ကျောက်ပန်းတောင် ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား
တိုင်ကြားခြင်းနှင့်ပတ်သက်၍တိုင်ကြားသူ အပါအဝင် မှန်ကန်စွာ ထွက်ဆိုခဲ့သော
ဝန်ထမ်းများအားပြောင်းရွှေ့တာဝန်ချထားလိုက်ပါသည်။
ဒေသခံပြည်သူလူထု စရိတ်သက်သာ စေရန်ရည်ရွယ်၍ စရိတ်မျှပေး ကျန်းမာရေး
ဆေးအရောင်းဆိုင်အား ဆေးရုံဝန်းအတွင်း ရောင်းချလျှက်ရှိရာ မြို့နယ်ဆရာဝန်
ဒေါက်တာယုဝေ လက်ထက်တွင်ဆေးနှင့်ဆေးပစ္စည်းများအား တိုက်ရိုက်မှာယူ၍
ဆေးရုံရှိ စရိတ်မျှပေး ကျန်းမာရေး ဆေးဆိုင်တွင်ဝန်ထမ်းသက်သာ
အတွက်နောက်ထပ် 15% အမြတ်တင်ကာရောင်းချခြင်းမြို့နယ်ဆရာဝန်ကြီးသည်
 မွေးစာရင်း တစ်ဆောင်လျှင် ၁၅၀၀ ကျပ်နှုန်းတောင်းခံစေပြီး ၄င်းထံအပ်နှံစေခြင်း။
နိုင်ငံတော်မှအခမဲ့ထောက်ပံ့ဆေးများအားဆေးအရောင်းဆိုင်မှ
ဒေါ်ခင်မျိုးတင့်အားငွေကြေးဖြင့် ရောင်းချစေကာရရှိငွေကို ၄င်းထံအပ်နှံစေခြင်း။
နေအိမ်ဆေးခန်းတွင် သွေးသွင်းကုသခွင့်မရှိပဲ ကုသမှု့များပြုလုပ်နေခြင်း။
PMCT progect မှ ကိုယ်ဝန်ဆောင်မိခင်များအား HIV အခမဲ့
စစ်ဆေးရန်ပြည်သူ့ဆေးရုံဓါတ်ခွဲခန်းတွင် လှူဒါန်းထားသော်လည်း မြို့နယ်
ဆရာဝန်သည် မသိနားမလည်သော ဒေသခံ ကိုယ်ဝန်ဆောင်မိခင်များ
အား၎င်း၏နေအိမ်တွင် တစ်ခါသုံးများနှင့် စစ်ဆေး၍ ငွေတောင်းခံနေခြင်း။
အထက်ပါဖေါ်ပြထားသည့်ကိစ္စရပ်များအပြင် အလားတူကိစ္စရပ်များ  အားတိုင်ကြားခဲ့ရာ
27.8.2011 နေ့တွင် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်မောင်ထွန်း။
ဒေါက်တာကျော်ကျော်နှင့် ညောင်ဦးခရိုင်ဆရာဝန်တို့ (၃)ဦးစုံစမ်းစစ်ဆေးမှု့များပြုလုပ်
ရာတွင် အရေးယူဆောင်ရွက်မှု့မရှိသဖြင့်  ဒုတိယအကြိမ်ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်ထံ ထပ်မံ အစီရင်ခံတင်ပြခဲ့ရာကျန်းမာရေး
ဦးစီးဌာနမှ ဒေါက်တာဒေါ်စန်းမြင့်။ဒေါက်တာ ဒေါ်သီရိနွယ်။ဒေါက်တာဒေါ်သန်းသန်းမြင့်တို့မှ
18.11.2011 နေ့တွင်ပြည်သူ့ဆေးရုံဝန်ထမ်းများအား လာရောက်စစ်ဆေးပါသည်။
ဒေသခံပြည်သူလူထုအတွက် အဖြစ်မှန်များကိုတင်ပြခဲ့သော ဝန်ထမ်းတစ်ဦးဖြစ်သူ
ဦသိန်းလွင်အား ပုံကြီးချဲ့၍ တိုင်ကြားခြင်းဖြစ်သည်ဟု သုံးသပ်ကာ
ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း။မြို့နယ်ဆရာဝန်၏ခိုင်းစေချက်အရ
 မွေးစားရင်းများအား ၁ စောင်လျှင် ၁၅၀၀ကျပ်နုန်းကောက်ခံစေကာ ၄င်းထံအပ်နှံစေခြင်း
 အငယ်တန်းစာရေးဒေါ်စန်းစန်းအား စရိတ်မျှပေးကျန်းမာရေးမှ နိုင်ငံတော်အတွက်
 ပေးသွင်းရမည်းငွေများကိုလစဉ်ပုံမှန် ပေးသွင်းခဲ့သော်လည်း ပေးသွင်းခြင်းမရှိဟု
အကြောင်းပြကာပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခြင်း။ဝန်ထမ်းအင်အားလိုအပ်ချက်အရ
 သူနာပြုဆရာမ ၅ ဦးအား ပူးတွဲတာဝန်ထမ်းဆောင်နေရာမှ စစ်ဆေးရေးအဖွဲ့အား
 မှန်ကန်စွာ ထွက်ဆိုခဲ့သောကြောင့် ထို ဆရာမ ၅ဦးအားမြို့နယ်ဆရာဝန်ကြီး
၏ တဖက်သက်ပြောကြားချက်အရ မိခင်ဌာနသို့ပြန်လည်ပြောင်းရွှေ့စေခြင်းများပြုလုပ်ခဲ့ပါသည်။
 ဒေသခံပြည်သူလူထုနှင့်လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏
ယုံကြည်မှု့ကို အလွဲသုံးစားပြုကာ ၄င်းတို့ ကိုယ်ကြိုးအတွက်လုပ်ကိုင်နေသော
ဒေါက်တာယုဝေအား ရာထူတိုးမြှင့် ပြောင်းရွှေ့စေခြင်း။စာရေး စိုးရွှေအား
လက်ရှိရာထူးဖြင့် ပင် ပြောင်းရွှေ့စေခဲ့သော်လည်း ၄င်းတို့ အပေါင်းပါများဖြစ်သော
 အငယ်တန်းစာရေးဒေါ်ခင်ထားကြည်။ ဆေးအေ၇ာင်းဆိုင်မှဒေါ်ခင်မျိုးတင့်။
ဒေါ်ခင်မြတ်သန့်။ဒေါ်မြင့်မြင့်စန်းနှင့်ဒေါ်အေးသန္တာတို့အား အရေးယူ အပြစ်ပေးမရှိခြင်းများ
မရှိပဲ...ဒေသခံပြည်သူလူထု အတွက်မှန်ကန်စွာ တိုင်ကြားခဲ့သော ဝန်ထမ်းနှင့် မှန်ကန်စွာ
ထွက်ဆိုခဲ့သောဝန်ထမ်းများအား ယခုကဲ့ သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ ခြင်းမှာ
အပြစ်ပေးအရေးယူသည့်ပုံစံမျိုးဖြစ်နေသည့်အတွက် နောင်တွင် ပြည်သူ
လူထု အကျိုးအတွက် တင်ပြဝံ့စရာ မရှိတော့ပါသဖြင့် သက်ဆိုင်ရာ
တာဝန်ရှိလူကြီးမင်းများ အနေဖြင့် ထိုကဲ့သို့သော အလားတူကိစ္စများအား မှန်ကန်သော
နည်းလမ်းဖြင့်တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထု အကျိုးအတွက် ထိရောက်စွာ
 စစ်ဆေးမှု့များ ပြုလုပ်သင့်ပါသည်။
ကျောက်ပန်းတောင်ဆေးရုံမှပေးစာ
Myanmar News Now
ကျောက်ပန်းတောင် ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ ကျောက်ပန်းတောင် ဆေးရုံမှ  အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ Reviewed by သစ်ထူးလွင် on 19:54 Rating: 5
18 comments:
Aung Soe Oo said...
ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိအစိုးရတက်လာတဲ့အချိန်ထိတရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာထင်ရှားနေတာပေါ့ဗျာ....ဘယ်မှာလဲအမှန်တရားဆိုတာ
Anonymous said...
ခေတ်ကိုက ပညာတက်လူယုတ်မာတို့ ထင်ရာစိုင်းတဲ့ခေတ်
ဒါကြောင့် စာတက်ဖို့ထက် ကိုယ်ကျင့်တရားကောင်းဖို့
အရေးကြီးပါတယ် နောက်ဆုံးတော့ ပညာချို့တဲ့ ပိုက်မဲ့တဲ့
လူတန်းစားတွေပဲ အဖိနှိပ်ခံဘဝရောက်ရတာပဲ
Anonymous said...
အတိုင်ခံရတိုင်း ရာထူးတိုး၊ နေရာကောင်းပြောင်း..
တိုင်သူတွေ အဖိနှိပ်ခံရ.. ဇောက်ထိုးတွေကြီးပါပဲလား..
ဒေသဆိုင်ရာ အမတ်မင်းတွေ ဒေသဆိုင်ရာကောင်းကျိုး ဘာတစ်ခုမှ အလုပ်မလုပ်တာ ထင်ရှားတယ်။
u kyawkyaw said...
နေရာတိုင်း၊ဌာနတိုင်းမှာဝန်ထမ်းတွေကအကျင့်ပျက်နေကြတယ်၊လစာတိုးလဲပြင်မုာမဟုတ်ဘူး။အရင်အုပ်ချုပ်ခဲ့တဲ့သူကအစ ကိုယ်ကျင့်တရားပျက်နေတော့ဝန်ထမ်းမှန်သမျှအကုန်လဲရပါမယ်။ကိုယ်ချင်းစာစိတ်ရှိသူတွေနဲ.ပြောင်းလဲရပါမယ်။
eieinaing said...
ကျန်းမာရေးဝန်ကြီးအား ရာထူးမှဖယ်ရှားသင့်ပါကြောင်း။
ဆုလာဘ် said...
ဒီလိုအကျင့်ပျက်တာတွေကို အေ၇းယူသင့်တာကြာပါပြီ စံပြအဖြစ်အေ၇းယူသင့်တယ် ဒါမှနောက်လူတွေက စည်းကမ်း၇ှိသွားမှာ ဌာနတိုင်းကိုစစ်ဆေးသင့်ပါတယ်
minsoeaung said...
လူတော်တွေကကောင်းချင်မှကောင်းတာလို့ကြားဘူး
တယ်။လူတော်ရင်ညစ်ပတ်တာလည်းတော်လာတာဘဲ။
ဆိုင်တဲ့သူကိုအပြစ်ပေး တိုင်တဲ့သူကိုနေရာပြောင်း
တရားပါတယ်။ဆရာကြီးဦးဖေသက်ခင်ပြတ်သားပါသည်။
ဆက်ပြီးကြမ်းသင့်ပါသည်။
ထောက်ခံပါသည်။
Thein said...
ဘယ်မှာ လဲ တရား သောဥပဒေ စိုးမိုး ရေး။ ဘယ်မှာ လဲ မျှတ မှန်ကန် သော ဆုံး ဖြတ်ချက်။ တရား သောဥပဒေ စိုးမိုး နိုင်မှ နိုင်ငံ တိုးတက် နိုင်မည်။တရားသောသူ များ ငါ တို့ မြန်မာ နိုင်ငံ မှာ အုပ်ချုပ် နိုင်ပါစေ။
Ever November said...
ပြည်သူတွေအတွက် အလွန်အရေးကြီးသော ကျန်းမာရေးကိစ္စဖြစ်ပါသည်။
ကိုက်ကျိုးအတွက်ပဲကြည့်သော ဆရာဝန်များကို ထိရောက်စွာအရေးယူသင့်
ပါသည်။
naingoo said...
ဝန်ထမ်းများ၏
ယုံကြည်မှု့ကို အလွဲသုံးစားပြုကာ ၄င်းတို့ ကိုယ်ကြိုးအတွက်လုပ်ကိုင်နေသော
ဒေါက်တာယုဝေအား ရာထူတိုးမြှင့် ပြောင်းရွှေ့စေခြင်း
aye min said...
မထူးပါဘူး ခင်ဗျားတို့လဲ ဦးလေးသိန်းစိန် စီကိုသာ စာပို့တော့ဗျာ တို့နိုင်ငံမှာ
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ပဲ အလုပ်လုပ်တာ အမေစုက အခုလုပ်ပိုင်ခွင့်မရသေးတော့။ ဦးလေးသိန်စိန်ကြီးကတော့ အစွမ်းရှိမယ်ထင်တယ်
William Smith said...
ကဲဗျာ ဆေးရုံလို လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အဓိကနေရာမှာရှိနေတဲ့ ကျန်းမာရေး ဌာနလိုနေရာမှာ ဒီလိုအကျင့်ပျက် ၀န်ထမ်းဆိုတာတွေကို အခုလို မျက်နှာလွဲခဲပစ်လုပ်တာဟာ ပြည်သူတရပ်လုံးကို အစိုးရဘယ်လိုသဘောထားတယ်ဆိုတာပြနေသလို အထက်နဲ့ အောက်အဆင့်ဆင့်ပူးပေါင်းလုပ်ကြံမှုလို့ပြောလို့ရတယ်...ဒီနိုင်ငံလူလာဖြစ်ရတာ နေမကောင်းရင် ဆေးရုံ၊ ဆေးခန်းတောင် မပြရဲစရာပဲဗျာ..ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဂုဏ်သရေညိုးစေတဲ့လုပ်ရပ်ပဲ..
ပြည်သူ said...
ကျန်းမာရေးရော စည်ပင်ရော ၀န်ထမ်းအဆင့်ဆင့် ဘာမှမကောင်းဘူး မြင်းခြံအောက်ဆန်တန်းမှာရေရော၊ အမှိုက်သိမ်းကားရောတစ်လ (၁)ခါတောင်မမှန်ခြင်ဘူးဗျာ
myochitthu said...
ဆေးဖိုးထက်ဝါးခများတဲ့ခေတ်ဆိုတော့ဒီလိုဖြစ်နေတာမဆန်းပါဘူးလေ။လာစစ်ဆေးတဲ့သူတွေကလဲပုလင်းတူဘူးဆို့တွေပဲ
Thurein said...
ကျနော်တစ်ခုလောက်ဝင်ပြောမယ်နော်။ ဒီကိစ္စသာအမှန်ဆိုရင် ဘာမှပြောစရာမလိုပါဘူး။ ဒီလိုလုပ်တဲ့ဆရာဝန်ကို ထိရောက်တဲ့ပြစ်ဒဏ်ပေးရမယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါပေမယ့် ကျနော် Comment တွေမှာမြင်နေတာကတော့ ၀ါးလုံးရှည်နဲ့ရမ်းနေတာနဲ့တူနေပါတယ်။ ဆရာဝန်တိုင်းကသူ့လိုမပာုတ်ပါဘူး။ အပေါ်မှာဖော်ပြထားတဲ့ ပညာတတ်လူယုတ်မာတို့ထင်ရာစိုင်းတဲ့ခေတ်ဆိုတာတော့တော်တော်ဆိုးပါတယ်။ အဲလိုမျိုးတော့အားလုံးကို သိမ်းကျုံးစော်ကားတာမျိုးမဖြစ်သင့်ပါဘူး။ သူပြောသလိုဆိုရင် ပညာတတ်တာနဲ့ပဲ လူယုတ်မာဖြစ်ရတော့မလိုဖြစ်နေပါပြီ။ ဆေးရုံတွေမှာ ရတဲ့လခလေး ၂ပဲ၆ပြားနဲ့ စေတနာနဲ့အလုပ်လုပ်ပေးနေတဲ့ဆရာဝန်ကြီးတွေအများကြီးပါ။ သူတို့ဆေးရုံမထိုင်ဘဲအပြင်မှာပဲ လူနာကုရင်တောင်အချိန်သိပ်ကုန်မှာမပာုတ်ပါဘူး။ ဒီကိစ္စအမှန်ဆိုရင် ဒီဆရာဝန်တော်တော်ယုတ်မာပါတယ်။ သူ့ကိုပြောချင်ရင် သူယုတ်မာတယ်ဆိုတာ နာမည်တပ်ပြောလို့ရပါတယ်။ အားလုံးကို အဲလိုသိမ်းကြုံးမရမ်းသင့်ဘူးလို့ မြင်ပါတယ်။ စေတနာနဲ့ တာဝန်ထမ်းဆောင်နေသူတွေကို စော်ကားရာရောက်လို့ပါ။
အလုပ်သင်ဆရာဝန်ဆင်းမည့်သူများနှင့် ဆေးပညာလေ့လာလိုသူများအတွက် www.academicmedicines.blogspot.com
maung said...
dr.thurein...ခင်ဗျာ...ပြောပြန်ရင်လည်း.......မောင်လွန်ရာကျမယ်နော်.......
အဲဒါတွေကသူများအပြောဖြစ်လို့ပြန်မပြောချင်ပါဘူး....ကိုတွေ့ လေးတော့ပြောပါရစေဗျာ....ယခုခေတ်...အားလုံးသိနေကြတဲ့...ဒေါ်အောင်ဆန်းစုကြည်..အမေအမည်နဲ့လူအများသိနေကြတဲ့..ဒေါ်ခင်ကြည်ဆေးရုံမှာလည်းအဲဒီထက်ဆိုးရွားနေတာတွေ..ရှိနေကြပါတယ်...ဒေါ်စုကမလုပ်ပေးချင်တာလား....ဆေးရုံကို....ပစ်ထားကြတာလားတော့မသိဘူး...ဆရာဝန်တွေ...ဆရာမတွေအများကြီးရှိပြီးတော့လူနာမရှိဆေးမရှိနဲ့....၀န်ထမ်းလိုင်းခန်း ကြတော့ လည်းဆေးရုံဌာနနှင့်မဆိုင်သောသူများကိုဌားရောင်းပြီး
နေထိုင်စေတယ်...လိုချင်ပါက..သက်ဆိုင်သောဆေးရုံအုပ်ကိုပိုက်ဆံပေးပြီး
တော့နေထိုင်ကြတာတွေ....ရေမရှိ..မီးမရှိ..လိုင်းခန်းဆိုတာလည်းကြားဖူးပါလား..မယုံလျှင်သွားမေးကြည့်ပါ...အဲဒီက
ဝန်ထမ်းဆိုတာ..ဘယ်နှစ်ယောက်..ပိုက်ဆံပေးပြီးဘယ်လိုနေကြရတယ်ဆိုတာတွေမေးကြည့်ကြပါ....ဆရာဝန်တွေသူထက်ငါလူစွမ်းကောင်းလုပ်ကြတယ်ဆိုတာတွေ...မျက်ဝါးထင်ထင်တွေကြရမှာပါ...''ပညာတတ်လူယုတ်မာတို့ထင်ရာစိုင်းတဲ့ခေတ်ဆိုတာတော့တော်တော်ဆိုးပါတယ်။ "ဆိုတာကိုတော့လက်ခံလိုက်ပါ။
သိမ်းကျုံးစော်ကားတာမဟုတ်သော်လည်းကိုတိုင်သိရင်လက်ခံလိုက်ပါ။ကိုယ့်အလှည့်ဘာဖြစ်လို့လုပ်ရတယ်ဆိုတာကိုတော့ပြန်လည်ဖြေရှင်းပြစေချင်ပါတယ်။
han sai said...
ဒီကိစ္စကို သေချာဖတ်ကြည့်ရင် လာပြီးစစ်ဆေးတဲ့ အဖွဲ့တွေရဲ့မှတ်ချက်နဲ့
အဲဒီအဖွဲ့ကို အတိုင်ခံရတဲ့ လူတွေက ဘယ်လိုအသုံးချခဲ့လဲဆိုတာမှ မသိနိုင်တာဗျာ...လာစစ်ဆေးတဲ့သူတွေ ကိုယ်တိုင်ကလည်း ရိုးသားရဲ့လား
ဆိုတာလဲ စဉ်းစားစရာပါ...အင်း အဲဒီလို စစ်ဆေးရေး အဖွဲ့တွေ ရှိနေလို့ကတော့ သေပြီဆရာပေါ့ဗျာ...တိုင်တဲ့သူတွေက...တကယ်နစ်နာ
ခဲ့ကြတာကတော့ အမှန်အတိုင်းပြောလို့ ရွာအပြင်ထုတ်ခံရသလိုမျိုးအလုပ်ခံရတဲ့ ဝန်ထမ်းတွေပါ...ဒီလို ပြသာနတွေကို သေချာဖြေရှင်း အရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေလိုအပ်နေတာပါ။အဲဒီအဖွဲ့တွေ မရှိသ၍ ငွေများတရားနိုင် ကိစ္စတွေ ဖြစ်နေအုံးမှာပါ...
gurugyi said...
အားလုံးဘယ်သူမှမကောင်းဘူး။မင်းတယောက်သာအကောင်းဆုံး---
Powered by Blogger.