ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)


လွှတ်တော်ပြန်ခေါ်ချိန်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာ ဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။

RFA
ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင် ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင် Reviewed by သစ်ထူးလွင် on 19:23 Rating: 5

6 comments:

Zaw Htet Naing said...

ကာကွယ်သည် ဆိုသော စကားလုံးဟာ စစ်အစိုးရလက်ထက်ကတည်းက
သူတို့ရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ အသုံးပြုခြင်းဖြစ်သည်။ အခုထက်ထိ
သူတို့အကျိုးစီးပွါးတွေ ထိခိုက်မှာစိုးလို့ လွှတ်တော်ထဲထိအောင် ဒီစကား လုံးကိုခေါ်ထဲ့ထားတာ။ ၁၉၈၈ မှသည် ၂၀၁၁ ထိ ဘယ်သူတွေ က ဘယ်သူ့ကို ကာကွယ်ထားလဲဆိုတာ အားလုံးသိပါတယ်။ အမေစု စတင်ပြင်ဆင်ပုံလေးကတော့ ရိုးရှင်းပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ဖို့
အရင်ဆုံး ခြေလှမ်းလေးစတင်လိုက်တာ ညင်သာလွန်းပါတယ်။ ပြည်သူကို
အကျိုးမပြုတဲ့ ဥပဒေအားလုံး အမေစု ပြင်ဆင်နိုင်ပါစေ။

Richard said...

ဘာပဲဖြစ်ဖြစ်ပါ NLD လွှတ်တော်ထဲရောက်သွားရင် ကျေနပ်ပါတယ်
လွှတ်တော်မတက်ဘူး ဆိုတာမျိုးကိုတော့ ဘယ်အကြောင်းပြချက်နဲ့မှ
သဘောမတူနိုင်ပါ ပြည်သူ့ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ကိုယ်စား
ပြောရေးဆိုခွင့်ရနေမှဖြစ်မှာပါ အခြေခံဥပဒေမှာပြင်စရာတွေအများကြီးရှိတယ်
ဆိုတာအသေအချာပါ သို့သော်အဲဒီအများကြီးဆိုတာအားလုံးတော့ မဟုတ်ပါ
ဝေါဟာရများနဲ့ မငြင်းချင်ပေမဲ့ တွေးမိတာလေးတော့ ပြောပါရစေ
“ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ကိုယ်ပိုင်ပစ္စည်းကိုပါ” “လေးစားရတာကတော့ သူများပိုင်တဲ့အရာကိုပါ” ကျွန်တော်တို့ရဲ့အခြေခံဥပဒေက ကျွန်တော်တို့ အပိုင်ဖြစ်သင့်ပါတယ်
တစ်ဆက်ထဲပြောချင်တာက သူများပစ္စည်းဆိုလဲ ကိုယ်ရအောင်ယူနိုင်ရင်
ကိုယ်ပိုင်ပစ္စည်းဖြစ်မှာပါ

Hlwan Moe Aung said...

တကယ့်ကို အဓိကကျပြီး အရေးပါတဲ့ ပြင်ဆင်မှုပါ..အခြေခံဥပဒေက စဖွင့်ကတည်းက မှားနေဆိုသလို..လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုကို ခံယူရမယ့် ပြည်သူ့ဝန်ထမ်း တပ်မတော်သား ၂၅% က ၀င်ထိုင်နေရတယ်ဆိုတာကိုက မဟုတ်တော့ဘူးလေ..အဲလိုဆိုရင် ကျန်တဲ့ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာတွေ၊ လ၀ကတွေ၊ ရဲတွေ လည်း အကုန်လုံးဝင်ထိုင်ကြပေါ့..လုံးဝမဖြစ်သင့်ဘူးလေ..တပ်မတော်ဆိုတာ ၀န်ထမ်းပဲ..ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက ခိုင်းတာ လုပ်ရမှာပေါ့..အမေစု အနေနဲ့ ဒီကိစ္စ္စကို သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ မြှော်လင့်ပါတယ်..
တချို့က လာသေးတယ်..ဒီမိုကရေစီဆိုတာ တောင်းသာ တောင်းနေရတယ် ဘာမှန်းမသိဘူးဆိုတဲ့ လူမျိုးတွေရှိသေးတယ်..
ဒီမိုကရေစီဆိုတာရှင်းရှင်းလေးပါ..အဓိက က ပြည်သူက ရွေးချယ်တင် မြှောက်တဲ့ အစိုးရဖြစ်ရမယ်..ပြည်သူ့အကျိုးအတွက် အုပ်ချုပ်ပေးရမယ်..ပြည်သူက မကြိုက်ရင် ပြန်ဖြုတ်ချနိုင်ခွင့်ရှိရမယ် ဒါပဲလေ..
ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘဲနဲ့ အစိုးရက ခိုင်းတာလုပ်ရမယ့် ပြည်သူ့ဝန်ထမ်းတွေက လွှတ်တော်ထဲမှာ ၀င်ပါနေတာကိုက လုံးဝမှားနေတာ..ပြင်သင့်ပါတယ်..မပြင်ရင် အဲဒါ ဒီမိုကရေစီမဟုတ်ဘူး..အတုအယောင် ဒီမိုကရေစီဘဲ..

Myo Chit said...

တိုင်းပြည် လူထု ၊ လူအများအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ ၊ ဘယ်လိုပေးဆပ်ရမလဲ ဖြစ်နိုင်တာတွေကို ပညာဥာဏ် အမြင်ကြီးကြီး နဲ့ မြန်မာ သာမက ကမ္ဘာကိုပါ သက်သေပြ ပြီး တန်ဘိုးထားလေးစားခံရတဲ့ အမေစု ဦးဆောင်တဲ့ ၊ ပညာတတ်များစွာ ရှိတဲ့ NLD ပါတီ ကြီး တစ်ခုက မယောင်ရာ ဆီလူး ၊ စကားလုံးတွေကြား ကပ်သပ်နေပြီး အချိန်ကုန်ခံ အကျိုးမရှိတာ လုပ်နေတာ မဟုတ်ဘူး ဆိုတာ ပြည်သူ အားလုံး နားလည် လေးစား ယုံကြည်ပါတယ် ခင်ဗျာ ။

aung naing said...

သမ္မတကြီးဦးသိန်းစိန်ကတော့အမြန်ပြင်ပေးမှာပါ၊၈လုံးတို့ဦးအောင်သောင်းတို့က တော့ရစ်နေအုံးမှာပါ၊အမေစုတို့ကိုပြည်သူကပြည်သူကိုစားလှယ်အဖြစ်ခန့် ထားပြီးပြီဖြစ်လို့ပြည်သူတွေကတော့အမေစုNLDအမတ်တွေကိုဆက်လက် ၀န်းရံအားပေးသွားမှာပါ။

Anonymous said...

ကျေးဇူးတင်ပါတယ်။
လွတ်တော်ထဲကလူကြီးများ...
နှစ်သစ်မှာပျော်ရွင်ခြင်းတ၇ားမျှတခြင်း
ကိုပုံဖေါ်နိုင်ပါစေ..

Powered by Blogger.