ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း

နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး (၄)ရပ်စလုံးက ကြိုဆိုနေသော ခရမ်းရောင်ဝတ်စုံနှင့် ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့် အဖြူစွက်ပိုးပ၀ါခြုံကာ ပန်းဖြူ နှစ်ပွင့်ပန်ထားသော  သူမသည် အနက်ရောင်ကားလေးနှင့်   ရောက်ရှိလာသည်။ အညိုရောင် ကတ္တီပါပုံတော် ဖိနပ်ထူထူစီးကာ  ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသော သူမ၏ခြေတစ်လှမ်းသည် သန်း(၆၀)သောပြည်သူများ ၏အနာဂတ်အရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံထား သော အချက် ဖြစ်သည်။
ပြည်သူ့ဆန္ဒကို တစ်လျှောက်လုံးအလေးထားခဲ့သော သူမသည် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အရေးအတွက် ကြိုးပမ်းနေသော လွှတ်တော်တွင်းရှိ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင် ရွက်ရန် နေ့ရက်များသည် ၂၀၁၂ ခုနှစ်၊မေလ(၂)ရက်နေ့တွင် စတင်ခဲ့ပြီဖြစ်သည်။
ပြည်သူ့လွှတ်တော်အတွင်းကြိုတင်နေရာယူထားသော သူမဆီသို့ လွှတ်တော်တွင်းရောက်ရှိပြီး ပြည်သူ့ကိုယ်စားလှယ် (၄၀၀)ခန့်က   ပြုံးရွှင်သောမျက်နှာများဖြင့် ၀မ်းမြောက်ဝမ်းသာ သွားရောက်နှုတ်ဆက် ကြိုဆိုကြပြီး တပ်မတော်သား ကိုယ်စားလှယ်များ ကလည်း အပြည့်အ၀တက်ရောက်တာ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
နံနက် ၁၀နာရီမထိုးခင် (၅)မိနစ်အလိုတွင် လွှတ်တော်အတွင်း ရှိကိုယ်စားလှယ်များ နေရာယူရန် အချက်ပေး ခေါင်းလောင်း တီးလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ ၄င်းတို့၏နေရာများတွင် အသီးသီး နေရာယူကြပြီးသည်နှင့် နံနက် (၁၀) နာရီတိတိတွင်   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကြွရောက် လာသည်ကို တွေ့ရသည်။
နံနက် ၁၀နာရီ ၁၀မိနစ်တွင် ကျမ်းသစ္စာကျိန်ဆိုရန်ရောက်ရှိလာသည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် (၃၄)ဦးအား ကျမ်းသစ္စာကျိန်ဆိုရန် နေရာယူစေသည်နှင့်  နံနက် ၁၀ နာရီ၁၅ မိနစ်တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ လွှတ်တော်ကြီးသည်ြုပီးပြည့်စုံပြီးသည် ထက်ပို၍ ပြည့်စုံသွားသည်။
ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ ယခင် ရက်များအတိုင်း လွှတ်တော်တွင် ပုံမှန်ကျင်းပနေကြ ခွင့်တိုင်ကြားခြင်း၊ ဥပဒေပြုခြင်း စသည့်ကိစ္စရပ်များပြုလုပ်ကာ ပြည်သူ့လွှတ်တော်အား ဆက်လက် ကျင်းပသည်ကို တွေ့ရသည်။
ထိုကဲ့သို့ ကျင်းပနေစဉ် အတွင်း Roll လေးခုရှိသော ပြည်သူ့လွှတ်တော်၏ Roll သုံးခုမြောက်၊ လွှတ်တော်ဥက္ကဋ္ဌကြီး၏ ရှေ့မှ စတင်ရေတွက်ပါက ၈ တန်းမြောက်တွင်ရှိပြီး သူမ Roll ၏ဘေးတွင် တပ်မတော် သားကိုယ်စားလှယ်များ အပြည့်ရှိနေသည်။
သူမထိုင်ခုံအတန်းတွင် လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးရှိပြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဖက် ခြောက်ယောက်၏ အလယ်တည့်တည့်နေရာသော သူမသည် ဘေးနှစ်ဖက်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များနှင့် စကားစပ်မည်ပြောကြားနေသည်အားတွေ့ရသည်။
လွှတ်တော်စတင်ပြီး ၄၅ မိနစ်ခန့်အကြာတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ လွှတ်တော်ပြီးစီးကြောင်း ကြေညာသည်နှင့် ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရေစီအစိုးရ၏ မီဒီယာ လွတ်လပ်မှုကိုထူးခြားစွာတွေ့ ရှိရသည် ။ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ စုစုပေါင်းအယောက် ၁၀၀ခန့်သည် လွှတ်တော်အတွင်းရှိ မီဒီယာသတ်မှတ်နေရာမှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဆီသို့ အပြေးအလွှားသွားရောက်ကြစဉ်တွင် …….။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဟသာင်္တမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ကြိုဆို နှုတ်ဆက်သည်ကို တွေ့ရသည်။
‘‘ကြိုဆိုပါတယ်၊ ကျွန်တော် မောင်ဌေးဦးပါ၊ ကျွန်တော်တို့ လွှတ်တော်ကြီးထဲမှာ ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ လိုအပ်တာရှိရင်ပြောပါ ၀ိုင်းဝန်းကူညီကြမှာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးက နှုတ်ဆက်စကားဆိုသည်နှင့်
ပြုံးရွှင်နေသော မျက်နှာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင်၊ တွေ့ရတာ ၀မ်းသာပါတယ်။” ဟု ဆိုကာ နှစ်ဦးစလုံး၏ အပြုံးသည် ဘေးပတ်ဝန်းကျင်ရှိသူများ ကြက်သီးမွှေးညှင်းထသည် အထိ မြင်ရသည်ဟု ဓာတ်ပုံရိုက်နေသည့် မီဒီယာသမားတစ်ဦးက သူ့ရင်တွင်း ခံစားချက်အား ထိုနေရာတွင်ပင် ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက ထိုင်ခုံတွင် ဘေးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် မည်သည့် အကြောင်းအရာများ ပြောဖြစ်ပါသလဲဟု  မေးမြန်းကြရာ “ဒီနေ့ ဥက္ကဋ္ဌကြီး ဖတ်ပြတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တာပါ။ တစ်ပိုဒ်ဆီ ဆွေးနွေးမှာလားဆိုပြီး မေးဖြစ်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သတင်းထောက်တစ်ဦး၏ တပ်မတော်သားကိုယ်စားလှယ်များကို စည်းရုံးသွားမယ်လို့ပြောထားတာရှိတော့ လွှတ်တော်ထဲရောက်လာပြီ ဆိုတော့ ဟူသောမေးခွန်းနှင့် ပတ်သက်၍ “ လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်မ ကို ထမင်းစားဖိတ်ရင် ကောင်းမလားမသိဘူး” ဟု ရယ်သံစွက်ကာ ပြန်ဖြေသည်။ လွှတ်တော်တက်ရသည့် အတွက် ၀မ်းသာကြောင်းနှင့် မဲပေးကြသော မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ရန်တာဝန် များအား တလေးတစားလက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် NLD လွှတ်တော်တက်ခြင်းသည် NLD ၏ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက် အတွက် အတိုချုပ် ပြောပါက ပြည်သူများ၏ ရည်မှန်းချက်များ(၁၀၀) ရာခိုင်နှုန်းပြည့်ဝ အောင် ကြိုးစားသွားမည်ဟုလည်း ဆိုခဲ့သည်။
မြန်မာနိုင်ငံသစ်တွင် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပြီး နိုင်ငံတိုးတက်ရေးကိုသာ ရှေးရှုဆောင်ရွက် သော ကမ္ဘာတစ်ဝန်းလုံး၏ ထောက်ခံအားပေးမှုအပြည့် ရရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ပြည်သူ့အတွက် မည်သည့် မျက်နှာမှ မထောက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းခေါင်းဆောင်သော   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်း ထုံးနှလုံးမူသည့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊က ပြည်သူ့ရည်မှန်းချက်အတွက် ပြည်သူ့ဆန္ဒအား အလေးထားကာ လွှတ်တော်အတွင်းသို့ ၀င်ရောက်ခဲ့သည်။
နိုင်ငံတကာက လေးစားအားကျသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် လွှတ်တော်အတွင်း ၊ မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမည့် လွှတ်တော်အတွင်း အင်အားအကြီးမား ဆုံးပါတီ၏ အထွေထွေအတွင်းရေးမှူးဦးဋ္ဌေးဦး ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့အနာဂတ်သည် ကမ္ဘာတွင် ရွှေရောင်လွှမ်းတော့မည်ဟု ယုံကြည်ရင်း၊
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်တိုင် ဖြစ်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားဦးသန့်အား မွေးထုတ်ပေးခဲ့သည့် နိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဖန်ပြန်လည်၍ ၀င့်ထည်နိုင်တော့မည်လားဟု  မျှော်လင့်ရင်း ............... ။
 ပြည့်ပြည့်(မြစ်မခ)
  Myit Makha Mediagroup
ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း Reviewed by သစ်ထူးလွင် on 17:00 Rating: 5

19 comments:

Nay Nwaye said...

ရွေရောင်အနာဂတ်အတွက် ရွေရောင်နိမိတ်တွေပဲဖြစ်မှာပါ။ ဒါဟာပြည်သူတိုင်းမျော်လင့်နေတဲ့ အခြေအနေတစ်ခုပါ။

shade said...

မေမေစုရေ မြန်မာပြည်ကလူတန်းစားအားလုံးအတွက်ကြိုးစားပေး
ပါဗျာ။လူ့အခွင့်အရေး၊အလုပ်သမားရပိုင်ခွင့်တွေအတွက်ဆက်
လက်ပြီးတိုက်ပွဲဝင်ပေးပါအုန်းဗျာ။အလုပ်လုပ်ချိန်လေးအတိုင်း
တော့လုပ်ခရချင်ပါတယ်။သူငယ်ချင်းတို့ရေဘယ်သူကိုတိုင်ရမလဲ?
ပြောကြပါအုန်း။

Anonymous said...

အစိုးရကိုကာကွယ်ဖို့ အတွက် ခန့် ထားတဲ့ စစ်သား နဲ့  ရဲ တွေမဟုတ်ပဲ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးသော ပြည်သူ့ စစ်သား၊ ပြည်သူ့ ရဲ များအဖြစ် တိုင်းပြည်အတွက်၊ ပြည်သူ့ အတွက်ခန့် အပ်ထားသော ၀န်ထမ်းကောင်းများ ဖြစ်အောင်ကျိုးစားပေးပါ . . သူတို့ ရဲ့ စိတ်တွေ ပြည်သူတွေဆီ ပြန်ရောက်အောင် ကူညီပေးပါ . . တော်လှန်ရေးနေ့ ရောက်တိုင်း အရင်လို တန်ဖိုးထား လေးစားပြီး ဂုဏ်ယူစွာနဲ့  အောင်သပြေနဲ့ ကြိုချင်လို့ ပါ . . ပြည်သူ့ ရဲတပ်ဖွဲ့ နေ့ ကို ရောက်တိုင်း သူတို့ ကြောင့် ငါတို့ ပြည်သူတွေရဲ့ ဘ၀ လုံခြုံအေးချမ်း နေရပါလားဆိုပြီး ကျေးဇူးတွေတင်ချင်လို့ ပါ . . .

Ziwaka said...

ရွှေမြန်မာတို့ပြန်လာပီ!!

Ziwaka said...

ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး...
ရွှေမြန်မာတွေပြန်လာပီ..

Unknown said...

နမိတ်ကောင်းကို ဆောင်ကြဉ်းပေးနိုပါပြီ..အမေ........

Aung Soe Oo said...

်ကျွန်တော်တို့နိုင်ငံရဲ့ရွှေရောင်မျှော်လင့်ချက်တွေပေါ့ဗျာ....ဘာအရင်းအမြစ်မှမရှိ ဘာသယံဇာတမှမထွက်တဲ့စင်ကာပူလိုနိုင်ငံမျိုးတောင်ဒီလောက်တိုးတက်ဖွံ့ဖြိုးနေတာကျွန်တော်တို့နိုင်ငံမှာသုံးမကုန်လောက်တဲ့သယံဇာတတွေလည်းအများကြီး လူသားအရင်အမြစ်တွေလဲအများကြီး တက်ညီလက်ညီသာလက်တွဲဖော်ဆောင်သွားမယ်ဆိုရင် မကြာခင်အာရှရဲ့ထိပ်တန်းနိုင်ငံဖြစ်လာမှာမလွဲပါဘူး....ဒီလိုဆိုကျွန်တော်တို့လိုနိုင်ငံရပ်ခြားမှကျွန်ခံစရာမလိုလဲကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် တတ်မြောက်ထားတဲ့ပညာတွေအသုံးချခွင့်ရရှိလာတော့မှာအမှန်ပါ နိုင်ငံတော်သမ္မတကြီးနှင့်တကွပြည်သူ့လွှတ်တော်အတွင်းရောက်ရှိနေကြတဲ့ ကိုယ်စားလှယ်အပေါင်းတို့ကြိုးစားပေးကြအ်လို့တိုက်တွန်းပါရစေခင်ဗျာ....

Anonymous said...

လူတိုင်းက ကိုယ့်မိသားစုဆွေမျိုးသားချင်းတွေနဲ့
ချမ်းချမ်းသာသာ အေးဆေးပျော်ရွှင်စွာ နေချင်တာချည်းပေါ့
အနည်းနဲ့အများအတွက် ဦးစားပေးရွေးချယ်လုပ်ကြရမယ်ဆိုရင်
တိုင်းသူပြည်သားအားလုံးအရေးကို ဦးစားပေးသင့်ပါတယ်
အသိဥာဏ်နိမ့်ကျတဲ့ သတ္တဝါတွေဟာ ကိုယ်အတွက်ပဲကြည့်ကြတယ်
အသိဥာဏ်ပညာပြည့်စုံသူတွေဟာ အများကောင်းဖို့ အတွက်ဆိုရင်
ကိုယ့်အသက်တောင် စွန့်လွှတ်ဖို့ထိ ဆုံးဖြတ်လုပ်ကိုင်ကြတယ်

ဇာမဏီ said...

NLDအမတ်တွေကိုလွှတ်တော်ထဲသွတ်သွင်းပြီးသွားတဲ့အတွက် ကြံ့ဖွတ်စစ်အုပ်စုရဲ့မဟာစီမံကိန်းပထမအဆင့် အောင်မြင်သွားပြီလို့ ပြောရပါမယ်။ဒုတိယအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ကချင်ကိုမီးစတဘက် ရေမှုတ်တဘက်ဗျူဟာနဲ့ခပ်သွက်သွက်ကလေးဗျင်းပါတော့မယ်။ကချင်ကိုဗျင်းပြီးတာနဲ့တတိယအဆင့်အဖြစ် ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို ၂၀၁၃ မှာအပြီးသတ်သွယ်တန်းနိုင်အောင်တက်သုတ်ရိုက်ဆောင်ရွက်ပါတော့မယ်။ ပြီးတာနဲ့ ပိုက်လိုင်းကြီးကို အာဏာရှင်တရုတ်နဲ့ ပူးပေါင်းကာ လုံခြုံရေး အပြည့်အ၀ ယူပါတော့မယ်။ (တရုတ်အာဏာရှင်အစိုးရက အခုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ခြေလှမ်းသွက်နေကြတာကိုငြိမ်ကြည့်နေ
တာ အလကားမဟုတ်ပါ။ ဤစီမံကိန်းကြီး မပြီးသေးလို့ သည်းခံနေခြင်းမျှသာ ...)။ပြီးရင် နောက်ဆုံးအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို တရစ်ချင်း ပြန်တင်းပြီးသဘာဝဓာတ်ငွေ့ကရတဲ့စာရင်းမရှိအင်းမရှိ နှစ်ရှည်ဝင်ငွေတွေ (ရွှေဂက်စ်က ရရှိမယ့်အကျိုးရလဒ်များ) နဲ့ မြန်မာနိုင်ငံတော်ကြီးကို ပါတီစုံရွေးကောက်ပွဲလည်းရှိ၊ အထက်လွှတ်တော် အောက်လွှတ်တော်တွေလည်းရှိတဲ့ ဘီလာရပ်စ် (Belarus) နိုင်ငံတော်ကြီးလို ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အောက် ရောက်သွားအောင် ယဉ်ယဉ်လေး သွတ်သွင်းပါတော့မယ်။

ဖိုးတောက် said...

ပျော်စရာကောင်းတဲ့နေ့ပါ... သူ့ အချို့ကို ဥပက္ခာပြုခဲ့တယ်.. ပြည့်သူ့မျက်နှာကြောင့်တဲ့... နောက်ပြီးပြောသွားသေးတယ်.. ၁၀၀% ပြည်သူ့အကျိုးအတွက်တဲ့... ဒါတွေ အတွက်...
ဘာပြောရမှန်းတောင် မသိတော့ပါဘူး..
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက် ထူးမြတ်တဲ့စကားလုံးရှိရင် အဲဒီစကားလုံးနဲ့ ကျေးဇူးတင်ကြောင်းပါ......

မောင် said...

ကာတွန်းလေးတခုဖတ်ဘူးတယ်။

သားအဖနှစ်ယောက် တီဗီရှေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်သတင်းကြည့်နေကြတယ်။
အများစုရဲ့မျက်နှာတွေက အစိမ်းရောင်တွေပေါ့။

သားက အဖေ၊ အသံတွေ အရုပ်တွေငြိမ်နေတာ တီဗီပျက်တာမဟုတ်ဘူး၊ လိုင်းမမိတာမဟုတ်ဘူးနော်။
ငါသိတယ်။ မင်းတစ်သက် ဒီလိုလွှတ်တော်မျိုးကြုံခဲ့ဘူးပြီးသား။ လို့အဖေကပြန်ပြောလိုက်တယ်။

အခုတော့ အဲလိုဖြစ်တော့မယ် မထင်တော့ပါဘူး။
အသံတွေ၊ အရုပ်တွေ လှုပ်နေတော့မှာပါ။

Anonymous said...

လာမယ်.ဇူလိုင်မှာ ... အဆင်ချောမှာလား ၊ အဆင်မချောမှာလား၊ ၊....... ကြံ.ခိုင်ရေးတွေ စိတ်ထားစောင်.ကြည်.ရမှာဘဲ ၊ ........... သိပ်တော.မထင်လှဘူး ၊

ရေဆန် said...

အဲဒီလိုဖြစ်ချင်ခဲ့တာကြာပြီခုလိုဖြစ်လာတော့လှိုက်လှိုက်လဲလဲဝမ်းသာမိပါသည်။ဒါမှနိုင်ငံတကာလက်ခံတဲ့နိုင်ငံဖြစ် ရင်းနှီးမြုတ်နှံမှု့တွေများ ပြည်သူတွေအလုပ်ကိုစီရ ဝင်ငွေတွေကောင်းပြီး တင့်တောင်းတင့်တယ်ဖြစ်ကြ
မှာလေ နိုင်ငံတော်ခေါင်းဆောင်တွေက နိုင်ငံတကာနဲ့အဆင်ပြေအောင်ကြိုးစာ
း ကျွန်တော်တို့ပြည်သူလူထုကြီးကလည်း အလုပ်တွေကြိုးစားရင်း လူ့စွမ်းအား
အရင်းမြစ်တွေနဲ့နိုင်ငံတော်ကြီးကိုတိုးတက်သည်ထက်တိုးတက်အောင်ဆက်လက်ကြိုးစားကြပါစို့လားဗျာ။

ziwasoe144 said...

ကမ္ဘာပေါ်မှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့
နိုဘယ်ငြိမ်းချမ်းရေးဆုရသူနှစ်ဦးရှိတဲ့တိုင်းပြည်
ဟာမြန်မာတစ်နိုင်ငံတည်းသာဖြစ်ပါကြောင်း

Lee GYI said...

နိုင်ငံတကာက လေးစားအားကျသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် လွှတ်တော်အတွင်း ၊ မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမည့် လွှတ်တော်အတွင်း အင်အားအကြီးမား ဆုံးပါတီ၏ အထွေထွေအတွင်းရေးမှူးဦးဋ္ဌေးဦး ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့အနာဂတ်သည် ကမ္ဘာတွင် ရွှေရောင်လွှမ်းတော့မည်ဟု ယုံကြည်ရင်း

minsoeaung said...

ကိုယ်ကြိုးမဖက်ဘဲ နိုင်ငံတော်အတွက်လုပ်တဲ့သူတိုင်းကို
ချစ်တယ်။မောက်မာမယ် လူပါးဝမယ် ကိုယ်ကျိုးရှာမယ်
ဆိုတဲ့သူကိုတော့ သတ်ချင်တယ်။ လွတ်တော်ထဲမှာ
အသက် ၇၀ ကျော်တွေအနားပေးသင့်ပါဘီ။
သူတို့ကမှတ်ဥာဏ်သိတ်ကောင်းမှာမဟုတ်တော့ဘူး။
အခုလိုရင်းနှီးခင်မင်စွာမြင်ရတာာစိတ်ချမ်းသာတယ်
မောင်ဌေးဦးရယ်။ ဟဲ ဟဲ
ရွှေတို့နိုင်ငံအဖြစ်နဲ့ကမ္ဘာမှာ ကျော်ကြားချင်ပါတယ်။
ကျွန်တော်တို့ပြည်သူများကလည်း အတိုးနဲ့ချေးတဲ့ငွေငကို
မယူကြပါနဲ့။အချောင်စားစိတ်ဓါတ်တွေဖျောက်ပြီး အသိ
ရှိရှိနဲ့းအားလုံးကြိုစားကြပါစို့လို့ သံပြိုင်ရွတ်ပြီး ရှေ့သို့
go go go ကြမယ်ဗျို့။

Unknown said...

ကမ္ဘာက မြန်မာပြည်ကို သိစေရတဲ့အချက်(၂)ချက်ရှိပါတယ်....။
၁။ ကျနော်တို့ပြည်သူတွေချစ်သော ဗိုလ်ချုပ်အောင်ဆန်း
၂။ ကျနော်တို့ပြည်သူတွေချစ်သော ဗိုလ်ချုပ်ရဲ့သမီး အမေစု
သူ့တို့နှစ်ဦးကြောင့်ပါပဲခင်ဗျာ..။
ဒါက ပြည်သူတွေရဲ့အကျိုးကို ရှေ့တန်းတင်ခဲ့တဲ့မြင့်မြတ်တဲ့ခေါင်းဆောင်တွေကြောင့် ကမ္ဘာက သိခဲ့ရတာပါ။

နောက်တစ်ချက်ကတော့ဆန့်ကျင်ဘက်
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
ကမ္ဘာလူဆိုးကြီးစာရင်းဝင်(၅)ဦးအမည်ကိုပြောပြချင်ပါတယ်...။
ဟူစိန်၊ ဘင်လာဒင်၊ ဂဒါဖီ၊ ကင်ဂျုံဟီး၊ သန်းရွှေ
လေးဦးကတော့ ငရဲပြည်မှာဝဋ်ကြွေးဆပ်နေပါပြီကျန်တဲ့ပုဂ္ဂိုလ်ကြီးကတော့ စည်းစိမ်တွေခံစားနေတုန်းပဲဗျ...။ သိကြားမင်းကြီးသိစေချင်ပါတယ်

Wunna Ko Ko said...

အမေ ၀မ်းသာလို့ ဘယ်လိုပြောရမှန်းမသိတောဘူး။
အမေချစ်တဲ့ပြည်သူတွေ အတွက် အမေ့ရဲ့ လုပ်ဆောင်မှု အားလုံးကိုယုံကြည်ပါတယ်။ အမေဒီ့ထက်ပိုပြီး အောင်မြင်နိုင်ပါစေ။

honey said...

လွတ်တော်ထဲကို(သကြားမင်းကြီး)လှမ်းကြည့်တာ
အမေစုပါတီကမစင်ပုံထဲက..လောက်..တွေကြားထဲရောက်နေသလိုပဲ
မြင်နေရတယ်တဲ့...
အမေရယ်...ပြည်သူတွေအတွက်(လောက်)တွေကြားထဲ
ဆင်းပေးတာကိုပဲအမေ့ကိုအားနာမိတယ်။
အမေမဆင်းရင်လည်းပြည်သူတွေဘ၀မှောင်မိုက်လွန်းနေပါပြီ။
လွတ်တော်ထဲက(လောက်)တွေ
အမေ့ကိုပြုံးပြုံးကြီးနဲ့နောက်ကျောဓါးနဲ့မထိုးကြေးနော်..

Powered by Blogger.