သိပ်ဈေးကြီးတဲ့မြို့ (သို့မဟုတ်) နေပြည်တော်နှင့် ဒါဏ်ကြေး

နေပြည်တော်တွင် မြို့တွင်းမြို့ပြင် နေရာအနှံ့အပြား ဆိုင်ကယ်များကို ဝှီးတက်၊ မောင်းလိုင်စင်၊ ဦးထုပ်၊ လူပိုတင် စသည်ဖြင့် ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှ အခါအားလျော်စွာ ဖမ်းဆီးအရေးယူလျှက်ရှိသည်မှာ နေပြည်တော်ရှိ ဆိုင်ကယ်စီးသူများ အားလုံးအသိပင် ဖြစ်ပါသည်။

အခါအားလျော်စွာဟုဆိုရာတွင် မည်သည့်နေ့ရက်၊ အချိန်၊ နေရာ ဆိုသည်ကို မခန့်မှန်းနိုင်ရုံသာမက ရံဖန်ရံခါ ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများပင် ပြုလုပ်လေ့ရှိပါသည်။ ယင်းသို့ဖမ်းဆီးခြင်းသည် ယာဉ်စည်းကမ်းလမ်းစည်းကမ်း
ကို အမှန်တကယ်လိုက်နာစေလိုသောစေတနာထက် အမှုများမျုားရရှိရေး(ဒါဏ်ကြေးများမျုားရရှိရေး)ကို ရှေးရှုနေသည် မှာလည်း ကိုယ်တိုင်တွေ့ကြုံခံစားဖူးသူမည်သူမဆို သဘောပေါက်နားလည်လောက်သော အခြေအနေပင်ဖြစ်ပါသည်။

(ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများကြောင့်ဖြစ်ပွါးခဲ့ရသော မတော်တဆမှုများကြုံတွေ့ခဲ့ရသူများ ရက်စွဲအတိအကျနှင့် ဖေါ်ထုတ်ပေးကြပါရန်)
နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်နီးပါးကြေညာချက်ထုတ်ပြန်ထားသောကြောင့် ဖမ်းဆီးအရေးယူမှုမှာ သဘာဝကျ သော်လည်း သဘာဝမကျသည်မှာ ဒါဏ်ကြေးသတ်မှတ်မှုဖြစ်ပါသည်။ ဝှီးတက်မပါ၊ မောင်းလိုင်စင်မပါ၊ ဦးထုပ်မဆောင်း၊ လူပိုတင်... မည်သည့်ပြစ်ချက်မဆို အမှုတစ်ခုစီတိုင်းအတွက်
ဒါဏ်ကြေး၂ဝဝဝဝ + ရုံးစားရိတ်၁၅ဝဝ = ၂၁၅ဝဝ (နှစ်သောင်းတစ်ထောင်ငါးရာကျပ်) ဖြစ်ပါသည်။

(ဒါဟာတရားဝင်သတ်မှတ်ချက် ဖြစ်ပါသလားခင်ဗျာ။ သိနားလည်သူများ ဖြေကြားပေးကြဖို့ပါ။ နောက်ပြီး များပြားလှတဲ့ အဲဒီဒါဏ်ကြေးတွေဟာ ဘယ်ခေါင်းစဉ်နဲ့ ဘယ်ကို ဘယ်လိုရောက် ဆိုတာရောပေါ့...)
ငွေနှစ်သောင်းကျော်ဆိုသောပမာဏသည် သာမန်လက်လုပ်လက်စားလုပ်စားလုပ်သားတစ်ယောက်ရဲ့တစ်ပါတ်စာဝင်ငွေ၊ အောက်ခြေအရောင်းစာရေးဝန်ထမ်းတစ်ယောက်ရဲ့ လစာတစ်ဝက်နီးပါး ဖြစ်သောကြောင့် စီစစ်ဖို့ကောင်းလှပါပြီ။
ဒါဏ်ကြေးမှာ မဖြစ်သင့်သည့်ပမာဏအထိများလွန်းသောကြောင့် ဝှီးတက်၊လိုင်စင်အသိမ်းခံရသူအခိျု့မှာ ချက်ချင်းမရွေးယူနိုင်ကြပါ။
လွန်ခဲ့သည့် ၄၊၅လခန့်ကတည်းက ချလန်ဖြတ်ထားပြီး ယနေ့ထက်တိုင် သွားရောက်မရွေးယူနိုင်သေးသော ဝှီးတက်၊ လိုင်စင်များကို ဒါဏ်ကြေးသွားရောက်ဆောင်ရသော ရွာကောက်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် များစွာကျန်ရှိ နေခြင်းက သက်သေခံပါလိမ့်မည်။

တာဝန်ရှိသူများသို့အကြံပြုချက်
သင့်တင့်သောဒါဏ်ကြေးသတ်မှတ်ပေးဖို့ (ဥပမာ တစ်မှု ၅ဝဝဝခန့်ဆိုရင်......)
လူ၊ ယာဉ်ကြောရှုပ်ထွေး၊ လမ်းကျဉ်း တွေမှာ မဖမ်းဖို့ (ဥပမာ ရိုးမဘဏ် ရှမ်းကန်တစ်ဝိုက်နှင့်ဈေးအနီး ....)
                  (မေါင်းပြေးနိုင်စေဖို့မဟုတ်ပါ၊ယာဉ်မတော်တဆမှုတွေရှောင်ရှားနိုင်ဖို့ပါ..)
ဆိုင်ကယ်စီးသူများသို့အကြံပြုချက်
ပိုမိုပြည့်စုံကောင်းမွန်သော အကြံပြုချက်များလည်း ပေးကြပါဦးခင်ဗျား။
ဒီလိုကိစတွေကို လဘက်ရည်ဆိုင် အရက်ဘီယာဆိုင်တွေမှာ ထိုင်အာမနေကြဘဲ ဝိုင်းဝန်းဖေါ်ထုတ်ပေးကြပါစို့။

                                    ပေးပို့သူ- မောင်နင်းကြမ်း (နေပြည်တော်)
သိပ်ဈေးကြီးတဲ့မြို့ (သို့မဟုတ်) နေပြည်တော်နှင့် ဒါဏ်ကြေး သိပ်ဈေးကြီးတဲ့မြို့     (သို့မဟုတ်) နေပြည်တော်နှင့် ဒါဏ်ကြေး Reviewed by သစ်ထူးလွင် on 17:06 Rating: 5

24 comments:

မန်းလေးသား said...

ယဉ်မောင်းနှင်တဲ့သူတွေကလည်း စည်းကမ်းရှိ ဖို့ လိုသလို ..... ယာဉ်စည်းကမ်းထိန်းသိမ်းတဲ့ အဖွဲ့ကလည်း စည်းကမ်းရှိဖို့လိုပါတယ်.....
အခုဒဏ်ကြေးကတော့ များလွန်းတယ်ဆိုပေမယ့် ဖြစ်သင့်ပါတယ်.....
ဒဏ်ကြေးမပေးချင်ရင် ဦးထုပ် ယဉ် ၊ လူလိုင်စင် အိုဗာဝိတ်မဖြစ်စေ ပဲစီးပေါ့ ...
ကို့ဘက်ကမှ စည်းကမ်းလိုက်နာလို့ .... စည်းကမ်းထိန်းသိမ်း တဲ့အဖွဲ့က ဆီလိုအပေါက်ရှာပြီး ဒဏ်ကြေးဆောင်စေတယ်ဆိုရင် တော့ ဒါဟာမတရားမှူ့ဖြစ်တဲ့ အတွက် သူတို့ကိုကျွန်တော်တို့တွေက အရေးယူနိုင်ဖို့ လုပ်ရမှာပါ.... ဓတ်ပုံမှာပဲကြည့်ပါဦး စည်းကမ်း မရှိပဲ မောင်းနေကြတာ....

မန်းလေးသား said...

ကျွန်တော့် အသက် ၁၆ ၊ ၁၈ နှစ်ပါတ်ဝန်းကျင်က မော်တော်ပီကယ်ရဲ့ အဖမ်းခဏခဏ ခံရဘူးပါတယ်....... အခုဒါတွေပြန်စဉ်းစားရင် ကို့ဘက်ကလွန်တာတွေပါဘဲ...... သူတို့ကိုအကောင်းပြောတာ မဟုတ်ပါဘူး ကို့ခြံစည်းရိုးကိုလုံအောင် ကာပြီးမှကျူးကျော်တဲ့ သူကို အပစ်ပြောတာ အရေးယူတာ လုပ်သင့်ပါတယ်..... ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပါ... ကိုမောင်နှင်းကြမ်း ဒီထက်ကောင်းတဲ့ သတင်းတွေ ကိုယ်ဘက်ကခိုင်လုံတဲ့ သတင်းတွေ ပေးပို့နိုင်ပါစေ......

htay oo said...

ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို နားလုည်လိုက်နာနိုင်အောင်ကြိုးစားစေချင်ပါတယ်......ကိုယ့်ဘက်ကမမှားဘူးဆိုရင် ဘယ်သူ့ကိုမဆိုပြန်ပြောနိုင်ပါတယ်....ပြည်သူတွေကလည်း ဥပဒေကို လေးစားလိုက်နာပြီး....တတ်သိနားလည်ဖို့ အထူးလိုအပ်ပါတယ်.....ကိုယ်မှန်ရယ် ဘယ်သူမှ ပြောလို့မရပါဘူး...

မင်းရဲနန္ဒသူ said...

ဟုတ်တယ်... မန်းလေးသားပြောတာမှန်တယ်...။ ကျွန်တော်တို့ကိုယ်တိုင်လဲ ဆိုင်ကယ်စီးပြီးသွားလာနေကြတဲ့သူတွေပါ...။ ကိုယ့်ဘက်က စည်းကမ်းရှိဖို့တော့လိုတာပေါ့...။ ကိုယ့်ဘက်ကသာ စည်းကမ်းရှိနေမယ် စည်းကမ်းအတိုင်း လိုက်နာနေမယ်ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး...။ အခုပုံက ကြည့်ပါအုံး...။ စည်းကမ်းမဲ့မောင်းနှင်နေတယ်ဆိုတာ သိသာပါတယ်...။ ကျွန်တော်လည်း နေပြည်တော်ကိုရောက်ဖူးပါတယ်...။ ဆိုင်ကယ်စီးတဲ့သူတွေ စည်းကမ်းမရှိပုံများတော့ မပြောချင်တော့ပါဘူး...။ မောင်းချင်သလိုမောင်းနေကြတာများ လမ်းသရဲတွေကျနေတာပဲဗျာ...။

Aung Soe Oo said...

မဟုတ်သေးပါဘူးဗျာ
စည်းကမ်းမဲ့မောင်းသူတွေကိုအရေးယူတာသဘာဝကျပါတယ် ဒဏ်ကြေး ၂၀၀၀၀ ဆိုတာလဲမများပါဘူး မပေးချင်ရင်စည်ကမ်းမဲ့အလုပ်တွေမလုပ်နဲ့ပေါ့ဗျာ.....ဒါပေမယ့်ရုံးစရိတ် ၁၅၀၀ဆိုတာကတော့မတရားတာဘဲ အဒီဒဏ်ငွေကိုလက်ခံတဲ့ကောင်တွေကနိုင်ငံတော်ကပေးထားတဲ့ လစာ ကိုစားနေကြတဲ့ဝန်ထမ်းတွေမဟုတ်ဘူးလား အဲဒီငွေ ၁၅၀၀ ကရောနိုင်ငံတော်ရဲ့ဝင်ငွေထဲရောက်ရဲ့လား အဓိပ္ပါယ်မဲ့လုပ်ရပ်တွေပါဗျာ

Anonymous said...

ဒါဏ်ကြေးငွေပမာဏများတယ် မများဘူးက အသာထားပါ
စည်းကမ်းရှိကြဖို့ အန္တရာယ်မဖြစ်စေဖို့ လုပ်တာဖြစ်တဲ့အတွက်
အားလုံးတိတိကျကျ လိုက်နာဖို့လိုပါတယ် လိုက်နာတယ်ဆိုရင်
ပြစ်ဒါဏ်ဘယ်လောက် ချမှတ်ချမှတ် ခေါင်းထဲထည်းစရာမလိုတော့ပါဘူး
တကယ်တော့ ထိရောက်တဲ့ဒါဏ်ငွေချမှတ်မှ စည်းကမ်းကို
ဂရုပြုလေးစား လိုက်နာလာကြတာပါ ကောင်းပါတယ်ကြိုဆိုပါတယ်

Unknown said...

ဒါဏ်ကြေးများလို့ မပေးနိုင်ဘူးဆိုလည်း အစကတည်းက စည်းကမ်းလိုက်နာဖို့ကောင်းပါတယ်။ဒါဏ်ကြေးကို တစ်မှူကို ငါးဆယ်လို့များသတ်မှတ်ကြည့်ပါလား...လူတော်တော်များများက လမ်းစည်းကမ်းကို အလေးအနက်ထားပြီးလိုက်နာမယ်လို့ယုံကြည်ပါသလား။ပြီးတော့ ဖမ်းတဲ့သူတွေဖက်က ယာဉ်စီးကမ်းလမ်းစည်းကမ်း လိုက်နာစေချင်လို့ ဖမ်းတာပဲ ဖြစ်ဖြစ်..ဒါဏ်ကြေးများများရအောင်(အမှူများများရအောင်)ဖြစ်ဖြစ် အဓိက ကလူတွေစည်းကမ်းမဖောက်ဖျက်ဖို့ပဲမဟုတ်လား။ကိုယ်က မှန်နေရဲ့သားနဲ့ ဖမ်းလို့တော့မရဘူးထင်ပါတယ်။

မောင်ဆင်ကြီး said...

အင်း မောင်းတဲ့သူ ကလဲ မောင်းတဲ့သူအလိုက် စည်းကမ်းမဲ့ကြတာပဲ .............ဖမ်းတဲ့သူ တွေ ကလဲ စည်းကမ်းမဲ့ ကြတာပဲ အချို့ အချို့ ၀န်ထမ်းတွေဆို ဥပဒေမဲ့ လုပ်ရပ် ... မင်းမဲ့စရိုက်ဆန်ဆန် ဖမ်းဆီး အရေးယူနေတာ တောင် ခဏခဏ ကြို ကြားကြိုလား တွေ့ နေရလေရဲ့ ...........တရားဥပဒေ စိုးမိုးရေး ဘယ်နား မှာလဲ ...............

Zani Bwar said...

ဖမ်းတာ မျက်နှာကြီးရာ ဟင်းဘက်ပါတာတော့ ကိုယ်တွေ့ပဲဗျိုးးးး
သီတင်းကျွတ်လပြည့်နေ့က နေပြည်တော် ရွှေတိဂုံပုံတူဘုရားကအပြန်ဖမ်းတာ ခံရဖူးတယ်.. အခုထိ မရွေးရသေးဘူး..

Zani Bwar said...

စည်ပင်ဧည့်ရိပ်သာက ၀န်ထမ်းတော့ ဘာမှ မပါဘူး.. ဦးထုပ်လည်းမဆောင်ဘူး.. ဆိုင်ကယ်တောင် ဘတ်မှန်မပါ.. အဲဒါတော့ ကျွန်တော်ရှေ့မှာတင်ပဲ စည်ပင်က ဗိုလ်ကြီးနာမည်ပြောတာနဲ့ လွှတ်ပေးလိုက်ပါတယ်... အနေ့ကအဖြစ်ကလေးကို လပြည့်နေ့လည်းဖြစ် ရင်နာလွန်းလို့.. နေပြည်တော် ၀န်ထမ်းတစ်ဦးပါ...

aye koko said...

ဒဏ်ကြေးကဘယ်လောက်များများ အဓိကမဟုတ်ပါဘူး။ မပေးချင်ရင် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းနေပေါ့။ စည်းကမ်းမလိုက်နာရင်တော့ ပေးရမှာပဲ။ စည်းကမ်းမလိုက်နာလို့ ဖမ်းတာဖမ်းတဲ့သူမှာအပြစ်မရှိပါဘူး။ အပြစ်မရှိ အပြစ်ရှာပြီးဖမ်းတာဆိုရင်တော့ တစ်မျိုးပေါ့

MasterMyanmar said...

ကြိုတင်ကြေညာပီးမှ ကောက်ခံတဲ့ နှုံးဖြစ်လျှင် တရားပါတယ်။ မပေးခြင်လျှင် စည်းကမ်း လိုက်နာပေါ့။ ခုလို ဖမ်းနေမှန်း (အခါအားလျော်စွာ မည်သည့်နေ့ရက်၊ အချိန်၊ နေရာ ဆိုသည်ကို မခန့်မှန်းနိုင်ရုံသာမက ရံဖန်ရံခါ ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများပင် ပြုလုပ်လေ့ရှိ) သိသိနှင့် ဆက်လက် ပီးဖေါက်ဖျက်နေသူများ အပစ်သာ ဖြစ်ပါတယ်။ ခုထိ ဒါဏ်ဆောင်ခွင့်ရနေတာ ကံကောင်းတာပေါ့။ နောင်ဆို တစ်ခါမိ ဒါဏ်ရိုက်၊ ၂ခါမိ လိုင်စင်သိမ်း၊ ၃ခါမိ ထောင်ချ၊ ၄ခါမိ နေရာတွင် ပစ်သတ် ဖြစ်လာမယ်။

jaboe said...

စည်းကမ်းမဲ့ဆိုင်ကယ်ဖမ်းဆီးခြင်းကိုထေါက်ခံပါသည်၊ဖမ်းဆီးသူယဉ်ထိန်း၊မ.ထ.သတို့.လဲစည်းကမ်းလိုက်နာပါသူများအပြစ်ကိုရှာရင်ကိုယ့်ဘက်ကလည်းလုံအောင်ထိုင်ပါ၊(၂၀၁၀)ခုနှစ်ထိမြို့ပြသာယာရေးရံပုံငွေခေါင်းစဉ်ဖြင့်ဆိုင်ကယ်ဖမ်းဆီးခြင်းမှရသောဒါဏ်ငွေသိန်း(၄၀၀၀)ကျပ်ကျော်ဘယ်ရောက်ကုန်လဲ၊မ.ထ.သတယောက်တော့တိုက်
ဆေါက်၊ကါးစီးနေတာတွေ.ပါတယ်မြို့ပြတော.သာယာလာတာမတွေ.ရပါ၊ကြည့်လုပ်ပါဦးဗျို.

aba said...

"ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများပင် ပြုလုပ်လေ့ရှိပါသည်အမှန်တကယ်ယာဉ်စီးကမ်းလိုက်နာစေလိုသောစေတနာထက် အမှုများမျုားရရှိရေး(ဒါဏ်ကြေးများမျုားရရှိရေး)ကို ရှေးရှုနေသည် မှာလည်း ကိုယ်တိုင်တွေ့ကြုံခံစားဖူးသူမည်သူမဆို သဘောပေါက်နားလည်လောက်သော အခြေအနေပင်ဖြစ်ပါသည်။"(ပုန်းလှျိုးကွယ်လှျိုးဖမ်းဆီးမှုများကြောင့်ဖြစ်ပွါးခဲ့ရသော မတော်တဆမှုများကြုံတွေ့ခဲ့ရသူများ ရက်စွဲအတိအကျနှင့် ဖေါ်ထုတ်ပေးကြပါရန်)တောင်ကြီးမြိုတွင် ညအချိန် ထိုသို.ဖြမ်းစီးမူ.ကြောင်.မကြာခနမတော်တစမူ.များဖြစ်နေ

လန်းဆန်း said...

စည်းကမ်းမဲ့စွာ စီးလို့ ဖမ်းတယ်၊ ဦးထုပ် မပါလို့၊ သုံးယောက်တင်လို့၊ ဆို လက်ခံပါတယ်၊ ဒါပေမဲ့ စည်းကမ်းရှိစွာ စီးလာပြီး ဦးထုပ်လဲ ပါတယ်၊ နှစ်ယောက်ပဲ စီးတယ်၊ လိုင်စင်က မေ့ကျန်ခဲ့လို့ ပျောက်ဆုံးနေတာ လျှောက်ထားဆဲ ဖြစ်လို့ ပြောတာတောင်မှ ချလံ ဖြတ်နေတာတွေကတော့ စည်းကမ်း ရှိတာလား စည်းကမ်းကို ခုတုံးလုပ်နေတာလားဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ နေပြည်တော်မှာ ဆိုတော့ ရုံးက ခိုင်းတာတွေ လုပ်ရတာ တစ်နေရာ တစ်နေရာ ပြေးရတာ ဆိုင်ကယ်လေး ရှိမှ အဆင်ပြေတာပါ ၊ ရုံးက ခိုင်းလိုက်တာတွေကြောင့် ဗျာများပြီး သွားနေရပါတယ်ဆိုမှ အဲ့လို လိုင်စင် မပါတာကို အကြောင်းပြုပြီး ချလံ လိုက်ဖြတ်နေတာကတော့ Supply Check ပီသပါပေတယ်.... ပြင်ဆင်နိုင်မယ့်သူများ ပြင်ဆင်ပေးကြပါကုန်....

boy said...

မှန်ပါတယ်။နေပြည်တော်မှာနေထိုင်နေကြတဲ့ ပြည်သူလူထုတွေဟာ အဲဒီယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ အဖွဲ့ရဲ့ အမျိုးမျိုးအပြစ်ရှာ ဖမ်းဆီးခြင်းခံနေရပါတယ်။
နောက်တစ်ချက် ကျွန်တော်ဖြည့်စွက်တင်ပြလိုပါတယ်------
လမ်းအရှည်(၁၇)မိုင်လောက်သာ အကွာအဝေးရှိတဲ့ ပျဉ်းမနားမြို့ရှောင်လမ်းမှာ ယာဉ်ထိန်းတွေသာပါဝင်တဲ့အဖွဲ့ပေါင်း(၆)ဖွဲ့၊(၇)ဖွဲ့ခန့် နေ/ညအချိန်မရွေးရှိနေ ပြီး လာသမျှ အဝေးပြေး/အနီးပြေး/မြို့တွင်း-မြို့ပြင်သယ်ယူရေးယာဉ်တွေဆီကနေ (၁)စီးလျှင် (၁၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ သူတို့အခေါ် လက်ဘက်ရည်ဖိုးဆိုပြီး မင်းမဲ့စရိုက်ဆန်စွာ အနိုင်အထက်ပြုမှုတောင်းခံလျှက်ရှိနေပါတယ်။ အဲဒီလိုယာဉ်တွေကို ရပ်တန့်စေပြီး တောင်းခံနေတာကြောင့်တစ်ခါတစ်ရံ ယာဉ်ကြောပိတ်ဆို့မှုတွေတောင်ဖြစ်ပေါ်နေပါကြောင်း တင်ပြအပ်ပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံးစစ်ဆေးအရေးယူပေးကြပါခင်ဗျာ။

lwannaymie said...

နိုင်ငံခြားမှာ ဒီလိုဘဲ ဒဏ်ကြေးမြင့်လို့ (၃နှစ်အတွင်း) စည်းကမ်းမဲ့တာ ၅%လောက်ဘဲ လက်ကျန်ရှိပါတော့တယ်။ ဥပဒေဘောင်ထဲက ဘယ်လိုဖမ်းဖမ်း ဖမ်းတဲ့ သူမှန်ပါတယ်(လမ်းမှာပိုက်ဆံမတောင်းရ)။ ဒါမှနောင်ထပ် မလုပ်ရဲမှာပေါ့။ (မှတ်ချက်-ဒဏ်ကြေးတွေ နိုင်ငံတော်က ရဖို့လိုတယ်...သမ္မတကြီး၊ ခင်ဗျား။)

Naypyitawnews said...

နေပြည်တော်စည်ပင်က တရားဝင်တောင်းနေတာပါ ကားတွေဆိုရင်သဲမှုန်လေးနဲနဲကပ်ရင်တောင် ဒါဏ်ကြေးက၂၀၀၀၀၀ရှိပါတယ် (နေရာတင် ၂၀၀၀၀လောက်လူမသိသူမသိပေးလိုက်ရင်လည်းအဆင်ပြေပါတယ်) ဆိုင်ကယ်ဆိုရင်တော့ ၅၀၀၀ လောက်ပေးလိုက်ရင်ရပါတယ် (ရာဇဌာနီလမ်းမြောက်ဘက် ရန်-မန်းလမ်းဟောင်းပေါ်မှာ ကိုယ်တိုင်ပေးဖူးပါတယ်)
ဟုတ်ပါတယ် အခုလိုဖမ်းတာဟာ ပြည်သူတွေစည်းကမ်းလိုက်နာဖို့ထက် အမှုများများရဖို့ကအဓိကပါ လကုန်ရင် အမှုအများဆုံးရသူကိုကြေညာတာ ရုံးမှာတွေ့ဖူးပါတယ်

boy said...

မှန်ပါတယ်။
နေပြည်တော် ပြည်သူလူထုခံစားနေရတဲ့ ဥပဒေနဲ့မညီတဲ့ များပြားလှတဲ့ ဒဏ်ကြေးအကြောင်းပါ။
နောက်ပြီး နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တွေချည်းသာပါဝင်တဲ့ မင်းမဲ့စရိုက်ဆန်စွာ အကျင့်ပျက်ပြုမှုနေပုံကို ဖြည့်စွက်တင်ပြလိုပါတယ်။
လမ်းအရှည်(၁၇)မိုင်လောက်ရှိတဲ့ ပျဉ်းမနား မြို့ရှောင်လမ်းပေါ်မှာ နေ/ညအချိန်မရွေး ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေချည်းသာ ပါဝင်တဲ့ အဖွဲ့ပေါင်း(၆/၇)ဖွဲ့လောက်ဟာ လာသမျှ ယာဉ်တွေဆီကနေ တစ်စီးလျှင်(၁၀၀၀)ကျပ်မှ(၅၀၀၀)ကျပ်အထိ သူတို့အခေါ် လက်ဘက်ရည် ဘိုးတောင်းခံနေကြပါတယ်။ အလိုက်မသိလို့(၅၀၀)ကျပ်လောက်ပဲပေးမိရင် အမျိုးမျိုးအပြစ်ရှာဖမ်းဆီးပြီးများပြားလှတဲ့ဒဏ်ကြေးတွေ ဆောင်ခိုင်းပါတယ်။ အဖမ်းမခံချင်ရင် သူတို့တောင်းတဲ့ ပမာဏကိုပေးပေတော့။ ယာဉ်တိုင်းကို ရပ်တန့်ခိုင်းပြီးတောင်းနေတော့ ယာဉ်အသွားအလာများချိန်ဆိုရင် ယာဉ်ကြောပါ ပိတ်နေတတ်ပါတယ်။
ကဲ-လူကြီးမင်းများ။
ကြည့်လုပ်ကြပါအုန်း။

Bravo said...

စည်းကမ်းသည်လူဧ။်တန်ဖိုးပါ။ စည်းကမ်းရှိဖို့လုပ်တာကို အပြည့်အဝထောက်ခံပါတယ်။ စီးတဲ့လူက တကယ်စည်းကမ်းရှိရင် ဒဏ်ကြေးနည်းတယ်၊များတယ်ဆိုတာရှိနိုင်ပါ့မလား။ အဲတခုတော့ရှိတာပေါ့ ဖမ်းဆီးတဲ့ဖက်ကလည်း စည်းကမ်းရှိဖို့လိုပါတယ်။ တချို့ဆို သတ်မှတ်ထားတဲ့ အကျီင်္၊ဘောင်းဘီတော့ဝတ်ပေမဲ့ ခြေညှပ်ဖိနပ်နဲ့။ အဲဒီလိုမပြည့်စုံရင် စည်းကမ်းနဲ့ မကိုက်ညီလို့ တာဝန်ထမ်းဆောင်ခွင့်မရှိပါ။ အဲဒီလိုမပြည့်မစုံယူနီဖေါင်းဝတ်ပြီးတားမြစ်ဖမ်းဆီးမှုလုပ်ရင် အဲဒီသူကိုပြန်လှန်တရားဆွဲဆိုနိုင်ပါတယ်။

ဒီမိုအောင် said...

ဥပဒေဆိုတာလူတိုင်းလူတိုင်းရဲ့ခေါင်းပေါ်မှာရှိတာအကောင်းဆုံးပါပဲ.လူတိုင်းဥပဒေကိုလေးစားလိုက်နာနိုင်ကြမယ်ဆိုရင်ဘာဒဏ် ကြေးမှပေးဆောင်စရာမလိုအောင်ဖြစ်လာမှာပါ.တကယ်တမ်းပြောရ ရင်ဆိုင်ကယ်တွေနဲ့ပတ်သက်လို့ပြစ်မှုတစ်ခုကိုငွေဒဏ်တစ်သိန်း
လောက်ရိုက်သင့်တယ်.အခုဆိုင်ကယ်စီးနေကြတဲ့လူတော်တော်များများ(၇၅ %) ဦးထုပ်မဆောင်းဘူး။နောက်ကြည့်မှန်ဖြူတ်ထား
တယ်။၂ဦးထက်ပိုစီးတယ်။ ယာဉ်မောင်းလိုင်စင်မရှိဘူး။လိုင်စင်မ
ဖြေဘူးတော့ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားမလည်ဘူး။
အတင်းဝင်၊အတင်းထွက်လုပ်တော့သွားရော။သူတို့ဘာသာ
ဆိုင်ကယ်မှောက်ပြီးသေတာကအကြောင်းမဟုတ်ဘူး။ စည်းကမ်းမှန်တဲ့ကားမောင်းသမားနဲ့တိုက်မိပြန်တော့ကားမောင်းသမားခမျာအလကားအမှုပတ်ထောင်ကျရတယ်။သူ့ကိုအား ကိုးနေတဲ့မိသားစုလဲဒုက္ခရောက်ရော။ဒါဟာ စည်းကမ်းမလိုက်နာနိုင်တဲ့သူတော်တော်များများကြောင့်ဖြစ်ရတာပါ။ ယာဉ်ထိန်းတွေကလဲဥပဒေကိုခေါင်းပေါ်ရွက်ထားဖို့လိုပါတယ်။
စည်းကမ်းဖေါက်တဲ့သူကိုဥပဒေအတိုင်းဆောင်ရွက်ပေးဖို့လိုပါ
တယ်။ဘောင်းဘီအိတ်ထဲထိုးထဲ့တဲ့ငွေကိုလက်မခံဘဲ နိုင်ငံတော်
ဘဏ္ဍာရောက်အောင်ကူညီပေးဖို့လိုပါတယ်။အခုဟာက
ယာဉ်ထိန်းတွေဘာလုပ်သလဲဆိုရင်ဆိုင်ကယ်တွေကိုအထက်
ကစီမံချက်နဲ့ဖမ်းခိုင်းတဲ့အချိန်မှအပကျန်တဲ့အချိန်တွေဆိုလုံးဝ
မဖမ်းဘူးလေ(သဘောကောင်းတာတော့မဟုတ်)ကုန်တင်ယာဉ်
ကြီးတွေအပေါ်ကပစ်ချမယ့်ငွေကိုစောင့်နေရတဲ့အတွက်ဆိုင်
ကယ်တွေအပေါ်အာရုံမရှိတော့ဘူးလေ။( သာဝတ္တိမြို့မှပျဉ်းမနား
အသွားမြို့ရှောင်လမ်းပေါ် လေဆိပ်လမ်းခွဲမရောက်ခင်လမ်းတစ်ဝက်လောက်ကသစ်ပင်ရိပ်မှာ ယာဉ်ထိန်းတောင်းစားအုပ်စု တစ်စု နေ့စဉ် တာဝန်ထမ်းဆောင်နေကြတယ်လေ)

htwe said...

Master Myanmar ရဲ့ အစီအစဉ် သိပ်‌ကောင်းပါတယ်။
‌နေပြည်‌တော်မှာ ဆိုင်ကယ်များ အမှန်တကယ် စည်းကမ်းမရှိပါ။
‌ရောက်ဘူးသူတိုင်းသိပါတယ်။
၁၅၀၀ ကရုံးစရိတ်မဟုတ်ပါ။ ဥပ‌ဒေအရ ဒဏ်‌ငွေပါ။ ၂၀၀၀၀ က‌တော့ ‌နေပြည်‌တော် ယာဉ်စည်းကမ်းထိန်းသိမ်း‌ရေးကသတ်မှတ် ဒဏ်‌ကြေးပါ။ တရားဝင်‌ကြေညာထားတာ ‌တွေ့ပါတယ်။
‌ဘောင်ချာဖြတ်လိုက်ရင် ဘယ်သူမှ ယူမရပါ။ နိုင်ငံ‌တော်နဲ့ ယာဉ်စည်းကမ်း‌ကော်မတီပိုင် ဖြစ်သွားပါတယ်။ တရားဝင်ဒဏ်‌ငွေဖြစ်ပါတယ်။ တရားမ၀င်‌ငွေ‌တောင်းတာကို ‌ပေးရန်မလိုပါ။ အရစ်ခံရမှာစိုးလို့ဟု ‌ပြောကြပါတယ်။ မိမိဘက်က ပြည့်စုံ‌အောင်လုပ်ထားရင် မည်သူ့ကိုမှ‌ကြောက်ရန်မလိုပါ။ မ‌ပေးနိုင်ဘူး၊ ဖမ်းချင်ဖမ်းလို့‌ပြောပါ၊ မိမိဘက်ကမပြည့်စုံလို့ သက်သာ‌အောင် ‌နေရာမှာ ‌ဖြေရှင်းလိုက်တာ မိမိအပိုင်းပါ။ ‌ပေးလို့‌တောင်းတာပါ။ ‌ပေးသူမရှိရင် ‌တောင်းသူလည်း ‌ပျောက်သွားမှာပါ။ ပြည့်စုံဘို့‌တော့ လိုပါတယ်။ ဖမ်းသူကိုပဲအပြစ်မတင်‌စေချင်ပါ။ မိမိလည်း‌နေ့စဉ် ကြုံ‌တွေ့ ‌နေရလို့ ‌ရေးဖြစ်တာပါ။ ယာဉ်ထိန်းနှင့်လည်း မပတ်သက်ပါ။ အရှိအတိုင်း ဆိုလိုရင်းသာဖြစ်ပါတယ်။
အားလုံး စည်းကမ်းလိုက်နာ ‌ဘေးကင်းကွာ ကြပါ‌စေ။

htwe said...

Master Myanmar ရဲ့ အစီအစဉ် သိပ်‌ကောင်းပါတယ်။
‌နေပြည်‌တော်မှာ ဆိုင်ကယ်များ အမှန်တကယ် စည်းကမ်းမရှိပါ။
‌ရောက်ဘူးသူတိုင်းသိပါတယ်။
၁၅၀၀ ကရုံးစရိတ်မဟုတ်ပါ။ ဥပ‌ဒေအရ ဒဏ်‌ငွေပါ။ ၂၀၀၀၀ က‌တော့ ‌နေပြည်‌တော် ယာဉ်စည်းကမ်းထိန်းသိမ်း‌ရေးကသတ်မှတ် ဒဏ်‌ကြေးပါ။ တရားဝင်‌ကြေညာထားတာ ‌တွေ့ပါတယ်။
‌ဘောင်ချာဖြတ်လိုက်ရင် ဘယ်သူမှ ယူမရပါ။ နိုင်ငံ‌တော်နဲ့ ယာဉ်စည်းကမ်း‌ကော်မတီပိုင် ဖြစ်သွားပါတယ်။ တရားဝင်ဒဏ်‌ငွေဖြစ်ပါတယ်။ တရားမ၀င်‌ငွေ‌တောင်းတာကို ‌ပေးရန်မလိုပါ။ အရစ်ခံရမှာစိုးလို့ဟု ‌ပြောကြပါတယ်။ မိမိဘက်က ပြည့်စုံ‌အောင်လုပ်ထားရင် မည်သူ့ကိုမှ‌ကြောက်ရန်မလိုပါ။ မ‌ပေးနိုင်ဘူး၊ ဖမ်းချင်ဖမ်းလို့‌ပြောပါ၊ မိမိဘက်ကမပြည့်စုံလို့ သက်သာ‌အောင် ‌နေရာမှာ ‌ဖြေရှင်းလိုက်တာ မိမိအပိုင်းပါ။ ‌ပေးလို့‌တောင်းတာပါ။ ‌ပေးသူမရှိရင် ‌တောင်းသူလည်း ‌ပျောက်သွားမှာပါ။ ပြည့်စုံဘို့‌တော့ လိုပါတယ်။ ဖမ်းသူကိုပဲအပြစ်မတင်‌စေချင်ပါ။ မိမိလည်း‌နေ့စဉ် ကြုံ‌တွေ့ ‌နေရလို့ ‌ရေးဖြစ်တာပါ။ ယာဉ်ထိန်းနှင့်လည်း မပတ်သက်ပါ။ အရှိအတိုင်း ဆိုလိုရင်းသာဖြစ်ပါတယ်။
အားလုံး စည်းကမ်းလိုက်နာ ‌ဘေးကင်းကွာ ကြပါ‌စေ။

ဖိုးသားလေး said...

ဟုတ်ပါတယ် နေပြည်တော်အ၀င်ကစပြီး အဆုံးအထိ မော်တော်ပီကယ်များမှာ တရားဝင်တောင်းစားနေကြတာကို တွေ့ရပါတယ်။ ကုန်ဈေးနှုန်းများကြီးရခြင်း၏ အဓိကအချက်ကြီးဖြစ်ပါတယ်။ မိုင်အနည်းငယ်သာရှိတဲ့ လမ်းကြီးမှာ 10 ခါလောက်တောင်းကြပါတယ်။ တောင်းစားနေတဲ့ဓာတ်ပုံတွေလဲရှိပါတယ်။ အမြန်ဆုံးအရေးယူဖို့လိုပါတယ်။ ဘေးမှာကြည့်နေရသူများမှာလဲ စိတ်မချမ်းမြေ့ကြပါ။ သမ္မတင်္ကြီးနေတဲ့ နေပြည်တော်မှာ ထိုကဲ့သို့တောင်းစားနေကြပါတယ်

နောက်တစ်ခုကတော့ စစ်တပ်ဆိုင်ရာကားများသာ စစ်ဆေးခွင့်၇ှိတဲ့ စစ်ရဲများဟာလဲ အ၇ပ်ဘက်က ကားများကိုတားက အပြစ်မရှိအပြစ်ရှာက ပိုက်ဆံတောင်းစားနေပြီ အရပ်သားတွေကို နေပြည်တော်ကြီးတွင်ပေါ်တင် ညင်းပန်းနေတာကိုလည်း အများသိစေလိုပါတယ်

Powered by Blogger.