မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တိုက်မှု မြင်ကွင်း ဓါတ်ပုံများ


ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့  သွားရောက်တဲ့  မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ်တစ်စီးတိုက်မိခဲပါတယ်။

 ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရတယ်။
 ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သကြန်အတက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ပြည်မြို့  ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားရာကို  မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့တဲ့  ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ဟာ ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာပြီး ဆိုင်ကယ်ကို တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ်တိုက်မှုနဲ့ ပါတ်သတ်လို့  မျက်မြင်တွေ့ ရှိခဲ့သူ ကိုပြေလင်းဆက် က Myanmar News Now ကို အခုလိုပြောပြပါတယ်။
 "အတိုက်ခံရတဲ. ခလေးလေးက ပွဲခြင်းပြီး အကြိတ်ခံလိုက်ရတယ်။ကျွန်တော်လဲ အဲ.ဒိနားမှာရှိတယ်အကို။ မြင်ရတာစိတ်မချမ်းသာလို.ပြီးတော.  မီးလောင်လို.သွားတဲ့  ပြည်ကမီသတ်ကားအများစုဟာ မီးလောင်ပြီဆိုရင် တကယ်ကို စည်းကမ်းမရှိတော.ပဲ၊ တွေတဲ.လူဆဲ၊ ငါတိုက်ချင်လဲတိုက်လို.ရတယ်ဆိုတဲ. အတွေးတွေပဲရှိတယ်အကို။ "

Myanmar New Now

ယာဉ်တိုက်မှုမြင်ကွင်းကို ကိုပြေလင်းဆက် မှာ ရိုက်ကူးပေးပို့ ထားတာပါ။

မီးသတ်ကားအောက်မှာ ညက်ညက်ကျေသွားတဲ့ ရေပတ်ခံဆိုင်ကယ်





မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တိုက်မှု မြင်ကွင်း ဓါတ်ပုံများ မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တိုက်မှု မြင်ကွင်း ဓါတ်ပုံများ Reviewed by သစ်ထူးလွင် on 23:31 Rating: 5

21 comments:

Anonymous said...

တာဝန်ရှိသူရော.. မရှိသူပါ.. အခြေခံ လူ့စိတ်ဓာတ်အဆင့်အတန်း မြင့်မားဖို့လိုအပ်ပါတယ်။
သနားစရာဗျာ.. ကလေးကပွဲချင်းပြီး.. ပျော်နေတဲ့တဒင်္ဂကနေ မိသားစုဘ၀လေး ပျက်စီးသွားရရှာပြီ..

နီယို said...

ကြားချတာကောင်းပါတယ်...သူလဲတာဝန်အရ .....သေသွားတဲ့ဘက်ကလည်း ဆိုင်ကယ်ကို ....အင်းမပြောတော့ပ်ါဘူး....ကျနော်ကတော့ အေးအေးဆေးဆေးဖြစ်စေချင်တယ်ဗျာ....မီးသတ်မကောင်းဘူးသာပြောကြတာ...နောက်ဆုံးတော့မီးလောင်ရင်တော့ ....မီးကိုမနိုင်ရင်တော့...မီးသတ်ကိုဘဲဖုန်းဆက်ကြတာပါဘဲဗျာ....ကျနော်မီးသတ်လဲမဟုတ်ဘူး.....စစ်သားလဲမဟုတ်ဘူးနော်....စတေဘယ်လေးနေကြည့်တာပါ...

60P said...

ဘယ်နိုင်ငံမှာမဆိုမီးသတ်ကားတွေကဒီလိုပဲမောင်းရတာပဲ..ဒါကိုပုံကြီးချဲ့ပီးချပြမနေစေချင်ဘူး...မီးသတ်ကားလာရင်တော့ဖယ်ပေးရမှာအားလုံးစိတ်ထဲမှာရှိရမယ်...ဒါအတွေ့အကြုံတစ်ခုလို့ လူတွေနားလည်အောင်ရေးပြီးချပြရမှာ..ခုတော့မီးသတ်ကားမှားတယ်ဆိုတာမျိုးတော့မရေးသင့်ဘူ...မင်းတို့အိမ်မီးလန့် ကြည့်ပါလား...လမ်းပေါ်မှာကာစီးလုပ်နေတဲ့ သူတွေတောင်မင်းတို့ ကိုယ်တောင်ထွက်ရိုက်အုံးမှာ...ဟိုတစ်လောကလည်းမီးသတ်ကားသွားတာကိုပိတ်မောင်းတဲ့ ရန်ကုန်ကလိုင်းကားကိုအမူဖွင့်ပီးအရေးယူလိုက်တဲ့သတင်းတွေ့ လိုက်တယ်..ဒါမျိုးပဲဖြစ်ရမယ်လေ...မီးသတ်ကားမောင်းသူရဲ့ ညံ့ဖြင်းမူလည်းပါကောင်းပါလိမ့်မယ်...သူ့ ကားကိုကရှေ့ခန်းအမိုးမပါတော့ရေပက်တဲ့ အချိန်မှာမမြင်လိုက်ရတာနေမှာပါ...စာရေးသူတွေအာဘော်တွေဟာတစ်ခါတစ်လေအဆင့်မရှိတဘက်စောင်းနင်းဖြစ်နေတာတွေခဏခဏတွေ့နေရတာတော့စိတ်မကောင်းဘူး

အောင်သာယာ said...

တစ်နှစ်တစ်ခါ အတါကူးတိုင်း သမီးလေး အတွက် အမှတ်ရနေတေါ့မှာပါ. သမီးလေးကေါင်းရာ မွန်ရာ ဘုံဘဝလါးနိုင်ရောက်နိုင်ပါစေ

ငရဲသား said...

မီးသတ်ကားရဲ့ နံပါတ်နဲ့ မော်ဒယ်ကိုလည်း ကြည့်ကြပါဦးဗျာ..။ ဒီလောက် ဟောင်းနွမ်းစုတ်ပြတ်သတ်နေမှတော့ အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ် အလွယ်တကူမာင်းနှင်ထိန်းသိမ်းလို့ လွယ်မလဲဗျ..။ တိုင်းရော့တွေပြုတ်ပြီး ဘရိတ်တွေပေါက်ပြီး ဒါမဟုတ် ကားမကောင်းတော့မထိန်းနိုင်လို့ ၀င်တိုက်တယ်လို့ထင်ပါတယ်.။ အဲဒါကြောင့် မီးသတ်ကားကြောင့်လို့ ယူဆပါတယ်..။

ပြည်လို တိုင်းမြို့တော်အဆင့်မှာ ဒီလို မီးသတ်ကားမျိုးအသုံးပြုနေတာ သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ဘာလုပ်နေကြသလဲ..။ ကိုယ့်အိပ်ထဲလလည်း ကိုယ်သိပ်မထည့်ကြပဲ..။ မီးသတ်ကားကောင်းတွေကို စည်းဝေတိုင်ပင်လဲလှယ်ပေးသင့်ပါတယ်..။

Aung Soe Oo said...

မြန်မာပြည်မှာဒီလိုမျိုးအောက်တန်းကျတဲ့စိတ်ဓတ်ရှီတဲ့အဖွဲ့အစည်းတွေလူတန်းစားတွေတော်တော်များနေပါပြီငါကျောင်းကား(ဖယ်ရီ)မောင်းတာဘဲဆိုပြီးမောင်းချင်သလိုမောင်းမီသတ်ကားမောင်းတဲ့ကားသမားလဲငါမောင်းတာအများအတွက်ဆိုပြီးမာန်တွေတက်မောင်းချင်သလိုမောင်းဆေးရုံကားမောင်းတဲ့လူလဲဒီအတိုင်းဘဲငါ့ကားက(VIP)ဆိုပြီးမောင်းတော့အပေါ်မှာပါတဲ့လူနာကတယောက်အောက်မှာတိုက်လိုက်တဲ့လူက ၂ ယောက်ဖြစ်နေတာပေါ့ဗျာ အားလုံးရဲ့စိတ်ဓတ်တွေပြုပြင်ပြောင်းလဲဖို့လိုနေပြီလေ ...တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ်တွေပြောင်းပြီလူတွေရဲ့စရိုက်လက္ခဏာတွေမပြောင်းသရွေ့တော့တိုင်းပြည်ဟာဒီလိုဘဲအောက်တန်းစားတိုင်းပြည်ဖြစ်နေမှာဘဲ...

Unknown said...

ဒါကတော မကောင်းဘူးဗျာ

kyaw tun naing said...

ဘယ်သူမဆို မီးသတ်ကားလာတယ်ဆိုဖယ်ကြမှာပါ... ဒီလိုအချိန်ခါမှာတော့စိတ်ရှည်ရှည်ထားမောင်းသင့်ပါတယ်.. ခုလိုဖြစ်တော့လိုရာခရီးလည်မရောက် ပဲနဲ့အသက်ပေးလိုက်ရပါတယ်... အရေးပေါ်ယာဉ်ဆိုတာမှန်ပါတယ် ဦးစားပေးယာဉ်ပါ... ခုလိုလူစည်ကားတဲ့နေရာကဖြတ်တယ်ဆိုရင်တော့.... စိတ်ရည်ပေါ့ တကယ်တမ်းဝါရင့်တဲ့ကားသမားတွေကိုပဲ ယာဉ်မောင်းခန့်ထားစေချင်ပါတယ် တချို့တွေရှိပါတယ် လိုင်စင်တောင်မရှိပါဘူး... တကယ်ကိုသိပါတယ်.. အထင်နဲ့ပြောတာမဟုတ်ပါဘူး.... ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ မျက်မြင်တွေ့လိုက်တဲ့သူတွေကပိုသိမှာပါ.....

baganwiki said...

ကျွန်တော့်အမြင်ကတော့ မြန်မာနိုင်ငံတင် မကဘူး။ နိုင်ငံတကာမှာပါ မီးသတ်ကားက အရေးကြီးရင် ဘယ်နေရာဒေသကိုမဆို အတားအဆီးမရှိ ဖြတ်သန်းမောင်နှင်ခွင့်ရှိတယ်လို့ ထင်တယ်။ မီးသတ်ကားတွေ လမ်းပြောင်းပြန်မောင်းတာကိုတောင် မြင်ဖူးတယ်။ မီးသတ်ကားရှေ့မှာ မလွတ်မလပ် ရပ်မိရင်တော့ တိုက်မိမှာပဲ။ သေသွားတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် မီးသတ်ကားဘက်က မမှားလောက်ဘူး ထင်ပါတယ်။ (မီးသတ်ကား မောင်းနှင်ခွင့်ရ အတိုင်းအတာအရပေါ့)

Bravo said...

တာဝန်ဆိုတာ လူတိုင်းမှာရှိဖို့လိုတယ်။ အဲဒီတာဝန်ကို ပိုပြီးတော့လဲ ဝင့်ဝါမပြနဲ့၊ လျှော့ပြီးတော့လဲ ပေါ့ဆမပြနဲ့။ သတ်မှတ်ထားတဲ့အတိုင်း နေထိုင်နိုင်ကြမယ်ဆိုရင် တိုးတက်လာကြမှာပါ။
ဒီနေရာမှာ မီးသတ်ကားဥသြဆွဲသလား။ ဥသြဆွဲတယ်ဆိုရင် ဆိုင်ကယ်ကရော နားလည်စွာ ရှောင်ရှားပေးသလား။ ဒါတွေ မမြင်ကြရပဲ ဘေးကနေ မမြင်ပုဏ္ကား ၆ ယောက်လိုပြောနေရင်တော့ ဘာမှအကျိုးမရှိဘူးလို့ထင်တယ်။

good egg. said...

ဟုတ် တယ် ဗျ...မီး သတ် တွေ အဲ လိုဘဲ....ကျွန် တော် လဲ...ကိုယ် တွေ့  ကြုံ ခဲ့  ရ လို့  ပြော တာ....ဘလိုင်း ကြီး မီး သတ်ကား ပေါ် က နေ ဆဲ သွား တာ.....ပြီး တော့ေ၇ က ပါ မလာ ဘူး......ချီးထုတ် တွေ...ရိုင်း တယ် ဗျာ.....အဆင့်  မြှင့်  တင့်  ဖို့  လို နေ ပြီ.......!

Oo lay Gyi said...

ပြည်မှာသင်္ကြန်တွင်းမီးသတ်ကားတိုက်လို့သေတဲ့ကလေး.........ငါနှစ်အတွင်းဒါဟာ.............ဒုတိယအကြိမ်ပါ..........ပထမတစ်ခါတုန်းကတော့.....အရံမီးသတ်ကားကပဲတိုက်တာ.........ကလေးတစ်ယောက်ပေါ့.........သင်္ကြန်တွင်းနေ့လည်နေပူပူ.......၂ နာရီ..လောက်မှာပေါ့......နေပူလို့လူတွေအပြင်သိပ်မထွက်တဲ့အချိန်မှာပေါ့.....ကလေးခေါင်းကိုနင်းမိတော့..........ပြာချပ်သွားတယ်..ပွဲချင်းပြီးသေတာပဲ...
လွင်ခဲ့သော၅နှစ်...၆နှစ်ကျော်လောက်ကပါ.......မောင်းတဲ့လူတွေကို.....သင်တန်းပေးသင့်ပါတယ်............ထားရှိရမယ့်စိတ်ထားလေးတွေကိုပေါ့...
အရမ်းမလုပ်သင့်တဲ့အရာတွေပါ.......မောင်းတဲ့လူပေါ်မူတည်ပါတယ်......

Anonymous said...

မီးသတ်ကားလည်းစည်းကမ်းနဲ့မောင်းသင့်ပါတယ်။
လူရှုပ်တဲ့နေရာပဲအရှိန်တော့လျှော့၇မှာပဲ။
အရေးကြီးလို့လေယာဉ်ပျံလိုလည်း
မောင်းလို့မှမရောက်တာ...
မီးသတ်လည်းအရေးယူ၇မှာပဲ။
ယာဉ်စည်းကမ်းလမ်းစည်းကမ်း
အားလုံးအတွက်ဥပဒေဆိုတာရှိရမယ်။

Unknown said...

" ပြည်ကမီသတ်ကားအများစုဟာ မီးလောင်ပြီဆိုရင် တကယ်ကို စည်းကမ်းမရှိတော.ပဲ၊ တွေတဲ.လူဆဲ၊ ငါတိုက်ချင်လဲတိုက်လို.ရတယ်ဆိုတဲ. အတွေးတွေပဲရှိတယ်အကို။ " လို့ ကိုပြေလင်းဆက်ပြောသွားတာနဲ့ပတ်သက်ပြီးပြောချင်ပါတယ် တကယ့်အရေးပေါ်လမ်းကြောင်း အများပြည်သူအကျိုးစီးပွားနဲ့ပတ်သက်ပြီးသွားလာရတဲ့ အခြေအနေမှာ မီးသတ်ကားတို့အရေးပေါ်လူနာတင်ယာဉ်တို့လာပြီဆို ဦးစားပေးလမ်းရှင်းရမယ် ဆိုတာကို ကိုပြေလင်းဆက်အပါအ၀င် လူတော်တော်များများ မသိဘူးဆိုတာထင်ရှားပါတယ်၊ ကိုယ့်အပြစ်ကိုလည်းကိုယ်မြင်ပြီးပြင်တတ်ကြဖို့လည်းလိုနေသေးပါတယ် နောက်ပြီးဆိုင်ကယ်တော်တော်များများဟာလည်း ယာဉ်စည်းကမ်းတွေနားမလည်ကြတာများတာကို ကြိုက်တဲ့နယ်ခရီးထွက်ကြည့်ပါသိပါလိမ့်မယ်၊ မတော်တဆဖြစ်မှုကိုတော့စိတ်မကောင်းပါဘူး၊ စည်းကမ်းသိမယ်ဆိုလည်းမတော်တဆမှုတွေဖြစ်လာမှာမဟုတ်ဘူးလို့မြင်တယ်ခင်ဗျ။ အခုပြောတာက မတော်တဆဖြစ်မှုမှာသေသွားရတဲ့ ဒဏ်ရာရသွားတဲ့ မိသားစုကိုကိုယ်ချင်းမစာလို့မဟုတ်ဘူးဆိုတာတော့သိစေချင်ပါတယ်ဗျာ။

ell said...

တခုခုဖြစ်တိုင်းအစိုးရမကောင်းဘူးပြောလိုက် ဟိုအဖွဲ.အစည်းမကောင်းဘူးပြောလိုက်နဲ. ပြည်သူတွေကရောတဦးချင်းစည်းကမ်းရှိကြရဲ. လား ဆိုင်ကယ်ဆိုတာကားမဟုတ်ဘူး တမိသားစုလုံးစီးလို.မရဘူး သူလဲ သူ.စည်းကမ်းနဲ.သူကိုယ်လဲ ကိုယ်.စည်းကမ်းနဲ.ကိုယ်ဆိုဘာမှမဖြစ်ဘူး...ဂရုဏာဒေါသသက်သက်နဲ.ပြောတာပါ..

pls said...

ကျွန်တော်ပြောတဲ.အထဲမှာလဲ။မည်သူတစ်ဦးတစ်ယောက်၊ဘယ်အဖွဲ.အစည်းကိုမှပုတ်ခတ်တာမပါ ပါဘူး။လူနည်းစုတချို.ကြောင်.သာ ဒီလိုတွေအထင်ခံနေရတာပါ။ အပေါ်ကအကို Loudspeaker ပြောတဲ. အတိုင်းကျွန်တော်တို.နားမလည်ဘူးလို.ပဲထားပါ။ အကို.ရဲ.မျက်စိရှေ.မှာဒီဖြစ်စဉ်ကို မြင်တွေ.ရတယ် ဆိုရင် ဘယ်သူပဲဖြစ်နေဖြစ်နေပါ အနည်းနဲ.အများတော. စိတ်ခုသွားမဲ.သူတွေချည်းပါပဲ။ အခုဖြစ်သွားတာကလဲလမ်းဆုံလမ်းခွမှာ၊သင်္ကြန်မဏ္ဍပ်ကလဲရှိနေတော. လူသွားလူလာအများဆုံး ၊ ဒီရပ်ကွက်မှာနေတဲ. မီသတ်ကားမောင်းတဲ.သူက ဒီနေရာမှာက လူတွေရှုပ်တတ်ပါလားလို.မတွေးမိဘူးလား။ ၂ မိနစ်လောက်ပိုနောက်ကျသွားလို.ကော တစ်ရပ်ကွက်လုံးပြာကျသွားမှာတဲ.လား။ လူတစ်ယောက်ရဲ.အသက်တစ်ချောင်းဆိုတာ တန်ဖိုးရှိပါတယ်ဗျာ။ဒီလိုတော.စကားကို လွယ်လွယ်မပြောသင်.ဘူးလို.လဲထင်တယ်။ 'မီးသတ်ကားတို့အရေးပေါ်လူနာတင်ယာဉ်တို့လာပြီဆို ဦးစားပေးလမ်းရှင်းရမယ် ' ဒီစကားကမှန်ပါတယ်ဘယ်လိုပဲတွေးတွေး။ဒါပေမယ်. မိမိကြောင်.သူတစ်ပါးထိခိုက်နစ်နာသွားတာကို လိုလားပါသလား။ အကိုကိုယ်တိုင်ပဲစဉ်းစားအဖြေထုတ်လိုက်ပါ။

ရာရာ said...

မီးလောင်ပြီဆိုရင် မီးသတ်ကားဟာ အမြင့်ဆုံးဦးစားပေးအဆင့်ကိုရောက်ရှိပါတယ်။ ပြီးတော့ အခင်းဖြစ်ရာကိုအမြန်ဆုံးနည်းနဲ့ရောက်ဖို့ တာဝန်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲမောင်းမောင်း ဘယ်ကားသမားမဆို ရှေ့က လူမပြောနဲ့ တိရိ စ္ဆာန်တစ်ကောင်ကောင်ဖြစ်နေပါစေဦး ရည်ရွယ်ချက်ရှိရှိတိုက်မှာမဟုတ်တာကို ကားမောင်းတတ်တဲ့လူတိုင်း သိပါတယ်။ ဒါ မတော်တဆ သက်သက်ပါ။

Sayar said...

မီးသတ်ကားကပယ်ထားတာကြာပြီဖြစ်တဲ့ ဃ နံပါတ် ကား။တရား
မ၀င်တဲ့ကား။ နောက်တခုက ဥသြောဆွဲပြီးအရေး ပေါ်သွားလာ
သည့် အခါ တွင်သာဦးစားပေး ခံရသည်။ မည်သည့်အရေး ကြီးကိစ္စကြောင့်သွားလာသည်ဖြစ်စေယာဉ်စည်းကမ်းနှင့်လမ်း
စည်းကမ်းကိုလိုက်နာရမည်။ယာဉ်တိုက်မှုဖြစ်ကသာမန်ယာဉ်ကဲ့သို
့အရေး ယူခံရမည်သာ။

RIO Myanmar said...

မင်းတို့ကောင်တွေ...ရှေးလူကြီးတွေပြောတာ ဒါနေမှာ...ပျာတာပျာဖွဲမထွက်ဘူးဆိုတာ...သူများမိသားစုကိုဖျက်စီးလိုက်ပြီ...သနားဖို့ကောင်းလိုက်တာကွား(

Unchange in Manner said...

ရင်ထဲတကယ်ကိုမကောင်းပါဘူ။

ktm said...

ကြားရတာ မကောင်းတာတွေချည်းပါပဲလား မီးကလဲလောင်သေး ကလေးကလည်းသေရသေး ဟူးးးးးးးးးးးးး

Powered by Blogger.