ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

ဘေဂျင်း ။      ။ ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူး နေ့က ဟောင်ကောင်ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များ
ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့  ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ် ကြွချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။

ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့  ညနေ ၃ နာရီအချိန် က ရောက်ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး သုတ်တော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ အဆိုပါ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာ အမြင့်ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ်သည်။ ယခုလို အပူဇော်ခံ ကြွချီမှုတွင် လူပေါင်း ၃သိန်းခန့် လာရောက် ဖူးမြော်နိုင်ကြောင်းလည်း ခန့်မှန်းထားကာ ပြည်မကြီးမှ ခရီးသွား ဧည့်သည်များမှလည်း လက်မှတ်ပေါင်း ၂သောင်းကျော် ကြိုတင် မှာကြားထားပြီး ဖြစ်သည်ဟု xinhua သတင်းတွင် ဖော်ပြခဲ့သည်။

source : xinhuanews
MRTV-4
ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ Reviewed by သစ်ထူးလွင် on 08:34 Rating: 5

9 comments:

philosophermgmyathar said...

တရုတ်က ဗုဒ္ဒဦးခေါင်းကိုအကြောင်းပြပြီး လာအုန်းမယ်..ဗမာပြည်ကို လေ.
ချဉ်းကပ်နည်း နောက်တမျိုးနဲ့ ...အလူခံ ပြီးငွေတွေ သဲ့ ပြီး ယူသွားအုန်း
မယ် .. ဘာသာရေးနဲ့ မိုင်းတိုက်ပြီး ရိုက်သွင်းလို့ အင်မတန်လွယ်တယ်ဆို
တာကို တရုတ် ကြီးကနော် ကျေ နေ ပြီ...လာတော့မယ်.ကြည့်နေ..

moeaungzin said...

ဘုရားဓါတ်တော်ကို ကိုင်တဲ့သူတွေက ဘာလို့ဖိနပ်မချွတ်တာလည်း
သူတို့ကိုးကွယ်မူ့ကဘယ်လိုကြီးလည်း

aristhteinwin said...

အဲဒီ ဦးခေါင်းတော် မြန်မာပြည်ရောက်လာပြီး အပူဇော်ခံ ပြီး အလှူခံရောက်လာပါဦးမည်။ ပိဋကတ်တော်မှာ ဦးခေါင်းတော် အကြောင်းမကြားမိပါ။ တရုပ်က ဘယ်ကနေ ဘယ်လိုရတာလဲ- လူပြည့်မှာကျန်ရစ်တာ သီရိလင်္ကာရှိ စွယ်တော် တဆူသာကြားဘူးပါသည်။ တရုပ်က စွယ်တော်သည် အစစ် ဟုတ် -မဟုတ် မသေခြာပါ။ ဘာဘဲဖြစ်ဖြစ် ဘုရားရှင်ကတော့ ကိုယ့်အားကိုယ်ကိုးဘို့ သာ မိန့် ကြားတော်မူခဲ့ပါသည်။ အတ္တာဟိ အတ္တနော နာထော-တဲ့-

ရာရာ said...

ဗုဒ္ဓ တေဇောဓါတ်လောင်ကျွမ်းတဲ့အခါမှာ ဦးခေါင်းရိုးတော်ဓါတ်တော်ကြွင်းခဲ့တယ်လို့ မကြားဖူးခဲ့ပါဘူး။ ကျွန်တော်ပဲ ဗဟုသုတ ခေါင်းပါးလေရော့သလား။

pyaponthu said...

တရုတ်တွေတော့ရိုက်စားလုပ်ပြီး။ဟိုတလောကလည်း စွယ်တော်မြန်မာပြည်ကိုလားပြီး အလှူငွေတွေ တရုတ်ကသိမ်းသွားတယ်။တရုတ်က ဒီနည်းနဲ့လူတွေကိုလုပ်စားတာ၊ဒီလိုနည်းနဲ့တရုတ်က နိုင်ငံတကာပိုက်ဆံကိုယူနေတာ။

မောင်ငွေ said...

ဦးခေါင်းရိုး ဆိုတာ ဥပမာ-အုပ်သျှစ်သီးခွဲ ကဲ့သို့ အပြား၊အခွက်နေမှာပေါ့။ သည်ဓာတ်တော်မျိုးကျန်ခဲ့တယ်။ဘယ်မှာရှိတယ် ဆိုတာကို စာတတ်ပေတတ် ဆရာတော်ကြီးများက ဆုံးဖြတ်ပြီး အများအမှန်သိရအောင် ဓမ္မဒါန ပြုပေးတော်မူကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်ဘုရား..။

Anonymous said...

ခုဒ္ဒကနိကယ် ဗုဒ္ဓဝင်ထဲက ဓာတုဘာဇနီယဆိုတဲ့ ဓာတ်တော်ဝေခန်းမှာ သင်းကျစ်တော်တစ်ဆူ ညှပ်ရိုးတော်နှစ်ဆူ နဲ့စွယ်တော်လေးဆူ ကျန်ခဲ့တယ်လို့ဆိုတယ်ဗျ။ သင်းကျစ်တော်ဆိုတာက လူသာမန်အခေါ် နဖူးဘဲ။ သင်းကျစ်တော် ဟာ သီဟိုဠ်ကျွန်းမှာရှိတယ်လို့ပါတာဘဲ။ တရုတ်ကပြောတော့ အာသောကမင်းက သာသနာပြုဖို့ ပို့တယ်ဆိုဘဲ။ချင့်ယုံပေါ့။

Shurlaomourng said...

မြန်မာပြည်သား
မြန်မာတွေယုံကြည်မူကိုအမြတ်ထုတ်ဖို့ကြံစည်နေတါပါ။

AcE21 said...

Real opinion ain't count it on this web site so I understand! I was grew up in Australia so can barely read my own language to write one but it's clear that Chinese aren't good to us! I believe in free speech and I like to say more but maybe later I guess! Thank you

Powered by Blogger.