ပခုက္ကူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက် ထုတ်ပြ
(၅ - ၄ - ၂၀၁၂) နေ့ ၊  ည (၇း၀၀)နာရီ အစည်းအဝေး ဆုံးဖြတ်ချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ
အောက်ပါအချက်များကို မေတ္တာရပ်ခံ ထုတ်ပြန်လိုက်သည်။
       အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ လုံးဝပြောင်းလဲမှ ဖြစ်မည်ဟု အလေးအနက် ခံယူထားသည့်  မဲဆန္ဒရှင်များဧ။်  တခဲနက် ထောက်ခံမှုကြောင့်   အောင်နိုင်မှု ရရှိခဲ့သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧ။် ဂုဏ်သိက္ခာ ကို လေးစားစွာ ၀ိုင်းဝန်း ထိန်းသိမ်းရမည့်
ဝတ္တရားများ အားလုံးတွင် ရှိပါသည်။
        ယခုနှစ်သင်္ကြန်ပွဲတော်တွင် -
(၁)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧ။် ယူနီဖောင်းများ ၀တ်ဆင်၍ အိနြေ္ဒသိက္ခာ မဲ့သော
        ဟော့ရမ်းသော ရေကစားမှုများ မပြုလုပ်ရန်။
(၂)    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တီရှပ်များ၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ တီရှပ်များ
ပြောဆိုရမ်းကားမှုများ မပြုလုပ်ကြရန်။
(၃)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ တံဆိပ် အမှတ်အသားပါသည့်   ခေါင်းစီး များကို
        သင်္ကြန်ပွဲတော် တစ်လျှောက်လုံး လုံးဝ(လုံးဝ) စီးနှောင် အသုံးပြုခြင်း မပြု လုပ်ရ။
(၄)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဂုဏ်သိက္ခာကို ထိခိုက် ပျက်ပြား စေနိုင် သော
        တရားမ၀င် သည့် လုပ်ရပ်များ၊ အပြုအမူ အပြော အဆို များ လုံးဝ (လုံးဝ)  မပြု
လုပ်ကြဘဲ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဂုဏ်သိက္ခာ ကို ၀ိုင်းဝန်းမြှင့် တင်
ပေးကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့
 ပ ခု က္ကူ မြို့ နယ်
ပခုက္ကူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက် ထုတ်ပြ ပခုက္ကူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက် ထုတ်ပြ Reviewed by သစ်ထူးလွင် on 19:39 Rating: 5
13 comments:
ဒီလူ said...
NLD ကိုချစ်ခင်လေးစားသော ပြည်သူများအနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်း လိုက်နာဆောင်ရွက်ကြခြင်းဖြင့် NLD ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြပါ ...
Myanmar said...
မှန်ပါတယ်ဗျာ။ အဖွဲ့ချုပ်ကိုယုံကြည်သူမဟုတ်တဲ့ တစ်ခြားဖျက်ဆီးလိုစိတ်၇ှိသူများက ပါတီတံဆိပ်ကို အလွှဲသုံးစားလုပ်သွားနိုင်တာမို့ ကြိုတင်ကာကွယ်တာကို ပါတီဝင်များနှင့်တကွ ပါတီကိုယုံကြည်သက်ဝင်သူများ နားလည်လက်ခံပြီး ၀ိုင်းဝန်းထိန်းသိမ်းပေးကြလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျာ...။ ။
ကျော်ထိုက် said...
သိပ် ကို မှန်ပါတယ် ခင်ဗျာ....ကျွန်တော် တို့ ရဲ့ အမေ စု ကို ချစ်ခင် လေးစားသော အားဖြင့် NLD ပါတီ ရဲ့ အလံများ...တံဆိပ် များ...အမေစု ... ဗိုလ်ချုပ် ပုံ ပါတဲ့ အိင်္ကျီ များ ၀တ်ပြီး မဆော့ကြပါနှင့် လို့ ပြောချင်ပါတယ်...တန်ဖိုး ကျသွား မှာ စိုးလို့ပါ...
gwantaylay said...
ပခုက္ကူသားတစ်ယောက်အနေနဲ့ပခုက္ကူသားတွေကိုယ်စားလုံးဝ လိုက်နာပါ့မယ်လို့ သစ္စာဆိုပါတယ်..။ တကယ်လို့ အဲလို NLD အ၀တ်အစားနဲ့ခေါင်းစီးများဝတ်ပြီးသောင်းကျန်းသူသည်..NLDနာမည်ပျက်အောင်လုပ်ကြသော ကြံ့ဖွတ်များသာဖြစ်ပေတော့သည်..ဟုရဲရဲကြီးယုံကြည်လိုက်ပါသည်..။
lwannaymie said...
အရေးကြီးဆုံးအချက်က...ဖွတ်တွေ...NLDချုပ်ဝတ်စုံတွေ...ဝတ်ပြီး၊ဒုက္ခပေးမှာစိုးပါတယ်...ပြည်သူများဝိုင်းဝန်းဖမ်းဆီးရမှာဖြစ်၍...သင်္ကြန်အတွင်း...ဒီချုပ်ပြည်သူများ...ဒီချုပ်နှင့်ပတ်သက်သောပစ္စည်းများ...လုံးဝမသုံးသင့်ပါ။
zarni17 said...
ပြောရရင်တော့တဖတ်သတ်ဆန်မလားမသိဘူးဗျာ NLDဟာ လူ့ယဉ်ကျေးစုတွေပါ အမေစုကို ချစ်ခင်လေးစားတာနဲ့ လိုက်နာလိမ့်လို့ယုံကြည်ပါတယ်
Ag Thu said...
ဟုတ်တာပေါ့။အထူးသဖြင့်NLD တံဆိပ်တွေကပ်ပြီး ခရီးသည်တွေရဲ့  အသက်ကိုမငဲ့ကွက်ဘဲ ပရမ်းပတာမောင်းနေတဲ့ လိုင်းကားတွေလေ။
David Henry said...
ဟုတ်ပါတယ်။ NLD ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြပါ ...
အမေစုကိုချစ်ခင်လေးစားသောအားဖြင့်...၀ိုင်းဝန်းထိန်းသိမ်းပေးကြပါ။
phoe si said...
အေးအေးဆေးဆေး ရေကစား ကြပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဂုဏ်သိက္ခာကို
စောင့်ရှောက်ပါ။
အပြစ်ပြောဖို့စောင့်နေကြသူတွေအများကြီးပဲ
aung san lin said...
ဟုတ်တယ် ဟုတ်တယ် bus ကားသမားတွေအရင်ဆုံးပြုပြင်ပေးပါ ငပိသိပ် ငါးချဉ်သိပ် အရမ်းလုပ်တယ် ပြီးရင် ပညာပြ ဘရိတ် အရမ်းအုပ်တယ် ကားပြင်ရောက်ရင် ကျွန်တော်တို့အားလုံး လေမရှိတဲ့ ဘောလုံးလိုဖြစ်ပြီး သာခွေယိုင်ဖြစ်ရတယ်
ုkyaw said...
ဒီလိုသတိပေးတာကောင်းပါတယ်တော်ကြာကိုယ့်အဖွဲ့တံဆိပ်နဲ့ကိုယ့်အဖွဲ့ကိုနာမည်ပျက်အောင်လုပ်နိုင်တယ်
bomberman said...
မကြာတော့သော ကာလမှာဖြစ်ပေါ်လာတော့မယ့် ဒီမိုနိုင်ငံနှင့်အံဝင်ဂွင်ကျစေမယ့် စိတ်ထားမျိုးကို ယ္ခုကတည်းက ပြုစုပျိုးထောင်ထားကြဖို့ ဆော်သြတဲ့ နှိုးဆော်စာ
လေးပါပဲ။
ကြိုဆိုပါတယ်ခင်ဗျာ
ပခုက္ကူသားတွေကို လေးစားပြီးသားပါ
မောင်ငွေ said...
ထုတ်ပြန်သင့်တဲ့ စည်းကမ်းတွေပါဘဲ။ ဦးလှိုင်အေး၊ ဦးပိုက်ကို၊ ဦးကြည်မင်း တို့အဖွဲ့ကို တော့လေးစားပါတယ်ဗျာ..။
Powered by Blogger.