Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြု လျက်ရှိတဲ့ Taxi ယာဉ်တင်သွင်းမှုမှာ မေလ(၁၈)ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၀စီး
တင်သွင်းပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို တင်သွင်းမှုမှာ Brand New Sonata ယာဉ်အစီး ၅၀ ကို Firsheries and Marine Pdt 2000 Ltd က တင်သွင်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ကနေ ၂၀၁၁-၂၀၁၂ model Corolla Saloon အစီး ၁၀၀ တင်သွင်းတာ ဖြစ်ပါတယ်။ ဒီလို တက္ကစီယာဉ် တင်သွင်းမှုကို မေလ ၄ ရက်နေ့ကစပြီး ခွင့်ပြု ပေးခဲ့တာဖြစ်ပြီး တင်သွင်း ခွင့်ပြုရာမှာ ၂၀၀၇ ခုနှစ် မော်ဒယ်နဲ့ အထက် ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်း ခွင့်ပြု ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်သွင်းရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ထောက်ခံ တင်ပြတဲ့ ကုမ္ပဏီတွေကို သွင်းကုန် ပါမစ်များ ထုတ်ပေး လျက်ရှိတယ်လို့ သိရပါတယ်။
 MRTV-4

Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း Reviewed by သစ်ထူးလွင် on 13:43 Rating: 5

12 comments:

ကိုနိုင်/ရွေမန်းသား said...

ဒီသတင်းကတော့ ခုမှဘဲသိရပါတယ် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်

ဒေသကြီးမှ ထောက်ခံပေးတဲ့ကုပ္မတွေကိုသာတင်သွင်းခွင့်ပြုနေတယ်ဆိုတဲ့
ကန့် သတ်ချက်ကတော့ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ပြောပါရစေ။
တက္ကစီကားကိုလူတိုင်းလူတိုင်းမည်သူမဆို အငှါးယာဉ်ပြေးဆွဲစားမည်ဆိုပါက ထိုစီးပွားရေးဦးပိုင်တို့ လူကြီးတွေနဲ့ အဆင်ပြေသောအဖွဲ့ အစည်းတွေကိုဘဲ ပါမစ်ချထားပေးတဲ့စနစ်ကြီးအားပြုပြင်ပြောင်းလဲလိုက်ကြခြင်းဖြင့်လွပ်လပ် တရားမျှတသောဒီမိုကရေစီစနစ်အားထောက်ခံကျင့်သုံးလိုက်ဘို့ စီးပွားကူး သန်းဝန်ကြီးဦးဝင်းမြင့်ကိုအဆိုပြုလိုက်ရပါသည်။
ကိုနိုင်
ရွေမန်လေး

Red Dragon News said...

ဦးပိုင် က စစ်အစို ရ ပိုင် အဖွဲ စည်းတခုပါ။သူတို ကို သာ Taxi လုပ်ခွင် ပေးရင်
ကျန်သည့်  မြန်မာ ပြည်သူ တွေ အရမ်းနှစ်နာသည်....သူတို တာ လုပ် ပိုင်ခွင် အားလုံးပေ လိုက် ရင် တစ် ဦးတည်ပိုင် Taxi လုပ်ငန်းဖြစ် မိသာစု ဘ၀ရပ်တည်နေသော သူ များအရမ်းဒုတ်ခ ရောက်သွားနှိင်တယ်...ယခု တောင်
QQ MIN Car တွေ ကို ဖျက်သိမ်းဖြစ် ဖို proposal plan တင်ထားတယ် လို အသိမပြု နှိင် သည်သတင်းအရတယ်။ဦးပိုင် က တော ခွက်ဖြစ်နေတယ် ..
သူတောင်စာ လုပ်ငန်းတောင် ရှိ ရင် ဦးပိုင် က ၀င်လုပ်နေ အုံးမှာ ...
မြန်မာ မြည်သူ တွေ ဦးပိုင် ကို နှိပ်ကွပ်ဖိုအချိန်တန်ပြီး

chitthu said...

အခုအချိန်အထိ ဦးပိုင်က ၀င်ပါနေတုန်းပါလား။ နှစ်ပေါင်းများစွာလည်း စားဝါးထားပြီးပြီ၊ မြတ်မဲ့အလုပ်ဆိုရင် လက်ဝါးကြီးအုပ်တတ်တဲ့ ဦးပိုင်လည်း အခု ခါတော်မီ ကားသွင်းပြန်ပြီ၊ ကျန်တဲ့ ကုမဏီက ဘယ်သူပိုင်တာလဲ။ ဘယ်သူ့နာမည်ခံထားတာလဲ။ သူလည်းပဲ ဦးပိုင်နီးပါးလောက်တော့ အာဏာရှိ မယ်ထင်တယ်။ ဒီမိုကရေစီစနစ်မှာ ပါမစ်ဆိုတာရှိသေးသလား။ လူတိုင်းအခွင့်အရေးတန်းတူမရသင့်ဘူးလား။ ဘာလဲ ဒီမိုကရေစီဆိုတာ။ (မြန်မာပြည်မှာပြောတာပါ။) အခုထိ မပြောင်းလဲသေးဘူး။

san said...

ဒီသတင်းကတော့ ခုမှဘဲသိရပါတယ် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်

ဒေသကြီးမှ ထောက်ခံပေးတဲ့ကုပ္မတွေကိုသာတင်သွင်းခွင့်ပြုနေတယ်ဆိုတဲ့
ကန့် သတ်ချက်ကတော့ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ပြောပါရစေ။
တက္ကစီကားကိုလူတိုင်းလူတိုင်းမည်သူမဆို အငှါးယာဉ်ပြေးဆွဲစားမည်ဆိုပါက ထိုစီးပွားရေးဦးပိုင်တို့ လူကြီးတွေနဲ့ အဆင်ပြေသောအဖွဲ့ အစည်းတွေကိုဘဲ ပါမစ်ချထားပေးတဲ့စနစ်ကြီးအားပြုပြင်ပြောင်းလဲလိုက်ကြခြင်းဖြင့်လွပ်လပ် တရားမျှတသောဒီမိုကရေစီစနစ်အားထောက်ခံကျင့်သုံးလိုက်ဘို့ စီးပွားကူး သန်းဝန်ကြီးဦးဝင်းမြင့်ကိုအဆိုပြုလိုက်ရပါသည်။(ကိုနိုင်၏အဆိုကိုထောက်ခံပါသည်။ပြည်သူများအားမလှည့်စားသင့်တော့ပါ။)

u maung maung said...

လုပ်စားနေတဲ့ခွင်တွေကုန်ဆုံးပီထင်ထားတာ..အခုမှပိုဆိုးတေပါလား..လွတ်လပ်စွာတင်သွင်းခွင့်ဆိုတာ...အရင်တုန်းကလိုပဲဦးပိုင်ကိုပြောတာလား..ပြည်သူတွေကိုပြောတာလား..ခွဲခွဲခြားခြားရှင်းရှင်းလင်းလင်းပြောစေချင်ပါတယ်..နှစ်ပေါက်တစ်ပေါက်မလုပ်ပါနဲ့..ဒါလားပွင့်လင်းမြင်သာတဲ့လုပ်ထုံးလုပ်နည်း...ဘယ်တုန်းကတည်းကလုပ်ပိုင်ခွင့်ရထားလို့ချက်ခြင်းကြီးမြန်မာပြည်ရောက်လာတာလဲမြန်လှချည်လား..မရှက်တတ်ဘူးလား...

001komgmg222@gmail.com said...

ဟုတ်ပါတယ်၊ခင်ဗျာတို့ကယခုထိလူတစုအတွက်လုပ်နေတုန်းပါလား။အရှက်ရှိစေချင်ပါတယ်။ရှက်တတ်ရင်လည်းသေဘို့ကောင်းနေပါပြီ။

mi lann said...

ဦးဦးဖျားဖျား ဆို ဦးပိုင် က ပါပြီ။
ပါရမီ taxi ဆိုပြီး ယာဉ်မောင်းတွေ မောက်မာတာကို မြင်၇ပါဦးမယ်။
မီတာမတတ်တါ လည်း ပါရမီ ပါပဲ။
ဘတ်စကား မှာလည်း ပြသနာ ရှာပြီးပြီ။
ဘာ တွေကောင်းနေလီု. ထောက်ခံကြ တါလည်းနော်။
ဆုတောင်းတတ် လို.များလား။လူပေါင်း တတ်လို. များလား။
ဖြေပေးပါ ခင်ဗျာ။

ko yeဲ said...

အင်း ကိုနိုင်/ရွှေမန်းသာ့း စီးပွားကူး သန်းဝန်ကြီးဦးဝင်းမြင့် နဲ့သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဒေသကြီးမှ ထောက်ခံပေးရတဲ့ သူတွေ ထမင်းငတ်သွားမှာစိုးလို့ နောက်ပီး သူတို့သာ ဒီမိုကရေစီရတာ ခင်ဗျားတို့ ကျုပ်တို့ မရသေးဘူးလေ ဥပဒေက သူတို့တမျိုး အောက်ကလူတွေ တစ်မျိုး ပြည်သူတွေတစ်မျိုးနဲ့ နောက်ဆုံး အသုတ်လေး အမှီကြိတ်နေကြတာလေး၊ အဲဒါပြောဒါပေါ့ဗျ ဦးသိန်းစိန် ချပေးလိုက်တဲ့ မူ က ကောင်းပါတယ် အောက်ကလူတွေမကောင်းတော့ ထူးပါဘူးဗျာ ဒီပုတ်ထဲကဒီပဲ လို့ ဦးသိန်းစိန်ပါ အထင်ခံရတော့မှာလေ

ဆုလာဘ် said...

ဦးပိုင်ကိုတော့ခွင်ပြုတယ် ကျန်တဲ့လူတွေကျတော့တက်ကစီမောင်းခွင်မ၇ှိတော့ဘူးလား တင်သွင်းခွင့်ပေးပါလား စစ်တပ်ကဘဲလုပ်တော့မှာလား

minkaung said...

မီတာတပ်ခိုင်းဖို့မမေ့နဲ့နော် တပ်ပြီးရင်လဲအသုံးမပြုဖို့မှာထားဦး။စဘော်ငွေဘယ်လောက်သတ်မှတ်
မှာလဲ?ဦးပိုင်လူကြီးတွေဆီကအတိုးနှုန်းကြီးကြီးနဲ့ငွေချေးမှကားမောင်းခွင့်ပေးမှာလား။

aristhteinwin said...

ကွန် မင့် ရေးတဲ့ မိတ်ဆွေတို့ ခင်ဗျာ- ဒီကားပါမစ်နဲ့ ပါတ်သတ်လို့  ကျနော် တွေ့ တဲ့ သတင်းစာပေါ်က ကာတွန်းလေးတခု သတိရတယ်။ အော်စီ မှာပေါ့ခင်ဗျ။ အစိုးရ ကျမ္မာရေးဌာန မှ တာဝန်ရှိသူက လူထုနဲ့ တွေ့ ပြီး သူတို့ စီမံကိန်းတွေ ဘယ်လို အကောင်အထည်ဖေါ်မယ်ဆိုတာ ပြောပြနေတဲ့ ကာတွန်းဗျ။- တာဝန်ရှိသူ ပြောတာက-- ကျမ္မာရေး အသုံးစရိတ်တွေ တိုးမြှင့်ဘို့ အစီအစဉ်ရှိပါတယ်-- လို့ ပြောတော့ အောက်လူထုက ပြန်မေးတာက- လူထု အတွက် တိုးမြှင့်မှာလား- ခင်ဗျားတို့ အတွက် တိုးမြှင့်မှာလား--တဲ့- အခုလဲ လွတ်လပ်စွာ တင်သွင်းခွင့်ပေးတယ် ဆိုတော့--- ဟဲ-ဟဲ- လူထု အတွက်လား- ခင်ဗျားတို့ အတွက်လားလို့  မေးစရာ မလိုဘူးထင်ပါရဲ့ နော်-

Ko Nyo Khant ( Mdy university.) said...

MONOPOLIလုပ်နေတာတွေရပ်ကြပါတော့....

Powered by Blogger.