ့ပြည်သူတွေအပြင်မှ မ၀ယ် ၀ယ်အောင် ဖန်တီး အသုံးတစက်မှမကျတဲ့ Elite Management ,နဲ့ ၀န်ထမ်းတွေ ရွံ့ဖို့တောင် ကောင်းသေးတယ် ၀န်ထမ်းနဲ့တောင်မတန်ဘူး ..ပြည်သူတွေက မြန်မှာပြည်ကြီးပြောင်းလဲလညပြီးလို့ထင်နေကြတာ တန်းစီဆိုလို့ ပြည်သူတွေကစနစ်တကျ စည်ကမ်းနဲ့ တန်းစီ တယ် ပေးလဲပေးရော GSM တွေစာရွက် လာထပ်၊ နောက်မှ wcdma တွေလာထပ် 15 လုံးဘဲ ပေးတယ်တဲ့ ကောင်းလိုက်တာ တန်းစီ တယ်ဆိုတာ ဘာလုပ်တော့ မှာလဲ... ခုမှလာပြီကောင်းပြမနေနဲ့.....

Unknown said...

မလေရှားမှာဖုန်းကတ်တစ်ကဒ်ကို၅ကျပ်၅ကျပ်ထည့်ထား လို့လေမလေး၁ကျပ်မြန်မာန်မာ၂၈၀

Powered by Blogger.