မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။
6103
မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ၀ါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀၀နှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။

သူက “၀ါးတောရွာဂိတ်ကို ဖြတ်သွားတဲ့လူတွေ ဂိတ်ကြေး ပေးရတယ်။ အဲလို တောင်းတဲ့အခါကျတော့ သွားလာတဲ့သူတွေက အခက်အခဲ ရှိပေမယ့် မသွားလာလည်း မရတဲ့အခါကျတော့ သွားရတာပဲ။ ကောက်လို့ရတဲ့ငွေကို ကေအဲန်ယူကို မျှဝေပေးတယ်လို့ သိရတယ်။ ဘယ် လောက်လဲတော့ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ဒေသခံ အပါအ၀င် ခရီးသည် ၁၀၀ ၀န်းကျင်ရှိသလို ဆင်ဖြူတိုင်ကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံ ဗိုလ်မောင်ကြည် ဦးဆောင်သည့် အင်အား ၂၀ခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်မြေခံ ကေအဲန်ယူအဖွဲ့နှင့် ပူးပေါင်းကာ သစ်တောထွက် ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချနေပြီး ထိုသို့လုပ်ဆောင်မှုကို ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းဝါးတောရွာဂိတ် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအား ကေအိုင်စီ က ယနေ့ မေးမြန်းရာ တစုံတရာ မကြားသိရသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ဝါးတောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီကျေးရွာနှင့် ၂မိုင်ကျော် ကွာဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုရှိ ဒေသခံများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲရေး သဘောတူမှု ရရှိပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အစိုးရတပ်နှင့် ကေအဲန်ယူ အောက်ခြေတပ်တို့ လူထုထံ ငွေကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ကေအိုင်စီ
မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော Reviewed by သစ်ထူးလွင် on 04:20 Rating: 5

7 comments:

Bravo said...

သူခိုးနဲ့ဓါးပြပူးပေါင်းပြီး တိုင်းပြည်ကိုကျွန်နိုင်ငံဖြစ်အောင် ဖေါ်ဆောင်ဖို့ ကြိုးစားနေကြတာလား။

အရှိအတိုင်း said...

အင်း...Good p...အခုမှ တရားဝင် ကောက်ခွင့်ရသလိုပဲ...ကောင်းရော

Anonymous said...

ဒီလိုလုပ်စားပြီးစစ်တိုက်ပြနေတာနှစ်ပေါင်းကြာနေပါပြီ။
ခိုးရောင်းလို့ရတဲ့ငွေတွေသူတို့အိတ်ထဲပဲထည့်ကြတာ။
ပြည်သူတိုင်းရင်းသားတွေအတွက်ဘာမှမဖြစ်လာခဲ့ဘူး။
လွတ်မြောက်ရေးခေါင်းစဉ်အောက်မှာသန်းကြွယ်သူဌေးတွေ
ဖြစ်နေတာကြာပြီမို့...ခေါင်းဆောင်ကောင်းဆိုတာ
တော်တော်ရှားပါးပစ္စည်းတခုပဲ။ကိုယ့်ကျိုးမရှာတဲ့
ခေါင်းဆောင်၂ဦးမြန်မာပြည်မှာပေါ်ထွန်းလာသော်လည်း
တဦးကသေ..တဦးကနေရာလုခံရ။
သူတို့၂ဦးကသားအဖတွေ...
သူပုန်ခေါင်းဆောင်များလည်းစစ်အာဏာရှင်များကဲ့သို့
ကိုယ်ကျိုးအတွက်ငြိမ်းချမ်းရေးယူပြီးလုပ်စားနေခြင်းသာ။
တကယ်ဆိုကိုယ့်ပြည်သူကိုယ့်ပြည်နယ်လေး
တိုးတက်ရာတိုးတက်ကြောင်း
စဉ်းစားသင့်ပါတယ်။

Killer said...

စစ်တပ်၊ တောတွင်းလက်နက်ကိုင်များ ( DKBA, KNU...) အကုန်အတူတူပဲ... တိုင်းပြည်အတွက်လုပ်နေတာမဟုတ်.. ကို့စီးပွားရေးအတွက်လုပ်နေတာပါ... (မှတ်ချက်..ခေါင်းဆောင်ပိုင်းများသာ)

that said...

သူကမသာကောင် ကိုကအသုဘတွေပါပဲ

minsayarpar said...

့honey ရေ မင်းက တော်တော် စကားပြောတတ်လှပါလား။တို့ က ကရင်ကောင်းစားရေးဆိုင်းဘုတ်အောက်က တို့ကောင်းစားရေးပါ။ ဘယ်တိုင်းရင်းသားမဆို ဒီလိုပဲ ဆိုင်းဘုတ်လှလှလေးရေးပြီး လုပ်စားနေကြတာချည်းပါပဲ ။တကယ်တော့ ကုလားကြီးနှင့် အရာကြီး အတူတူပဲဆိုတာ မင်းမေ့နေလို့နေမှာပါ

san san said...

ကိုယ့်နိုင်ငံသားအခြင်းခြင်းကိုကောက်မဲ့အစား ကိုယ့်တိုင်းပြည်ထဲကိုပေါ်တင်ဝင်လာတဲ့တရုတ်တွေဆီက ကောက်ပါလား။တရုတ်ကိုတော့အလှကြည့်ထားတယ်။ကိုယ့်ပြည်သားအချင်းချင်းနှိပ်စက်နေတယ်။

Powered by Blogger.