ပဏာမ ရွေးချယ်ထားသူ များအား လူတွေ့စစ်ဆေး

ဓါတ်ပုံ - The Voice Weekly

ဓါတ်ပုံ-Bogyoke Aung San Movie
ယနေ့ ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက်နံနက် ၉နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံး ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသော ၁၄ ဦး အနက် လာရောက်သူ (၁၃)ဦးအား လူတွေ့စစ်ဆေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ နှင့် အကဲဖြတ်ဒိုင်လူကြီးများဖြစ်ကြသော ဦးညွှန့်ဝင်း ၊ ဦးအောင်လွင် ၊ ဦးကြည်စိုးထွန်း ၊ ဦးချစ်ဦးညို ၊ ဒေါ်ဆွေဇင်ထိုက် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးဝေဠုကျော် နှင့် ဦးဇာဂနာ တို့မှ အကဲဖြတ် စစ်ဆေးခဲ့ကြပါသည် ။ မကြာမီ နောက်ဆုံးဆန်ကာတင် ၃ ဦး စာရင်းကို သတင်းထုတ်ပြန်ကြေညာ ပေးမည် ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်သော အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည် ။
By: Bogyoke Aung San Movie
ပဏာမ ရွေးချယ်ထားသူ များအား လူတွေ့စစ်ဆေး ပဏာမ ရွေးချယ်ထားသူ များအား လူတွေ့စစ်ဆေး Reviewed by သစ်ထူးလွင် on 20:01 Rating: 5

14 comments:

ဒီလူ said...

နောက်ဆုံးဆန်ကာတင် ၃ ဦး ၏ Video File များအား Internet သို့တင် ပြီး ပရိတ်သတ်၏ မဲဆန္ဒများ ကိုပါထည့်သွင်းစဉ်းစားစေ ယင် ကောင်းမလားလို့ ...

ဧ၇ာထွန်း said...

အခုစကာတင် ၁၃ယောက်ထဲမှာ ၄ယောက်ပဲ ဗိုလ်ချုပ်နဲ့ ဆင်တာ ကျန်တွေကတော့ တူတူဖို့ အ၇မ်းဝေးနေတယ်

ခင်မျိုးချစ် said...

ရှေ့တန်းက ဒုတိယမြောက် ပုဆိုးအပြာကွက်နဲ့လူ နဲနဲတူသလိုပဲ။ ဟုတ်တယ် အပေါ်က မှတ်ချက်တစ်ခုမှာ ပြောသလို ပရိတ်သတ်ကိုတော့ ရုပ်ကြည့်ပြီးဖြစ်ဖြစ် vote လုပ်ခိုင်းတဲ့အစီအစဉ်ရှိရင် ကောင်းမှာပဲ အမူအယာကတော့ ကျွမ်းကျင်သူတွေက သင်ပေးရင် ရလောက်လား ဘာလား ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ရွေးချယ်ပေါ့။

ဒီမိုကရေစီလိုလားသူ said...

လူတူသော်လည်းမူမတူရင်တော့ခက်သား
အသိတစ်ယောက်ထဲတွင်ဗိုလ်ချုပ်နဲ့ရုပ်ရည်
အားဖြင့်ချွတ်စွတ်တူသည်ဟုမပြောချင်သော်ငြား
ခပ်ဆင်ဆင်တူပြီးဗိုလ်ချုပ်သရုပ်ဆောင်ရန်အရည်အချင်းအပြည့်အဝရှိသည်။သို့သော်လည်းနှမြောစရာကောင်းစွာ
အပယ်ခံလိုက်ရသည်။အံ့သြလှပေစွ။ဘယ်အရည်အချင်းကိုကြည့်ပြီးရွေးသလဲမသိ

WELCOME TO SUNSET INN IN KOHSAMUI said...

အားလုံးက အညာသားတွေ ကြီးလားဗျ တော်တော် အသာညိုတယ်နော်

ကိုယ်တော်ချော said...

မှန်ပါတယ် ပရိတ်သတ်ကို ရွေးခိုင်းတာ အကောင်းဆုံးပါပဲ

တြိရတနာ said...

ရှေ့တန်းက တတိယမြောက် အိပ်ကိုင်ထားသူကလဲ တူတယ်လို့ထင်ပါတယ်။ဒါကျုပ်တို့ ဆန္ဒဖေါ်ပြနေကြတာပါ။သင်သဘောထား ဒီမှာရေးခဲ့လဲရပါတယ်။ဝဘ်ဆိုဒ်ကနေ ဘုတ်လုပ်ချင်တယ်ဆိုရင် ကိုသစ်ရေကျုပ်က ဖတ်တာတောင် အဖြတ်အတောက်မှားတဲ့ကောင် ကျန်တာဘာမှ နားမလည် မတတ်ပါဘူး။တွေ့ဖူးလို့ ပြောတာပါ ဒီတော့ ပညာရှင်တွေ ဝဘ်ဆိုဒ်ကနေ အများရွေးချယ်ဖို့ ဖန်တီးကြပါအုံး။

Supercialone said...

ပရိတ်သတ်တွေရဲ့  အမြင်ပါယူရင်ပိုပြီးကောင်းပါလိမ့်မယ်...

msttint said...

ရှေ.ဆုံးက ခမောက်ကိုင်ထားတဲ့တစ်ယောက်နဲ့ စာအုပ်ကိုင်ထားတဲ့ တစ်ယောက်က တော့စတိုင်တူသလို့ပါပဲ သရုပ်ဆောင်တော့မမြင်၇တော့မပြောတက်ဘူး

aung san lin said...

ဘာမှမပြောချင်ပါဘူး မတူတာတော်တော်များသလိုပဲ အဲ ပြောလိုက်မိပြီ စိတ်မဆိုးနဲ့နော်

Myanmar said...

ဗိုလ်ချုပ်နဲ့တူချင်၇င် အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်ဘို့ အေ၇းကြီးတယ်၊ စာဖတ်နာ၇မယ်၊ မျိုးချစ်စိတ်ထက်သန်၇မယ်။ the lady ဇာတ်ကားမှာ သ၇ုပ်ဆောင်ဘို့ မီ၇ှယ်ယိုး ဘယ်လို အားထုတ်သွားတယ်ဆိုတာ ၇ှာဖွေလေ့လာထားသင့်ပါတယ်။ ။

မှူးသခင် ( ငြိမ်း ) said...

ဘယ်သူဘဲဖြစ်ဖြစ်ပါ ။ နဲနဲပါးပါးဆင်တယ်ဆိုယင် မိတ်ကပ်ပညာနဲ့ တူအောင်လုပ်ယူလို့ ရပါတယ် ၊ အဓိက က သရုပ်ဆောင်မှုအပိုင်းမှာ သွန်သင်လို့ ရ မရကြည့်ရပါမယ်။

lwinmin said...

တစ်ယောက်မှ မတူဘူး..တူတာဆိုလို ဆံပင်ညှပ်ထားတာဘဲတူတယ်..အားလုံးအညာသားတွေထင်တယ်နော်..ဇာတ်ကားမရိုက်ယင်ကောင်းမယ်ထင်တယ်..လူတူ မတွေ့မချင်းပေါ့...၈၀% တူမှရိုက်စေချင်ပါသည်....

aungdama said...

ဗိုလ်ချုပ်နဲတူဖို့ ကတော့ရွေးဖို တော်တော်ခက်လိမ့် မယ် ပုံထဲမှာ ကြည့်၇တာ အားလုံးသိပ်မတူဘူး ၇ဲ ၇င့်ထက်မြက်တဲ့ ပုံ ကတယောက်မှ မပါဘူး သေချာ စီစစ်ရွေးချယ်သင့်တယ်

Powered by Blogger.