ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော

အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။
မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ)
အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က ၎င်းအား မီးပူဖြင့်ကပ်သည်ဟု ဆိုကာ အိမ်ရှင် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးကို ပဲခူးမြို့ နယ်မြေခံ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီကို ပြောသည်။
“ကာယကံရှင် အေးယုအောင်ကတော့ ကျနော်တို့ဆီမှာ လာပြီးအမှုဖွင့်ထားပါတယ်။ ကျနော်တို့လည်း အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ သက်သေတချို့ကိုလည်း စစ်ဆေးနေပါတယ်။ တရားခံကတော့ လက်ရှိနေရပ်လိပ်စာမှာမရှိတော့ဘူး။ ဘယ် ပြောင်း သွားတယ်ဆိုတာကိုလည်း မသိတော့ ကျနော်တို့ လိုက်လံစုံစမ်းနေပါတယ်”ဟု စခန်းမှူး ဦးသိန်းဦး က ပြောသည်။
အမှုဖွင့်ထားပြီးနောက် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်တို့ မူလနေထိုင်သော ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ရှိ အိမ်သို့ ရဲစခန်းတာဝန်ရှိသူများက သွားရောက်စုံစမ်းရာတွင် နေအိမ်နှင့် ခြံဝန်းအား သော့ခတ်ထားကြောင်း၊ ပြောင်းရွှေ့သွားသော နေရာသစ်အား စုံစမ်းနေဆဲဖြစ်ပြီး အမှုနှင့် ဆက်နွယ်နေသူများကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးသိန်းဦး က ဆက်ပြောသည်။
ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်ထိ ဒဏ်ရာများရရှိထားကြောင်း၊ ထို့အပြင် မိဘထံ ပြန် မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်ထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန်ကြိုးစားမှုကို ကျေနပ်မှု မရှိကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောပြသည်။
လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်း နှင့် အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ပဲခူးမြို့ လမ်းပြကြယ် အဖွဲ့၏ အကူအညီကိုယူကာ ဆက်တိုက် တရားစွဲဆိုသွားမည်ဟု သိရသည်။
ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကလည်း ပြောသည်။
“ဦးအောင်ဖုန်းဝင်းက ကောင်မလေး မီးပူနဲ့ထိတာဟာ သူ့မိန်းမ လုပ်တာမဟုတ်ပါဘူးလို့ပြောတာကို ဝိုင်းပြီးဖျောက်ဖျက်ပေးဖို့ ကြိုးစားပေးတဲ့လူတွေ။ ကျောက်ကြီး မယက ဥက္ကဌနဲ့အဖွဲ့၊ သူတို့ကို အားပေးကူညီမှုနဲ့ ပေါ်လာအောင် ရဲကိုစစ်ခိုင်းထားတယ်။ ဒီတပတ် အတွင်းမှာ ရဲကဆင်းပြီးစစ်နေပြီ”ဟု ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်တိုင်ကြားရခြင်းနှင့် ပတ်သက်၍ ရဲကစစ်ဆေးမေးမြန်းရာ၌် မအေးယုအောင် ၏ ထွက်ဆိုချက်များကို ကြားသိပြီးနောက် ဒေါ်ဖြူဝင်းသက်သည် ၎င်း၏သမီးအပေါ် စာနာထောက်ထားမှုမဲ့စွာဖြင့် အခြားသော နှိပ်စက်မှုများလည်းရှိခဲ့ကြောင်း ဒေါ်ကြူကြူ က ပြော ဆိုသည်။
“ကလေးက သူ့ရှေ့တည့်တည့်မှာထိုင်နေတာကို မီးပူနဲ့ မျက်နှာကိုလှမ်းထိုးလိုက်တာ ကလေးက ရှောင်လိုက်တော့ လည်ပင်းနဲ့ ရင် ဘတ်က ညှပ်ရိုးကိုထိသွားတာတဲ့၊ ရင်ဘတ်မှာကလည်း ဓား ဒဏ်ရာရှိတယ်။ အရင်က ကြက်သွန်လှီးဓားကို မပြတ်ဘူးဆိုပြီး ကလေးရင်ဘတ်ကို ခုတ်ထားတာ၊ ခေါင်းမှာလည်း ဟင်းချက်တာ ပေါ့လို့ဆိုပြီး ပုလင်းနဲ့ ရိုက်ထားတာတဲ့ ဒဏ်ရာအကြီးကြီးပဲ၊ ကျမ လည်း အစကမသိဘူး၊ ကလေးက ရဲတွေကို ဖွင့်ပြောပြမှသိလိုက်တာ”ဟု ဒေါ်ကြူကြူ က ပြောသည်။
ကာယကံရှင်ဖြစ်သူ မအေးယုအောင် ကလည်း“အနာတွေက အကုန်ကျက်သွားပြီ။ အမာရွတ်ပဲကျန်နေတော့တာ။ ဒဏ်ရာတွေက မီးပူနဲ့ ကပ်ခံထိတာလေ။ ဒေါ်ဖြူဝင်းသက်က သမီးကိုကပ်တာ”ဟု သူက ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောပြသည်။
တရားလိုများဘက်မှ အမှုဖွင့်တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက်တို့ကို တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကျော်ခ (ဧရာဝတီ)
ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော Reviewed by သစ်ထူးလွင် on 16:48 Rating: 5

51 comments:

Nay Nwaye said...

ကောင်းလေစွ..ကောင်းလေစွ... အမှန်တိုင်းဖြစ်ပါစေ။ ပုဒ်မတွေကတော့ အများကြီးပဲ.

မန်းလေးသား said...

ဟုတ်ပါ့မလား မောင်ကာလုရယ်.......... ဟိဟိ..... ဒီလောက်လွယ်တဲ့ တရားခံကို တောင်မဖမ်းနိုင်ဘူး ......... တရားသူကြီးဆိုတာ ရပ်ကွက်က အလုပ်မရှိ အကိုင်မရှိ သူမှမဟုတ်တာ..... ခရိုင်ရုံးချုပ်ကို မေးပြီး ဘယ်မှာတာဝန်ကျလဲဆိုတာမေး ပြီးရင်သူ့အိမ်သွားစစ်လိုက်...... မတွေ့ဘူးဆိုရင် တခြားတရားခံတွေကိုလုပ်သလို ( သားသ္မီးဆို မိဘ ၊ မိဘဆိုသားသ္မီး ) ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ဆွဲဖမ်းလိုက်ရင်ပြီးတဲ့ဟာကို........ သူတို့ကြမှ ဖမ်းဖို့ခက်နေလား .....ဟင်.... အကောင်းဘက်ကမြင်ရင်တော့ စတင်စစ်ဆေးပြီဆိုတော့ ၃ ချိုး ၁ချိုး ဝမ်းသာပါတယ်လို့ပြောပါရစေ.......

Unknown said...

မိုက်ရိုင်းတဲ. လုပ်ရပ်.......လူမဆန်တဲ.လုပ် ရပ် ပါ။။။။။။။။။။။။။

chusinmye said...

ဝရန်းထုပ်လိုက်ပေါ့... အဲ့လိုရှောင်နေလို့ရမလား...

Numega said...

တရားသူကြီး ဦးအောင်ဖုန်းဝင်း အနေနဲ့ ရာဇ၀တ်ဘေး ပြေးလို့မလွတ်(ရုပ်ရှင်ထဲတွင်သာ)ဆိုတာကို သိနေတယ်ထင်ပါတယ်။

Anonymous said...

ဒီအမှု ပီပြင်ပါစေ . . .

paing said...

တာဝန်ရှိသူတွေတာဝန်သိတက်ကြပါစေ။ဒါမှကျွန်တော်တို့နိုင်ငံဒီမိုကရေစီပီသမှာပါ။

Unknown said...

တကယ်ဖမ်းမှာလား...ဒီလောက်လွယ်နေတာကို...
မတွေ့ဘူး ဆိုတော့.........အင်းးးးးးးးးးးးးးး

oaksoe said...

ပဲခူးကလမ်းပြကြယ်အဖွဲ့ကိုကျေးဇူးတင်ပါတယ်ကောင်မလေးသနားပါတယ်
မိစ္ဆာမကြီးကိုဖမ်းမိပါစေ။

Anonymous said...

တာဝန်ကျေပွန်သော ပြည်သူ့ရဲများဖြစ်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်
ဥပဒေပညာရှင်တွေဟာ တက်ထားတဲ့ပညာကို မတရားမှု့မှာအသုံးချ
လက်တစ်လုံးခြားလုပ် ကိုယ်ကျိုးရှာ ရှောင်ကွင်းဖို့လုပ်ကြတယ်
ဒါကြောင့် လူဆိုတာတော်ဖို့ထက် ကိုယ်ကျင့်တရားကောင်းဖို့က
ပိုပြီးအရေးကြီးပါတယ်

Anonymous said...

မှတ်ထားကွ .............
ဒီလိုဟာတွေ ခေတ်ကုန်နေပီဆိုတာ...သိအောင်လုပ်ကြစမ်းပါ

Aung Soe Oo said...

ဘာတဲ့ ရာဇ၀တ်ဘေးပြေမလွတ်တဲ့အခုတော့ ဒီတရားသူကြီးမိန်းမလိုကောင်မကိုတောင်မရှာနိုင်ဘူးဦဦးရဲလိမ်ကြီးရယ် လျော့တော့မတွက်ကြနဲ့နော် ခင်ဗျားတို့ရဲ့လုပ်လုပ်တွေလယ်ပြင်မှာဆင်သွားသလို ဘွင်းဘွင်းကြီးပေါ်လာတော့မှာပါ တရားသူကြီးအပါအ၀င်ခင်ဗျားတို့တွေပါတန်းစီပြီးထောင်နန်းစံရတော့မှာပါ
ဈေးပေါလို့ဝယ်မိတော့ သူခိုးအားပေးတဲ့ တရားခံကိုဖွက်ထားပေးတော့.......ထောင်ဒဏ်ပေါ့..ဟား..ဟားး

myo kyaw said...

စံပြအနေနဲ့ ဖမ်းချုပ်ပြီး ထောင်ချလိုက်လေ....အမှန်ဆိုရင်..

udana said...

တရားဥပဒေအမှန်လုပ်မှာနော် ပြေးလို့ မလွတ်ဘူး။ ပြည်သူအားလုံးပါတယ်။

သုခ said...

တရားခံဟုစွတ်စွဲခံရသူအား ရှာမတွေ့ဘူးဆိုတာမဖြစ်နိုင်ပါ၊ဒု-မြို့နယ်တရားသူကြီးတယောက်ဧ။်တရားဝင်ဇနီးတယောက်ဖြစ်ပါသည်၊ပြည်သူရဲနှင့်တရားသူကြီးတို့သည် ပြည်ထဲရေးဝန်ကြီးဌာနဧ။်လက်အောက်ခံဌာနများဖြစ်ကြပါသည်၊ဒု-မြို့နယ်တရားသူကြီးသည် ခွင့်ပြုချက်မရှိဘဲ မိမိရုံးစိုက်ရာနေရာမှနယ်မြေပြင်ပသို့(လုံးဝ)ထွက်ခွါခွင့်မရှိပါ။ရဲစခန်းအနေဖြင့်သက်ဆိုင်ရာဌာနသို့တရားဝင်စာဖြင့်အကြောင်းကြားပါက တရားဝင် ပြန်ကြားပေးရန် တာဝန်၇ှိသည်။ရဲစခန်းမှုးကြီးလုပ်ငန်းမကျွမ်းကျင်တာလား၊လာဒ်ငွေမရလို့မလုပ်တာလားစဉ်းစားစရာဖြစ်နေပီ၊သူရဦးရွှေမန်းကတော့ပြောနေပီနော--မဟုတ်တာလုပ်ရင် တရားရုံးမှစစ်ပီးမှအပြစ်ပေးမှာတဲ့

ကေါင်းကေါင်း said...

တရားသူကြီးရောသူ့မိန်းမကိုရောသေဒဏ်ပေးသင့်ပါသည်. ဥပဒေကိုသိသိနဲ့မလေးစားဘဲလူမဆန်သောသူတို့နှစ်ဦးလူလောကမှာမရှိသင့်၊မထားသင့်တော့ပါ

chawthu said...

ဟ...ဟ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဲဒီလောက် မညံ့ပါဘူးဗျာ.....။ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးမှုတွေ၊ ဥက္ကဌတွေ ပါနေလို့ နှာစေးနေတာမျိုးတော့ မလုပ်ကြနဲ့ဗျို့.....။ ကိုယ့်နာမည်ပါ အဖတ်ဆယ်မရ ဖြစ်ကုန်လိမ့်မယ်.....။

Kyaw Aung said...

တရားသူကြီးပျောက်နေတယ် ရဲကရှာမရဘူး ဘာတွေလဲ
ရဲကအမှုမလိုက်တတ်ဘူးငွေပဲယူတတ်တာ ခုလဲ ပေါ်င်ကြီး
တရားခံဖျောက်ဘို့ကြိုးစားနေပြီ ကူညစ်ပါရစေနဲ့ တွေ့နေပြီ
ငွေများတရားနိုင်ကနေ ငွေနည်းတရားရှုံးတော့ မလုပ်လိုက်နဲ့
စုံထောက်မောင်စံရှားခေါ်ပေးရမလား ကြည့်လဲလုပ် လမ်းပြ
ကြယ်ကလမ်းတွေပြသွားမှာနော်

မောင် said...

သတင်းကိုဖတ်လိုက်ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။

ရဲနဲ့တရားသူကြီးက မြန်မာပြည်ရဲ့ ဥပဒေဘက်တော်သားချင်းတွေဆိုတော့
တရားဥပဒေရဲ့လက်တလုံးခြား အခွင့်အရေးတွေကို ကောင်းကောင်းနားလည်နေတဲ့သူတွေကိုး။

အားလုံးအတွက် သင်ခန်းစာပါ။
ကိုယ်ထိလက်ရောက်မဖြစ်ခင်
ကိုယ့်ဒေါသကိုချုပ်တည်းနိုင်ဘို့ကြိုးစားကြရမှာပါ။
စေတနာတွေဟာ အကန့်အသတ်နဲ့ရှိနေကြရမှာဘဲ။
ကိုယ်ချင်းစာစိတ်ဟာ အရေးအကြီးဆုံးလို့ ယုံပါတယ်။

ဒီကလေးကိုလည်း မိကောင်းဖခင် သမီးတစ်ယောက်အဖြစ် ကြီးပြင်းလာပါစေလို့ ဆုတောင်းမိတယ်။
(ဓါတ်ပုံကြည့်ပြီးအတွေးဝင်လာလို့ပါ။)

Cinderella said...

ထက်ထက်မိုးဦးတုန်းကလဲတရားခံ‌နေရပ်လိပ်စာရှာမ‌တွေ့လို့ စာလက်ခံမဲ့သူ
မရွိလို့ဆျိုပီး‌ေ ခြာက်လ‌လောက်ကြာမှအဲဒီမိန်းမတရားရုံးကစာကိုလက်ခံတယ်
လြူမင်ကွင်းမှာဆံပင်ဆွဲ၊ပါးရိုက်၊လည်ပင်းညှစ်တဲ့အမှုကို၂ နှစ်ကြာ‌အောင်စစ်
တယ်..ပြစ်မှုထင်ရှား‌တော့ကျပ်၁၀၀၀ ကြီးများ‌တောင်ဒဏ်ရိုက်လိုက်ပါ
‌ရောလား..ဒီအမှုလဲ‌နောက် ၃နှစ်ကြာမှစီရင်ချက်ချရင်ကံ‌ကောင်း..‌။

MasterMyanmar said...

ဖမ်းခြင်လျှင် အလွယ်လေး။ သူ့ယောင်္ကျား ရုံးသွားမေးလိုက်ယုံပဲ၊ သူ့ယောင်္ကျား ဘယ်ရုံမှာရှိလည်းဆိုတာ တရားရုံးသွားမေးလို့ ရနေတာကို မဆီမဆိုင် လျှောက်ပြောနေသေးတယ်။ မင်းတို့ရဲတွေ ရှာမရလျှင် ငါတို့ရှာပီး တာဝန်မကြေမှုနှင့် မင်းတို့ရဲတွေတောင် အထဲရော ထဲ့လို့ရတယ်။ ရဲတို့ တရားသူကြီးတို့ ထောင်ကျလျှင် အထဲမှာ ဘယလိုနေရလဲ သိတယ်နော်။

ီိ said...

မလုပ်ကြနဲ့ဟ သူတို့ကလဲ ဘယ်လောက်ရထားမှန်းမသိဘူး

Maunglusoe said...

တရာခံဓာတ်ပုံကိုအင်တာနက်မှာတင်ပေးလိုက်
ကူရှာပေးမယ်

Anonymous said...

မြန်မာပြည်ကပြည်သူ.ရဲတွေ က အလွန်တော်ကြသူတွေ ဆိုတာသံသယမရှိကြပါနဲ. ၊ တားတာ ဆီးတာ တွေ မရှိရင် ခဏနဲ.မိပါတယ် ။

zaw hlaing oo said...

မြေနိမ့်ရာလှံစိုက်ချင်တဲ့လူတွေ ထိထိရောက်ရောက်အရေးယူပေးပါ
တရားခံနှင့်တရားခံကိုကာကွယ်ပေးတဲ့သူတွေကဥပဒေဘက်တော်သားတွေဖြစ်နေတဲ့အတွက်ပြင်းထန်စွာအရေးယူသင့်ပါတယ်

သစ္စာ said...

ကလေးငယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့သူ ဒေါ်ဖြူဝင်းသက် ၊ မိမိဇနီးသည်ဖြစ်သူ၏လုပ်ရပ်သည်ရာဇ၀တ်မှုမြောက်တဲ့အမှုမှန်းသိလျှက်နှင့် ဖျောက်ဖျက်ရန် အားပေးကူညီ ပူးပေါင်းဆောင်ရွက်ခဲ့သူ တရားသူကြီး အောင်ဖုန်းဝင်း ၊
တာဝန်သိပြည်သူတွေက ရဲစခန်းတွင်လာရောက် ပြီး အမှုဖွင့်တိုင်ကြားလာခြင်းအပေါ် ပထမသတင်းပေးတိုင်ကြားချက်
(FIR) ဖွင့်လှစ်ပေးရန်ပျက်ကွက်သူ စခန်းမှူး သိန်းဦး ၊တို့ကို
တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး စံပြနမူနာအဖြစ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးရန်တောင်း
ဆိုလိုက်ပါတယ်။

noung said...

ဘယ်သူ့ဘက်မှ ဘက်မလိုက်စေချင်ဘူး အမှန်ကိုအမှန် အတိုင်းဘဲ ဖြစ်စေချင်ပါတယ်။ ဒါမှအခု အသစ် စက်စက်အစိုးရက တကယ် သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာမှာပါ။

boyaing said...

မန်းလေးသား ပြောတာမှန်တယ် ရှာချင်ရင် မခက်ပါဘူး။မရှာပဲ နေရင်တော့ တရားခံကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။

Anonymous said...

တရားခံ မရှိဘူးဆိုတာ အောင်ဖုန်းဝင်း အထက်လူမသိဘူးလား သိရက်နဲ့ရှောင်ခိုင်းရင် အဲဒီ့ လူလဲ တေတေးဘဲ။ သူ့မိန်းမလုပ်တာမဟုတ်ဘူးဆို ရင်သူလုပ်တာလား/ဗြောင်လိမ် ဗြောင်စား

ဒီမိုပြည်သူ said...

ဥပဒေဘက်တော်သား တရားသူကြီးကတော်လုပ်နေပြီး အမှုတွေတစ်ခုပြီးတစ်ခု ထပ်တိုးအောင်လုပ်နေပါလားဗျို။ လက်ရောက်ကျူးလွန်ပြီး အသက်ထိခိုက်လောက်အောင်ထိ နှိပ်စက်ခဲ့တယ်။ ကလေးကိုမိဘလက်ထဲပြန်မအပ်ဘဲ အဓမ္မ အလိုမတူဘဲ ထိန်းသိမ်းထားသေးတယ်။ တရားသူကြီးကိုယ်တိုင်လဲ တရားမဲ့တဲ့ လုပ်ရက်တွေ ကျူးလွန်ပေးရင်း ဇနီးသည်အတွက် ကာကွယ်ခဲ့တယ်။ ခုလဲ ဥပဒေလက်ကနေ ရှောင်တိမ်းနေပြန်ပြီ။ ကဲ......ဘယ်လိုလုပ်ပေးမှာလဲ!!!!!!!!!!!!!!!!!

minsoeaung said...

မတရားသူကြီးလင်မယားကိုနှစ်ဦးလုံးပြစ်ဒဏ်ကြီးကြီး
ပေးပါဗျို့။
ဒါကနောက်တာဝန်ရှိလာကြ သူတွေကိုသင်ခန်းစာပေးခြင်း
ပါ။ ဒါမှလည်း လူကြီးမယားလုပ်သူတွေလင့်လုပ်ငန်းမှာ
မပါရဲဆော့မှာဖြစ်တယ်။ တခြားလာဒ်စားတဲ့အမှုတွေပါ
ဆက်လက်စစ်ပြီး အပြစ်ပေးပါ သမ္မတကြီး။

ziwasoe144 said...

ရင်ဆိုင်လိုက်ပါဗျာ၊ ဒီအချိန်မှာ ကြောက်လဲကြောက်
ရှက်လဲရှက်နေမယ်ဆိုတာသိပါတယ်၊ ဒါပေမဲ့
ဒီအတိုင်းနေလို့ပြီးသွားမှာမှမဟုတ်ဘဲ၊ တရားဥပဒေကို
တရားသူကြီးတွေကဘယ်လောက်လိုက်နာတယ်ဆိုတာ
စံနမူနာပြလိုက်စမ်းပါ၊ မြန်မာနိုင်ငံရဲ့တရားရေးမဏ္ဏိုင်ကို
ခင်ဗျားတို့ဇနီးမောင်နှံနှစ်ယောက်ကစပြီးတည့်ပေးလိုက်
တယ်ဆိုပြီးဂုဏ်ယူလို့တောင်ရပါသေးတယ်။

Anonymous said...

ဒီလို မတရားမှုတွေ ပပျောက်ဖို့ မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်ချင်းမှာ တာဝန်ရှိတယ်။ အခုကိစ္စကိုလည်း အားလုံးက ကိုယ်တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းပြီး ပုံစံအသီးသီးနဲ့ အားဖြည့်ကူညီပေးကြပါ။

lwannaymie said...

(ဥပဒေ အပေါ်မှာ မကောင်းသောမြန်မာတရားသူကြီးရှိတယ်။...ဒါ ငါ့အမိန့်။)
(ဥပဒေ အောက်မှာ မကောင်းသောမြန်မာရဲရှိတယ်။...သွားဖမ်းဆို သွားပြီ။)

333 said...

မန်းလေးသားပြောတာ အမှန်ဆုံးပဲ။

ahphyulay said...

ဆားပုလင်းနှင်းမောင် ကို ရှာခိုင်းရတော့ မယ်။

Bravo said...

ကလိန်စေ့ ငြမ်းဆင်တဲ့လုပ်ရပ်တွေ ဒီဖြစ်ရပ်ကို သင်ခန်းစာယူကြပါ။ နောက်ထပ် ကလိန်စေ့များကိုလည်း ပြည်သူ့အားနဲ့ဝိုင်းဝန်းဖေါ်ထုတ်ကြပါစို့။

bk said...

လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကိုလေးစားပါတယ်။
ဆက်လက်ပြီးဆတက်တပိုးထမ်းဆောင်နိုင်ပါစေလို.။

blessing said...

မန်းလေးသား ပြောတာမှန်တယ် ရှာချင်ရင် မခက်ပါဘူး။
မရှာပဲ နေရင်တော့ တရားခံကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ ဘယ်လောက်ရထားကြလဲမှမသိတာ

မျိုးချစ်မြန်မာလူငယ် said...

ဝရမ်းထုတ်၊ အင်တာနက်ပေါ်တင် လိုက်ဗျာ။
သတင်းစာ မှာ တင်လိုက်။ ကျနော်တို့ ပြည်သူတွေ လိုက်ရှာပေးမယ်။
ရဲတွေ ဘာလုပ်နေတာလဲ။
နိုင်ငံတော် ကပေးတဲ့ လစာကိုယူပြီး၊ နိုင်ငံမှာ ရှိတဲ့ပြည်သူတွေရဲ့ တရားသော စီရင်မှုကိုမှ မပေးနိုင်ရင် ဘာအသုံးကျတော့မှာလဲ။

ငွေများတရားနိုင်လုပ်နေတဲ့ လက်တလုံးခြား တရားသူကြီးတွေ မြန်မာပြည်မှာ မှို လိုပေါက်နေတာ အများကြီးပါပဲ။

ကိုယ်ထင်တာ ကိုယ်ဆိုင်း၊ အာဏာရူးမြန်မာနိုင်ငံ မှာ တရားစီရင်ရေးတွေမှာ ညံ့နေတာ ကြာရောပေါ့။

အခုကိစ္စက ရထားတစီးလိုပါပဲ။ ရထားခေါင်းကြီးက ဦးတည်ချက်ကောင်းမှ ရထားနောက်ကတွဲတွေက ဦးတည်ချက်(လမ်းမှန်) ရောက်မှာပါ။

ဦးတည်ချက်က အာဏာအာဏာ ဆိုပြီး ရူးနေတဲ့ ခေါင်းဆောင် ရှိမှတော့....အင်းးး.....နောက်လိုက်တွေလဲ ရူးချင်ယောင်ဆောင်ကြတာပေါ့လေ။။

သူ၇ိယ said...

ဒီလူ..စီ၇င်ချက်ချခဲ့တဲ့အမှုတွေဆိုမတွေးဝံ့စ၇ာဘဲ...

mad dog said...

တ၇ားသူကြီးဆိုတာ ၁၀၉ . ၁၁၀ အလုပ်မ၇ှိ အကိုင်မ၇ှိ မို့ လို့ ၇ှာ ၇ခက်နေတာလား ။ တ၇ား၇ုံး မလာဘူးလား ။ လိမ် ၇င် လည်း ကြည့် လိမ် ပါ ကိုကို ၇ဲသား ပုလင်းတူ ဘူးစို့ တွေ၇ယ်

kyawsoethu said...

အော် ..မခက်ပါဘူး ပြည်သူရဲတွေရှိနေတာပဲ.. ၀ရမ်းထုပ်ပေါ့ .. လွယ်ပါတယ် .. ပြည်သူရဲ ဆိုမှတော့ ပြည်သူဘက်က ရှိနေရမှာပေါ့ .. ဖမ်းချင်ရင်လွယ်လွယ်လေးမဟုတ်လား..သူက သေရွာကို သွားတာမှ မဟုတ်တာ ..

Wunna Ko Ko said...

စုံစမ်းတယ်ဆိုတာ တကယ်လားဟင်။ ယုံတော့ယုံချင်ပါတယ်။
ဥပဒေ စိုးမိုးမှု့ရှိအောင်လုပ်သင့်ပြီ။

ksho said...

ရဲကြီးကဦးဇာဂနာထက်တောင်ရီရတယ်တော့ အဲလေ ဗျာဝါးပာားပာားပာား................

stone said...

နိုင်ငံတော်လိုင်စင်ရသူတောင်းစားများဒီအမှုမျိုးဘယ်လိုက်ပါ့မလဲပိုက်ဆံမှမရတာပြည်သူ ပြည်သားတွေဒါလေးတွေကိုနားလည်ဘို့ သင်တယ် အမှုနဲ့ ပတ်သက်ပြီးသူများသားမယားကိုခွလို့ ရရင်ခွ ပိုက်ဆံညစ်မယ် တရားေ၇းနဲ့ ပေါင်းပြီးခွင်ဖန်မယ် တပြားမှမရတဲ့ အမှုကိုဘယ်ရဲမှအပင်ပန်းခံမည်မဟုတ်ပါ မယုံရင်စောင့်ကြည်ကြပါ ဒိလိုနဲ့ ဘဲပြီးသွားမှာပါ။

stone said...

နိုင်ငံတော်လိုင်စင်ရသူတောင်းစားများဒီအမှုမျိုးဘယ်လိုက်ပါ့မလဲပိုက်ဆံမှမရတာပြည်သူ ပြည်သားတွေဒါလေးတွေကိုနားလည်ဘို့ သင်တယ် အမှုနဲ့ ပတ်သက်ပြီးသူများသားမယားကိုခွလို့ ရရင်ခွ ပိုက်ဆံညစ်မယ် တရားေ၇းနဲ့ ပေါင်းပြီးခွင်ဖန်မယ် တပြားမှမရတဲ့ အမှုကိုဘယ်ရဲမှအပင်ပန်းခံမည်မဟုတ်ပါ မယုံရင်စောင့်ကြည်ကြပါ ဒိလိုနဲ့ ဘဲပြီးသွားမှာပါ။

yelpaing said...

ရဲလုပ်နေပြီးတော့ကွာ တရားခံဘယ်မှာလဲမသိဘူးဆိုတာ မင်းတို့ ထိန်ချန်ထားတယ်ဆိုတာပေါ်လွင်နေပြီကွ ။ မင်းတို့ ဆောင်ပုဒ်တွေကဘာတွေလဲကွာ ကူညီပါရစေ တို့ တရားဥပဒေစိုးမိုးရေးတို့  ။ မြန်မာပြည်မှာ ကလေကချေတစ်ယောက်တောင်ဖမ်းချင်အလွယ်လေး ။ အိမ်နဲ့ ရာနဲ့ နေတဲ့လူတွေကိုဖမ်းလို့ မမိဘူးဆိုတာကတော့မင်းတို့ လွန်လွန်းပါတယ်ကွာ ။ အေး လုပ်ရဲရင်ခံရဲရမယ်နော။ မင်းတို့ အမျိုးတွေထဲက တစ်ယောက်ယောက်ကိုအဲဒီလိုလုပ်မယ်ဆိုရင်မင်းတို့ ဘယ်လိုနေမလဲတွေးလိုက်စမ်းပါအုံး။ငွေမျက်နှာတစ်ခုထဲပဲကြည့်လို့ မရဘူးကွ။တရားဥပဒေဆိုတာမင်းတို့ အမေလင်ဆွဲထားတာမဟုတ်ဘူးကွ။လက်တစ်လုံးခြားမလုပ်ကြပါနဲ့ ။ မြန်မာပြည်မှာစောက်သုံးမကျတဲ့ရဲ သူတောင်စား ဖြစ်နေတဲ့ ရဲတွေတော်တော်ပေါနေပြီဆိုတာ လက်တွေ့ ပြလိုက်တာပါဘဲ။အေးပေါ်လာတဲ့တစ်နေ့ မင်းတို့ ပါ ပါမယ်။

ခေတ်လူငယ် said...

တရားသူကြီး ကို ဖမ်းထား လိုက် ပါလား

COBRA said...

ဒီကိစ္စ လက်ရှောင် နေဖို. ၇ဲတွေကိုအထက်ကညွှန်ကြားထား ဟုသိ၇ ..

htet way said...

မင်းရဲကျော်စွာ ..
ဒီကိစ္စက လွယ်လွယ်လေး ဖမ်းလို့ ရတာကို ခက်နေတယ်
ဒီလောက် သတင်းဖြစ်နေတာ အမှုစစ်က တရားလို လုပ်ပါလား။ခုတိုင်တော့ လည်း ရှာဖမ်းလို့ မရတဲ့ ။ ဘယ်လို စိတ်ချလို့ ရမလဲ ရဲကြီးတို့ ရယ်

Powered by Blogger.