ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်တွင် မတရား နှိပ်စက်ညှင်းပမ်းရ်ျ ဗိုလ်လောင်းတဦး ပွဲခြင်းပြီး သေဆုံး
ဧပြီလ ၇ ရက်နေ့ ၂၀၁၂
၆.၄.၂၀၁၂ ရက်နေ့တွင် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်တွင် ဘုရင်နောင်
တပ်ခွဲ(၄) ဒုတိယနှစ် ဗိုလ်လောင်း နံပတ်(၆၇၈၇) ကောင်းထက်သူ အား တတိယနှစ် 
ဘုရင့်နောင် တပ်ခွဲ(၃)မှEP မေဂျာ ဗိုလ်လောင်းသက်ပိုင်ဦးမှ စီနီယာ ဂျူနီယာ
 အုပ်ချူပ်မူ့ အရ ဆုံးမသည်ဟုဆိုကာ မတရား နှိပ်စက်ညှင်းပမ်းရ်ျ ဗိုလ်လောင်း
 ကောင်းထက်သူ ပွဲခြင်းပြီး သေဆုံးသွားပါသည်။ 
အလားတူ ဖြစ်ရပ်မျိုးကို၂၀၁၀ ခုနှစ်တွင်လည်း ဗိုလ်လောင်းအောင်ကျော်ဖြိုးနှင့် စိုးမိုးအောင်တို့လည်း သေဆုံးခဲ့ကြပါသည်။
 ထိုကဲ့သို့ စီနီယာ ဂျူနီယာ နှိပ်စက်မူ့ကြောင့် မကြာခဏ ဗိုလ်လောင်းကျောင်းသားများ
 သေဆုံးနေသဖြင့်ကျောင်းသား အများစုမှာ ထွက်ပြေးချင်စိတ်များ များပြားနေပြီး
 ကျောင်းသားမိဘများမှာ ထိုကျောင်းကြီးအား လူသတ်ကွင်းကြီး (သို့မဟုတ်) မတရား ဖိနှိပ်ချူပ်ချယ်ထားသော ထောင်ကြီးဟု မြင်တွေ့ခံစားနေရကြောင်း ဗိုလ်လောင်းမိဘတဦး 
 က  Myanamar News Now  ကိုပြောပြပါသည်။
ထိုကိစ္စအား တပ်မတော်ခေါင်းဆောင်ကြီး ဒုတိယဗိုလ်ချူပ်မူးကြီး မင်းအောင်လိုင်မှ
 ထိရောက်စွာ အရေးယူပေးပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက်
 အုပ်ချူပ်မူ့စနစ်အား ဖက်စစ်ဆန်စွာ အုပ်ချူပ်နေခြင်းကို ပြုပြင်ပြောင်းလဲ ပေးစေလို
Myanmar News Now
ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်တွင် မတရား နှိပ်စက်ညှင်းပမ်းရ်ျ ဗိုလ်လောင်းတဦး ပွဲခြင်းပြီး သေဆုံး ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်တွင်  မတရား နှိပ်စက်ညှင်းပမ်းရ်ျ ဗိုလ်လောင်းတဦး ပွဲခြင်းပြီး သေဆုံး Reviewed by သစ်ထူးလွင် on 19:12 Rating: 5
56 comments:
ပြည်ချစ် said...
မင်းတို့ကလဲ သူများအပေါ်ဗိုလ်ကျချင်လို့ ဗိုလ်လောင်းသင်တန်းတက်တာဘဲကွ ...ခံပေါ့ကွာ ခံဟ ။ တိုင်းပြည်ကိုချစ်လို့မှ မဟုတ်တာ ဘယ်လိုရာထူး တိုးရင် ဘယ်လိုအခွင့်အရေးတွေ ရမလဲဆိုတာ မျှော်ခိုးပြီး ၀င်တဲ့ကောင်တွေ
Myanmar said...
အဲဒီကျောင်းက နှစ်တိုင်းလူသေတယ်။ လူသတ်ကျောင်းကို မပို့ကျပါနဲ့။ ။
ko said...
ကျနော်တို့ DSA (စစ်တက္ကသိုလ်)မှာတော့ အဲ့လိုလုပ်လို့မရတော့ပါဘူး စနစ်ဖျက်လိုက်တာ ၂၀၁၀ ကတည်းကပါ .. အဲ့ကျောင်းဖျက်မဖျက်တော့ မသိပါဘူး..လေ့ကျင့်ရေး အရာရှိချုပ်ကိုယ်တိုင်လားပြီး ဖျက်ပေးတာပါ.. အခွင့်အရေးကို လက်တစ်လုံးခြားလုပ်တတ်တဲ့ သူတွေကြောင့် ဒီလိုဖြစ်ရတာပါ
နေမျိုးပိုင် said...
သည်လိုသေခဲ့တဲ့ ဗိုလ်လောင်းတွေ များပါပြီ။လူကြီးတွေလည်းသိ ကြပါတယ်။ဘယ်လူကြီးရဲ့သား သည်လို နှိပ်ဆက်ခံရပြီးသေဖူးလဲ။ ဒါပေမယ့် ဘယ်သူမှ သည်စနစ်ကိုပျောက်အောင် မလုပ်နိုင်ကြပါဘူး။ ဒီမိုဂရေစီရတာ စစ်သားတွေမှမပါတာ။ စစ်တပ်က ဖက်ဆစ်စနစ်က ဆင်းသက်လာတာပဲ။ သည်လူကြီးတွေအုပ်ချုပ် မင်းလုပ်နေသမျှကာလပါတ်လုံးသည်လို ပဲဖြစ်နေမှာ။ ဒါတောင်ဗိုလ်လောင်းဘဝပဲရှိသေးတာပါ။ သည်ထက်ဆိုးတာတွေတောင်ရှိသေးတယ်။
ကိုချစ်ဖေ said...
ဥပဒေမရှိရင် ဗိုလ်တွေလဲ သေတတ်တာပဲလေ..
Anonymous said...
- ဗိုလ်လောင်းဘ၀မှာကတည်းက၊“ကြီးနိုင်ငယ်ညှင်း”ကိုလေ့ကျင့်ပေးလါတာ၊
- ဗိုလ်ဖြစ်တော့ အောက်ကအခြားအဆင့်တွေကိုလဲ၊ “ကြီးနိုင်ငယ်ညှင်း”ပဲ၊
- အရပ်ဖက်ဌာနတွေရောက်တော့လဲ၊အောက်က၀န်ထမ်းတွေကိုလဲ
“ကြီးနိုင်ငယ်ညှင်း”ပဲ၊
- MD/DG ဖြစ်လာတော့လဲ၊လက်အောက်အရာထမ်းတွေကိုလဲ
“ကြီးနိုင်ငယ်ညှင်း”ပဲ၊
- ၀န်ကြီးဖြစ်လာတော့လဲ၊ ဌာနဆိုင်ရာတွေနဲ့ စီးပွာရေးသမားတွေကိုလဲ
“ကြီးနိုင်ငယ်ညှင်းခိုးတာပါ”ပဲ၊
- အစိုးရတက်လုပ်တော့လဲ၊ပြည်သူတွေကို “ကြီးနိုင်ငယ်ညှင်းနှိပ်စက်”ပါပဲ၊
- တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ဆယ်စုနှစ်များစွာထိမ်းသိမ်းလာတဲ့၊
“တပ်မတော်ရဲ့ ကောင်းမြတ်သောအစဉ်အလာများ” ဖြစ်ပါတယ်။
- နိုင်လို့ ရတဲ့သူဆိုရင်၊ မတော်မတရားနိုင် တတ်သော၊
ကြောက်ရမဲ့သူဆိုရင် သေအောင်ကြောက်တတ်သော၊
အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖေါက်သော၊
ကမ္ဘာပေါ်မှာ တစ်ခုတည်းသာ ရှိသော ၊
“မျိုးချစ်တပ်မတော်” ဖြစ်ပါပေတယ်။
- လစ်လျှင်လစ်သလို ခိုးပါတယ်၊ မလစ်ရင်လဲခိုးပါတယ်။
STRT said...
လူမသေဘူးတဲ့ စစ်တက္ကသိုလ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး ...
Theodo said...
ဟုတ်လို.လား။သေတဲ.အဖြစ်အပျက်ချင်းရောတူလို.လား
စစ်သားလေးရဲ.
lwannaymie said...
လွတ်လပ်တဲ့နိုင်ငံတိုင်းမှာ...စစ်တပ်ထဲမှာလက်ပါလို့မရတော့ပါဘူး။
မြန်မာနိုင်ငံကတော့...ပြည်သူကိုရက်စက်ယုံတင်မကဘူး...အချင်းချင်းတောင်...အသေလုပ်ပါလား...ရက်စက်ပါပေ့။
သမ္မတကြီး...ခင်ဗျား...အဲဒါနောင်ရေးမကောင်းတဲ့ပြရုပ်ပါ။
ပေါ့ပေါ့မနေသင့်ပါဘူး။
ဝမ်းသာနေသူ said...
လူတယောက်သေတာဝမ်းသာနေတဲ့ မြန်မာလူမျိုးတွေကိုလေးစားပါတယ်
MasterMyanmar said...
စိတ်မကောင်းစရာပါ။ မိဘတွေ ကိုယ်စား ခံစားကြည့်လို့ ရပါတယ်။ တဖက်ကလည်း မြန်မာနိုင်ငံလို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံမှာ ခုလို စစ်တပ်အတွက် သီးသန့် နည်းပညာတက္ကသိုလ် လိုသလားဆိုတာ စဉ်းစားသင့်ပါပီ။ တိုင်းပြည်၏ ငွေကုန်၊ လူစွမ်းအား ကမောက်ကမဖြစ်စေတဲ့ ဤသို့တက္ကသိုလ်မျိုးများကို ချက်ခြင်း ပိတ်သင့်ပါပီ။
feels said...
မောင်ငြိမ်းပြောတာဟုတ်တယ်.. အုပ်ချုပ်မှု စရိုက်ထက် ကြီးနိုင် ငယ်ညှင်းဆဲ စရိုက်ကို သွတ်သွင်းနေသလိုဖြစ်နေတယ်။
lin said...
ကြမ်းတမ်းတဲ့ဘ၀ကိုဖြတ်ကျော်ပြီးမှ စစ်မြေပြင်မှာသင်သွေးထွက်နဲ
မှာပါ။ ချွေးထွက်များမှ သွေးထွက်နည်းမယ် စကားပုံလိုပေါ့။
ကမ္ဘာပေါ်မှာရှိတဲ့ စစ်သင်တန်းကျောင်းတိုင်း ဒီလိုပဲကြမ်းတမ်းစွာနဲ့ ဖြတ်ကျော်ရတာချည်းပါပဲ။“ပြည့်ချစ်” ပြောသလို(မင်းတို့ကလဲ သူများအပေါ်ဗိုလ်ကျချင်လို့ ဗိုလ်လောင်းသင်တန်းတက်တာဘဲကွ ...ခံပေါ့ကွာ ခံဟ ။ တိုင်းပြည်ကိုချစ်လို့မှ မဟုတ်တာ ဘယ်လိုရာထူး တိုးရင် ဘယ်လိုအခွင့်အရေးတွေ ရမလဲဆိုတာ မျှော်ခိုးပြီး ၀င်တဲ့ကောင်တွေ) ဆိုရင်မင်းကျတော့ဘာလို့မလုပ်တာလဲကျွန်တော်မေးလိုက်ချင်ပါတယ်။ သူများလိုအပင်ပန်းအဆင်းရဲမခံနိုင်ဘဲ သူများတွေအရာရှိဖြစ်တာကို မနာလိုဖြစ်မနေပါနဲ့ဗျာ။
လူဆိုတာကိုယ်တိုင်ခံစားမှ သိမှာပါ။ ကိုယ့်အထင်ကြီးနဲ့လျှောက်ပြောမနေပါနဲ့။ ကျွန်တော်ပြောတာ
တိုက်ခိုက်တာမဟုတ်ဘူးနော်၊ကြုံဘူးမှယုံစဖွယ်ပေါ့။
MMT said...
အဲဒီ သင်တန်းကျောင်းက ဆင်းလာတော့လည်း ပြည်သူတွေသတ်၊ တိုင်းရင်းသား အခြင်းခြင်းပြန်သတ်၊ ဘုန်းကြီးသတ်၊ ကျောင်းသားသတ်။
ကောင်းလိုက်တဲ့ အစဉ်လာနဲ့  တပ်မတော်
The Nature Myanmar said...
စစ်သားတွေလည်း ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ ရပါစေ...
ရှမ်းပြည်နယ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်တဲ့ စစ်သားလေး ပြောတာကို သတိရမိတယ်...ဘာတဲ့...
...အမေစု ကျနော်တို့ကိုလည်း ပြစ်မထားပါနဲ့...
ဒီမိုပြည်သူ said...
အမှန်အတိုင်းပြောရရင်... (၀ါးလုံးရှည်နဲ့သိမ်းရမ်းတာတော့မဟုတ်ပါဘူး) စနစ်ဆိုးတဲ့ စစ်မင်းမဲ့စရိုက်အောက်မှာ လက်လှမ်းမီသလောက်၊ နေခဲ့ရသလောက်၊ ဆင်ခြင်သုံးသပ်ကြည့်ရင် အများပြည်သူအတွက်ဆိုပြီး ကြည့်ရှူခဲ့တာ တော်တော်ကိုရှားပါတယ်။ လူတိုင်းနီးပါး ခါးသီးမုန်းတီးနေတာကို ထောက်ချင့်ပြီး မင်းတို့အချင်းချင်းသတ်ဖြတ်ကြပြီး ဟင်္သာကိုးသောင်းပုံပြင်လို တစ်ကောင်မှမကျန်အောင်ပျက်စီးသွားလေ ကောင်းလေပဲ။ ပြည်သူအပေါ်တကယ်ချစ်တဲ့ တပ်မတော်အစစ်ဆိုရင်တော့ ပန်းပဲကမ်းရကမ်းရ၊ ရေချမ်းပဲကမ်းရကမ်းရပါ။
missboy93 said...
မောင်ငြိမ်းပြောတာမှန်ပါတယ်။ကြီးနိုင်ငယ်ညှင်းစနစ်ပါပဲ။သူကော
သူ့အောက်ကလူကိုအနိုင်မကျင့်ဘူးလို့ဘယ်သူပြောလဲ။ဒီထဲကိုဝင်
ပြီဆိုတည်းက ဒီစနစ်ကိုသူလက်ခံလိုက်လို့ပဲ။ဒီအဖြစ်မျိုးတွေအများ
ကြီးရှိပါတယ်။ အရင်အချိန်တွေတည်းကပါ။ ဒါပေမယ့်လူမသိပဲပြီး
သွားတာတွေတပုံကြီးပဲ။ မိဘတွေကစောစောတည်းကသိသင့်ပါ
တယ်။ ဒီလိုနေရာကိုရောက်ဖို့မက်နေကြတာတွေအများကြီးပဲ။
မက်စရာတော့တခုမှမတွေ့မိပါဘူး၊ထောင့်မကျိုးတာတွေ ဘ၀င်မြင့်လာကြတဲ့စရိုက်တွေပဲပါလာတာတွေ့ရတယ်။ကောင်းတဲ့သူတွေလည်းရှိပါတယ်။တချို့တွေကတော့ဗိုလ်ဖြစ်ပြီဆိုရင်
သူတို့ကိုသူတို့ဟုတ်လှပြီတော်လှပြီထင်နေတဲ့သူတွေလဲရှိတယ်
တချို့မိန်းခလေးမိဘတွေဆိုရင်သူတို့သားသမီးကိုထိုးအပ်ချင်ရ
တာနဲ့ပေးစားချင်ရတာနဲ့ဂုဏ်ပြိုင်ချင်ရတာနဲ့ ကြွားချင်တဲ့သူတွေ
လဲမြင်တာအများကြီးပဲ။မက်မောစရာအချက်တွေပေါ့။
ကောင်လေး said...
ယခုလက်ရှိတပ်မတော်ကို ဖျက်သိမ်း နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး တမျိုးသားလုံးပါဝင်တဲ့ မျိုးချစ်တပ်မတော်ကြီး တည်ဆောက်သင့်ပါတယ်။
အာကာထက် said...
အပေါ်တယောက်က လက်လွတ်စံပယ်တယ်ပြောပါလား--ဘယ်စစ်တက္ကမှာ လူမသေဘူးတာမရှိဘူးဆိုပဲ---အဲဒီလိုလူသားတဦး၇ဲ့ဦးဏှောက်ကို အဆေးအကြောခံထားရထာ တော်တော်တော့ရင်နာဘိုကောင်းတယ်--နိုင်ငံတကာ စစ်တက္ကသိုလ်တွေမှာ တကယ့်ကို အရည်အချင်းပြည့်တဲ့ သူတွေမှတက်ခွင့်ရပါတယ်--ဘယ်သူသားသမီး ဆိုတာကိုဦးစားမပေးပါဘူး--အဲဒီလိုတက်ခွင့်ရသူတွေကိုလဲ တိုင်းပြည်က အရမ်းကိုတန်ဘိုးထားပြီးသေသေချာချာကိုပြုစုပျိုးထောင်ပေးတာပါကွာ--အဲဒီလိုအထက်နဲ့အောက် ဦးတဲ့သူက နိုင်ရမယ်လို့(ဘုန်းကြိးကျောင်သားတွေလိုပေါ့)အဲဒီလိုမကျင့်ကြံကြပါဘူး-အပြစ်ရှိရင်--ခေါ်ဆွေးနွေးတယ်--သတိပေးတယ်--မရရင်ထုတ်ပယ်လိုက်ပါတယ် -- ဥပဒေကြောင်းအရဖြစ်တယ်ဆိုရင် ဥပဒေအတိုင်းဆုံးဖြတ်ပါတယ်ကွာနော်--အေးဒါမေမဲ့ ဖက်ဆစ်စနစ်ကို ဆက်ခံတဲ့မြောက်ကိုးရီးယားနဲ့မြန်မာမှာတော့ မသိဘူးပေါ့ကွာ--ဂျပန်မှာတောင်အဲဒီလိုမလုပ်ဘူး--လူ့အခွင့်လို့ပြောတိုင်း စစ်သားတွေလဲဆိုင်တယ်လေ သူတို့လဲလူပဲပေါ့---တခုတော့ရှိတယ်ကွ မြန်မာပြည်က ဗိုတွေကို အဲဒီလို ဆုံးမမှ ယဉ်ကျေးတယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့ကွာ အဲဒါကတော့ သူ့ဟာနဲံသူ တန်ရာတန်ရာ ရကြတာပေါ့
naylintun said...
LIN မင်ြး
ပာသ့လိုပေါ့ မင်းကျတော့ရောဘာလို့မလုပ်တာလဲဆိုတော့ ရွံ့လွန်းလို့ဟေ
Tin Aung Moe said...
အမေစုပြောတဲ့ ပြည်သူကို ကာကွယ်တဲ့ တပ်မတော် ဖြစ်လာပါစေ။ တပ်မတော်ရဲ့ မျိုးချစ်သီချင်းတွေကြားရင် အရင်လို စိတ်ဓာတ်တက်ကြွပြီး တပ်မတော်သားတွေကို ချစ်တဲ့စိတ် လေးတွေ ပြန်ပေါ်လာပါရစေ၊ ပြည်သူကို ချစ်သောပြည်သူ့တပ်မတော် အဖြစ် ပြန်လည်ရပ်တည်နိုင်လာပါစေ။ တပ်နဲ့ပြည်သူတသားတည်းဖြစ်ပါရစေ။
nelson nay tun said...
မြန်မာနိုင်ငံမှာ..မကြာခင်ပြည်သူ့ ဒီမိုကေ၇စီစံနစ်ထွန်းကားတော့ မယ်ဆိုတာ၇ယ်၊ တိုင်း၇င်းသား၇င်ကြားစေ့ေ၇းတွေလဲလုပ်နေလို့ မကြာခင်ပြည်တွင်းစစ်မီးငြီမ်းတော့ မှာ၇ယ်၊ ဆင်း၇ဲမွဲတေမှုပပျောက်ေ၇းအတွက်စစ်အသုံးစား၇ိတ်များအပါအ၀င်အခြားမလိုအပ်သည့် အသုံးစား၇ိတ်များဖြတ်တောက်လျှော့ ပေါ့ တော့ မှာမိုလို့ ၊ စစ်တက္ကသိုလ်(ဗိုလ်သင်တန်းကျောင်း)နဲ့ ဘီအေဒီတီ(၇ိုး၇ိုးစစ်သားသင်တန်းကျောင်း၊ အကြပ်သင်တန်းကျောင်းတွေကလွဲလို့ မလိုအပ်သည့် ကျောင်းများကိုဖြုတ်သင့် ပါသည်။ စစ်သားဥိးေ၇ကိုလည်းလျှော့ ချသင့် ပါသည်။
လွတ်လပ်ရေးကောင်းကင် said...
အားနာတတ်သူ ၊ သနားကြင်နာစိတ်နဲ့ ကိုယ်ချင်းစားတရားရှိတဲ့သူ ဗိုလ်သင်တန်းတက်ခွင့် မရပါဘူး ၊ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေနဲ့ ကြည့်ပြီး ပါယ်ပါတယ် ၊ ၈၈ နောက်ပိုင်း ဗိုလ်တွေဟာ ရာထူးတွေတက်ပြီး ဂုဏ်ရှိဖို့ ၊ နေရာကောင်းရပြီး ၀ါးကြောမိဖို့တွေကို မျှော်ပြီး ဗိုလ်သင်တန်းလျှောက်တဲ့ ကောင်တွေချည်းပါ ၊ ဘယ်ကောင်မှ နိုင်ငံချစ်လို့ မဟုတ်ပါဘူး ၊ ရက်စက်ခံရတဲ့ ပြည်သူတွေက လက်နက်ရှိတဲ့ စစ်တပ်ကို ပြန်မချနိုင်တော့ အချင်းချင်း ပြန်သတ်ကြပါစေလိုပဲ ဆုတောင်းနေတော့တယ် ။
Yanchin said...
Lin သို့
မင်းကျ ဘာလို့မ၀င်တာလဲ ဆိုလို့
လက်နက်မဲ့၊ အပြစ်မဲ့၊ လုပ်သမျှခေါင်းငုံ့ခံရတဲ့ ပြည်သူတွေအားလုံးက မုန်းတီး၊ ရွံရျာ၊ စက်ဆုပ်လွန်းတဲ့ မုဒိမ်းစစ်သား၊ ဓားမြစစ်သား၊ သတ်မတော်စစ်သား မဖြစ်ချင်လို့ဟေ့ ။ သိပြီလား။
အခုသေတဲ့ကျောင်းသားကို နှိုးပြီးမေးကြည့်စမ်းပါ။ ဘာလို့ စစ်ထဲဝင်တာလဲလို့။
Unknown said...
သေချာတာကတော့ နှိပ်စက်သူစီနီယာပြုတ်ပါလိမ့်မည်။ ပြီးနောက် နောင် ဒီလို မတိုင်ရဲမပြောရဲအောင် ဒီသတင်းအပြင်ထွက်အောင်လုပ်တဲ့တပ်ခွဲကို နှောင်ကျဉ်သွားအောင် Senior များမှ Intake လိုက် အအုပ်ခံရပါလိမ့်မည် ....
WELCOME TO SUNSET INN IN KOHSAMUI said...
ပြည်ချစ်ပြောတဲ့စကားကို အပြည့်အ၀ ထောက်ခံပါတယ်။ သူတို့မိဘတွေကိုလည်း ဘာမှမသနားမိပါဘူး ဂုဏ်မက်လို့ ရာထူးမက်လို့ ဒါမျိုးကြုံရတာပဲ ဗိုလ်လောင်းဖြစ်ဖို့အရေး ငွေထုပ်ထမ်းလိုက်နေကြတယ်။တန်ရာတန်ရာ လိုချင်ရင် တန်ရာတန်ကြေးတော့ ရင်းရမှာပေါ့။ဒါမှလည်း မင်းတို့ဗိုလ်ဖြစ်ရင် ပြည်သူကို ဘယ်လိုသတ်ဖြတ် နှိပ်စက် ညှင်းပန်းရတယ်ဆိုတာ အထက်က လက်ချာအတိုင်း အစွန်းပြနိုင်မှာပေါ့။
Bravo said...
ှSTRT ရေ.. အခြားနိုင်ငံစစ်တက္ကသိုလ်မှာသေတယ်ဆိုတာ ဒီမှာလို ကြီးနိုင်ငယ်ညှင်းကြောင့်လား၊ အခြားအကြောင်းကြောင့်လား။ သေတာခြင်းတူချင်တူမယ်၊ အကြောင်းရင်းတော့တူမှာမဟုတ်ဘူး။ ဟိုမှာကလူအခွင့်အရေးအများကြီးပိုရှိတယ်။
Aung San Win said...
ဒီကောင်တွေ ဒီလိုလုပ်ထားလို့ ဘုန်းကြီးတွေကို သတ်ရဲတာကိုး အ၀ီစိ ချိုးကပ်မယ့်ကောင်တွေ.....
Supercialone said...
ဗိုလ်လောင်းတွေက ဘာအတွက် ဗိုလ်သင်တန်းကို ဗိုလ်လုပ်ဖို့ တက်တာလဲ.... အချင်းချင်းနှိပ်ကွပ်ဖို့ လား... နောက်တက်မယ့်လူတွေက ဒါမျိုးတွေပဲဆိုရင် မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ပါ့ ဦးမလား... ဗိုလ်သင်တန်းရဲ့ သင်ရိုးကိုစပြီးပြောင်းသင့်ပြီ... ကိုယ့်အမျိုးချစ်တတ်အောင်သင်ပြီးမှ ဗိုလ်လောင်းသင်တန်းတက်ဖို့ လုပ်သင့်တယ်....
Unknown said...
အစကတည်းကအစဉ်လာမှာမကောင်းတာ။ရည်ရွယ်ချက်ကလည်းမိမိနဲ့သက်ဆိုင်တဲ့ဆွေမျိုးသားချင်းကောင်းစားဖို့.လေ။ဗမာပြည်မတိုးတက်သေးတာနှစ်ပေါင်း၆၀ကျော်ပြီလေ။တိုးတက်မှုနှေးကွေးတာလေ။သိန်း၁၀၀၀ချပေးရင်အဓိကနေရာကိုသိန်း၁၀၀လောက်ပဲရောက်တယ်လေ။သမိုင်းကျောင်းကိုပြန်လှန်ကြည့်ပါ။ဟိုးအရင်ရှင်ဘုရင်များလက်ထက်ကတည်းကအနိုင်ကျင့်ဗိုလ်ကျခဲ့တာလေ။
Ar Li Husin said...
ဒီသတင်းကြားရတာ၊တော်တော်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ၊
ဆုံးမရင်းသေဆုံးတယ်ဆိုတာ၊ ဆင်ခြေပေးတာပါဗျာ၊
သူ့တို့ရဲ့ဆွေနီးမျိုးဆက်ဆိုရင်ကော၊ ဒီလိုဆုံးမကြမှာပဲလား၊
လူသားချင်းစာနာဖို့တောင်းဆိုနေရတာ၊ အရပ်သားတွေအတွက်ပဲ
သီးသန့်တောင်းဆိုနေတာမဟုတ်ဘူးဆိုတာ၊ သိစေချင်ပါတယ်ဗျာ
တလောကလုံးငြိမ်းချမ်းမူ့ကိုလိုလားပါတ်ာဗျာ....
kmkomin3 said...
ဒါလားဟဲ့ တပ်မတော်
ဗိုလ်ပြုတ် said...
စစ်ပညာ နှစ်နှစ် တိတိ သင်ကြားပြီးမှ မရ ရအောင် ထွက်လာခဲ့တာပါ။ စစ်တပ် အကြောင်းကောင်းကောင်းကို သိပါတယ်..။ စီနီယာ၊ ဂျူနီယာ စစ်စတမ် ဟာ တစ်ကယ်တော့ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒီအထဲမှာ ကိုယ်တိုင်ကလည်း ကလေးဘ၀ ကတည်းက အနှိပ်စက်ခံ၊ အကြမ်းဖက်ခံရတဲ့ ဘ၀နဲ့ ဖြတ်သန်းလာပြီး ကြီးပြင်းလာတဲ့အချိန်မှာ သူတစ်ပါးကိုယ် စာနာစိတ်မထား... နှိပ်စက်တတ်တဲ့ လူတစ်ချို့တွေကြောင့် တစ်နည်းပြောရရင် နည်းနည်းလေးလုပ်ပိုင်ခွင့် ရတာနဲ့ အာဏာရူးတတ်တဲ့သူတစ်ချို့ကြောင့် ဒီလိုမျိုးအဖြစ်အပျက်တွေပေါ်ပေါက်လာရတာပါ..။ အပေါ်က ကွန့်မင့်တွေကို ၀င်ဖတ်ကြည့်တဲ့အခါမှာ လက်ရှိဗိုလ်လောင်းသင်တန်းတက်နေသူ ညီငယ်တစ်ချို့လို့ထင်ရတဲ့ သူတွေရဲ့မှတ်ချက်တွေကို ဖတ်လိုက်ရပါတယ်..။ အခုပြောချင်တာက အားလုံး အမှန်ကို မြင်နိုင်ဖို့ ၊ တွေးဆနိုင်ဖို့အတွက် ကျွန်တော့်ရဲ့ အတွေးအမြင်တစ်ချို့ကို ကိုယ်တိုင်လည်း ဗိုလ်လောင်းဘ၀ ရောက်ခဲ့ဖူးလို့ တင်ပြလိုက်တာပါ..။ အဓိက ကတော့ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀မှာ နှစ်နှစ်လုံးလုံး ကျောင်းအထဲမှာပဲ စစ်ပညာသင်၊ အပြင် )Out Pass ထွက်ခွင့်ဆိုတာက တစ်ပတ်မှာ တစ်ရက်ပဲရ ပြီး ဘာဆိုဘာမှ သိခွင့်မရပဲ ဦးနှောက် မှာ ဘယ်ညာဘယ်ညာ စာပေးရန်အလေးပြု ၊ ရှေ့သို့ အလေပြု ၊ ဟုတ် မဟုတ်လောက်သာ ပြောတတ်တော့ပြီး ဘရိန်းဝပ်ရှ် အလုပ်ခံထားရပါတယ်။ ဆယ်တန်းအထိဖြတ်သန်းလာရတဲ့ ပြင်ပ ဗဟုသုတလေးလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ သိလှပြီလို့သာထင်နေရတာ၊ အခြေခံကောင်းခဲ့တဲ့သူတစ်ချို့သာ အမှန်အမှားခွဲခြားနိုင်ပြီး တော်တော်များများ အခြေခံကောင်းတဲ့သူတွေတောင်မှ သုံးနှစ် ဗိုလ်သင်တန်း ဆင်းရင် ၀ုတ်ဝုတ်ဝုတ် နဲ့ပဲ အပွင့်တင်ခဲ့ရပါတယ်..။ ထားပါတော့ ပြောချင်တာက လက်ရှိစစ်တပ်မှာ ဗိုလ်သင်တန်း တက်နေတဲ့ ညီငယ်တွေကို ပြောချင်တာကတော့ ဦးနှောက်ကို ဖွင့်ချလိုက်ပါ၊ အပွင့်သဘောဖြစ်အောင် အမြဲလေ့ကျင့်ပါ..။ စိနီယာ ဂျူနီယာစစ်စတမ်ဟာ ကောင်းပါတယ် ။ မကောင်းတဲ့လူကြောင့် ဒီလိုဖြစ်ရတာပါ..။
ဘာပဲဖြစ်ဖြစ် ကျွန်တော်အပါအ၀င် လက်ရှိ ညာဏ်အလင်းပွင့်ဖို့ကြိုးစားနေသူတော်တော်များများဟာ စစ်သားတွေ ဗိုလ်လောင်းတွေကို မမုန်းပါ..။ အမှန်ကို မြင်နိုင်စေဖို့သာ တိုက်တွန်းနေတာပါ..။ တစ်ခုပဲအရေးကြီးတာပါ..။ စိတ်မဆိုးစေချင်ပါ..။ စေတနာစကားမို့လို့ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါ..။
စစ်တပ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် နဲ့အုပ်ချုပ်တာဖြစ်တဲ့အတွက် အမိန့်ကို နာခံဖို့အရေးကြီးပေမယ့် သတိတော့ထားပါ..။ သန်းရွှေက ကိုယ်မေကိုယ် မင်းတို့ မုဒိန်းကျင့်ကြ လို့ ထားပါတော့ အခုလက်ရှိ မင်းအောင်လှိုင်က အမိန့်ပေးရင် မင်းတို့ အမိန့်နာခံကြမှာလား စဉ်းစားကြပါညီငယ်တို့..။
မင်းတို့ဟာ နိုင်ငံတော်ကို ကာကွယ်ဖို့တစ်ကယ့်တိုင်းပြည်ရဲ့အသက်တွေ သွေးကြောတွေပါ..။ သတိပြုနိုင်ဖို့ အကြံပြုရတာပါ..။
အဲဒီအထဲမှာမှ ..မင်းတို့တွေ မိခင်ကို မစော်ကားရသေးပေမယ်.. တစ်သွေးတစ်သံတစ်မိန့်ကြောင့် အပြစ်မဲ့တဲ့ ပြည်သူလူထုကို သတ်ခဲ့ကြပြီးပြီ...။ နောက်ဆုံး ဘုရားရဲ့သားတော်တွေ၊ ဘုန်းကြီးတွေကိုလည်း သတ်ခဲ့ကြပြီးပြီ။ ငါတို့ခွင့်လွှတ်လိုက်ပါတယ် ညီငယ်တို့ ..။ ဒါပေမယ့် နောက်တစ်ခါတော့ ဒီလိုမျိုးတွေ မဖြစ်ကြစေဖို့ ပြောရတာပါ..။ ဒီတစ်ခါလာမယ့် အမိန့်က အထက်မှာပြော ခဲ့သလို ကိုယ်မေကိုယ် မုဒိန်းကျင့်ခိုင်းမယ့် အမိန့်ပဲလာတော့ မယ်ဆိုတာကို သတိပြုကြပါ..။ အဲဒီအခါ ညီငယ်တို့ဘာလုပ်ကြမလဲ..။
အချုပ်ပြောရရင်...
နှစ်ငါးဆယ်လုံးလုံး အမှောင်ဖုံးခဲ့ရတဲ့ ငါတို့နိုင်ငံမှာ ဒီလိုမျိုးလူမဆန်တဲ့ ဖြစ် ရပ်တွေရှိနေတာ မဆန်းတော့ပါဘူး..။ ဒါပေမယ့် အပြင်မှာရောက်နေတဲ့ ငါတို့အားလုံး အဲဒါကို ပြင်ဆင်နေကြပါတယ်..။ ငါတို့ တစ်နိုင်ငံလုံး မျက်စိပွင့် နားပွင့်ဖို့ ငါတို့တတ်နိုင်သမျှ စွမ်းဆောင်နေကြပါတယ်..။
စစ်တက္ကသိုလ်တက်ရောက်နေတဲ့ ညီငယ်တို့တွေလည်း ကျေးဇူးပြုပြီး မျက်စိဖွင့်ကြပါ..။ ကိုယ်က မြင်ပြီဆိုရင်လည်း ကိုယ်နဲ့ တစ်မိုးအောက်မှာ ၊ အိပ်ဆောင်ချင်းကပ်ရပ်မှာ အတူနေတဲ့သူငယ်ချင်းတွေကိုလည်း မျက်စိပွင့်အောင်လို့ လမ်းညွှန်ကြပါ..။ လက်ရှိ မင်းတို့ အငယ်ဆုံးဂျူနီယာတွေဟာ နောက်နှစ်ဆိုရင် စီနီယာတွေဖြစ်လာကြမှာပဲ ။ အပေါ် Intake က မကောင်းတဲ့စီနီယာတွေကိုတော့ ပြောင်းဖို့ မကြိုးစားနဲ့ဦးနော်..။ မင်းတို့ပဲခံရမှာ ..။ ဒါပေမယ့် ကိုယ့်ညီတို့ပြောင်းလိုက်ကြ၊ ရဲရဲကြီးကို ပြောင်းပစ်လိုက်ကြ..။ နောက်နှစ် မင်းတို့ စီနီယာ ဖြစ်လာတဲ့အခါ DSA, DSTA, DSMA စတဲ့ တက္ကသိုလ်တွေအားလုံးမှာ တရားမျှတမှုတွေ ၊ လူ့အခွင့်အရေးဆိုတာတွေဖြစ်ပေါ်လာလိမ့်မယ်..။ တစ်နှစ်ပဲ သည်းခံလိုက်ပြီး ရဲရဲကြီးသာပြောင်းကြပါကွာ..။ မကြာတော့ပါဘူး..။ လက်ရှိစီနီယာထဲမှာ လေးစားဖို့ကောင်းတဲ့သူတွေကိုလည်း နမူနာယူပြီး ကိုယ်တိုင်လည်း သူတို့လိုပြောင်းအောင်ကျင့်ကြပါကွာ..။
Unknown said...
တပ်မတော်လေ့ကျင့်ရေးမှာ ကိုယ့်ထက်စီနီယာကြီးတဲ့သူကိုအရမ်းကြောက်ရ
တယ်လို့တော့ကြားဖူးပါတယ်..။သေလောက်အောင်နှိပ်စက်တယ်လို့လဲ
သိခဲ့၇ပါတယ်..။အမိန့်နာခံတတ်အောင် ပြန်မလှန်ရဲအောင်..လုပ်တာလို့လဲ
သိရပါတယ်..။စစ်အုပ်ချုပ်ရေးက ပညာတတ်ဘို့မလိုဘူးလား..။ရက်ရက်
စက်စက်လုပ်တတ်ဘို့အဓိကလားဗျာ..။ဦးနှောက်မရှိဘူးဆိုတာများလား...။
အမွှေစိန် said...
လူပိုတွေဘဲကွာ..မင်းတို့သေတာ လမ်းဘေးခွေးတစ်ကောင်သေတာလောက် တန်ဖိုးရှိလို့လား...လမ်းဘေးခွေးကမှ လူစိမ်းကပ်ရင် ဟောင်ပေါ်ရသေးတယ်။သခင်ကို သခင်မှန်းသိသေးတယ်။မင်းတို့သိတာက ပြည်သူလူထုကိုဘယ်လိုနည်းနဲ့နှိပ်စက်ရမလဲဆိုတာလေ ဒီတော့ မင်းသေတာ ခွေးလေခွေးလွင့်သေတာလောက်တောင် အဆင့်မရှိပါဘူးကွာ။ရှက်တတ်ရင် သေတယ်ဆိုတာတောင်အင်တာနက်ပေါ်မတင်သင့် ငါ့ညီ။မင်းသေသွားတော့လဲ နောက်ဘ၀ဆိုတာရှိခဲ့ရင် ပြည်သူတွေရဲ့ ၀ဋ်ကြွေးတွေကျေအောင်ဆပ်ခဲ့ပေါ့ကွာ...ဒါမှ နောက်ထပ်ဘ၀ကူးရင်ကောင်းရာဘုံကိုရောက်မှာပေါ့..ဒီဘ၀သေလွန်တော့ အရင်ကြွေးဟောင်းကိုကျေအောင်တော့ဆပ်ပေါ့
လူမျိုး said...
မင်းတို့သိအောင်ပြောလိုက်ပါ၇စေ...ဒေါ်စုရဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပီးတော့နှစ်၅၀ လောက်ရောက်ရင်တောင်မင်းတို့လိုချင်တဲ့လူ့အခွင့်အရေး....မင်းတို့လိုချင်တဲ့ဒီမိုကရေစီ....မင်းတို့ပြောပြောနေတဲ့ခေတ်မီတိုးတက်တဲ့နိုင်ငံကြီးဘယ်တော့မှဖြစ်လာဦးမှာမဟုတ်သေးဘူးကွာ...လောင်းရဲတယ်...အဖြေကရှင်းရင်းလေးအားလုံးကိုခြုံပီးပြောလို့ရတယ်....တော်တော်စောက်သုံးမကျတဲ့လူပိန်းတွေ..ဘာမှနားမလည်တဲ့ဟိုယောင်ယောင်ဒီယောင်ယောင်ကောင်တွေ....လူမျိုးအချင်းချင်းပါးပါးလှီးမယ်.........အင်းးးဒို့နိုင်ငံကသူများနိုင်ငံတွေကိုဘာတခုမှယှဉ်လို့မရပေမဲ့.....တခုဘဲ..အဲဒါဘာလဲဆိုတော့....ပြည်သူပြည်သားချင်းမျက်စောင်းထိုး..ခွက်စောင်းခုတ်တယ်...အမျက်လိုကြတယ်....မနာလိုတယ်...ဒါဘဲယှဉ်လို့ရတယ်သာတောင်နေသေးတယ်.ပီးရင်တယောက်မှအဖြစ်မရှိကြဘူး.....ကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးကို့ညီတို့ရေ.....သိရောသိကြလား......ဘယ်သူမှန်ခဲ့တယ်ဘယ်သူမှားခဲ့တယ်ဆိုတာ...အဖြေကရှင်းနေပီဘဲ..ဘာမှစောဒကတက်နေစရာမလိုတော့ပါဘူး....(လူမျိုး)ပြောတော့သာလူမျိုးတဲ့...လူတွေကအမျိုးမျိုးဖြစ်နေကုန်ကြပီ...။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။.ပို့စ် တိုင်း ပို့စ်တိုင်းမှာcomment တွေအများကြီးရှိနေတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်
ညီအကို တို့မှာလဲကို့နိုင်ငံနဲ့ပက်သက်တဲ့ခံစားမှုတွေအများကြီးရှိကြမှာပါဘဲ'ဒါပေမဲ့ပြည်တွင်းသတင်းတစ်ပုဒ်ကိုအပြန်အလှန်ပုတ်ခတ်နေကြမဲ့အစား....ဆင်ခြင်တွေးတော..ကြိုးစားကြစမ်းပါ.....သူ့ကျွံမခံပြည်ဇတ်ကားထဲက..မိဖုရား..စုဖုရားလတ်.ငိုသံယဲ့ယဲ့နဲ့ဘုန်းကြီးကျောင်းရှ့မှာ.."အရှင်ဘုရှားတပည့်တော်မတို့သွားပါပီဘုရား...သွားကြပါပီဘုရားတဲ့.လက်အုပ်လေးချီပီးတော့...တော်တော်သနားဖို့ကောင်းတဲ့မြင်ကွင်းလေးတခုပါ...တိုင်းတပါးသားရဲ့ကျွန်ဘ၀ကို ရက်ရက်စက်စက်နှစ်ဆိုးရှည်ကြာစွာအုပ်ချုပ်ခံခဲ့ရဖူးတယ်ဆိုတာမမေ့ကြရင်ပေါ့။။။။။။။။။။။
Soe said...
ဒီကောင်တွေ သေလို့ ဝမ်းသာပါတယ် ပြည်သူကို သတ်မဲ့ စစ်သားတစ်သားတစ်ယောက် လျှော့သွားသလို ခံစား၇ပါတယ်
ဒီလို ဗိုလ်လောင်း သင်တန်းတက်ဖို့ဆိုတာ စစ်ဘက်နဲ့ပါတ်သက်သူတွေ၇ဲ့
သားသမီးတွေများတယ်လေ အခွင့်အေ၇း နေ၇ာ အပြိုင်လုနေကြတာ
လည်း စစ်တပ် ကပါပဲ စစ်တပ်ထဲေ၇ာက်လို့ဂွင်ကောင်းယင် ဒေါ်လာ
သန်းချီချမ်းသာ နိုင် တယ်လေ အဲဒါကြောင့်လည်းအခွင့်အေ၇းလေး၇တုန်း အဆင့်ဆင့်ကိုကပ်ပြီး
ဗိုလ်လောင်းတို့ ၇ု၇ှားတို့မှာ ပညာသင် သွားချင်ကြတဲ့ ကိုယ်ကျိုး ကြည့်တဲ့ဦးနှောက် မ၇ှိတဲ့ ကောင်တွေ မှ စစ်တပ်ထဲ ဝင်ကြတာပါ အများကြီးပါ ဒီကောင်တွေဟာ ၇ာထူးတက်မယ်ဆိုယင် နေ၇ာကောင်း
ခွင်ကောင်းကောင်း ၇မယ်ဆိုယင် လူသတ်၇မလား ဘုန်းကြီးပဲ သတ်၇မလား အကုန် လုပ်ပါတယ် အထက်ကခိုင်းတယ်ဆိုယင် အမှားအမှန် ကိုယ့်ဦးနှောက်နဲ့ ဘာမှ မတွေးခေါ်တတ်ပါဘူး အကုန်လုပ်ပါတယ်
sanda said...
ဒီလိုဆို စစ်တက္ကသိုလ်က ထောင်ကြီးနဲ့တူနေပါပေါ့လား
eint said...
လူတစ်ယောက်သေပြီးမှတော့ ပြန်လိုချင်လို့မရတော့ပါဘူး...နောက်နောင်ဒီလိုမဖြစ်ရအောင်လုပ်ရပါလိမ့်မယ်...စစ်တပ်က အာဏာရှင်ဆန်တဲ့ စစ်သားတွေကို ကျန်တာမပြင်ခင် စိတ်ဓါတ်လေးတွေကောင်းအောင်အရင်ပြင်ရပါမယ်..တိုင်းပြည်ကာကွယ်ရမယ့်သူတွေက စိတ်ဓါတ်ကောင်းဖို့ လိုပါတယ်...မတော်မကောင်း ထက် ကောင်းပြီးမတော်တာ ပို ကြောက်စရာပါ.
စည်သူ said...
DSTA မှာသေတာထက် DSA မှာသေတဲ.ဗိုလ်လောင်း တွေက ၄ ဆများပါတယ် ၊ ဗိုလ်လောင်းတွေ SUICIDE လုပ်တာလည်း အများကြီးပါ ၊
ဖိုးအောင် (နည်းပညာ) said...
ဘယ်သူ့ကိုမှတော့ တိုက်ခိုက်ပြောဆိုဖို့ ဆန္ဒမရှိပါဘူး.... အထက်မှာ စစ်သားလေးတွေနဲ့ ပြည်သူတစ်ချို့ ငြင်းခုံနေကြတာကိုတွေ့ရပါရဲ့... ဘာဘဲဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားစွာပြောရရင် ကျောင်းတက်နေရှာတဲ့ ကျောင်းသားလေးတစ်ယောက် သေရတယ်ဆိုတာဟာ ၀မ်းသာစရာတော့ဖြင့် မဟုတ်ပါဘူး... တွေးကြည့်ပါ... စစ်သားဖြစ်တော့လည်း မြန်မာ... ဗိုလ်လောင်းဖြစ်တော့လည်း မြန်မာ... ပြည်သူဖြစ်တော့လည်း မြန်မာ... မြန်မာဟာ မြန်မာသာဖြစ်တယ်... ကိုယ့်ရုပ်ကမြန်မာရုပ်မပေါက်ရင်တော့ဖြင့် ကိုယ့်အမေကိုယ်က အနေအထိုင်မတတ်ခဲ့လို့ ပေါက်ကွဲစွာနဲ့ဘဲ မြန်မာတစ်ယောက်ကို သတ်လိုက်တယ်ဆိုတာဟာ လူကြားကောင်းနိုင်ပါသေးတယ်... ဒီမယ် မြန်မာတို့... မြန်မာ မြန်မာချင်း စည်းလုံးကြပါစို့ရဲ့လားကွယ်... အိမ်ကြက်ချင်းခွပ်ကြရတာ မရှက်ကြပေဘူးလားကွယ်... မခွပ်ကြနဲ့ မြန်မာတို့... အချင်းချင်းနားလည်ကြ... ရိုင်းပင်းကြ... စည်းလုံးကြ... ညီညွတ်ကြ... နားမလည်သူကို သည်းညင်းခံရှင်းပြကြ... သင်ပေးကြ... မြန်မာ့သွေးကို မြန်မာတွေလိုရေးကြ... အရေးကြီးက သွေးနီးကြ... အရေးကြုံက သွေးဆုံကြ... မြန်မာ့သွေးစစ်သူတိုင်းကို တန်ဖိုးထားလေးစားကြ... မှားသူတွေက ပြင်ကြ... မှန်သူတွေက မှန်တဲ့အတိုင်းဆက်နေထိုင်လုပ်ကိုင်ကြ... ငါ့အတွက်ဆိုတဲ့ အတ္တကိုဖယ်ကြ... မြန်မာ့အတွက် ငါလုပ်တယ်လို့ မြင့်မြတ်တဲ့ စိတ်ကိုမွေးကြ... မြန်မာပြည်ရှင်သန်ရေးအတွက် သန့်စင်မွန်မြတ်တဲ့သွေးတွေလောင်းခဲ့ကြ... မင်းတို့တွေပင်ပန်းရင် ငါ့နှမနဲ့ လာအိပ်ပြီး အပန်းဖြေကြလှည့် မြန်မာတို့။
Anonymous said...
အဲဒီလို ကျောင်းမျိုးကဆင်းလာတဲ့သူတွေ
အုပ်ချုပ်သူ ခေါင်းဆောင်ပိုင်းနေရာတွေရောက်လာရင် မတွေးဝံ့စရာဘဲဟ....
အမှန်တရား said...
အဲဒါပွဲမဝင်ခင်ကအပြင်ကကျင်းပနေကြတာလေ
အောင်မြင့် said...
စစ်တက်ကသိုလ်တဲ့ကွာ လူသတ်ကုန်းကျနေတာဘဲ
ambesdor said...
မိဘတွေကိုပြောချင်တာ “ပို့ချင်အုံးလေ ဗိုလ်သင်တန်း၊ ကျွန်မသားက ရုရှားသွားရမှာ ဗိုလ်သင်တန်းမှာ အရမ်းတော်တာလို့ကြွားလိုက်ကြပါအုံး။(သားကတော့ ကြောက်ချေးပါနေပြီ)”
ဗိုလ်လောင်းတွေအတွက် “တက်ချင်အုံးလေ ဗိုလ်သင်တန်း၊ အဲ့ဒီမှာ အနှိပ်စက်ခံရလို့သေတာ သနားမဲ့လူ တော်တော်နည်းတယ် သိထားဖို့” တက်လိုက်ကြပေါ့ ဗိုလ်သင်တန်းလေးကို။
tarzan said...
အဲလိုနှီက်စက်တဲ့ကောင်တွေက သူတို့အလှည့်တုန်းက ပါတ်ပြေးနေတဲ့လူတွေများတယ်..မယုံမေးကြည့်..တကယ်ခံရတဲ့သူများများက ကိုယ်ချင်းစာတယ် မလုပ်တာများတယ်....
nandarllay said...
ဒီလို ဖြစ်နေတာတောင် ရု၇ှ မှာ ပညာတော် သင်နေတဲ့ စစ်သားတချို့က မာန်တက်နေသေးတယ် ။ငါတို့က အင်ဂျင်နီယာစစ်သားဆိုပီးတော့ ။မလွယ်ဘူး။ဒီလူတွေ ကြီးပြင်းလာရင်တော့ အတော်ဆိုးမယ်။ စကတည်းက ရည်ရွယ်ချက်က ဂုဏ်မက်လို့ဝင်လာတဲ့လူတွေအများကြီးလေ။ခံယူချက်ကလည်းမပီပြင်တော့ပိုဆိုးတာပေါ့။ အားလုံးရဲ့သဘောထားနဲ့အညီပါပဲ
nandarllay said...
ဒါလည်းစိတ်မကုန်နိုင်ဘူးနော်။တော်တော်မက်တယ်။အသက်နဲ့ ရင်းပီးတော့ ဂုဏ်ကို။မိဘတွေလည်းလိုတာပါ။မှားယွင်းနေတာပေါ့
Myar said...
ဘာဘဲဖြစ်ဖြစ် အဲဒီလို လူတွေ ရှိနေသမျှ ကောင်းလာမှာ မဟုတ်ဘူး
jaboe said...
DSA ကျောင်းဆင်း ဆရာတွေက ဒီနည်းတွေကို DSTA ကျောင်းကို လာသင်ပေးလို့ ပညာတွေတတ်ကုန်တာလို့ DSTA သင်တန်း ဆင်း ကျောင်းဆရာတွေက ပြောပါတယ်
Loune Loune said...
ရှေးခေတ်က တပ်မတော်ကသာ တကယ်ပြည်ချစ်တပ်မတော်ဖြစ်ပြီး တကယ်လေးစားတန်ဖိုးထားစရာကောင်းပါတယ်... ခုခေတ်ကတော့ မတော်တရော် ဂုဏ်မောက်ပြီး ကိုယ့် ပြည်သူကို ပြန်သတ်တဲ့ သတ်မတော် ဖြစ်နေပါပြီ... စစ်ဆိုတာနဲ့ ရေတောင် စစ်မသောက်ခြင်လောက် ရွံမုန်းလို့ နေရပါတယ်... (shaeyaesatlay@gmail.com)
Jester508 said...
ဗိုလ်ပြုတ်ပြောတာကောင်းတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဗိုလ်တွေအများကြီးပါ။ အားလုံးကိုပြောချင်တာ ဦးစော မိသားစုကို အတုယူပါလို့။ ကျွန်တော် အကြီးအကျယ်မုန်းခဲ့ဖူးပေမယ့် သူတို့ရဲ့ အတွေး၊ အနေအထိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ကြည်တို့ရဲ့ ခွင့်လွှတ်သည်းခံတဲ့စိတ်ထားတွေကို အားကျလို့ အမြင်တွေကြည်လင်လာခဲ့ပါပြီ။ ဗိုလ်ပြုတ်လဲ စကားအသုံးလေးတွေဆင်ခြင်ရင် အကောင်းမြင် အပြုသဘောဆောင်တဲ့ ကွန်မန့်လေး ပြီးပြည့်စုံနိုင်တဲ့ ကွန်မန့်လေးဖြစ်မှာပါ။
khitlungeIT said...
မင်းတို့ကြည့်ရတာ ဘာမဟုတ်တဲ့အောက်ခြေအဆင့်မှာပဲ ခွေးကိုက်ကိုက်နေကြတယ်....
အဲဒီသင်တန်းဆိုတာ အောက်ခြေအဆင့်ပဲရှိသေးတာ.....
နောက်လေ့လာသင်ယူပြီး တိုင်းပြည်ကို ကိုယ်ချင်းစာတရား...မျိုးဆက်သစ်အတွေး မျက်စိတဆုံးကြည့်နိုင်အောင်လေ့ကျင့်...ကန်ဘာအရေးအခင်းတွေကိုနေ့စဉ်သိအောင်လုပ် ...ဒီအလုပ်တွေမှသာ စစ်မှန်တဲ့ ပေါ်လွင်တဲ့ စိတ်ဓာတ်နဲ့ သတ်တိကို ဖော်ပြတာ... ခင်ဗျားတို့ဗိုလ်တွေကို ပြောချင်တာက ဗိုလ်သင်တန်းတက်ပြီးဆင်းလာရုံနဲ့ ဘာမှမဟုတ်ဘူးဆိုတာပဲ...ခင်ဗျားတို့တကယ်ပင်ပန်းစွားလေ့ကျင့်ခဲ့ရတာက အနည်းဆုံးတစ်နှစ်...အများဆုံး သုံးနှစ်....ပြည်သူတွေကြားထဲမှာ လှုပ်ရှားရုန်းကန်နေတဲ့ ဆိုက်ကားသမား...လယ်သမား....ကုန်ထမ်းသမားတွေက နှစ်နဲ့ချီပြီးလုပ်နေကြတဲ့သူတွေရှိတယ်...ကဲ ဘယ်သူပိုပင်ပန်းသလဲ...တကယ့်ဗိုလ်သင်တန်းဆင်းတစ်ယောက်ဟာ အောက်လက်ငယ်သားတွေအပေါ်မှာ ညီလေးတစ်ယောက်လိုဆက်ဆံတဲ့စိတ်ဓာတ်ရှိပြီး မှန်ရာကိုပြောကာ မှန်ရာကိုလုပ်သောသူကို ခေါ်သည်...ဒါပါပဲ....
ဂါဖီး said...
မိဘတွေကိုက လစာတိုးတယ်တိုးတယ်ဆိုပြီးတော့ယားပြီးစစ်တပ်ထဲထည့်တာကိုး သေတာတောင်နည်းသေးတယ်။မကျေနပ်ရင်မ၀င်နဲ့ပေါ့။ ဘယ်သူကများဗိုလ်လောင်းသင်တန်းကို အတင်းရိုက်သွင်းနေလို့လဲ။သူတို့ပဲသားရယ်ဝင်ခွင့်လေးတော့ဖြေလိုက်ပါဦးတွေဘာတွေပြောနေကြပြီးအခုမှလာပြောမနေနဲ့။သေရမှာအဲ့လောက်ကြောက်နေရင်စစ်တပ်ထဲဝင်မလာနဲ့။စစ်တိုက်မှသေရမှာမဟုတ်ဘူး လေ့ကျင့်ရင်းနဲ့လဲသေနိုင်တာပဲ။ကနေတာမဟုတ်ဘူး။တိုက်ပွဲဖြစ်လာရင်ရှေ့ဆုံးကနေသေရမှာစစ်သားတွေပဲ။ထိုးတာကို မတရားညှင်းပန်းနှိပ်စက်တယ်ဆိုရင် ပြောစရာလေးတစ်ခုတော့ရှိတယ်။တိုက်ပွဲမှာ ရန်သူကထိုးလို့အထိုးမခံနိုင်လို့လဲကျသွားတယ်ဆိုရင်ကြားလို့တော့မကောင်းပါဘူးဗျာ။အဲ ယျောက်ကျားလေးတွေလဲသတိထားနော်။အခုခေတ်နွဲ့နွဲ့လာကြတယ်။ကြည့်ရတာ မိန်းမလုံးလုံးဖြစ်နေကြပြီလားမသိပါဘူးဗျာ။
ပြောခြင်းသူ said...
လိုင်ပေါ်မှာလာပြီးသူများအကြောင်ဝေဖန်ပြောဆိုနေကြတာ
မင်းတိုကဘယ်ကလဲလူထဲကလူတယောက်ဘဲလူတကိုယ်စိတ်တမျိုးဆီဘဲအခုပြောနေတဲလူတွေအားလုံးကငါအပါဝင်ကိုယ်အလုပ်ကိုသူများဝင်ရှုပ်တာကြိုက်ကြလား သူများအလုပ်ကိုကိုယ်က၀င်လုပ်ရင်ရောသူကကြိုက်မလား
စဉ်စာကြလေစစ်သားလည်းသူအလုပ်သူလုပ်တာဘဲ
ကိုယ်လည်းကိုအလုပ်ကိုယ်လုပ်လူတိုင်းအလုပ်ကိုစီရှိတာဘဲလေ
အများနဲပေါင်းလုပ်ရင်အများဆနလိုက်ရမှာဘဲလေ
ကိုယ်တယောက်ထဲလုပ်ရင်ကိုယ်ဆုံဖြတ်ချက်နဲကိုယ်လုပ်ရမှာဖြစ်လိုဘာမှမပြောဘဲကိုယ်အလုပ်ကိုယ်လုပ်ကြပေါ့ဗျာ
သူတို့ကောင်းတာလုပ်ရင်သူတို့ခံစား၇မယ်မကောင်းတာလုပ်ရငင်လုပ်တဲ့သူခံစားရမယ်ဒါဘဲပြောခြင်တယ်
moeheine said...
ကိုနားလည်သလိုပဲ ကိုပြောတာပါ.... ဒီခေတ်မှာတော့ စစ်ထဲဝင်တယ် ဆိုတာ မိမဆုံးမ- ဘ မဆုံးမ သားတွေရယ်၊ မိဘစကားနားမထောင်တဲ့ ကောင်တွေရယ်- နောက်တမျိုးက လူလိုမသိ-လူစိတ်မပြည့်တဲ့ မိဘတွေက၀င်ခိုင်းခံရတဲ့ မျိုးမကောင်းသားတွေရယ်ပဲလို့မြင်တယ်(၁၉၈၈ နောက်ပိုင်းမှာနှော်...) နိုင်ငံကိုချစ်လို့၊ လူမျိုးကိုချစ်လို့ လို့ မပြောပါနဲ့- ချစ်ရင် ကို လူမျိုးချင်း သတ်တဲ့ အလုပ်ကို လုပ်ချင်စရာလား..(ဒီနေ့ စစ်တပ် ဆိုတာ ကိုနိုင်ငံသားချင်း နှိပ်စက် သတ်ဖြတ်တဲ့ အလုပ်ပဲရှိတယ်ဆိုတာ လူတိုင်းသိတယ်.......
Powered by Blogger.