စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

by Ei Chaw San (facebook)

 မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်
ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။
 လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ်ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။

ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။
သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ်  ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ်လို့ပြောပါတယ်။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိတွေကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာအားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်းပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။
ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။
၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။  သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။
၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ  ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။  ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင်  Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။
အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။
သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)
သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။
  အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့
  တောင်းပန်ခြင်းအာမခံချက်ပေးပြီး  အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး
  ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။)  ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။
  အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။  အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။  တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။
အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း  အခွန်ပေးဆောင်ခြင်း  ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။
ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်
အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။  ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။
နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်
အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့  ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်
မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်
 သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။  ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှမဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။   ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။  နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်
စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။  လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။
အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

 နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်
 တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး  VIP Facility လုပ်ပေးရမှာ။  အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။
သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေးတတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှုဆိုတာကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။

ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။
စာကြွင်း ။ ။ အွန်လိုင်းစနစ်ကိုသုံးရင် လိုက်နာရမယ့် အချက်တွေကို သံရုံးကဖော်ပြထားတာနဲ့ တွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို ပါတင်ပေးလိုက်ပါတယ်။ အွန်လိုင်းက ရတာပါ။ လိုက်နာကျင့်သုံးရမယ့် အချက်ဆိုတာ တွေဟာ တကယ်ပဲ တရားမျှတမှန်ကန်မှုရှိမရှိဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ရှင်။ ကျွန်မနားလည်သလောက် အဲ့ဒီလိုက်နာရမယ့် အချက်တွေဆိုတာကို အကျဉ်းချုံးဘာသာပြန်ရင် ကျွန်မတို့ကို သံရုံးဝန်ထမ်းဘာလုပ်လုပ် ခံပါ့မည် ဟူသောစာကို  လက်မှတ်ထိုးခိုင်းခြင်းဟုသာမြင်မိပါတော့တယ်။

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ Reviewed by သစ်ထူးလွင် on 09:22 Rating: 5

45 comments:

MG MG said...

ဘာအကြောင်းနဲ့ ခေါ်ခေါ်စကာင်္ပူမြန်မာသံရုံးကမဖြေပါဘူး။ ဆက်တိုင်း ၀န်ထမ်းတွေအစည်းအစည်းအဝေးလုပ်နေတယ်ပဲပြောပါတယ်။ ကျနော်လည်နှစ်ရက်လောက်ကိုဆက်တိုက် နာရီဝက်တကြီမ်ကြိုးစားကြည့်တာပါ။ ဘာဖြစ်လဲသိချင်လို့ ပါ။ အံ့သြဖို့ ကောင်းတာကတော့ ဘယ်လိုမှကိုပြန်မဖြေတာပါ။ ကျနော်ဆို ပြည်ပကရင်းနှီးမြုပ်နှံချင်တဲ့လူတွေ သိချင်တာလေးတွေရှိလို့ မေးမလို့ ပါ။ မရပါဘူး။ တော်တော်အံ့သြဖို့ ကောင်းပါတယ်။ နိုင်ငံတော်လစာယူပြီးစကာင်္ပူလာအိပ်နေကြလားမသိပါဘူး။ ဒါမှမဟုတ်ဝန်ထမ်းအင်အားပဲမလောက်တာလားမသိဘူး။

တြိရတနာ said...

အိုစာရေးသူ သင်ကသာလျှင်မြန်မာနိုင်ငံက လစာစားနေသောကြောင့် နှိုင်ငံ့ဝန်ထမ်းဟုခေါ်ဆိုသော်လည်း ထိုသူများ၏နားလည်မှုမှာ နိုင်ငံသူ ၊ နိုင်ငံသားတို့သည် ကျွန် အုပ်သူတို့သည် သခင်ဟု ဖြစ်သည်။ဘုရင်ခေတ်က ပြည်သူ့ခံစားချက်ကို စနည်းနာမှု ဘုရင်ကိုတိုင်ပြုပြီး တိုင်းသူပြည်သားခံစားချက်ကို သိအောင်လုပ်ပါတယ်။ဒီခေတ်ကတော့ ကိုယ့်ရှေ့တည့်တည့် သွေးစက်စက်ကျတာကို ကံကောင်းခြင်း ၊ သူတို့သြဇာ ညောင်းစေခြင်းလို့ ယူဆနေပုံရပါတယ်။နှစ်ပေါင်း ၅၀ ကြာ ဝန်းထမ်းရွေးချယ်ခဲ့တာဆိုတော့ နောက်နှစ်ပေါင်း ၅၀ ကြာအောင် ဝန်ထမ်းကောင်းများ ရွေးချယ်အစားထိုးမှု အခုကစ ပြုလုပ်ရင်တောင် ကြာပါလိမ့်မယ်။အမေစုကတော့ ဒါတွေကိုစိတ်မပျက်ပဲ တနေ့မုချအောင်ရမည် ယုံကြည်ချက်နဲ့ ဆက်နေပါတယ်။အမေစုနေရာမှာ တခြားသူဆို ရူးလောက်ပါပြီ။ကျွန်ုပ် နဲ့ အသင် နိုင်ငံဝန်ထမ်း ရွေးချယ်မှု ခံခဲ့ရရင် သင်ရောကျွန်ုပ် ဘာတွေလုပ်မလဲ??????????????

မြန်မာပြည်သား said...

ဟုတ်ပါတယ်ခင်ဗျာ...တထက်ကဖော်ပြချက်များမှန်ကန်ပါတယ်...ဖုန်ခေါ်ပီမေးရင်လာကိုင်တာ malay သူပါ...အက်လိုပါပဲ...မအားဘူ..အလုပ်တွေများနေတယ်ကြီပဲပြောပါတယ်...ကျနောကိုတွေပါ..2012လောက်က မြန်မာပြည်မှာအခွန်စောင်လို့ ရတယ်..ဒီမှာ၆လလောက်ထက်ဆောင်ရင်pp သက်တန်တိုပေးတယ်စိုလို့ ကျနော်မြန်မာပြည်ကမိဘတွေကိုစောင်ခိုင်လိုက်ပါတယ်....ကျနော်ကအလုပ်ကိစ္စနဲ့ over sea ကို၂လလောက်ကြာပါတယ် ထွက်သွားရတာ...sg ကိုပြန်ရောက်တော့သူငယ်ကမြန်မာပြည်မှာစောင်ထာတဲ့အခွန်တွေစောင်လို့ မရတော့ဘူးဒီမှာစိုတော့..ကျနော်ဖုန်ဆက်ပါတယ်သံရုံးကို..အထက်ကပြောခဲ့သလိုပဲ....ထိထိရောက်ဖြေမယ်သူမရှိပါဘူး....ကျနော်ကိုတိုင်သွားပီပြောတော့...ကျနော်ကိုသံရုံးက..ကျေးဇူရှင်မမတယောက်ကဘာပြောတယ်မှတ်လည်..ကျနော်ကခရီထွက်သွားလို့ မသိလိုက်တာပါ..အခုပြန်ရောက်ရောက်ချင်းသိလိုလာတာပါ....အက်ဒါဒီမှာပြန်စောင်ရမယ်စိုရင်ပိုက်ဆံအခတ်အခဲနဲနဲရှိလို့ ...အခွန်လျှောပေးပါလိုပြောတော့..ရှင်ဒေါသနဲ့ ရှင်မြန်မာပြည်မှာစောင်တာ...ဒီမှာတော့လျှောလိုမရဘူတဲ့..ကျနော်လည်ဒေါသထွက်ထွက်နဲ့ ..ဒါစိုဒီပိုက်ဆံတွေကမြန်မာနိုင်ငံအခွန်ဦစည်းဌာဏကိုပဲသွာတာမဟုတ်ဘူလား..ဘယ်ကိုသွားလို့ လည်..ဘယ်မှာစောင်စောင်အတူတူပေါ့လို ့..ပြောတော့အက်ဒိမမတော်တော်ဒေါသထွက်သွာပုံပဲ..အနာပေါ်ဒုတ်ကျသွာတာဖြစ်မှာပေါ့...ကျနော်ကိုရှင်မစောင်ချင်လည်နေနောက်မှာ..စောင်မယ်သူတွေရှိတယ်..အချိန်ကုန်မခံနိုင်ဘူး....တဲ့ကဲကြည်ကျပါဗျာဘယ်လောက်မြန်..ချစ်ဖိုကောင်လည်..ဘယ်လောက်မျာ.အာကိုချင်စရာအောင်လည်..sg ကမြန်မာသံရုံး..ရောင်လိုမြန်အကူညီသွားမတောင်နဲ့ ....သူတိုအတွက်အကျိုမရှိရင်ဘာမှမလုပ်ပေးဘူး.....မြန်မာပြည်ကသမ္မတကြီးနဲ့ လွတ်တော်အမတ်များ..သိစေချင်ပါသည်...sg မှသံရုံးဝန်ထမ်းများကိုနေရာပြောင်းရွှေချထာပေးစေချင်ပါသည်....

တောင်ဇလပ်ပန်း said...

အင်း .. မြန်မာလူမျိုးဆိုရင်ဘယ်တော့မှ မျက်နှာသာမပေးတဲ့ မြန်မာသံရုံးတွေပါပဲ .. သူတို့ မျက်နှာသာ ပေးနှိုင်တာက ငွေထုပ် ကိုင်ထားတဲ့ တရုတ်တွေပါပဲ ..

ဥုံဖွ said...

ဘယ်လိုရည်ရွယ်ချက်တွေနဲ.များ ပြုမူလုပ်ကိုင်နေပါလိမ့် စဉ်းစားလို.တောင်မရဘူး တော်တော်လူပါးဝတဲ့မျိုးမစစ်တွေ
မြန်မာလူမျိုးတွေမှ ဟုတ်ကြသေးရဲ.လား ခွေးတွေတောင်မှ သူ.အုပ်ထဲကကောင်ကိုထိရင် ပြန်ကိုက်ကြသေးတယ် ခင်ဗျားတို.
သံရုံးကခွေးတွေလောက်တောင်စောက်ဆင့်မရှိဖြစ်နေပြီ
ကိုယ့်အမျိုးကိုယ်သိတတ်ပါ

ကြယ်ပြာ said...

သံရုံးက တစ်နည်းမဟုတ် တစ်နည်းနဲ့ကို မိုက်ရိုင်းနေတာ ...

ရွက်နုသစ် said...

၁။ သံရုံးဝန်ထမ်းတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က ဖြစ်ပါတယ်။
၂။ နိုင်ငံခြားရေး ၀န်ကြီးဌာနဟာ အရေးကြီး ဌာနတစ်ခုဖြစ်ပါတယ်။
၃။ ဒါကြောင့် ခေတ်အဆက်ဆက် (တော်လှန်ရေးကောင်စီ၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ SLORC, SPDC)မှာ ဒီဌာနမှာ သာမန် လူအများစု ၀န်ထမ်းဖြစ်ဖို့ မလွယ်ပါဘူး။ အဆက်အနွယ် များသာပဲ ဖြစ်ကြပါတယ်။ ဒီအဆက်အနွယ်မှာမှ ပိုမြင့်တဲ့ နေရာက လာနေလို့ (အာဏာနဲ့ လာပြီး နေလို့ - အခုထိ ရှိပါသေးတယ်၊) ပြည်သူကို မောက်မာတယ် ဆိုတဲ့ လူတွေလည်း ကြောက်ကြရတယ်)
၎။ အထူးသဖြင့် အစိုးရလခနဲ့ နိုင်ငံရပ်ခြားမှာ နေခွင့်ရပြီး (ပညာသင်ယူခွင့်နှင့်အခြား- သွားလာလည်ပတ် ဆက်စပ်တွေးကြည့်ပါ) တို့ကို ရယူလိုတာက အဓိက အကြောင်းအရင်း တစ်ခုပေါ့။
၅။ အစိုးရ၀န်ထမ်း အများစု ဌာနရွေးချယ်လုပ်ကိုင်တာဟာ (ခေတ်နှင့်စနစ်အရ) မိမိတို့စားဝတ်နေရေး (ရှင်သန်ရေး)က ပထမ ဦးစားပေး ဖြစ်ဖို့များပါတယ်။ (ဥပမာ- စည်ပင်မှာ ၀င်လုပ်မယ်၊ မူလ ရည်ရွယ်ချက်က ၀င်ငွေ ကောင်းဖို့၊ မော်တော်ပီကယ်မှာ ၀င်လုပ်မယ်...)
၆။ ဒီ အလုပ်ကို ပညာ၊ ၀ါသနာ ကို ဦးစားပေးလုပ်တာ မဟုတ်ရင်တော့ တာဝန်ဝတ္တရားနဲ့ တာဝန်ယူမှုဆိုတာ ကြားဖူးမှာ မဟုတ်ဘူး။
၇။ လေ့လာကြည့်ရင် တိုင်းပြည်သာ ဆင်းရဲတာ အချို့ဝန်ထမ်းတွေ မဆင်းရဲပါဘူး။ (လခ ပြင်ပ အခြားဝင်ငွေရယူမှု၊ မယူတတ်သူ မိုက်မဲသူ ဆိုတဲ့အတွေးအခေါ်)
၈။ နှစ်ပေါင်းများစွာ လွဲနေတာတွေ (တကယ်က ရုပ်ဝတ္ထု သယံဇာတ တင် ဆုံးရှုံးတာ မဟုတ်ဘူး၊ စိတ်ဓါတ်တွေပါ ပျက်စီးနေတာ အများကြီး)က အချိန်တိုနဲ့ မပြောင်းသေးဘူး။
၉။ စနစ်ဟောင်းနဲ့ ဆိုးကျိုး (ဆိုးနေဆဲတွေ)က ထိပ်သီး ၀န်ထမ်းတင်မကဘဲ အလွှာအသီးသီးမှာ ရှိပါတယ်။
၁၀။ အခွန်ထမ်းပြည်သူကရော - မိမိတာဝန် ကျေပွန်ပါရဲ့လား။
ဥပမာ- ဒီစင်္ကာပူရောက် အလုပ်လုပ်သူတွေ တစ်ဝက်လောက် passport လျှောက်တုန်းက ဘွဲ့ရကြရဲ့လား (ကိုးတန်းအောင်နဲ့ တင်ကြလား။) ပညာရေး ၀န်ကြီးဌာနကို education clearance အတွက် ငွေသွင်းခဲ့ပါသလား။
၁၁။ ကျွန်တော့် အတွေ့အကြုံအရတော့ (အစိုးရ၀န်ထမ်းဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ အင်ဂျီအို အိုင်အင်ဂျီအို ၀န်ထမ်းဖြစ်စေ၊ ယူအင် အောက်ကဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ) ကောင်းတဲလူက ကောင်းပြီး၊ ဆိုးတဲ့လူက ဆိုးတာပါဘဲ။
၁၂။ ဘယ်လိုပဲဖြစ်ဖြစ် သံရုံးဝန်ထမ်းတွေဟာလည်း (အခြားဌာနလိုပဲ) အစိုးရ၀န်ထမ်းဖြစ်သည့်အတွက် ပြောင်းနေဆဲ စနစ်နဲ့အတူ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

KKZ said...

ဘာမှယူသွားလို့မရတဲ့သတ္တလောကကြီးမှာ မေတ္တာ၊စေတနာထား
ပြီး တဦးနှင့်တဦး ရှိုင်းပင်း ကူညီကြဖို့ လိုအပ်ပါတယ်။

sanyal said...

နိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ထမ်းတွေက ပြည်သူတွေအတွက်အဆင်ပြေ အောင်ဘယ်လိုအစီအစဉ်တွေလုပ်ပေးရမှာကို စဉ်းစားတာထက် သူတို့ ဘယ်နိုင်ငံကို တာဝန်ထမ်းခွင့်ရမှာလဲ ဆိုတာကိုသာ အဓိကထားပါတယ်

Cinderella said...

ဖတ်ရတာစိတ်ဆင်းရဲလိုက်တာ‌နော်...အဲဒီဝန်ထမ်းပုံကိုရ‌အောင်ရိုက်ပြီး
တင်‌ပေးပါလား..ဒါမှ‌နောက်ဘယ်သူမှမလုပ်ရဲဘဲ‌နောင်ကျဉ်သွား‌အောင်..။

N2N said...

နံမည်ဆိုးထွက်သော သံရုံးရှိဝန်ထမ်းများကို ၁နှစ်-၁ခါပြောင်းလဲသင့်ပါသည်.. passport နိုင်ငံရပ်ခြားတွင် သက်တမ်းတိုးခြင်း-အခွန်ဆောင်ခြင်းများကိုမြန်ဆန်အောင် Singapore ရှိ အခြားသံရုံးများ (malaysia)မည်သို့အလုပ်လုပ်သည်ကို သွားရောက်လေ့လာသင့်ပါသည် နိုင်ငံခြားရှိမြန်မာများမှလည်း စည်းကမ်းစံနစ်ရှိလျှင် နှစ်ဦးနှစ်ဖက်အဆင်ပြေမည်လို့ထင်ပါသည်

la woon said...

အိုး ဒီစာရေးတဲ့သူကိုဘယ်လိုဇူးတင်ရမှန်းတောင်မသိတော့ပါဘူး
အပြည်အဝ ကိုထောက်ခံပါတယ်
အဆင့်အတန်းမရှိသော၊ မောက်မာရိုင်းစိုင်းသော၊ဆိုင်ရာဆိုင်ရာနဲ့ပတ်သက်သော ဝန်ထမ်းများကိုခန့်ထားသောကြောင် singapore ရှိမြန်မာသံရုံးဟာ စုတ်ပြတ်သက်ပြီး သံရုံးအင်္ဂါနဲ့လုံးဝမညီတော့ပါဘူး
တိုးတက်တဲ့နိုင်ငံမှာ လုပ်ကိုင်ပေးနေပေမယ့် procedure လုံးဝမကောင်း၊
systematic လုံးဝမကျ၊ management လုံးဝချားတူလန် ဖြစ်နေပါသောကြောင်
အမြန်ဆုံးသက်ဆိုင်ရာလူကြီးများ ပြုပြင်(ဝန်ထမ်းများအပါအဝင်)ပေးပါရန်
သမတကြီးလဲ ကြည်မနေပါနဲ့လို တောင်ပန်အသိပေးအပ်ပါတယ်

Quote For Life said...

ညစ်ပါတယ်ဗျာ ကျနော်တို့သွားတဲ့ အခါ ဒီလိုပဲဖြစ်နေမှာလားမသိဘူးနော် ကျနော့်စိတ်နဲ့ဆို အဲ့ဒီ့သံရုံးကို မီးရှို့ ပြစ်တယ်

shwetun said...

အခွန်ဆောင်သူများ ယူဆောင်လာ၇မည့်  စာ၇ွက်စာတမ်းများ ဆိုပြီး သူတို့ စာထုတ်ထားပါတယ်။ အဲ့ စာ၇ွက်တွေ အကုန်ပါတယ်။နောက်ဆုံး အခွန်ဆောင်ထားသောချလန် မူ၇င်းပါတဲ့ ဟာကို ၇န်ကုန် လေဘာ၇ုံးထောက်ခံစာပြန်ယူလာခဲ့ ပါတဲ့ ။ အဲ့ ထောက်ခံစာက နောက်ဆုံး အခွန်ဆောင်ထားတဲ့ ချလန် မ၇ှိတဲ့ သူတွေ ယူ၇တာပါ။ ဒါကို သူတို့ သိပါတယ်။ ပြထားတဲ့ ချလန် ကလည်း ကို့ ဘာသာ ဆောင်ထားတဲ့ ချလန်မဟုတ်။ G TO G လုပ်ထားလို့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကထုတ်ပေးထားတဲ့ ချလန်။ အဲဒါကို၇ှင်းပြလို့ ငြိုးပြီး မ၇ ဘူး တခွန်းပဲ ပြောပါတယ်။သူတို့ံ့ထုတ်ထားတဲ့ စာမှာလည်း အဲ့ ထောက်ခံစာ လုံးဝမပါ။ နောက်နေ့ခလေး အငယ် နှစ် ယောက်နဲ့ ချာလပတ်ယမ်းနေတဲ့ မိန်းမကို ဘောက်ထော်ပြေးခိုင်း၇တယ်။ အဲ့ ဒါ၇ပြန်တော့ နောက်နေ့ စာအုပ် ၇ပါမည့် အကြောင်းအစီ၇င်ခံစာတင်၇တယ်။ စာအုပ်၇တော့ နေ့ လည်။ သံ ၇ုံးေ၇ာက်တော့ နောက်နေ့ မှလာတော့ တဲ့ ။မတတ်သာလို့ သီးခံ၇ခြင်းဆိုတာကိုကောင်း ကောင်း သဘောပေါက်တဲ့ ညနေပေါ့ ။ကို့ဆ၇ာ မွန်ကြီး ပြောတတ်တဲ့ စကားလေး သွားကြားယောင်တယ်။ (မောင်၇င်၇ာ ကိုငယ်ငယ်က စိတ်နဲ့ ဆို ပွဲခံ သွားပြီ)ဆိုတာလေး။ နောက်နေ့ စိတ်မကောင်း စ၇ာတခု ထပ်တွေ့ တယ် ကိုတို့ နဲ့ အလုပ်တူတူ ကသူငယ်ချင်း ကို အဲ့ ထောက်ခံစာမပါပဲ လုပ်ပေးလိုက်တယ်။(တကယ်လည်းလုပ်ပေး၇မှာပါ) ကို တို့ အလုပ် ကေ၇ွှ ၁၀၀၀ လောက် အ၀န်းအ၀ိုင်း တခုထဲ နေကြတာ။သူ၊ ကို့ ကွန်ပလိန်းကို သက်သက် ညစ်တာ သိပါတယ် ။ ပိုသေချာသွားတာပေါ့ံ့။ ပြီးတော့ သ၇က်စိ လုပ်လိုက်သေးတယ်။ ခင် ဗျား လိုပဲ လူ တစ် ယောက် ပြန်လွှတ်လိုက်၇တယ်တဲ့ ။ အဲ ဒါ တွေ ပြီးတော့  ကို့  ခင် မှာ တခြားအဆင့် တွေ အတွက် အချိန်မမှီ တော့ လို့ ဘာမှလုပ် လို့ မ၇တော့ ဘူး။( ခင်မ၀မ်းမြောက်ပါလေတော့ ပေါ့ )အလုပ်ပျက်တာက ၃၇က် ထ။ဲ ကိုမှန်၇ဲ့ သားနဲ့ အနိုင်ကျင့် စော်ကား ခံ ၇တာ ကပို ခံ ပြင်း၇တယ်။ အ၇င်း စစ်လိုက် တော့ အမြစ်မြေကဆို သလို နှစ်လေးဆယ်ကျော် အဟောင်းတွေကို ပြောင်းလဲ ဖို့အေ၇းတကြီးကို လိုအပ်နေပါပြီ။ဥပဒေ တို့ တ၇ား၇ုံး တို့ ကဒဏ်ပေး တာထက်လောက ဓမ္မက တ၇ားပြပြီဆို၇င်တော့ လိမ့် နေအောင် ခံ၇တတ်တယ် တဲ့ ။ (သင်ပြုသောကံပဲ့ တင်သံ တစ်နေ့ သင့် ထံ ပြန်လာမည်)။

realism said...

စင်ကာပူသံ၇ုံးတင်မကပါဘူး.....မလေးရှားသံ၇ုံးမှာပါ.....ကျွန်န်တော့အထင်သံ၇ုံးတော်တော်များများမှာ..အလားထူဖြစ်စဉ်တွေတက်နေပါတယ်......အမှန်တကယ်လဲဖြစ်နေတာပါ.....မိမိနီုင်ငံသားကိုစောင့်ရှောက်၇မယ့်အစား.....မောက်မာ..ငွေညှစ်..ကြိုးနီစနစ်ရှင်သန်နေတာကို..၇င်းနှီးသူများ..ဆီမှတဆင့်သိနေရပါတယ်......ဒီကိစ္စကိုတ၇ားဝင်တိုင်စာထပ်ပို့ပါလို့အကြံပေးပါ၇စေ......နောက်တခုကလူကြီးများအင်တာနက်သတင်းများဖတ်ရှုတယ်လို့ကြား၇ပါတယ်......မတ၇ားမှုများကိုဆက်လက်အေ၇းဆိုကြပါ...လက်ဆင့်ကမ်းကြပါဗျား......

sainyi said...

သံရုံးက၀န်ထမ်းတွေဘယ်ကလာတာလဲပြန်ကြည့်လိုက်ပါအုံး သံမှူးဆိုတာက စစ်တပ်က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့သူတွေကိုပို့  ထားတာ နောက်ဝန်ထမ်းတွေကိုပြန်ကြည့်လို က်ဗိုလ်မှုး အဆင့်တွေ တပ်ကြပ်ကြီးစားေ၇းေ တွကိုပို့ ထားတာကွ အကုန်းလုံးစစ် ခွေးတွေအေ၇ာင်ပြောင်နေကြတာ ဘယ်လိုလုပ်ပြီးေ ကာင်းမှာလဲ
မြန်မာပြည်သားဆိုေ ပမယ့်စစ်ခွေးေ တွကွ ကူညီဖို့ သူတို့ မှာမရှိပါဘူး ပြည်တွင်းမှာဒုက္ခပေးလို့ အားမ၇ဘူးဒီလိုနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မြန်မာပြည်သူေ တွကိုလိုက်ပြိးဒုက္ခပေးနေကြတာဘယ်နိုင်ငံမှာပဲရှိရှိသံရုံးဝန်ထမ်းမှန်သမျှစစ်ေ ခွးတွေကြည့်ပါ ပဲ

Anonymous said...

ဒီလို အစိုးရ အဖွဲ့ တွေရဲ့ မလိမ့်တပတ် ဥာဉ်ဆိုးတွေ ကို မြင်တွေ့ နေရတာ များလို့ NLD က စကားလေး တစ်ခွန်း အပေါ်မှာ သေသေခြာခြာ သုံးသပ် တောင်းဆို ရခြင်း ဖြစ်လေ သည်ဟု ပိုမို နားလည် လာရပါသည်....

Soe said...

ပြည်ပမှာ ၇ှိတဲ့ မြန်မာသံ၇ုံးတိုင်းမှာ စစ်တပ်က လူတွေများတယ်
စစ်တပ်ကလူတွေနဲ့ သူတို့၇ဲ့ အသိုင်းအဝိုင်းကလူတွေလေ
သိတဲ့ အတိုင်းပဲလေ ဒီလူတွေဟာ လူတွေကို လူလို့ မထင်ကြဘူး
မောက်မာတယ် ၇ိုင်းတယ် မြန်မာသံ၇ုံးဆိုတာ အခွန်ကောက်၇ုံကလွဲပြီး
ကိုယ့်ပြည်သူပြည်သားတွေ ဒုက္ခေ၇ာက်နေယင် ကူညီ၇မည့် အစား
သူတို့နဲ့ မဆိုင် ဘူးဆိဲုပီးတော့ ငြင်းလွှတ်ကြတယ် ဒါဟာ မြန်မာသံ၇ုံးပါ
နိုင်ငံခြားေ၇ာက် မြန်မာတွေဆီက အဆင်ပြေ သည်ဖြစ်စေ မပြေသည်ဖြစ်စေ
အခွန် ကောက်ဖို့ သက်သက်ထားတဲ့ အခွန် ကောက်ဖို့ သက်သက်ထားတဲ့
အကောက်ခွန် ၇ုံးခွဲ တစ်ခုပါ

Unknown said...

လူမသေတာပဲကံကောင်းတာမှတ် မလေးရှားသံရုံးမှာ လူတစ်ယောက်သေတာကြာမယ်လို့ ထင်ပါတယ်၊၊

အတာ said...

စလုံး သံရုံးမှ မဟုတ်ပါဘူး .. ဘယ်အစိုးရဌာနမဆို မောက်မာစွာနဲ့ အကြောင်းပြချက်မရှိ ရင့်သီးတဲ့ ၀န်ထမ်းဆိုး ၀န်ထမ်းဟောင်းများသာ မင်းမူနေတာပါ .. အမှန်က သူတို့သည် သည်အလုပ်တာဝန်များကို ထမ်းဆောင်ရန်လခယူထားပြီးဖြစ်ပါတယ် .. ရသောလခကိုလည်း ကျေနပ်လို့ ဆက်လုပ်နေသူတွေပဲလေ .. ကောင်းကောင်းမွန်မွန်နဲ့ တာဝန်ကျေကျေမလုပ်နိုင်ရင် ထွက် လုပ်ချင်သူတွေကို နေရာပေး .. အဲ့လိုပြောင်းလဲသင့်နေပြီ .. ခုတော့ ဘယ်ဌာနကို သွားသွား နောက်ကျနေတဲ့ ၀န်ထမ်းနဲ့ ဂွင်ထဲရောက်တုန်း ဟောက်စားလုပ်မယ့်သူနဲ့ချည်းပဲ .. ဒီအကျင့်ဟောင်းတွေနဲ့တော့ ပြောင်းလဲပါလိမ့်မယ် အားကြီး .. ဒါတွေမပြောင်းဘဲနဲ့ တိုင်းပြည်ကတစ်သက်လုံး မတိုးတက်ဘူး ..

Acmv Org said...

မူလတန်းသချာင်္ ဥပမာလေးနှင့် သံရုံးအလုပ် လုပ်နိုင်တယ်- မလုပ်နိုင်ဘူးဆိုတာလေ့လာကြည့်ရအောင်။
စင်ကာပူမှာမြန်မာနိုင်ငံသား ၁ သိန်းခွဲကျော်ရှိတယ်လို့ဆိုပါတယ်။ (စင်ကာပူနိုင်ငံသားခံယူသွားသူများမပါ)

လူ၁ သိန်းခွဲကျော်တစ်နှစ်ကို အနည်းဆုံးတစ်ခေါက်မကသွားရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်။ အခွန်ဆောင်၊ သက်တန်းတိုး၊ စာအုပ်လဲ။ ထောက်ခံစာယူ။ တစ်ခါတစ်လေ တစ်နှစ်ထဲ ၂ ခေါက်သွားရတဲ့ အခါတွေလဲရှိပါတယ်။ သေချာတာကတော့ သံရုံးက လူတသိန်းခွဲမကကို service ပေးနေတယ်။ (နိုင်ငံခြားသားမပါ)

တနှစ်မှာ ၅၂ ပတ်ရှိပြီး ၁ ပတ်မှာ ၅ ရက်လုပ်ရင် ရက်ပေါင်း ၂၆၀ အလုပ်လုပ်ရက်ရှိပါတယ်။ မြန်မာ ပိတ်ရက် ရုံးပိတ်ရက် ၂၀ ရက် (လျှော့ပြီးတွက်တာ)+ စင်ကာပူရုံးပိတ်ရက် ၁၀ရက် ပေါင်း ရက် ၃၀ ပိတ်ပါတယ်။ ဖွင့်ရက် ၂၆၀-၃၀= ၂၃၀ ရက်ပဲ အလုပ်လုပ်ပါတယ်။

လူတစ်သိန်းခွဲ( ၁၅၀,၀၀၀) ကို ၂၃၀ ရက်နှင့် စားလျှင် တစ်ရက်ကို လူပေါင်း ၆၅၀ ကျော်ကို service ပေးနေတယ်။ နံနက် လူ ၃၀၀ကျော် နေ့လည် လူ၃၀၀ကျော် သံရုံးက service ပေးဘို့ ဝန်ထမ်းလုံလောက်ရဲ့လား။ နေရာလောက်ရဲ့လား။ ကောင်တာလောက်ရဲ့လား။ ဝန်ထမ်း ၅ ယောက် ၆ ယောက်က လူ ၆၅၀ ကျော်ကို service ပေးဘို့ မဖြစ်နိုင်ပါ။ ဝန်ထမ်းမလုံလောက်တာ အခွန်ဆောင်တဲ့လူတွေ အပြစ်မဟုတ်ပါ။ ဝန်ထမ်းတွေက မနိုင်ဝန်ထမ်းရတော့ ဒေါသနှင့်ပြောဆိုကြတာပေါ့။
တာဝန်ရှိတဲ့လူတွေ တွေးမိစေချင်လို့ပါ။ (စင်ကာပူမှာရှိတဲ့မြန်မာအရေအတွက် အတိအကျကို သံရုံးကသိမှာပါ။ တွက်ကြည့်ပါ။)

ဇာမဏီ said...

ဒါကအသေးအဖွဲပါဗျာ မလေးရှားသံရုံးကိုသွားကြည့်လိုက်အုံး ။
ရိုက်မလွှတ်တာ ကံကောင်းတယ် မှတ်ရမယ်။ မြန်မာလူမျိုးတွေ
လေ ။ သိတော်မူကြတဲ့အတိုင်းပါဘဲ ။

DreamCreator said...

ဒါတော့လုံးဝမထောက်ခံဘူး အဲ့ဒီနေ့က ကိုယ်တွေလဲသံရုံးမှာရှိနေပါတယ် မရေးဘူးဆိုပြီးဒီတိုင်းကြည့်နေတာမရတော့ဘူး .... ကွန်ပျူတာ system ချွတ်ယွင်းချက်ကြောင့် အွန်လိုင်း Q နံပါတ်တွေ မှာပြသနာပေါ်ပြီး လူတွေ တနေ့တည်းထောင်ကျော်သွားတယ် ပြီးတော့ အခုအဖွဲ့ ကအဖွဲ့ အသစ် သင်္ကြန်ပြီးမှစတာ...သူတို့လဲ လူအုပ်ကြီးကိုမြင်ပြီး အတော်အံ့သြသွားတယ် အများနဲ့ လူနည်းစု ၀န်ထမ်းတွေဆိုတော့ အဆင်မပြေတာတွေပေါ်တာပေါ့ ဒါပေမယ့် အရင်စစ်အစိုးရခေတ်ကလို လက်လွတ်စပယ် မလုပ်ပါဘူး ၀န်ထမ်းတွေက ၄၈ နာရီသံရုံးမပိတ်ပဲအားလုံးကို အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ် ကျွန်တော်လဲ စာအုပ်ရပါပြီ ..... ဒီတနင်္ဂနွေနေ့ လဲ သံရုံးဖွင့်ပေးပြီးလက်ကျန်တွေရှင်းပေးမှာပါ ... ကျွန်တော်လဲပြည်သူထဲကပြည်သူ တယောက်ပါ သူတို့နေရာမှာကိုယ်ဆိုရင်လဲ ၄၈နာရီ မနားတမ်း အလုပ်လုပ်ရတာ စိတ်ဘယ်လောက်ရှည်နိုင်မှာလဲ...... အရင်တုန်းက သံရုံးနဲ့ အခုသံရုံးဘာမှမဆိုင်တော့ပါဘူး .... အရင်အခြေအနေဆို ကျွန်တော်လဲဒီသံရုံးဝန်ထမ်းတွေကိုကောင်းကောင်း ဆဲမှာပါ အခုက အဆင်ပြေအောင်လုပ်ပေးပါတယ် ... အချိုရည်ဗူး ၁၀၀၀ ကျော်တောင်သံရုံးက ထုတ်တိုက်သေးတယ် အားလုံးကို ဒီလိုကောင်းတာလေးတွေ ထည့်ပြောကြပါဦးဗျာ .... မြန်မာလူမျိုးတွေရယ် ... ဗိုလ်ချုပ်ပြောသလို ကိုယ်လူမျိုးပဲကိုယ်ဖဲ့နေကြတယ်.. တကယ်ကိုစိတ်မကောင်းဘူးဖတ်ရတာ .... ရေးတဲ့သူရယ် နဲနဲလေးအကောင်မြင်ကြည့်ပါ .... ရုံးကခွင့်ယူရတာခက်တယ်ဘာညာတော့လက်ခံပါတယ် အများနဲ့ဖြစ်တာပဲ နောက်ပြီး သူတို့လဲလုပ်ပေးရှာပါတယ် ဗျာ ...... မရေးသင့်ပါဘူး

Young said...

ဒီကြားထဲ ပိုဆိုးတာက ခြာနားခွန် ဆိုတာကြီးကို ဓါးမြ တိုက်သလို တောင်းနေကြတာပါပဲ။ ၂၀၁၂ ဇန်န၀ါရီမှ စပြီး အခွန်မဆောင်ရတော့ဘူး ဆိုထဲက ဒီပါးစပ် ဥပဒေ အခွန်ကြီး ပေါ်ထွက်လာတာပါ။ ဘယ်ဥပဒေမှာမှ မပါရှိတဲ့ ခေါင်းစဉ်နဲ့ တပ်ပြီး ကောက်နေတာကြီးလည်း ဆိုးပါတယ်။ တာဝန်ရှိသူများ သိစေချင်ပါတယ်။
ကလျာ
https://www.facebook.com/photo.php?fbid=238326672941420&set=a.162001807240574.34862.100002922687677&type=1

ကိုကို said...

စ လုံးသံရုံးကလူတွေအကုန်လုံးက သမတရဲ့လူတွေတဲ့.
ဘယ်သူ့တိုင်တိုင်စောက်ဂရုမစိုက်ဘူးလို့ပြောပါတယ်.ဒီလောက်တောင်အတင့် ရဲနေတာဆိုတော့.သူတို့ပြောတာဖြစ်နိုင်တာပေါ့.အားကိုးမရှိပဲဘယ်လုပ်ရဲမလဲ တိုင်းသူပြည်သားတွေအပေါ်စောက်ဂရုမစိုက်တဲ့သမတနဲ့အစိုးရကိုပြင်းပြင်းထန် ထန်ကန့်ကွက်ပါတယ်.

ကိုကို said...

Dream Creator .ဟေ့ကောင်မင်းသတ္တိရှိရင်နံမည်ထုပ်ရေးပေါ့ကွ. မင်းရေးတာဖတ်ထဲက.မင်းဟာသံရုံးကကောင်ဆိုတဲ့အဖြေဟာရှင်းနေတာပဲ မင်းတို့ရိုင်းစိုင်းချင်တိုင်းရိုင်းစိုင်းလို့မခံနိုင်လို့ဝိုင်းပြောရတာ.ဖြစ်နိုင်ရင်မင်းတို့ သံရုံးကကောင်တွေနဲ့ဘာမှမပတ်သက်ချင်ဘူး.မှတ်ထား.မဖြစ်လို့သာဆက် ဆံနေရတယ်ဆိုတာသဘောပေါက်.ခုမှစောက်ပေါက်ဆိုးနေတာမဟုတ်ဘူး မင်းတို့စောက်ကျင့်ရုတ်နေတာနှစ်ပေါင်းမနဲတော့ဘူး.

စိုးလွင်ဥိး said...

ဟုပ်ပါတယ် မမကြီးရေ....ကျွန်တော်တို့ မလေးရှားကပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ပါတ်စ်ပို့  စာအုပ်အသစ်ပြန်လျှောက်တုန်းက ၃ ရက်ဆက်သွားရတယ်...ဒါဆိုရလားဆို NO /form တွေကို day/date နဲ့ ခေါ်တယ်လေ။ကိုယ်တွေက တန်းစီစနစ်ကသွားတာပေါ့ ။
out size စနစ်လည်းလုပ်စားတယ်ဗျ။တန်းစီသူတွေရဲ့ ထိပ်က စပြီးအမှတ်စဉ်ပေးတယ်ဗျ။ out size value က RM 200
ကျွန်တော် ၃ ရက်ဆက်သွားတာ ပထမ ရက်က ကျွန်တော့် day/date နဲ့ ဝေးသေးလို.ပြန်လှည့်  ဒုတိယ ရက်ကရင်ခုန်ဖို့ ကောင်းတယ်ဗျ။ OCT 15 ထိခေါ်သွားတယ်။ OCT 17
ဆို ok ပြီလေ။ဒါနဲ့ နောက်တစ်ရက်ပေါ့ ။ အဲ့ဒီမှ ပိုဆိုးတာပဲ OCT 10
ထိပဲခေါ်တော့တာ။ကျွန်တော်တောင်မှ out size လုပ်တဲ့ သံရုံးကအကို တစ်ယောက်နဲ့ ညှိခဲ့သေးတယ်။ဒါပေမဲ့  သူနဲ့ မလုပ်ခဲ့ ပါဘူး။
ရင်နာနာ နဲ့  တစ်ပါတ်လောက် နေမှသွားထုပ်တော့ တယ်။လူတွေ တန်းစီရ တိုးရတာတော့  မမတို့ စင်ကပူ သာမယ်မထင်ဘူး။ အော်ဒါနဲ့ 
မနက် (၇) နာရီအရောက် ကါး ၃ ဆင့်စီးသွားရတာ...စဉ်းစားသာကြည့်
ပါတော့။အထူးသဖြင့် နယ်ဝေးတဲ့ မိန်းကလေးတွေဆို HOTEL မှာအိပ်
အသိသူငယ်ချင်းဆီမှာအိပ် စဉ်စားသာကြည့်ကြပါတော့ ။နိုင်ငံခြားရောက်
မိန်းကလေးတို့ ရဲ့ ဘ၀။ နောက်ဆုံး စာအုပ်ရခဲ့ တဲ့ နေ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ...အကိုတစ်ယောက်တန်းစီရင်း
မူးလဲသွားပြီး သေသွားတယ်။အထက်က အကိုတစ်ယောက်လည်းထည့်
ပြောသွားပါတယ်။ဒုက္ခ ဒုက္ခ အားကိုးမရတဲ့ မြန်မာသံရုံး ဒုက္ခ

Zaw said...

အဲဒီနေ့က အချိုဘူးတစ်ထောင်ကဘယ်ရောက်သွားလဲ ကျနော်လဲ တစ်နေကုန် တစ်ညလုံးရှိပါတယ်ဗျာ၊ ကိုယ်အချင်းချင်းထဲကပဲ ရေဘူးတွေ၊ စားစရာတွေ ရှောပင်းမောမှာသွားဝယ်ပြီးဝေပေးလို့ပါ၊ ရေတောင်အလျင်မှီအောင် မထည့်ပေးနိုင်ပါဘူး၊ မြန်မာအချင်းချင်းတွေ ဘယ်လောက်ရိုင်းပင်းကြသလဲဆိုတာကိုတော့ ကိုယ်တွေ့ပါ။ သံရုံးဝန်ထမ်းတွေကိုတော့ ၄၈နာရီအလုပ်လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ တာဝန်ခံမှုမ၇ှိတဲ့ သံရုံးလူကြီးတွေကို တော့စိတ်ပျက်တယ်ဗျာ။

Aung Soe Oo said...

မလုပ်နိုင်ရင်ထွက်ပေါ့ကွာဘာလို့မနိုင်ဝန်ကိုထမ်းနေကြသလဲ Acmv Org ဆိုတဲ့ပုဂ္ဂိုလ်ခင်ဗျားဘယ်မှာအလုပ်လုပ်နေတာလဲ ကိုယ်ယူထားတဲ့လစာနဲ့ထိုက်တန်တဲ့ဝန်ဆောင်မှူပေးရမယ်ဆိုတာနားလည်ဘူးလားဗျာ....လစာကြတော့နိုင်ငံရပ်ခြားမှာပေးနေတဲ့လစာကိုယူပြီးအလုပ်လုပ်တော့မြန်မာပြည်ရဲ့စိတ်ဓတ်ဟောင်း စရိုက်ဟောင်းထဲကပြန်မထွက်နိုင်ဘဲ မြန်မာပြည်အတိုင်းလုပ်နေကိုမမြင်ဘူလားဗျာ...ရုံးပိတ်ရက်ကြတော့လည်းမြန်မာပြည်ပိတ်ရက်လည်းပိတ် စင်ကာပူပိတ်ရက်လည်းပိတ် ဘယလာစောက်သုံးကျတော့မှာလဲ...

ko ko said...

ကိုယ်တွေ့မိုယုံပါတယ်......မေးစရာမေးခွန်းတောင်မရှိအောင်ကို......အကြွင်းမဲယုံကြည်တာပါ...

Anonymous said...

စင်္ကာပူနဲ့ တူအောင် လုပ်မဲ့ သမ္မတကြီး ရေ .. စကာင်္ပူက မြန်မာသံရုံးလေးကိုဘဲ အခြားစကာင်္ပူ က ရုံး လိုမျိုး တူ အောင်အရင်လုပ်ပါ လားဟင်...

ပြည်ချစ်ကိုကို said...

Dream Creator သံရုံးက ကောင်တွေက မင်းပထွေး မို.လို.လား။ မင်းက အဲဒီလောက် သံရုံးဘက် ကနေ ထောက်ခံနေ ရအောင် မင်း အမျိုးတွေ ဘယ်နှစ်ယောက်ပါလို.လည်း။

Anonymous said...

မြန်မာ သံရုံး ဆိုတာ အင်မတန်မှ အောက်တန်းကျ တဲ့ ဝန်ထမ်း တွေ စုစည်း နေတဲ့ နေရာပါ။ ပညာ ရော စိတ်ဓတ် နဲ့ ကိုယ်ကျင့်တရား ပါ ချွတ်ချုံကျနေတဲ့ သူတွေ ချည်းပဲ စီမံခန့်ခွဲ နေတော့ ဘယ်လိုမှ တိုးတက်ဦး မှာ မဟုတ်ဘူး။ အရည်အချင်း နဲ့ နေရာကိုယူထားတာ မဟုတ်ပဲ အဆက်အသွယ်အားကိုးနဲ့ အခွင့်အလန်း မက်လို့ ရောက်နေတဲ့သူချည်းပဲ။ ကျွန်တော် နိုင်ငံပြင်ပ မှာနေလာတာ ၁၄ နှစ် ရှိပါပြီ။ တခါမှ စေတနာပါပါ နဲ့ အခွန်လာဆောင်တဲ့ သူတွေကို ကူညီလိုက်တာ မမြင်ဘူးသလို ကြားလဲမကြားဘူးသေးပါဘူး။ လာတာနဲ့ ဘယ်လိုညစ်ရမလဲ ဘယ်လိုရစ်ရမလဲ ဘယ်လိုအောက်တန်းကျကျ အာဏာကို အလွဲသုံးစား လုပ်ရမလဲ ဆိုတာပဲ ခေါင်းထဲမှာ ရှိတယ်။ ယူတဲ့အခွန်ကို တိုင်းပြည်တိုးတက်ဖို့သုံးတယ်ဆိုရင် ပေးပျော်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရတဲ့ ပိုက်ဆံ ကိုဝေစား မျှစား လုပ်ပြီး ဗိုလ်ချုပ် မိသားစု နဲ့ ဆွေမျိုးညာတိကာ တွေစင်ကာပူမှာ ရှော့ပင်း ထွက်၊ ဆေးခန်းပြ၊ ဆေးရုံတက် လုပ်ဘို့ အတွက် ရံဘုံငွေလုပ်နေကျ တာပါ။ အခွန်ကလဲ ဒီဘက်အစိုးရ နဲ့နှစ်ထပ် မကောက်ဘို့ စာချုပ်ချုပ်ထားတာကို ဗြောင်လိမ်ဇာတ်ခင်းပြတဲ့ အပြင် အခွန်ပေးဘို့ပန်ကြားစာပါ တောင်းတောင်းပန်ပန်နဲ့ ရေးပြရသေးတယ်။ သံအမတ်တခါ ပြောင်းရင် မူတို့လုပ်ပုံကိုင်ပုံတို့ ပြောင်းပါတယ် ဒါပေမဲ့ ပိုအဆင်ပြေမသွားတဲ့အပြင် ပိုပိုရှုတ်ထွေးလာပြီး ပိုပိုခက်ခဲလာလိုက်တာ အခုဆိုရင် အရင်ကတစ်မနက် နဲ့ပြီးတဲ့ကိစ္စ အခု လုယက်ရန်ဖြစ် ပြီးတစ်ပတ် နှစ်ပတ်ကြာ၊ ချိန်းတဲ့နေ့မသွားနိုင် ရင် တလကြာ ဖြစ်ကုန်ပြီ။ စင်ကာပူကဘယ်အစိုးရရုံး သွားသွား မြန်မာသံရုံး ထက် ဆက်ဆံရေး ရော လုပ်ပုံကိုင်ပုံရော အဆတစ်ရာမက သာတယ်။ ဒါတောင် သူတို့နိုင်ငံသားမဟုတ်မှန်းလဲသိပြီးသား။ မြန်မာသံရုံး ကတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား အချင်းချင်း ကို အောက်တန်းစားအဆင့်ပြပြီး ကို ဆက်ဆံပြနေတာ ယိုသူမရှက် မြင်သူရှက် ပဲ။ ခွေးနဲ့နှိုင်းရင်တောင်မှ ခွေးတန်ဘိုး ကျသေးတယ်၊ ခွေးကတောင် သူ့ကိုထမင်းကျွေး တဲ့ လက်ကို ပြန်မကိုက်တတ်ဘူး။

မြန်မာသံရုံးတွေမှာအမှုထမ်းနေတဲ့ လူတွေရဲ့ စိတ်ဓာတ် ပိုပြီး ရွံရှာ စရာကောင်းတာတွေအများ ကြီးထဲက အချို့ကိုဒီကနေပဲ share လိုက်ပါတယ်။
တချိန်တုန်းက သံအရာရှိ တဦးက စင်ကာပူစီးပွါးရေးသမား ဆီက လာဘ်ယူ ပြီးတော့ သူ့သမီး နန်ယန်း ပိုလီ တက်တာ ကျောင်းနားက ကွန်ဒိုမှာအိမ်ငှါးခငြိမ်း နေရဖို့ လုပ်စားခဲ့ပါသေးတယ်။ အဖေတူ သမီးကလဲ အ လကား နေရတဲ့ကွန်ဒို မှာ အခန်းပိုတွေကို သူငယ်ချင်းတွေကို ပိုက်ဆံယူပြီး ပြန်ငှါးစားလိုက်သေးတယ်။ နောက်ဖြစ်ရပ် တစ်ခုကတော့ တချိန်တုန်းကအသစ်ရောက်လာတဲ့ စစ်ဗိုလ် တဖြစ်လဲ သံအမတ် ကြီးကိုယ်တိုင်ပါပဲ။ မနေ့တနေ့ကမှ စင်ကာပူ ကိုရောက်လာတော့ Sentosa ကျွန်း ကို သွားလည်တာ သူ့အရှေ့မှာလူတွေ အဲဒီအချိန်တုန်းက monorail အဟောင်း စီး ဘို့စောင့်နေကျတာလဲမြင်ရော ငါသံအမတ် ပဲ တန်းစီစရာမလိုဘူး ဆိုပြီး ရှေ့ဆုံးကို သွားဘို့ အာဏာပြပါတော့တယ်။ ကံကောင်းသွားတာက သူနဲ့အတူပါလာတဲ့ ခေတ္တ လာလည်တဲ့ စစ်တပ်က တခြား အရာရှိ တချို့ကဖြောင်းဖြ ပြော ဆိုတော့မှ ကိုယ်တော်ချောကလက်လျှော့လိုက်တော့တယ်။ နောက်တခုကတော့ ဂျပန်က မြန်မာ သံရုံး အကြောင်းပါ။ ဒါကတော့သတင်းမှာဖတ်ရတာပါ။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတစ်ယောက် ကင်ဆာဖြစ်ပြီး ရုတ်တရက် ဆိုသလို ဆုံးသွားတော့ အလောင်း(သို့) ပြာ ကို မြန်မာနိုင်ငံ ပြန်ပို့ဖို့အကူအညီတောင်းတာ ဘာပြန်ပြောသလဲဆိုတော့ သေသွားတဲ့သူကအခွန်မဆောင်ရသေးလို့ ဘာမှလုပ်မပေးနိုင်ပါ တဲ့။ အဲဒါနဲ့ ဟိုကဗမာ တွေရယ် ဂျပန်လူမျိုးစေတနာ့ဝန်ထမ်း တွေရယ် ပေါင်းပြီး အလှူငွေ ထဲ့ပြီး အခွန်ဆောင် လိုက်မှ ကိစ္စပြီးသွားတော့တယ်။ မလေးရှားမှာလဲ နှစ်အတန်ကြာက သံရုံးဝန်ထမ်းတွေ ညစ်လွန်းလို့ ဒုက္ခသည် ညီအကို၂ယောက် ဒေါသမထိန်းနိုင်ပဲ ဓာတ်ဆီဗုံး နဲ့ ဓားနဲ့ပါ တိုက်ခိုက်တဲ့ အခြေအနေ ထိဖြစ်သွားပါသေးတယ်။ ဘယ်လိုလူစားတွေနဲ့ diplomat အရာရှိ တွေ ဖြစ်နေကျလဲဆိုတာ မှန်းစရာတောင်လိုမယ်မထင်ဘူး။

Topsidon21 said...

မြန်မာသံရုံးလာဖွင့်ထားတာမင်းတို့စောက်ကျိုးအတွက်မဟုတ်ဘူး - လို့
ပြောခံရဘူးပါတယ်....အသိပညာဗလာနတ္ထိအောက်တန်းစားလူ့အလွာတစ်ခုပါ..

Theingi said...

စင်ကာပူကိုမပြောပါနဲ့ လန်ဒန်ကမြန်မာသံရုံးလည်းထိုနည်း၎င်းပါ ဥရောပမှာဖုန်း၁လကျော်ပြတ်တာကြားဖူးပါလား ဒါပေမယ့်လန်ဒန်ကမြန်မာသံရုံးမှာရှိပါတယ် ရုံးမှာဖုန်းကို၁လုံးပဲဖွင့်ထားပြီးဒီဖုန်းကပျက်တော့ဘယ်လိုလုပ်ရမလဲရှင် Passport (or) Visa သက်တမ်းတိုးချင်လို့ပိုက်ဆံကိုအတိအကျပေးရင်ဘာလို့ပိုမပေးဘဲအတိအကျဘဲပေးတာလဲလို့အမေးခံရပါတယ် င်္ဒီComment လေးကို ကိုသစ်ထူးလွင်အားလုံးသိရအောင်တင်ပေးပါ ကျေးဇူးပြုပြီးတော့

aung lay said...

ဟုတ်ပဗျာ။ သံရုံးကဝန်ထမ်းတွေမောက်မာတာတော့ကိုယ်တွေ့ပါပဲ။
Passportပြောက်လို့ဖောင်တင်ချင်လို့သွားတောင်းတာကိုနောက်နေ့မှပြန်လာခိုင်းတယ်။နာက်နြေ့ပန်သွားတော့ဖောင်ထုပ်ပေးပြီးနောက်နေ.မှထပ်ပြန်လာခိုင်းတယ်။ Documents တွေစုံတယ်ဒီနေ့ တင်ခဲ့မယ် ဆိုတာကိုလက်မခံဘူး။
နောက်နြေ့ပန်သွားမှဖောင်ဖိုး ၈ဒေါ်လာရူပြီးလက်ခံလိုက်တယ်။ နောက်တစ်လခွဲကျော်လို့စာအုပ်ရပြီလားလို့သံရုံးကိုဖုန်းဆက်တိုင်းနိုင်ငံခြားသူကပဲ ကိုင်ပြီး ဝန်ထမ်းတွေအလုပ်များနေပါတယ် ပြီးမှပြန်ဆက်ပါပဲပြောတယ်။ သူကိုလည်းဘာမှမေးလို့မရဘူး။ ညနေ ၅ နာရီတိတိမှာပြန်ဆက်တော့သံရုံးပိတ်သွားပါပြီလို့ပြောတယ်။ ဒါနဲသံရုံးကို သွားစုံစမ်းတော့ အွန်လိုင်းမှ Q နံပါတ်ယူပြီးနောက်နြေ့ပန်လာခိုင်းတယ်။
နောက်နေသွားတော့ အွန်လိုင်း ဖိုး ဒေါ်လာ ၅ + ၈ (နိုင်ငံခြားရေးဝန်ကြီးဌာနစာအုပ်ဖိုး) စုစုပေါင်း ၁၃ ဒေါ်လာ ယူလိုက်ပြီးနောက်နဲ့ပြန်လာခိုင်းပြန်ရော။နောက်နေ့စာအုပ် သွားယူတော့ ပြည်ထဲရေးဝန်ကြီးဌာနကချမှတ်တဲ့ ဒဏ်ကြေး US ၃၀၀ ကို ပေးမယ်ဆိုတာကိုလက်မခံဘူး။ ၁.၅ နှုံးနဲ့ စင်ကာပူဒေါ်လာ ၄၅၀ ယူတယ်။ စာအုပ်သက်တမ်းတိုးဖိုးက ဒေါ်လာ ၁၅၀။ စုစုပေါင်းဒေါ်လာ ၆၀၀ ယူလိုက်တယ်။ သံရုံးကနေ့လည် ၂ နာရီမှာပြန်ဖွင့်တယ်လို့ကြေငြာထားပေမဲ့ နေတိုင်း ၃ နာရီ ၄၀ မိနစ် မှပြန်ဖွင့်ပါတယ်။ ပြေပြေလည်လည်တောင်းရင် သူတောင်းစားကိုတောင် စေတနာရှိပါတယ်။ ခုဟာက ပေးလည်းပေးရသေးတယ် အပြောလည်းခံရသေးတယ် ။ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်နေတဲ့ ဝန်ထမ်း တွေပါ။

July said...

Dream Creater,

ဒီစာကိုရေးတာ ကျွန်မ ပါ။ Bro စာကိုသေချာမဖတ်မိတာဖြစ်မယ်။ ဒါမှမဟုတ် ကျွန်မ စာရေးညံ့တာဖြစ်လိမ့်မယ်နဲ့တူပါတယ်။ ကျွန်မရေးတဲ့ထဲမှာ စနစ်ပျက်တာကို အပြစ်တင်တာမပါပါဘူးရှင်။ ဟုတ်ပါတယ် ဘယ်စနစ် ဘယ်လောက်ကောင်းကောင်းပျက်နိုင်ပါတယ်။
ကျွန်မ ပြောချင်တာ တာဝန်ယူမှု တာဝန်သိတတ်မှု နဲ့ ကိုင်တွယ်ဖြေရှင်းနည်း ပြီးတော့ အရာရှိတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် ကိုပြောတာပါရှင်။
ကျွန်မ တို့ Q နံပါတ် မထွတ်တဲ့ အပေါ်မှာ မဖြစ်သင့်ဘူး တစ်ခုခုမှားနေတယ်ထင်လို့ အီးမေလ်ပို့ခဲ့ပါတယ် ။ ဒါကို သံရုံးဝန်ထမ်းတွေအနေနဲ့ အရေးမယူခဲ့ပါဘူး။ ကျွန်မသူငယ်ချင်း အီးမေလ်ပို့ခဲ့တာ မတ် လအလယ်မှာပါ။ အဲ့ဒိကတည်းက Action တစ်ခုခု ယူမယ်ဆို ရင် .......??

ဟုတ်ပြီ အကြောင်းအမျိုးမျိုးကြောင့် Action မယူမိဘူး ထားပါဦး....။ မနက်သူတို့ လူအုပ်ကြီး တွေ့တဲ့ အချိန်မှာ ဒါတွေဖြစ်လာတော့မယ်ဆိုတာမတွက်မိသင့်ဘူးလား။ ဒါကို ကျွန်မ က Professionalism မရှိတာလို့မြင်ပါတ်။

ဟုတ်ပြီ ရတယ်။ သူတို့မှာဒီလို အတွေ့ကြုံမျိုးမရှိဘူးလို့ နံပါတ်ပေးရင်းပေးရင်းနဲ့မှ ၅၀၀ ကျော်လာလို့ မနိုင်တော့ဘူးဆိုတာသဘောပေါက်လာတယ်ဆို သူတို့ လူထုကိုပြေပြေလည်လည်ပြောပြီး တောင်းပန်ခြင်း တခြား Alternative Plan တစ်ခု စဉ်းစားပေးခြင်းမျိုးမရှိဘဲ ပြန်တော့ မိုက်တဲ့ကောင်တက်လာခဲ့လို့စိန်ခေါ်တာကရော..... ။ သံရုံးဖွင့်ပေးတယ်ဆိုတာ ပြည်သူက ထိန်းမရတော့လို့ပါ။ ဒါကို ကျွန်မကတော့ အနိုင်ကျင့်တာလို့မြင်ပါတယ်။

နောက် လူကြီးတွေကိစ္စ။ လူကြီး တွေကို မြင်ကတည်း က အခြေနေကိုလည်း သိနေတာပဲ။ ဘယ်လောက်စောင့်ရမယ်ဆို တာ။ ၀န်ထမ်းတစ်ယောက်ယောက် က အဲ့ဒီ လူကြီး ၄ ယောက် ၅ ယောက် ရဲ့ Case တွေကို လာယူသွားပြီး အရင်ဦးစားပေးလိုက်မယ်ဆိုတဲ့အကြောင်းပြောပြီးလုပ်ပေးမယ်ဆို ဘယ် မြန်မာလူမျိုးကငြင်းမလဲရှင်။ ကျွန်မ လည်း သတိတော်တော်လွတ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အဲ့ဒီ အကြံမျိုး မနက်လေး နာရီမှရလို့ အားမလိုအားမရဖြစ်မိတယ်။ ဟုတ်ပြီ တကယ်ပဲ အဲ့လူကြီးတွေ ကို သူတို့ ဥပဒေအရတကယ်လုပ်ပေးလို့မရဘူး ဆိုရင် တောင် သူတို့ လုပ်ပေးနိုင်တဲ့ ဘောင်တစ်ခုထဲကစိတ်ကောင်းစေတနာနဲ့ ကူလို့မရဘူးဘူးလား ။ မနက် ၉ နာရီ ကနေ နောက်တနေ့ မနက် ၄ နာရီထိစောင့်နေတဲ့ အသက် ၇၀ ကျော် လူကြီးနှစ်ယောက်ကို အိုကေ အမေ ဒီလိုလုပ် ဥပဒေအရတော့ အမေတို့ သမီး အခွန်ကြေမှဖြစ်မယ်။ အခု ကျွန်တော်လုပ်ပေးနိုင်တာက အမေ တို့ လည်း ပင်ပန်းပြီ ။ လက်မှတ်ထိုးဖို့နဲ့ ဓါတ်ပုံရိုက်ဖို့တန်းမစီနဲ့တော့ ။ အရင်လုပ်သွား။ နောက်နေ့တော့ အမေ့သမီး အားရင် အခွန်လာဆောင်ခိုင်းလိုက်။ အခွန်ဆောင်ပြီးတာနဲ့ ကျွန်တော်တို့ချက်ချင်း ပတ်စ်ပို့ထုတ်ပေးမယ်။ စိတ်မပူနဲ့။ အမေတို့လည်း လာစရာမလိုတော့ဘူး။ ဥပဒေဖြစ်နေလို့ တော့နားလည်ပေးပါဗျာ။ဆိုတာမျိုး ပြောခဲ့မယ် ဆိုရင်.... အဲ့ဒါကို တော့ ကျွန်မ အရာရှိတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ ပြောချင်ပါတယ်။ လုပ်ပိုင်ခွင့် တစ်ခုအတွင်းက ပြည်သူကို မကူညီပဲ လုပ်ပိုင်ခွင့်အတွင်းက အာဏာပြနေတာကို ပြောချင်တာပါ။
ဒီလောက်ဆို ကျွန်မပြောချင်တာ ရေးချင်တာကို သဘောပေါက်မယ် ထင်ပါတယ်ရှင်။

myatnoe said...

အချိုရေဗူးတစ်ထောင်ဝေတာကိုပဲစကားထဲထည့်ပြေနေသေးတယ်ကွာ
ငါတို့တွေဆီကရတဲ့ဒေါ်လာတွေက တစ်ရက်ကို ဘယ်နှစ်သိန်းရှိလဲ
မင်းတို့တွေပြန်တွက်ကြည့်ဦးကွ။ မင်းတို့သံရုံးကကောင်တွေက စင်ကာပူနိုင်ငံက ငါတို့တွေကျွေးတဲ့ထမင်းကိုစားပြီး ငါတို့တွေကိုပြန်စော်ကား
နေတဲ့ကောင်တွေကွ။။ မင်းတို့လည်ချောင်းထဲကို ခြေမနဲ့ကော်ထုတ်ရင်တောင် ငါတို့ဆီကစားထားတဲ့ဒေါ်လာတောင်အတောင့်လိုက်ပြန်ထွက်လာဦးမယ်ကွနားလည်လား။။။

စစ်မုန်းသူ said...

နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့ သံရုံးက ဟိုးချောင်ကလောင်ထဲမှာ ( လမ်းကြိုလမ်းကြားက စရိုက်ပျက်နေတဲ့ နေရာမျိုး ) ၊ ယိုးဒယားသံရုံးက နောက်ဖက်ကိုထပ်ချဲ့လိုက်ရင် သူတို့အိမ်သာထားတတ်တဲ့ နေရာနဲ့ သိပ်မဝေးတော့ဘူး ။ ဘယ်နှယ့်လုပ် သံခင်း၊တမန်ခင်းစကားပြောတဲ့ကောင်တွေရဲ့ စာရိတ္တကောင်းနိုင်တော့မလဲ ။ ပြောတော့သာ သန့်ရှင်းသောအစိုးရ ၊ တိုးတက်သောအစိုးရ ဟိုက ၊ ဒီကနဲ့ လျှာအရိုးမရှိတိုင်း နင်းကန်စွတ်ပြောနေတယ် ။ ကိုယ့်နိုင်ငံသံရုံး ယုံစားလို့များသွားအားကိုးလိုက်ရင် ငါးပါးထဲမဟုတ်ဘူး ရှိသမျှအကုန်မှောက်မယ် ။ အဲဒီလိုမျိုးရာစုနှစ် နှစ်ဆယ်ကျော်ခံခဲ့ရတဲ့ စကာင်္ပူရောက်မြန်မာတွေ ဒီလိုမျိုးဝဋ်ကကျွတ်ဖို့က တစ်မတ်သား ခွေးအုပ်စုကိုအရင်ဖြုတ်ချပစ်ဖို့ပါဘဲ...... ။

nang said...

စင်္ကာပူသံရုံးဆိုလို့ နည်းနည်းလောက် share လုပ်ချင်လို့ပါ လွန်ခဲ့တဲ့ တစ်နှစ်က သံရုံးကို အခွန်ဆောင်ဖို့သွားတုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ... တန်းစီနေကြတုန်း ကျောင်းသူလေးတစ်ယောက်က ကောင်တာမှာ ရှိနေတဲ့ ၀န်ထမ်းကို မြန်မာပြည်ပြန်ချင်လို့ ထောက်ခံစာလိုချင်ကြောင်းပြောပါတယ် ... အမေနေမကောင်းတာ အသည်းအသန်ဖြစ်လို့ ပြန်ရမှာဖြစ်တဲ့အတွက် ကျောင်းကို ခွင့်တိုင်ဖို့ထောက်ခံစာ လို့ ဆိုပါတယ် ... ကလေးမလေး က ဆယ်တန်းအောင်ခါစအရွယ် တော်တော်ငယ်ငယ်လေးပါ ...မနက်ဖြန်ပြန်ချင်လို့ ဖြစ်နိုင်ရင် မြန်မြန်လေး လုပ်ပေးပါလို့ ပြောတာကို ကောင်တာက ၀န်ထမ်း(ကျား) ပြန်ပြောလိုက်တာက နင့်အမေက မသေသေးဘူးမလား တဲ့ .... ကောင်မလေးခမျာ အဲလို မပြောပါနဲ့ ဦးလေးရယ် ဆိုပြီး မျက်ရည်ကျရှာတယ် ... ကိုယ်သာ အဲဒီကောင်မလေး နေရာမှာဆို ဒီကောင်ကို သတ်မိမယ် ... မနေနိုင်လို့ ၀င်ပြောမိတော့ ကိုယ့်အလှည့်ကို ကျော်ပြီးခေါ်တယ် ...အလှည့်ကျော်တာကို ထပ်ပြောတော့ စကားထပ်များကြပြီး သကာလ နောက်ဆုံးတော့ ပွဲစားလက်အပ် $50 ပေးပြီး အောင်မြင်စွာနဲ့ သက်တမ်းတိုးနိုင်ခဲ့ပါတယ် .... ကိုယ့်သမီးသာ နိုင်ငံရပ်ခြားမှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံလာခဲ့ရင်...........

zmt said...

သူများတိုင်းတပါးတွေကသံရုံးကိုအားကိုးပီး မြန်မာ ကိုလာတာ ကိုယ်မြန်မာ့ ကတော့....မတွေးဝံ့စရာပဲနောင်ရေးကောင်းလာပါ့မလားနော် ဘ၀ဘဝ

Admin said...

ကိုကိုရေ
Dream Creator ဆိုတာ အခြားလူမဟုတ်ပါဘူး။ စင်္ကာပူ မြန်မာသံရုံးရဲ့ on line စနစ်ကို ပြင်ပကနေ soft ware ဝင်ရေးပေးနေတဲ့  ပင်နီဆူလာ ၇လွာကနံမည်ကြီး ပွဲစားကြီး company ကပါ။ ရာဇာ လို့ ခေါ်ပါတယ်။ အဲ့ဒီနေ့  က အအေးတိုက်တာလဲ သူတို့   ပါပဲ။
မအိချောတို့  လိုကွန်ပြူတာ ပညာရှင်တွေ သိအောင်ပြောပြရရင်
၁။ ယခုသုံးနေတဲ သံရုံးက Q system အခွန်တွက်သော soft ware ထုတ်ပေးသော အခွန်စာရွက် print out format အားလုံးဟာ Government body မှ တရားဝင်ရေးဆွဲထားသော နိုင်ငံတော်အမှတ်ပြုsoft ware များမဟုတ်ပါ။
၂။ အဲ့ဒီ soft ware တွေကို pass port ပွဲစားကြီး company ကေ၇းပြီး သံရုံးကဝန်ထမ်းတွေက operator အဆင့် ပဲလုပ်ကိုင်ခွင့် ၇တယ်ဆိုရင် မချောအိတို့ လို ကွန်ပြူတာပညာရှင်တွေ သံရုံးမှာ ဘာတွေဖြစ်နေပြီ ဆိုတာသိလောက်ပါပြီ။
၃။ ယဉ်ယဉ်ကျေးကျေး ဥပမာပေးရရင် စင်္ကာပူ သံအမတ်က သူခိုးကို ဒါးရိုးကမ်းသလို ဖြစ်နေပါတယ်။ နိုင်ငံတော်က စင်္ကာပူ လိုနိုင်ငံမှာ တာဝန်ပေး ခံရတဲ့ 
သံအမတ်မို့ အ လို့ ခံလိုက်ရတယ်လို့ တော့ကျွန်တော် တယောက်ကဖြင့် မယုံကြည်ပါဘူး ဗျာ။ ဘာဖြစ်လို့ ဒါးရိုးကမ်းလိုက်သလဲ ဆိုတာကတော့ မိတ်ဆွေတို့  အားလုံး သိကြပါလိမ့်မယ်။


  အဲ့ဒီလို သံရုံးရဲ့ soft  ware တွေရဲ့ administrator ဟာ နိုင်ငံတော်ရဲ့ ဝန်ကြီးဌာနက မဟုတ်တဲ့ အတွက် ဘာတွေဖြစ်နေလဲ ဆိုတော့

# သံရုံးက ဝန်ထမ်းတွေဟာ အဲ့ဒီ ပွဲစားကြီးနဲ့ သူ့ တပြည့်ကို ကြောက်နေ ဖါးနေ ရတယ်။ ဘာနဲ့ ဥပမာ တူလဲဆိုရင် ဘုရားကအောက် မျောက်ကအထက် ဆိုတဲ့စကားပုံလိုဖြစ်နေပါပြီ။ ၂၃ ရက်နေ့ ကဖြစ် ခဲ့တဲ့ အမှားဟာ ဒီလူ ရာဇာ့ ကြောင့်ဖြစ်ပေမဲ့ သံရုံးပဲ လူတွေက အပြစ်တင်ခံ ရပါတယ်။

# Soft ware တွေဟာ ပွဲစားကြီးလက်ခုပ်ထဲက ရေဖြစ်နေလို့ ရက်ချိန်းတွေဟာ လိုရာ
ဖြစ်ကိန်းသေ (ပွဲစားကြီးအတွက်) ဖြစ်နေကြရပါတယ်။ 

# soft ware တွေဟာ ပွဲစားကြီးလက်ခုပ်ထဲက ရေဖြစ်နေလို့  သူတို့ ထုတ်ပေးတဲ့ အခွန်ပြေစာ တွေဟာ အမှန်တကယ်ဆောင် ထားပေမဲ့ ပျောက်သွားလို့  မိတ်တူ ရှာရင် သံရုံးက အခွန်ဆောင်သူ စာရင်းထဲမှာ လုံးဝရှာမတွေ့  ပဲထပ်ဆောင်ရတာ တွေဖြစ် နေကြတာပါ။ ဖြစ်ပုံကတော့ အခွန်ဆောင်သူရဲ့ပိုက်ဆံ (များရင်ပေါ့လေ) ကိုယူပြီး ပြေစာကို ထုတ်ပေးလိုက်တယ်။ ဒါပေမဲ့ စာရင်းထဲကို မထည့်ဘူး။  အဲ့ဒါကြောင့် ပြေစာမူရင်းကို အရူးအမဲသားတောင်းသလို သီရိက တွင်တွင် တောင်းနေတာပေါ့ဗျာ။

ကဲဒီလောက်ဆိုရင် Singapore  က ကိုသစ်ထူးလွင် ဝက်ဆိုက် ကိုလာဖတ်တဲ့ စာဖတ် ပရိတ်သပ်ကြီးရော အဓိကတာဝန်ရှိ တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင်အပါအဝင် ကဘာအနှံ့ က မြန်မာတွေ စင်္ကာပူ မြန်မာသံရုံး အရှုပ်တော်ပုံကို သိသင့်သလောက် သိသွားကြပြီလို့  ထင်ပါတယ်။

zawmyoaung said...

ထိုင်းသံရုံးကလူတွေဆို အလုပ်တောင်မရှိပါဘူး

Naing said...

ဒီနေ့ 30 Apr မှာ online booking လုပ်လိုက်တာ application form ရဲ့ညာဖက်ထောင့်မှာ queue နံပါတ်ပါတယ်။ မနက် ၁၀ နာရီ အရောက်လာပြီး check in လုပ်ရမယ်လို့ form ထဲမှာ ပါတယ်။ ချိန်းထားတဲ့နေ့ သွားရင်တော့ သံရုံးမှာ ဘယ်လို ကြုံရမလဲမပြောတတ်ဘူး။ ၂၃ ရက် နေ့က အဆင်မပြေဖြစ်တာ ကို သင်ခန်းစာ ယူပြီး ချက်ချင်းကို web application form ကို update လုပ်လိုက်တာ ဆိုရင်တော့ အလုပ်လုပ်တာ တော်တော် မြန်လာပြီပြောရမယ်။ For others, it would be “an improvement”. But for Myanmar embassy, it is ” a miracle”.(Nandi)

naymyonm said...

မြန်မာ သံရုံး တွေက ဒေါ်လာယူဖိုဘဲသိတာ ကျွန်တော်ကိုယ်တွေပါ။ ဒုကခေ၇ာက်၇င်အကူညီမတောင်းနဲ ငွေပေးမယ်ဆါု၇င် လာ။ သံရုံးကိုဘာအတွက်ဖွင်.တာလဲ အခွန်ကောက်ခံဖိုဘဲလား မြန်မာနိုင်ငံသာတွေကို သူတို.ကျွန်လိုထင်လားမသိဘူး ။ ကျွန်တော်တို အလိမ်ခံ၇ပြိး ရရှားခိုးသဘော်ကိုေ၇ာက်ခဲ.ပြီးအဖမ်းခံခဲ.၇တယ်။ သံ၇ုံးအကြောင်ကြားတော. ကရုတောင်မစိုက်ဘူး ။ ပြန်တော.အခွန်အပြည်.ဆောင်၇တယ်။ ကျွန်တော်သိရှင်တာ က သံရုံးကဘာအတွက်ဖွင်ထားတာလဲ။

Powered by Blogger.