အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း

ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူအမျိုး
သမီးအား အငြိမ်းစားမြို့ နယ်မှူး၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်
ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆိုသူမှ ဆိုင်ေ၇ှ့ တွင်
ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..ကျွန်မမှာ
ဗိုက်ခွဲ၍မွေးဖွားထားသော မိခင်တစ်ယောက်ဖြစ်ပါသည်..မီးဖွားထားသည်မှာ
( ၃၃ ) ၇က်ပဲအကြာပဲ၇ှိပါသေးသည်..ထို့ ကြောင့်ကွမ်းယာအား ထ မပေးနိုင်
ခဲ့ပါ..ထို့ သို့ မပေး၍ ကားပေါ်မှပြေးဆင်းလာပြီး ညစ်ညမ်းစွာဆဲဆို၍ ၇င်ဘတ်
အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ ပါးနားပြင်းထန်စွာ ဘယ်ပြန်ညာပြန်၇ိုက်ပါ
သည်....ပျဉ်ချောင်းဖြင့် လက်ကို ၂ ချက် ခါးကို ၂ ချက် တင်ပါးကို ၁ ချက်၇ိုက်
ပါသည်...

အပြည့်အစုံအားပေးပို့ လာသောစာတွင် ဖတ်၇ှု့ နိုင်ပါသည်...


 By: Myat Phone Linn
အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း Reviewed by သစ်ထူးလွင် on 21:43 Rating: 5

44 comments:

ဒီမိုပြည်သူ said...

ဒါဟာ အဖြစ်မှန်တစ်ခုဆိုရင်တော့ တော်တော်မိုက်ရိုင်းတဲ့ ခွေးသူတောင်းစားပဲ။ အမျိုးသမီးတစ်ယောက်၊ ဗိုက်ခွဲပြီးကလေးလဲမီးဖွါးထားရသေးတယ်၊ အလကားလဲတောင်းစားသေးတယ်၊ လာမပေးလို့ ပါးနားရိုက်ရုံတင်အားမရဘူး၊ လက်ဖက်ရည်ဆိုင်စားပွဲရိုက်ချိုးပြီး သေစေလောက်တဲ့လက်နက်နဲ့ လူမဆန်စွာရိုက်နှက်သေးတယ်၊ ပါးစပ်ကလဲ ညစ်ညမ်းစွာနှိမ်ချဆဲဆိုသေးတယ်၊ ဆိုင်နေရာမရောင်းရအောင်လဲ အာဏာစက်ပြလိုက်သေးတယ်၊ လာဝင်တားတဲ့ အမအရင်းဖြစ်သူတောင် အဆစ်အရိုက်ခံလိုက်ရသေးတယ်... ကဲ.. ကောင်းတာဘာရှိသေးလဲ။ သမ္မတကြီးရေ... Good Government and Clean Government ဆို။ ဒီကောင် ဘယ်ပထွေးအားကိုးပြီး ဒီလိုမင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားရဲတာလဲဗျာ။ ဒီတိုင်းတော့ ပစ်မထားပါနဲ့။ ပြည်သူတွေ အရင်လို ကျီးလန့်စာစားအဖြစ်မျိုးတွေ ထပ်ကြုံရဦးနေရဦးမှာလား.........!!!!!!!!!!

The Nature Myanmar said...

မင်းတို့ကတော့ သူကြီးသား ဘစီ တွေဘဲ...
ဖိုးလပြည့်လို လူမျိုးတွေ...

chartake mglay said...

ကောင်းတယ်များများတိုင်းပါ

minsoeaung said...

မင်းစိုးအောင်
မိဘဆွေမျိုးအရှိန်အဝါနဲ့မိုက်ရိုင်းနေတဲ့ခလေးများနေပါ
တယ်။ဒါတွေကိုထိရောက်ပြင်းထန်စွာအရေးယူသင့်ပါဘီ။
သမ္မတကြှီးက ပြတ်ပြတ်သားသားလုပ်မယ်လို့နားလည်ပါ
သည်။အစကောင်းဘို့လိုပါသည်။
အနာဂတ်အတွက်အကောင်းတွေအမွေပေးဘို့နဲ့အမှား
လုပ်သူကိုမသနားတတ်ဘို့
မညှာမိဘို့ ကနေ့တာဝန်ရှိသူတွေမှာတာဝန်ရှိပါတယ်။
ကျွန်တော်တို့ကူညီပါမည်။

မိုးည said...

အဲဒီအတိုင်းသာ ဆိုရင် ဒီကောင်ခွေးနဲ့ စပ်မွေးထားတာပဲ...ခွေးတောင် သိက္ခာကျတယ်...

Unknown said...

ဟဟ...ပလိန်းကြီးပါလား...ဘေးကလူတွေကကောဘာလို့ ဒီအတိုင်းရပ်ကြည့် နေတာလဲ...ဒီမိုကရေစီ နိုင်ငံကိုဦးတည်နေပြီဆို....အမှန်ဆိုရင် အဲ့  ၁ ကောင်လောက်ကို ၀ိုင်းချူပ်ပြီး တစ်ခါတည်းရဲစခန်းပို့ ပြီး အချုပ်ထဲအရင်ထည့် ထား၇မှာ...သူ့ အဖေဘာပဲဖြစ်နေဖြစ်နေ ဂရုစိုက်စရာမလိုဘူးလေ...အမှန်တော့ အဲ့ ဒါဘေးကလူတွေ မညီညွတ်ကြလို့ ...ဒီလိုအသေးအဖွဲလေးတောင် ဘေးကလူတွေက ကိုယ်ကိုတိုင်မဖြေရှင်းနိုင်ရင်..??? နေရာတကာကြီးပဲ အန်တီစု ကိုအားကိုးလို့ မရဘူးလေ...ကိုယ်ကိုတိုင်လည်းပါဝင်မှ၇တာပေါ့ .....ဒီအတိုင်းအော်နေရုံနဲ့ တော့  ထောက်ခံနေရုံနဲ့ တော့ ဒီမိုကရေစီဆိုတာ.........

Nyan Win Bo said...

ဒီသမ္မတကတော့ ဖာမှု ဖဲမှု မုဒိန်းမှု လောင်းကစားမှု လာဘ်စားမှု အနိုင်ကျင့်မှု မြန်မာ့ယဉ်ကျေးမှု ဖျက်ဆီးမှု တွေကြောင့်ဘဲ ကမ္ဘာကျော်သွားတာလား မသိဘူး

mgyupa said...

လူမဆန်တဲ့အဖြစ်တွေ၊တရားဥပဒေမဲ့ဆောင်ရွက်ချက်တွေ အများအပြားတင်ပြနေကြပေမယ့် တစ်ခုမျှ ထိထိရောက်ရောက်ဆောင်ရွက်တာမတွေ့ရတာစိတ်မကောင်း
စရာပါ..။တစ်ခုခုတော့မှားနေပြီထင်တယ်..။အစိုးရအဖွဲ့က
တာဝန်ရှိသူတွေအထိကိုသိအောင်မစွမ်းဆောင်နိုင်လို့လား..။
ဂျာနယ်လစ်ဆိုသူတွေရဲ့Printed Media တွေကရော ဘာလို့ငြိမ်နေကြတာလဲ..။အင်းလေ...မင်းအုပ်စိုးကိစ္စတောင်မှ ..ညီလေးကသိပ်စွမ်းတာပဲ..လို့မ၀ံ့မရဲချီးကြူးထားတာဆိုတော့...။

Anonymous said...

ဒီကောင်ကိုမိုက်မိုက်ရိုင်းရိုင်းကိုဆဲပြစ်လိုက်ချင်တယ်.
ဆဲတာရေးလိုက်ရင်လဲသစ်ထူးလွင်ကပယ်ဦးမယ်.
တယ် ငါ.......

ဇာမဏီ said...

ဒါလဲ ဒီလိုနဲ့အီးရောအီးရော ပီးသွားမှာဘဲ။ မြန်မာပြည်ထုံးစံ
အတိုင်းပေါ့။ ခံတဲ့သူတွေက ခံလိုက်ရတယ် ။ အရေးယူဖို့ကျတော့ဟိုလိုလို ဒီလိုလို လုပ်နေမယ်။ ကြာခဲ့ပါပြီဗျာ ။ မြန်မာလူမျိုးတွေအဲလို စိတ်ဓါတ်တွေ မပြင်သရွေ့တော့ နှစ်(၄၀) လုံး ဂုတ်သွေးစုပ်ခံခဲ့ရတဲ့ စစ်အာဏာရှင် ကျွန်ဘ၀က လွတ်မှာ မဟုတ်ဘူး။
မမြင်ဘူး မူးမြစ်ထင်နေကြတဲ့ လူမျိုးတွေ ၊ အာဏာလေး နည်း
နည်းရလာရင် ရမ်းကားမယ်၊ ငွေလေးနည်းနည်းချမ်းသာလာရင်
ပတ်ကြွားမယ် ။ အဲဒါမြန်မာ လူမျိုး ဘဲ ...................

Theodo said...

မြို.နယ်မှူးသားအဆင့်လောက်က အဲလောက်ရမ်းကားလို.ရလို.လား????
ဘာမြို.နယ်မှူးမို.လို.တုန်း???ထွေအုပ်လား ရဲလား??? တစ်ခုခုတော့လွဲ
နေသလိုပဲ။တစ်ကယ်ဟုတ်နေရင်တော့သက်ဆိုင်ရာက မှန်မှန်ကန်ကန်
အရေးယူပေးကြပါ။

kokomaung said...

လောကမှာခွေးထက်မိုက်တဲ.ကောင်တွေရှိသေးတယ်။
ဘကျော်ကိုသက်ဆိုင်ရာက တရားဆွဲဖို. မေတ္တာရပ်ခံပါသည်။
j donut မှာ ကိုယ်ကိုတိုင် သွားယူပြီး စားသောက်ရတာ မသိဘူးလား ခွေးသူတောင်းစားရဲ.။
အဲဒီဆိုင်တွေ သွားရိုက်ကြည်.ပါလား။

kokomaung said...

လောကမှာခွေးထက်မိုက်တဲ.ကောင်တွေရှိသေးတယ်။
ဘကျော်ကိုသက်ဆိုင်ရာက တရားဆွဲဖို. မေတ္တာရပ်ခံပါသည်။
j donut မှာ ကိုယ်ကိုတိုင် သွားယူပြီး စားသောက်ရတာ မသိဘူးလား ခွေးသူတောင်းစားရဲ.။
အဲဒီဆိုင်တွေ သွားရိုက်ကြည်.ပါလား။

jesuschrist said...

ဘာမှမပြောချင်ပါဘူး။ တစ်ခုတော့ပြောချင်တယ်။ သူ့မိန်းမ ဗိုက်ခွဲပြီးကလေးမွေးတဲ့အခါကျရင် အဲ့လိုပြန်အရိုက်မခံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ဝဋ္ဋ်ဆိုတာနောက်ဘဝ မကူးဘူး ဒီဘဝမှာဒင်ပြန်ခံရမှာ။ ဒီသတင်းနဲ့ပတ်သတ်ပြီး ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ ထပ်ကြားရအုန်းမှာပါ။ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာရှိတယ်။ ဘယ်တော့မှ ဝဋ္ဋ်မလည်ဘူးဆိုတာမရှိဘူး။ ဒီအစ်မ ခံစားရသလိုပဲ သူလည်းအကြောင်းတစ်ခုခုကြောင့် တစ်ဖန်ပြန်ခံစားရအုန်းမှာပါ။ အချိန်က စကားပြောသွားပါလိမ့်မယ်။

ko ko said...

နိင်ငံတော်မှတိုင်ူပြည်ပြန်လည်ကောင်းမွန်ရေးအတွက် Good government and clean government ကျင်သုံးနေစဉ်အရှိန်အဝါ

မောက်မားသောလူတစ်စုသည်မလိုက်နာပါ.ထိုသူများကိုပြင်းပြင်းထန်ထန်အရေး
ယူပါကgood government and clean governmentဖြစ်လာပါမည်း

purewhite said...

ဥပဒေ က စီရင်ချက်ချတဲ့တရားသူကြီးလက်ထဲမှာပဲ၇ှိတယ်လို့ ဟိုတုန်းကသိခဲ့တဲ့ တရားသူကြီးတဦးက ၇ီသလိုမောသလိုပြောဖူးတယ်။ သူကိုယ်တိုင်ကလည်း မနက်ဖြန်ချမဲ့ စီရင်ချက်ကို ရေးရင်းနဲ့ပေါ့။ လမ်းဘေးဈေးသည်နားက ကွမ်းယာတောင်းစားရလောက်အောင် ငတ်နေတဲ့ကောင်က မှိုချိုးမျှစ်ချိုးလည်းပြောသေးတယ်။ ကိုသစ်ရေ ဒီအမှုရဲ့စီရင်ချက်လေးများ ကြားရရင် ချက်ချင်းတင်ပေးပါနော်။ ပါးရိုက်တစ်ထောင်၊ လက်ကျိုးအောင်ချိုးတစ်ထောင့်ငါးရာနဲ့ ဈေးရောင်းနေရာပျောက်လေးများဖြစ်သွားမလားလို့ စိတ်ပူမိပါတယ်။

ko said...

လမ်ဘေးဈေးသည် ဖြစ်ပေမယ့် ဒီလိုအနိုင်အထက်အစီးအနင်း ပြုလုပ်တာတော့ မကောင်ပါဘူး မြို့နယ်မှုးသားဆိုတော့ သူ့မိဘတွေက ဒီလိုလုပ်ရအောင်သင်ထားတာလား တာဝန်ရှိသူများခင်ဗျာ ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်။

ko said...

လမ်ဘေးဈေးသည်ဖြစ်ပေမယ့် ဒီလိုနိုင်ထက်စီးနင်းပြုလုပ်တာမျိုးမကောင်ပါဘူး

ko said...

လမ်ဘေးဈေးသည် ဖြစ်ပေမယ့် ဒီလိုအနိုင်အထက်အစီးအနင်း ပြုလုပ်တာတော့ မကောင်ပါဘူး မြို့နယ်မှုးသားဆိုတော့ သူ့မိဘတွေက ဒီလိုလုပ်ရအောင်သင်ထားတာလား တာဝန်ရှိသူများခင်ဗျာ ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်။

Anonymous said...

ကိုသစ်ရေ ဒီသတင်း အဆက် မပြတ်စေနဲ့ နော်
ဒီမင်းမဲ့ စရိုက်တွေ အပြတ်ဖြိုမှ ဖြစ်မယ် . . ဆင်းရဲသားတွေ အပေါ် လူပါးဝလွန်းတယ် . .

lwannaymie said...

ခွေးမသား...ကိုယ့်ထက်နိမ့်ကျဆင်းရဲတဲ့သူကို...နိုင်တာ၊ ယောင်္ကျားကောင်း၊တွေရဲ့အလုပ်မဟုတ်ဘူး။ မင်း...လူရော၊ကားရော၊သတိထား။

Unknown said...

ဒီလိုမိုက်ရိုင်းတာမျိုးကတော့လွန်ပါတယ် ထိထိရောက်ရောက်အရေးယူသင့်ပါ
တယ်။

aristhteinwin said...

မင်းသိင်္ခရဲ့ မတထောင်တကောင်ဘွားဝတ္ထုထဲကလို မကောင်းသူကို လားပင်စင်ပေမည့် ပုဂ္ဂိုလ်မျိုးရှိဘို့  လိုအပ်လာပြီ-

NyiNyi said...

မဟုတ်သေးဘူးနော်..ကျွန်တော်ကြားထားတာက သုရေးတဲ့စာနဲ့ တစ်လွဲစီဖြစ်နေဘီ.အဲ့မိန်းမက လက်လည်းမကျိုးပါဘူး..ဖြစ်တဲ့နေ့က အစိုးရ
ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ဘယ်ဆေးရုံမှလည်း ကျောက်ပတ်တီးစည်းမပေး
ပါဘူးတဲ့..ဟိုလူကလည်း ငယ်ငယ်ရွယ်ရွယ်မဟုတ်ပါဘူး.အသက်ငါးဆယ်
ကျော်လူကြီးတစ်ယောက်ပါ..သူ့အဖေက အရင်တုန်းက ရဲမှူးပါ..မြို့နယ်
အုပ်ချုပ်ေ၇းမှုးလည်းမဟုတ်ဘူးတဲ့..88 မတိုင်ခင်တည်းက ပြုတ်ပြီး ဆုံးတာလည်းကြာလှဘီတဲ့..အဲ့မိန်းမက အဲ့ဒီနေရာ ကွမ်းယာဆိုင်မှာ
ပြဿနာမျိုးစုံရှာနေတာတဲ့..ကဲ..ခင်ဗျားတို့ အဖြစ်မှန်ကို သေချာစုံစမ်းပါ
ဦး..တစ်ဖက်သတ်တွေရမ်းပြောမနေနဲ့ဦးဗျို့...ပြဿာနာဖြစ်တဲ့ညက
အဲ့ဒီမိန်းမဘက်က လူဆယ်ယောက်လောက် တုတ်တွေနဲ့ ရောက်လာကြ
ပါတယ်တဲ့..အဲ့ဒါကို တိုက်လူကြီးတွေက တွေ့လို့ သူတို့ကို မောင်းထုတ်
လိုက်ရတာပါ..ပြဿနာတတ်တိုင်းသူတို့ဘက်က အစ်မတွေမောင်တွေက
ဲအဲ့လို ရှင်းနေကြပါတဲ့..ခုလိုဖြစ်တော့မှ ဟိုလူရဲ့ မြေဆွေးနေတဲ့ အဖေကို
လျှောက်နာမည်တတ်ပြီး ရေးထားတာပါ။..ကျွန်တော်လည်း မျက်မြင်သက်
သေတစ်ယောက်တော့မဟုတ်ဘူး..အနီးစပ်ဆုံးလူတွေပြောပြလို့ပါ..
ခင်ဗျားတို့သိတဲ့သတင်းတွေလည်း shareပါဦး

ပုဂံစစ်သည် said...

ဒီကောင်က ဘာအဆင့်ရှိလို့လဲ၊ ရာထူး၊ ဂုဏ်တွေထက် စိတ်ဓါတ်မြင့်မြတ်တဲ့သူကသာ အဆင့်ရှိတာ၊ ဒီကောင်ကမှ ဖာခေါင်း။

သူရအောင် said...

တော်တော်လေးလူပါးဝတဲ့ကောင်ပါလားကွ

ကိုယ်တော်ချော said...

ကိုညီညီ ရေ အစိုးရ ရုံးပိတ်ရက် ကို ဘယ်ဆေးရုံမှ အလုပ်မလုပ်ကြတော့ဘူးပေါ့ မှတ်သားလောက်ပါတယ်ကွယ် အဲ့လိုနေ့ဖြစ်တဲ့သေခါနီးလူနာ ကိုဆေးရုံပို့လို့ မရ အထူးကုလည်းမပို့နိုင်ဆိုရင်တော့ ရေဝေးသာတစ်ခါတည်း ပို့လိုက်တာကောင်းမယ်ထင်တယ်နော် ရုံးပိတ်ရက်မှာ ရေဝေး ကတော့ ဖွင့်ကောင်းပါရဲ့ ကောင်းလေစွ ကောင်းလေစွ

la woon said...

ဒီလူက လူမှဟုတ်ရဲ့လား
မသီတာလွင် လူလားခွေးလားသေချာ မကြည်လိုက်ဘူးလား
သူကို ဆင်းပြီးမပေးနိုင်လိုမကျေနပ်ရင် ဘာကြောင်လဲ မေးသင့်တာပေါ့
ဘာပဲ ဖြစ်ဖြစ် သူမှာဒီလို ရိုက်နှတ်ပိုင်ခွင့် ဆဲဆိုပိုင်ခွင့်မရှိဘူး
ဘအကောင်အားကိုးပြီးလုပ်တာလဲ
ရဲတွေထိထိရောက်ရောက် လုပ်ပေးသင့်ပါတယ်

Right Sider said...

ဒီသတင်းသာအမှန်ဆိုရင် လူမပီသတဲ့လူပဲဗျ..... ကျန်းမာရေးကောင်းတာမကောင်းတာထား အမျိုးသမီးတစ်ယောက်ကို အခုလို နိုင်ထက်စီးနင်းပြုတာ မတရားဘူးဆိုတာ အဲဒီလူမသိဘူးလား .... သူ့မိဘက အရာရှိဟောင်းတစ်ဦးဆိုတော့ သူ့ကိုလည်း စာပေမသင်ပေးဘဲတော့နေမှာမဟုတ်ပါဘူး ..... ပညာတတ်ပြီး ပညာမရှိအသိဥာဏ်မရှိတဲ့သူပဲ .... ကျွန်တော်တို့ ပြည်သူတွေဆိုတာ တစ်ဝမ်းတစ်ခါး ၀ဖို့အရေးကို နည်းမျိုးစုံနဲ့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေကြရတဲ့သူတွေများပါတယ် .... အခုလို မတရားမှုမျိုးကို နောက်နောင်ဘယ်သူမှ မပြုလုပ်ရဲအောင် ဥပဒေ ဆိုတဲ့အမှန်တရားနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပေးရမယ်.... အခု ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီဆိုတဲ့လမ်းပေါ်ရောက်နေပါပြီ ... နိုင်ငံသားတိုင်းက အမှန်တရားကိုလက်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့လျှောက်လှမ်းရမှာပါ .... လမ်းဘေးဈေးသည်တွေ ဈေးမရောင်းရဆိုတဲ့ဥပဒေ ရှိတာမှန်တယ် .. အဲဒီအတွက် အဲလိုဈေးသည်တွေ ဈေးမရောင်းရတော့တဲ့အတွက် သူတို့ဘ၀အတွက် အလုပ်အကိုင်သစ်တွေလုံလုံလောက်လောက်ဖန်တီးပေးရပါမယ် ... မဟုတ်ရင် အာလုံး ဒုက္ခနဲ့ပဲအမြဲတွေ့နေရမှာပေါ့....ဥပဒေဆိုတာဘက်မလိုက်ဘူးတဲ့ ... အခုလည်း ဒီကိစ္စအတွက် မှန်မှန်ကန်ကန်ဖြေရှင်းသင့်ပါတယ်.....

မျက်မြင်တွှေ့ရှိသူ said...

ဖြစ်ရပ်မှန်ကိုသိချင်ရင်တော့အခင်းဖြစ်ပွားရာနေရာမှာာကိုယ်တိုင်စုံစမ်းပြီးမှဝေဖန်သင့်ပါတယ်။ထိုကွမ်းယာဆိုင်သည်လိုင်စင်မရှိ၊ခွင့်ပြုချက်မရှိဘဲအိမ်ယာ၏ကားဝင်/ထွက်ပေါက်ကိုပိတ်ဆို့ရောင်းချခြင်း၊အမိန့်မရဘဲ၂၄နာရီညလုံးပေါက်ရောင်းချခြင်း၊ညစဉ်ညတိုင်းမူးယစ်သောက်စားထားသောသူမ၏အမျိုးသားနှင့်ဆဲဆိုရန်ဖြစ်ခြင်း၊မကြာ၊မကြာဝယ်ယူစားသုံးသူများနင့်ခိုက်ရန်ဖြစ်ပွားခြင်း၊အနီးနားရှိသူမ၏ဆွေမျိုးနီးစပ်များနှင့်အုပ်စုဖွဲ့ရန်လိုခြင်းများရှိနေသည်ကိုသက်ဆိုင်ရာရဲစခန်း၊အုပ်ချုပ်ရေးရုံးများဍ်သက်သေအထောက်းအထားများရှိပါသည်။အခင်းဖြစ်သည့်နေ့ဍ်လည်းကလေးမွေးဖွားထားသောသွေးနုသားနုအမျိုးသမီးတဦးနှင့်မတူရုပ်ရင်းကြမ်းတမှ်းဆဲဆိုရင်းအုပ်စုဖွဲ့.ရန်ပြုနေကြသည်ကိုပတ်ဝန်းကျင်မှမျက်မြင်သက်သေများလည်းတွေ့ရှိနေပါသည်။သနားစ၇ာသွေးနုသားနုအမျိုးသမီးတဦးအနေနှင့်မသုံးသပ်ဘဲအဖြစ်မှန်နှင့်ယှဉ်တွဲရျွ်ဝေဖန်သုံးသပ်မှသာတရားမျှတမူ့ရှိပါလိမ့်မည်။

Nay Nwaye said...

စိမ်းစိမ်းမြင်ရင်ကြောက်နေရတဲ့ အဖိနှိမ့်ခံတွေရဲ့ဘဝ အခုတော့စိမ်းစိမ်းတင်မကဘူး သူတို့နဲ့ပက်သက်တာတွေပါကြောက်နေရပါလားနော်

ye soelay said...

မြန်မာပြည်မှာ ဘယ်ရဲးကိုများ အားကိုးလို့ရလို့လဲး
ကိုယ့်အားကို အားကိုးပြီး ရှာစားနေတဲ့ သူတွေစီကတောင် ပြန်တောင်းစားနေရတာ ဘယ်သူ့ကိုများ ကူညီနိုင်မှာလဲး

san said...

ကျွန်တော်တို COMMENT တွေက'ကျွဲပါးစောင်းတီး'ဖြစ်နေလားမသိဘူး။အရေးယူတာတွေမရှိရင် တကယ်ကျွဲဘေး စောင်းတီတယ် မှတ်ပါတယ်။

WELCOME TO SUNSET INN IN KOHSAMUI said...

ထိုင်းနိုင်ငံလို သေနပ်လွယ်လွယ်နှင့် ၀ယ်လို့ရရင် ဒါမျိုးတွေ သိပ်တွေ့ရမယ် မထင်ဘူး သူချ ကိုယ်ချ စနစ်လေ။ လက်ရှိအာဏာ ပါဝါတွေကို ကြောက်နေတာကိုက ဒီလိုကောင်တွေကို မြေတောင်မြှောက်ပေးနေတာပဲ။ ၀ိုင်းရိုက်လိုက် ကြပါ့လား ပြောတော့ မြန်မာဟေ့ မြန်မာ ၊မဟုတ်ရင် မခံဘူးဆို....

snowiceman said...

အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံမှာ သူရဲကောင်းတော့လိုနေပြီ။
ဒါကတော့ စိတ်ကူးယဉ်ကြည့်တာပါ တကယ်လည်းလိုတာပါဘဲ
မြန်မာနိုင်ငံသားဆိုတာ ကိုယ့်ရှေ့မှာမတရားတာမြင်ရင် ၀င်ကူရဲရမယ်လေ
ဘယ်သူမှ မကူကြပါလား
ဘယ်သတင်းမှာမှ တခုခုဖြစ်ရင် ကိုဘယ်သူက၀င်ကူတယ်ဆိုပြီးမပါပါလား
ဝင်ကူတဲ့သတင်းက နည်းလွန်းလို့ လက်ချိုးရေလို့တောင်ရတယ်
ဘာဘဲဖြစ်ဖြစ်ပါ မြန်မာနိုင်ငံဟာ တစ်ခုခုချို့ယွင်းနေတာတော့အမှန်ပဲလေ

dateba.myo said...

dateba
အမျိုးဖျက်လို. အမျိုးလဲပျက်ပြီးပြီ။ ဆက်ပြီးတော့ ဒုက္ခမပေးကြပါ
နဲ.တော့။ အရမ်းလွန်လာရင် မင်းတို.က အမျိုးမစစ်တွေ ဖြစ်ကုန်တော့မှာ။
တနေ.တော့ဝဋ်လည်မှာပါကွာ။

snowiceman said...

လူဆိုတာ တစ်ခါပဲသေစရာရှိတာ ဘယ်သူမှနှစ်ခါမသေဘူး
ဒါကြောင့်မြန်မာနိုင်ငံသားတွေ ရဲရင့်ကြပါလို့ တိုက်တွန်းပါတယ်
ကိုယ်မှန်ရင် ဘယ်သူတွေကိုကြောက်ရမှာလဲ
ပြည်သူဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အင်အားအကြီးဆုံးပဲလေ
နောက်တခါ ဒီလိုတွေဖြစ်တာဟာ ကိုယ့်ရဲ့ရှေ့မှာဖြစ်တာဆိုရင်
ကိုယ့်ရဲ့တာဝန်လို့သာသတ်မှတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်

snowiceman said...

ဥပဒေမှ အသက်မ၀င်သေးတာ တို့တွေက ပြူပြင်ပေးရမှာပေါ့

Dr.Shwebo said...

သတင်းတွေ ဖလှယ်ကြတာတော့ ကောင်းပါတယ်၊ အဖြစ်မှန်ကို မသိဘဲနဲ့တော့ သူတစ်ပါးကို မှိုချိုးမျှစ်ချိုး မပြောသင့်ပါ၊ တာဝန်ရှိသူတွေက အရေးမယူဘူးဆိုတာလဲ မဖြစ်နိုင်ပါ၊ အချို့က မီဒီယာကို အားကိုးပြီးတော့ သတင်းမှားတွေ တင်နေကြတာ မဖြစ်သင့်တဲ့ကိစ္စပါ၊ အများထင်ယောင် ထင်မှားဖြစ်စေတဲ့သတင်းမျိုးကို မီဒီယာသို့တင်မပေးသင့်ပါ၊ အများပြည်သူ အမှန်တကယ် သိစေအပ်တဲ့၊ တာဝန်ရှိသူတွေ သိသင့်/အရေးယူသင့်တဲ့ ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေ အစိုးရ မီဒီယာတွေက ထိန်ချန်ထားတဲ့ အဖြစ်မှန် သတင်းမျိုးဆိုရင် အမြဲတမ်းကြိုဆို စောင့်ကြိုလျက်ပါ၊ ပုဂ္ဂလိက ခံစားချက်ကို ဦးစားပေးပြီး ဖော်ပြထားတဲ့သတင်းမျိုးဆိုရင် စိတ်မ၀င်စားပါ၊ စိတ်ဓါတ်ယုတ်ညံ့တဲ့သူတွေသာ ပြုလုပ်တဲ့ လုပ်ရပ်မျိုးပါ၊

han said...

လောကကြီးမှာ ဒီလိုမတရားမှုတွေ အများကြီးရှိနေတယ်.. ဘယ်လိုလုပ်ရမလဲ.. တကယ်ခံခဲ့ရတဲ့သူ.. တကယ်ခံဖူးတဲ့သူပဲ ဒါတွေကို ကိုယ်ချင်းစာနိုင်တယ်.. ဒီကိစ္စမှ မဟုတ်ဘူး.. တခြားအလားသဏ္ဍာန်တူဖြစ်ရပ်မျိုးတွေ ဒုနဲ့ဒေးပဲ.. အထက်က အစ်ကိုတွေပြောခဲ့သလိုပဲ.. နောက်ကမလိုက်နိုင်ရင် လုပ်တဲ့သူက လုပ်ပြီး ခံရတဲ့သူကလည်း ခံလိုက်ရတယ်.. ပြီး.. ဒီလိုပဲ အီးရော..အီးရောနဲ့ ပြီးသွားတတ်တယ်.. တကယ်လို့ ခံရတဲ့သူက အကောင်ကြီးကြီး အမြီးရှည်ရှည်ရဲ့ သားသမီးဖြစ်ကြည့်ပါလား.. မိုးတောင်မီးလောင်သွားဦးမယ်.. ဒီလိုပဲဖြစ်နေတယ်.. ကိုယ်ချင်းလည်းစာပါတယ်.. ကိုယ်လည်းဘာမှမလုပ်ပေးနိုင်ဘူး.. လုပ်ပေးနိုင်တာကတော့ အဲဒီကောင်ကို သွားပြီး ကိုယ်ထိလက်ရောက်ဆုံးမဖို့ပဲရှိတယ်.. ဒီလိုစနစ်မျိုး ပပျောက်ပါစေ.. ပပျောက်အောင် လုပ်နိုင်တဲ့ ဥပဒေကို တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေများများပေါ်ထွက်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ..

ဆုမွန် said...

အကြောင်းစုံကိုသိရရင် ပိုကောင်းမယ်လို့ထင်ပါတယ် ဘာလို့လဲ ဆိုတော့ ပြောတဲ့အတိုင်း တစ်ဖက်သတ်ချည်းပဲ ယုံလို့မရဘူးလေ.. ဟိုကရိုက်တယ်ဆိုတာကကော အမှန်ပဲလား ဘာအကြောင်းကြောင့်ရိုက်တာလဲ ကွမ်းယာဆင်းမပေးနိုင်ရုံနဲ့ ရိုက်တယ်ဆိုတာတော့ သဘာဝမကျဘူးထင်ပါတယ် တခုခုတော့လွဲနေတယ်ထင်တာပဲ

babyhan said...

သူ့အဖေကအငြိမ်းစားပဲ...ဘာကိုကြောက်စရာလိုလဲ....ဒီမိုကရေစီဆို....မြန်မာနိင်ငံအရာရှိတွေ...ဘာလုပ်နေလဲ....မင်းတိုပဲတိုင်းပြည်ကိုချစ်တယ်ဆို....ဒါကြီးကတိုင်ပြည်ကိုချစ်တာလား...အရေးမယူဘဲထားတာတိုင်းပြည်ကိုချစ်လို့လား.......ငါသာဆိုရင်ဒီကောင်ကိုဘာမှမမေးဘဲပါး၃ချက်လောက်ရိုက်ပြီးထောင်ထဲထည့်လိုက်ပြီ.....မင်းတို့တွေပဲကိုယ့်နိင်ငံသားကိုအရေးမ
ထားတာ....မင်တိုတွေအရာရှိတွေကိုပဲရေထား....ဒါမှစားရမာ....ငါ
တော့မစားချင်ဘူး....တရားမျှမျှတတပဲလိုချင်တယ်..

Anonymous said...

ဟုတ်တယ်။

ပြည်ချစ်ကိုကို said...

မြို.နယ်မှုးသား က လည်း ဆိုက်ကားသမားသားလောက်တောင် စောက်ဆင့်မရှိပါလားကွ။ရမ်းချင်တိုင်း ရမ်းနေရအောင် ဥပဒေက လစ်လျှု ရှုထားတာလား။ ဒီလိုကောင်မျိုးတွေများများရှိနေလို.ကတော့ မင်းမဲ့တိုင်းပြည်ဖြစ်ပြီ။

Powered by Blogger.