ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။" ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။ ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ 
 RFA
ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့   ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by သစ်ထူးလွင် on 19:24 Rating: 5

12 comments:

Richard said...

ဟောဗျာ ကံမမှာတင်မကဘူး ဖားကန့်မှာလည်း ဖြစ်သတဲ့လား
သစ်ထူးလွင်ရေ လုပ်ပါအုံးဟ အပြည့်အစုံလေးသိရအောင်

su said...

ဘာသာရေး အစွန်းရောက်မှုတွေ ရှောင်ရှားကြစေချင်ပါတယ်။ တစ်ခါတရံမှာ အဲဒီဘာသာရေး အစွန်းရောက်မှုကြောင့် နိုင်ငံရေးမှာ အဖုအထစ်တွေ ဖြစ်ကြရတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ဆက်စပ် အသုံးမချကြဘို့ တိုက်တွန်းချင်ပါတယ်။

တိပံင်ကောံ said...

တဦးအပေါ်တဦးနားလည်နေလို့ပေါ့ကုလားတွေမြို့ထဲရောက်ကုန်ပြီ။ ဘယ်မှာလဲမြန်မာတွေအတွက်နေရာ။ ကိုယ်ကသာသူတို့ကိုနားလည်နေ သူတို့ကအဲဒါကိုအခွင့်ကောင်းယူပြီး ကိုယ့်ကိုအမြစ်ပြတ်အောင်ဖြုတ်မှာ။

နန္ဒ said...

ိဟုတ်ပ..မြို့ ကြီးတွေကော မြို့ ငယ်တွေမှာပါ အဲဒီကုလားတွေက နေရာယူထားကြပြီ နားလည်ပေးနေကြပေါ့လေ သိပ်မကြာပါဘူး၊ ခံရတော့မယ် လက်ရှိကနေ လက်မဲ့ဖြစ်တော့မယ်ဗျာ။

net man said...

ဘာသာရေးက တစ်ခါတစ်လေမှာ နိုင်ငံရေးရေးကို ရိုက်ခတ်ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက တိုက်ရိုက်ဆက်နွယ်နေတတ်တယ်။ ကမ္ဘာမှာလည်း ဒီအတိုင်းပါဘဲ၊ မွတ်စလင်တိုင်းပြည်မှာရော၊ ခရစ်ယာန်တိုင်းပြည်တချို့တွေမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် တိုင်းပြည်တွေဟာ တိုက်ခိုက်ပြီးတော့ သေကြေပျက်စီးနေကြတာတွေကို တွေ့နေရတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း တစ်ချိန်က ဖြစ်ခဲ့ကြပြီးပြီ အခုဆိုလည်း နယ်စပ်တွေမှာ ဖြစ်နေကြသေးတယ်။ အဲဒါတွေဟာ ဘာသာရေးဆက်နွယ်နေတဲ့ နိုင်ငံရေးလုပ်ရပ်တွေဖြစ်လာတယ်။ လူမျိုးရေးပြသနာတွေဖြစ်လာတယ်။ အဲဒီတော့ ဘာသာရေးကလည်း တိုင်းပြည်တစ်ပြည်တိုးတက်ရေးမှာလည်း တစ်ဖက်တစ်လမ်းက ပါဝင်နေတယ်။ ဘာသာရေးပြသနာတွေ တက်နေရင်လည်း တိုင်းပြည်ဆုတ်ယုတ်နိုင်တယ်။ ဘာသာရေးအမြင်ကို ပညာဥဏ်နဲ့မြင်သင့်နေပါပြီ၊ တစ်ကမ္ဘာလုံးလည်း ဘာသာရေးပြသနာတွေ အဆုံးသတ်သင့်နေပြီ၊ ဘာသာရေးအစွန်းရောက်မှုတွေ ဖယ်ရှားလိုက်ရင် ကမ္ဘာကြီးက အေးချမ်းလာမှာသေချာတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကို အကြောင်းပြုပြီး တက်တဲ့ပြသနာ တွေက ပိုပြီးကြီးမားကြတယ်။ တကယ်တော့ ဒါတွေဟာ အစွန်းရောက်မှုရဲ့ သက်သေတွေပါ။ အစွန်းရောက်ရင် ပြသနာစပြီ။ အစွန်းမရောက်ရင် အိုကေတယ်။ ဒါကြောင့် ဒီကမ္ဘာကြီးကို အေးချမ်းစေချင်ရင် ပထမဦး ဘာသာရေးအစွန်းရောက်မှုတွေ ဖယ်ရှားရမယ်။ ဘာသာရေးက သူ့ဖာသာသူ ရှင်းတယ်၊ လူတွေက မရှင်းဖြစ်နေတာ။ လေ့လာမှုအားနည်းခြင်း၊ တစ်စွန်းတစ်စကိုယုံကြည်ခြင်း၊ ထဲထဲဝင်ဝင်မလေ့လာခြင်းများနဲ့ သူများပြောသည့်စကားတစ်ခွန်းကို ယုံကြည်ခြင်းတွေက ပြသနာတစ်ရပ်ကိုစတင်စေတယ်။ ဘာသာတရားတိုင်းကို သိခြင်ရင် ထဲထဲဝင်ဝင်လေ့လာပြီးမှ စဉ်းစားပါ၊ ဆင်ခြင်ပါ၊ ကိုယ်မလုပ်ခြင်လည်းရပါတယ်။ ဘာသာတရားတိုင်းတွင် မှန်ကန်ခြင်းတရားတွေရှိတယ်။ ဘာသာတိုင်း၏ သွန်သင်ချက်တွေက အကုန်ကောင်းတယ်။ လိုက်နာဆောင်ရွက်ရမယ့်သူတွေက အမှားတွေကို အမှန်ထင်ပြီး လုပ်လာတတ်ကြတယ်။ ကိုယ့်ယုံကြည်ရာကို ကိုးကွယ်တဲ့နေရာမှာ သူ့ဘာသာက မှားတယ်၊ ငါ့ဘာသာကသာ မှန်တယ်လို့ ယူဆကတည်းက စမှားတာပါ။ အဲဒီလိုမဟုတ်ပါဘူး။ ဘာသာတရားဆိုတာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်နေကြတာပါ။ အဲဒီနေရာမှာ အစွန်းမရောက်ရင် အိုကေတယ်။ အစွန်းရောက်ရင်တော့ စဆော်ပြီ၊ အဲဒီကစတာဘဲ၊ ဘာသာတရား သွန်သင်သူတိုင်းဟာ မတရားမှုကို ဘယ်ဘုရားကမှ မလုပ်ခိုင်းကြောင်းကို အားလုံးအသိပင်ဖြစ်တယ်။ ဗုဒ္ဓက မလုပ်ခိုင်းသလို ခရစ်တော်ကလည်း တားမြစ်တယ်။ မိုဟာမက်ကလည်း လုံးခွင့်ပြုမထားဘူး။ အဲဒါကို လူတွေဟာ လူသားအချင်းချင်းပါလားလို့ နားလည်ပေးတတ်ဖို့လိုလာတယ်။ သူတစ်ပါးယုံကြည်ရာကို မလုပ်ရဘူးဆိုပြီးအကြမ်းဖက်ရင် ဖက်တဲ့လူမှားနေတာ။ လုပ်တဲ့လူကတော့ လူကြမ်းဖြစ်နေပြီ၊ အဲဒီအခါမှာ စဉ်းစားမှု၊ ဆင်ခြင်မှု၊ တွေးခေါ်မှုတွေအပေါ်မှုတည်ပြီးတော့မှ ဘာသာတရားတိုင်းရဲ့ အဆုံးအမတွေ လိုက်နာကြင့်သုံးပြီးတော့ နေထိုင်ရင် ကမ္ဘာကြီးက နေချင်စရာကမ္ဘာကြီး ဖြစ်လာမှာပါ။ ဘာမှမကိုးကွယ်တဲ့သူတွေလည်း ကမ္ဘာမှာ အများကြီးဘဲ၊ ဘာမှ မကိုးကွယ်ရင် ဘာမှကို မဖြစ်တော့တာ။ အစွန်းရောက်မှုလည်းမရှိတော့ဘူး။ ကိုးကွယ်မှုကတော့ လိုပါတယ်။ ဘာသာတရားကိုးကွယ်မှုသည် ဘာသာတရားကိုယုံကြည်ပြီး ဘာသာတရားရဲ့အဆုံးအမနဲ့ အညီနေထိုင်လိုကြခြင်းဘဲဖြစ်တယ်။ ဒါကတော့ အစွန်းမရောက်ပါဘူး။ င့ါဘာသာမှန်တယ်၊ သူ့ဘာသာမှားတယ်ဆိုရင်တော့ အစွန်းစရောက်ပါပြီ။ လူမျိုးရေး၊ ဘာသာရေးတွေကို ဖန်တီးနေတဲ့သူတွေလည်း နည်းနည်းစဉ်းစားကြပါ။ ဆင်ခြင်ကြပါ။ ကိုယ့်အတွက်နဲ့ တစ်တိုင်းပြည်လုံး ပြသနာတွေမဖြစ်ပါစေနဲ့။ လူငယ်တွေခေါင်းထဲကို မဟုတ်တာတွေ ရိုက်မသွင်းပါနဲ့။ ကကြီးတစ်လုံးကို မြေမှာရေးပြီး အဖက်ဖက်က ကြည့်သလိုဖြစ်နေလိမ့်မယ်။ ဟိုကမြင်တော့ ကကြီး၊ ဟိုကမြင်တော့ three ဟိုဘက်က င် သတ်။ အဲဒီလိုပါဘဲ။ ကြည့်တဲ့သူတွေ ယုံကြည်သတွေဘက်ကတော့ အမှန်ပါဘဲ။ မှားတာက ငါ့ဘက်က ကြည့်မှ မှန်တယ်ဆိုရင်တော့ စမှားနေပြီ။ သူ့ဘက်ကိုယ့်ဘက် မျှမျှတတကြည့်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ဘယ်ဘာသာဝင်မဆို အစွန်းမရောက်ဘဲ ပါဝင်ဆောင်ရွက်ကြရင် တိုင်းပြည်တိုးတက်ပြီးတော့ သာယာဝပြောလာမှာပါ။ အခြားတိုင်းပြည်တွေမှာ ဖြစ်နေတဲ့ ပြသနာတွေကိုလည်း နမူနာယူကြပါ။ ကိုယ့်တိုင်းပြည်က တိုးတက်မှုနောက်ကြနေတယ်။ သူတို့က ရှေ့ကပြေးနေပြီ နောက်က အခုမှ အမှီလိုက်နေရတာ ဒီလိုပြသနာတွေသာဆက်ဖြစ်နေရာ ဆက်နောက်နောက်ကျရုံဘဲရှိတော့တယ်။ တချို့စကားလုံးတွေဟာ တော်တော်ရိုင်းရိုင်းစိုင်းစိုင်း ဘာသာရေးပုတ်ခတ်ထားကြတာ။ မလုပ်သင့်ဘူး။ ပြောထားတိုင်းလည်း မှန်သလား၊ မှားသလား စဉ်းစားတွေခေါ်တဲ့ အတွေးအခေါ်တွေ လိုအပ်တယ်။ ဒါကို တစ်ထစ်ချ ဒီဘာသာက ဆော်တယ်ကွ။ ချကွနှက်ကွဆိုရင် မဟုတ်သေးဘူး။ ဘာသာက ဘာမှ မဆိုင်ဘူး။ ဘာသာတိုင်းမှ အဆုံးအမ အရမ်းကောင်းတယ်။ မှားနေတာက လူတွေ။ စဉ်းစားတွေးခေါ်မှုကို ဦးမတည်ဘဲ သူတို့လုပ်ချင်တာကို ဇွတ်ဆွဲပြီး ချောက်တွန်းကြတာ။ စဉ်းစားဆင်ခြင်မှုနဲ့ အတူ ဘာသာတရားရဲ့ ဘာသာအားလုံး၏ ကိုယ့်ယုံကြည်ရာကို ကိုးကွယ်ကြရင်း ဘာသာတရားရဲ့ အဆုံးမတွေကို လိုက်နာပြီး မေတ္တာတရား ရှေ့ထားပြီး နေထိုင်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

chawsuaung said...

စိတ်မကောင်းစရာဖြစ်ရပ်တွေပါ စိတ်ဝမ်းမကွဲစရာအရာများကိုတစ်ပါးသူသွေးခွဲမှုကြောင်.စိတ်ဝမ်းမကွဲသင်.ဟုထင်မြင်ယူဆအပ်ပါသည်။

အောင်ဇေယျ said...

ဟိုတစ်နှစ်က မလေးရှားမှာတရုတ်နှစ်သစ်ကူးအလုပ်ပတ်တာနဲ့ ကေအယ်လ်ကအမွှာမျှော်စင်သွားဖြစ်တယ် သူ့ဘေးက klcc ကုန်တိုက်ထဲဝင်ကြည့်မိတော့ ဈေးဆိုင်အားလုံးရောင်းနေတာကတရုတ် မြေညီထပ်အလယ်သေးသေးလေးမှာ ရိုးရာထည်လေးတွေရောင်းနေတာကတဲပုံစံမျိုလေးတွေဆောက်ထားတဲ့ မလေးဆိုင် အလယ်စတိတ်စင်မှာမလေးရိုးရာပလွေမှုတ်တယောထိုးလို့ မလေးဝတ်စုံလေးတွေနဲ့ သီချင်းဆိုနေကျတာတွေ့ တော့ အော်တရုတ်တွေနေရာတကာပေါလှချည်လားတွေးမိတယ် ဒီမှာတော့သူတို့က နိုင်ငံသားတွေတောင်ဖြစ်နေပါပြီလေ နောက်ဆို တို့နိုင်ငံသားတွေလည်း ကုန်တိုက်ကြီးတွေမှာဆိုင်းဝိုင်းလေးချ ရိုးရာလေးဝတ်ပြီးနိုင်ငံခြားသားတွေလာတဲ့အခါ ဒါမြန်မာနိုင်ငံကွလို့ ဇာတိမာန်အပြည့်နဲ့ပြချင် ပြနေရမှာ

eint said...

အင်း တစ်ဦးနဲ့ တစ်ဦး နားလည်တာကကောင်းပါတယ်....ဒါပေမဲ့ ဒီလူတွေကို သိပ်ပြီး ပ စား ပေးတာတော့ မလုပ်သင့်ဘူး ဥပမာ မီးရထားဝန်ကြီးရဲ့ဇနီး မဲဆွယ်တုန်းက လုပ်သလိုပေါ့...မတူတာတွေဖယ်ထားပြီးတူတာတွေပဲနားလည်မှုရှိရှိနဲ့ လုပ်သွားဖို့ပါ...သူတို့ကို တစ်ခုသိစေရမှာက သူတို့ဟာ indian တွေမဟုတ်ဘဲ မြန်မာလူမျိုးခံယူထားသူတွေ မြန်မာတွေဖြစ်တယ်ဆိုတာပဲ...အဲလိုသိသွားရင် ကျန်တဲ့ဘာသာရေးပြသနာတွေ လျော့သွားနိုင်ပါတယ်...

Myo Chit Thwe said...

မြန်မာတွေ ပညာတတ်၊ပြီး စိတ်ကောင်းနှလုံးကောင်းနှင့်တကွ အကျင့်စာရိတ္တတွေ ပြည့်စုံနေကြရင် ဒီပြဿနာတွေ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ အဲဒီအချိန်ကြရင် ကုလားရယ်၊ မွတ်စလင်ရယ်လို့ မြန်မာအများစု မျက်လုံးထဲမှာ ရှိမှာမဟုတ်တော့ဘဲ လူတွေရယ်လို့ မြင်လာကြပါလိမ့်မယ်။ ဒါဆိုရင် အတိတ်က ဗုဒ္ဓဘာသာအပေါ်နှိပ်ကွပ်ခဲ့တဲ့ သမိုင်းကြွေးတွေရော၊ အခုလက်ရှိဖန်တီးနေတဲ့ ပြသဿနာတွေကိုရော ဒီအတိုင်း မေ့ထားရမှာလားလို့ မေးစရာရှိတယ်။ သူတို့တွေ ပညာတတ်၊ စိတ်ကောင်းနှလုံးကောင်းရှိပြီး အကျင့်စာရိတ္တနဲ့ ပြည့်စုံနေကြရင် လက်ရှိသူတို့ ဖန်တီးနေတဲ့ပြဿနာတွေ (မြန်မာမှာရော ကမ္ဘာမှာပါ) ငြိမ်းသွားပါလိမ့်မယ်။ ကိုယ်တို့ကိုယ်တိုင် ပညာတတ်၊ စိတ်ကောင်းနှလုံးကောင်းရှိပြီး အကျင့်စာရိတ္တနဲ့ ပြည့်စုံနေကြရင် အတိတ်က အမုန်းတရားတွေကို ဖြေဖျောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ပစ္စုပ္ပန်ပြဿနာရော၊ အတိတ်ပြဿနာရော ကျွန်ုပ်တို့ဒီအတိုင်း ပစ်မထားပါဘူး။ အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနေပါတယ်။ အနာဂတ်မှာ ပြဿနာတွေထပ်မဖြစ်ဖို့ ကိုယ်ကိုယ်တိုင်လည်း ပညာတတ်ခြင်း၊ စိတ်ကောင်းနလုံးကောင်းရှိခြင်း၊ အကျင့်စာရိတ္တနှင့်ပြည့်စုံခြင်းဆိုတဲ့ တရားတွေကိုပဲ ရရှိအောင်ကြိုးစားရမှာဖြစ်သလို၊ သတို့တွေကိုလည်း ဒီတရားသုံးပါးနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေးရမှာပါပဲ။

ပုဂံစစ်သည် said...

ကျုပ်တို့ဗမာတွေခေါင်းငုံခံလွန်းလို့ ဒီကောင်တွေအရောင့်တက်နေကြတာ။ အရောင်းအဝယ်ကိစ္စဆိုလဲ တို့လူမျိုးတွေကို မတူသလိုဆက်ဆံတာ၊ တရုတ်ကော ကုလားကော အတူတူပဲ၊ မြန်မာပြည်သည်တို့ပြည်၊ မြန်မာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့ပြည်ကိုမြတ်နိုးပါ ဆိုတဲ့စကားအတိုင်း ကျုပ်တို့နိုင်ငံမှာနေရင် ကျုပ်တို့လူမျိုးကိုကောင်းကောင်းဆက်ဆံ၊ မဆက်ဆံချင်ရင်တော့ ကိုယ့်ပြည်ကိုယ်ပြန် ဒါပဲ၊ ကျုပ်တို့တိုင်းပြည်မှာနေပြီး ကျုပ်တို့လူမျိုးကိုမနှိမ်ဖို့ပြောတာပါ။ ကျုပ်တို့လူမျိုးတွေရဲ့အားနည်းချက်က သူတစ်ပါးအပေါ် အားနာတတ်တာပဲ။ အားနာတာကိုအခွင့်ကောင်းတော့မယူစေချင်ဘူး၊ လူဆင်းရဲချင်ရင်ဆင်းရဲမယ်၊ မျိုးချစ်စိတ်ဓါတ်တော့ တစ်စက်ကလေးမှ မဆင်းရဲဘူး၊ တို့ပြည်လာပြီးတော့ တို့လူမျိုးထိလို့ကတော့ ဘဝကူးကောင်းဖို့သာ စုတောင်းကြပေတော့။

MiMo said...

ဲပြည်သူတွေကို ပညာ မတတ်အောင် ထား.. ပညာမတတ်တော့... ဘာသာတရားကို မလေးစား... ကိုယ့်ဘာသာ တရားကို တန်ဖိုးမထားတတ်တဲ့ သူက သူများဘာသာ တရားကို လေးစားဖို့ မဖြစ်နိုင်တော့ဘူး.. ဒါတွေကို ခုတုံးလုပ် အမြတ်ထုတ်နေတာ ကို ခံ တဲ့သူတွေ က လူအတွေပါပဲ.. “မပြည့်တဲ့ အိုးဘောင်ပင် ခတ်တယ်” ဆိုတဲ့ စကားပုံ အတိုင်း ပြည်သူတွေ ရဲ့ ပညာရေး ကို ထိုကဲ့သို့ သွတ်သွင်း ခဲ့လေတော့ အရှက် ရစရာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းတော်တော် များနေတဲ့ ငါတို့ ခိုလုံရာ မြန်မာပြည်ကို အားလုံးဝိုင်းဝန်း ထိန်းသိမ်းကြပါ.... ပညာရှိတွေ က ဦးနှောက်ကို ဦးစားပေး သုံးလေ့ ရှိပါတယ်.. ခွန်အားဆိုတာ မသုံးသင့်တဲ့ နေရာမှာ မသုံးမိကြပါစေနဲ့...

Free Thinker said...

ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ကို ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်က မုဒိမ်းမှုကျူးလွန်ခဲ့မယ်ဆိုရင်(မှုခင်းဂျာနယ်မှာပါနေကြပါ) ဘာပြသနာမှ မဖြစ်ပါဘူး။ဥပဒေကဖြေရှင်းပေးသွားပါ့မယ်။
ဒါပေမယ့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ကိုတော့ ဗုဒ္ဓဘာသာဝင် မဟုတ်သူတစ်ယောက်က မုဒိမ်းမှုကျူးလွန်ခဲ့မယ်ဆိုရင်တော့ ဘာသာရေးအဓိကရုန်းဖြစ်သွားပါ့မယ်။အဲဒါ ဘာကြောင့်ပါလဲ။ဘာသာတရားရှိသူများစဉ်းစားကြပါ။ကမ္ဘာ
ပေါ်မှာရှိတဲ့လူ ၉၉.၉၉%ဟာမိရိုးဖလာဘာသာတွေကိုကိုးကွယ်နေကြတာပါ။ဘာသာတရားအားလုံးက ကိုယ်ဘဲမှန်တယ်လို့သွန်သင်ထားကြတော့တစ်ခြားဘာသာ တစ်ခုကိုလေ့လာတော့မယ်ဆိုရင်လည်းအဆိုးမြင်မျက်လုံးတွေကို ခွါချလို့မရကြပါဘူး။ဘာသာ လူမျိုး အစွဲတွေကိုချွတ်ပြီးလူကို လူလို့မြင်ကြည့်လိုက်ပါ။ ကမ္ဘာကြီးလှပသွားပါလိမ့်မယ်။

Powered by Blogger.