နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး

မြန်မာပြည် ရဲတပ်ဖွဲ့ နဲ့ ပတ်သက်လို့ မကောင်း သတင်း တွေ မကြာခဏ ကြားရတတ်လေ့ရှိ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပလောင် လူငယ် တဦးကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ပြီး အဲဒီ လူငယ် ဦးခေါင်းတွင်း ဒဏ်ရာ ပြင်းထန် မလားလို့ စစ်ဆေးမှု တွေ ပြုလုပ် နေရ ပါတယ်။

နမ့်ဆန်မြို့ နမ့်ဝေါလ ရပ်ကွက် က အသက် ၂၀ ကျော်အရွယ် ပလောင် လူငယ် မိုင်နိုင်လင်း ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း တရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မှာ ရဲတွေ က သူထိုင်နေတဲ့ စားသောက်ဆိုင် အတွင်း က ဆွဲထုတ် ပြီး ဝိုင်းရိုက် တာကို ခံရတာ ကြောင့် ခေါင်းကွဲ သွားတဲ့ အပြင် ဦးခေါင်းအတွင်း ဒဏ်ရာ ရမှာ ကို စိုးရိမ် ရတာကြောင့် နမ့်ဆန် ဆေးရုံ ကနေ မန္တလေး ဆေးရုံ ကို အစစ်ဆေးခံ ဖို့ ပို့ လိုက်ရပါတယ်။

အဲဒီ နှစ်ဆန်း တရက် နေ့ က မိုင်နိုင်လင်း နဲ့ လူငယ် သူငယ်ချင်း တစု ထိုင်နေစဉ် အဲဒီနား ကဖြတ်သွားတဲ့ ရေပက်ခံ ဆိုင်ကယ် က မိန်းကလေး တဦး ကို ဆိုင်ထဲက နေ ရေပက် လိုက်လို့လား တခုခု လုပ်လိုက်သလား အကြောင်းရင်း မသဲကွဲပဲ အဲဒီမိန်းကလေး ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားခဲ့ရ ပါတယ်။

အဲဒီနောက်ပိုင်း ရဲတွေ ရောက်လာပြီး မိုင်နိုင်လင်း က အဲသလို မိန်းကလေး ကို ဆိုင်ကယ် ပေါ်က ကျအောင် လုပ်တယ် ဆိုပြီး စွပ်စွဲ ရိုက်နှက်ခဲ့ကြတာပါ။

ဆိုင်ကယ် က ကျသွားတဲ့ မိန်းကလေး အနေနဲ့ အသေးစားထိခိုက်မှု က လွဲလို့ ဒဏ်ရာ ကြီးကြီးမားမား မရ ခဲ့ဘူး လို့ လည်း နောက်ပိုင်းမှာ သိရပါတယ်။အခုလို ရဲတွေရဲ့ ရိုက်နှက်မှု ဟာ မတရား ရိုက်နှက်မှု ဖြစ်တဲ့ အတွက် မိုင်နိုင်လင်းရဲ့ မိသားစု က အထက်အဆင့်ဆင့် ကို တင်ပြ ပြီး ကာယကံရှင် ရဲတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

ဘီဘီစီ
နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး Reviewed by သစ်ထူးလွင် on 20:14 Rating: 5

18 comments:

ဖိုးစလုံး said...

ရဲတွေကတော့ တိုင်းရင်းသားတွေဆိုရင် နွာမယ်ဆိုတာကြီးပဲ။ ကောင်လေးမှာ အပြစ်ရှိရင် တရားဥပဒေ အရအရေးယူပေါ့။ ခုလုပ်တာက လမ်းဘေး စရိတ်ဆန်တယ်။

honey said...

သေချင်းဆိုးရဲတွေ
သူတို့လုပ်ရင်ဥပဒေမရှိဘူး။
ဘာမှအသုံးမကျတဲ့ရဲတွေကို
အရေးယူသင့်တယ်။

supergunner said...

ကိုဖိုးစလုံးရေ
သွားပြေမနေနဲ့ ရဲဆိုတာလမ်းဘေးမှာစားလမ်းဘေးမှာဂွင်ဖန်..
ပြည့်တန်ဆာတွေနဲ့ နင်လားငါလားရယ်.. မန်းတလေးမှာဇော်ဝမ်းဆိုတာ
နာမည်ကြီးပဲ.အထင်ကရပဲ.အခုထိသာသာယာယာပဲ..ဘယ်ရဲမဆိုဖရီးသွားအိပ်
ကြတာပဲ.. တရားဥပဒေစိုးမိုးတယ်ဆိုရင်တစ်ခုခုလုပ်လေ..
သူတို့ တွေဘယ်လောက်ချမ်းသာချမ်းသာရာထူးကြီးကြီး.ယူနီဖောင်းနဲ့ ရဲရဲဝင့်ဝင့်
ပွဲတတ်ရဲလား.ဘယ်မင်္ဂလာပွဲမှလက်မခံဘူး .ကျက်သရေတုံးလို့ ..
ဒီလိုကောင်တွေ၈၈၈၈ လုံးမှာခေါင်းဖြတ်သတ်ခံရတာနည်းတောင်နည်းသေး

အီးတီ said...

သူတောင်းစားတွေတစ်ခုခုဖြစ်ရင်ရိုက်ဖို့ချည်းဘဲ။တော်တော်စာနာစိတ်မ၇ှိတဲ့အကောင်တွေရိုက်စရာလိုလို.လား။ဖမ်းသွားပြီတော့မှစစ်ရင်ရတာဘဲ။

mon lay said...

အထက်ကလူကြီးတွေပဲခေါင်းကိုက်ရအုံးမယ်ဒီရဲတွေလုပ်ပုံက
တစ်ဖက်သက်စကားကိုအတည်ပြုရတယ်လို့ကွာ
နဲနဲပါးပါးစုံစမ်းမယ်မကြံဘူး..ကျွန်တော်တို့နိုင်ငံကိုတော်တော်
ပြင်ဆင်ရအုံးမယ်ဒီတိုင်းဆက်သွားနေလို့မဖြစ်ဘူး
လက်ရှိနိုင်ငံခေါင်းဆောင်တွေတော်တော်ပင်ပန်းအုံးမှာသေချာတယ်

Anonymous said...

သြော်....ရဲဆိုမှတော့ အဆင့်အတန်းမှမရှိတာလမ်းဘေးနေလမ်းဘေးအိပ်စား နေပြည်တော်မှာဆိုပိုဆိုးသေး အ၀ိုင်းတွေ၊ လမ်းဆုံတွေမှာစောင့်နေတာ(နေ့/ညမနား)
ကူညီဖို့လား....မဟုတ်ဘူး
သဲကား၊ကျောက်ကား. လားသမျှကားတွေဆီကပိုက်ဆံတောင့်ဖို့

Unknown said...

ရဲ တွေ လုပ်ချက်ကတော့ ..တစ်ခု မှ အကောင်းမရှိဘူး...ရွံစရာတွေကြည့်ပဲဗျာ.......................

Yee Yint Aung said...

မသထာ ရေဆာ စားတဲ သူတောင်းစား လို့ခေါ်ဆိုပါတယ်ဗျ....
သေးသေးလား ကြီးကြီးလား အကုန်လာထား မျိုမယ် ဆို့မယ် ....
ငွေပေးရင် အချုပ်ထဲဝင်ရိုက်လို့တောင်ရသေးတာတွေရှိသေးတယ် ....
အဲဒါ သိချင်ရင် ပဲခူးတိုင်း နတ်တလင်းမြို့က တာပွန်ရဲစခန်းကိုသာမေး...
မတရားတာတော့ တိုင်းသိပြည်သိ မသိချင်ယောင်ဆောင်တာတော့ နိုင်ငံ့ အကြီးအကဲတွေ ပါပဲ ဗျာ........

နီယို said...

ဘာလို့ အမှန်တေကြည့်ပြောနေကြတာလဲဗျာ....

တောသားကြီး said...

စစ်သားဆိုတာ စစ်ထဲဝင်ရင် အနည်းဆုံး သတ္တိရှိတယ်။ ရဲထဲဝင်တာ သူများကို အနိုင်ကျင့်၊ ပိုက်စံတောင်းချင်လိုဝင်တာ။ အဆင့်အတမ်း လုံးဝမရှိဘူး။

Naing Lin Zaw said...

တောက်မိုက်ရိုင်းတယ်ဗျာ အဲဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းပါ အဲဒီရဲစုတ်တွေကို အရေးယူစေချင်ပါတယ်။ တကယ်လို့ အရေးမယူဘဲ ထားနေမယ် ဆိုရင်တော့ တိုင်းရင်းသားတွေ ကလဲ အမြဲ တမ်းခါင်းညိတ်ခံမှာ မဟုတ်ဘူးဆိုတာ သိထားပါ။

bobo said...

ဖြစ်စဉ်ကို အသေအချာသိရင်ကောင်းမယ်ဗျာ

bobo said...

ဖြစ်စဉ်ကို သေချာသိအောင် လုပ်သင့်တယ်
တစ်ဘက်သတ်ပြောဆိုနေမယ့်အစား သေချာသိအောင်လုပ်ပြီး မှန်ကန်ရင်
ဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူသင့်တယ်ဗျာ

စေတနာလူငယ် said...

ကူညီပါစေမဟုတ်ဘူးဗျို့ ပြည်သူတွေအပေါမှာ ရဲတွေက နှိက်စက်ပါရစေလို သူတို့က ခံယူထားတာ ရဲဆိုတာဘယ်နိုင်ငံကရဲတွေမှမကောင်းဘူး

Anonymous said...

ဘယ်နေရာက ရဲဖြစ်ဖြစ် ဥပဒေမဲ့လုပ်တာသေချာရင် သက်သေအထောက်အထား နဲ့သာ တိုင်လိုက်ပါ။ ဥပဒေမဲ့လုပ်တာ မှန်ရင် ပြုတ်ရုံတင် မကဘူး ထောင်ပါကျိန်းသေကျပါတယ်။ အားအားရှိ ၀ိုင်းဆဲမယ် ဆိုတာုကီး ဘဲ စဉ်းစားမနေုကပါနဲ့။

Jay Linn said...

ရဲတွေက မြို့ ပေါ်မှာ မလုပ်သင့်တဲ့ အလုပ်ကိုလုပ်နေတာ ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့  တအာင်း အုပ်ချုပ်ရေးမှူးတွေက ဘာလုပ်နေတာလဲ မူးပြီးအိပ်နေတာလား မိန်းမနဲ့ အိပ်နေတာလား ဒါက လူမျိုးရေးနဲ့ ဆိုင်တယ်လို့ တော့ထင်တာပဲ ကိုလူမျိုးကို ကိုက မကာကွယ်တော့ ဘယ်သူက လာကာကွယ်မှာလဲ ခွေးသား (9)ကောင်ကို နယ်မပြောင်းပဲ ထောင်ချရမှာ အဲတာမှ ခွေးကမွေးတဲ့ ခွေးသားတွေ ခွေးစိတ်ပျောက်မှာ

maungmin said...

မင်းတို့တွေ ခေါင်းပြားအောင် အိပ်လို့ရနေတာလဲ အဲ့ဒီရဲတွေကြောင့်ပဲဆိုတာတော့သိထားပေါ့.....

konamazu said...

ရဲတွေကိုဘာမှမပြောကြပါနဲ့ဗျာ...တောင်းပန်ပါတယ်...ခင်ဗျားတို့ပြောတော့ခင်ဗျားတို့ပဲ ငရဲကြီးမှာဗျ...ဒီကောင်တွေက သစ္စာလေးချက်မှာ ပထမဆုံးတချက်နဲ့တင် သစ္စာဆူးပြီး သေကြတော့မှာဗျ...
(၁)ငါတို့သည် နိုင်ငံတော် နှင့် နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေပါမည်...
ကဲ...သေလို့ရပြီ ရဲဘော် အပေါင်းတို့။

Powered by Blogger.