ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး
ဓါးမြတိုက်မှုဖြစ်ပွါးပြီး အပျက်အဆီးများကိုတွေ့ ရစဉ်
မကွေးတိုင်း ကံမမြို့နယ်တွင် ၁၃.၄.၂၀၁၂ ရက်နေ့  ည ၈ နာရီအချိန်ခန့်တွင် 
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေအိမ်များအား အတွင်း
အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။
ည ၁၁ နာရီခန့်လောက်ထိဖြစ်ပွားခဲ့ပီး အိမ်ရှိသူများမှာ ကိုလွတ်ရုံးထွက်ပြေးကြရ
ကြောင်း ပစ္စည်းဆုံးရှုံးမှုများ စွာ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ
 ကုညီမှုမရှိ မင်းမဲ့တိုင်းပြည်လိုဖြစ်နေကြောင်း သိရပါတယ်။
 ၁၄.၄.၂၀၁၂ ည တွင်လဲ ကျန်ရှိ နေအိမ်များကို လူများစုဝေးကာ ဓါးပြတိုက်
လုယက်ဖျက်ဆီးကြောင်း သိန်းပေါင်းများစွာဆုံးရှုံးပျက်ဆီးသွားကာ ရွှေ ၊ ငွေ ထည် 
ပစ္စည်းများစွာ လုယက်သွားသည်များကို သက်ဆိုင်ရာမှ ခုထိဘာမှ အရေးမယူ
 သေးကြောင်း ကံမမြို့ ခံများက Myanmar News Now ကို ပြောပါတယ်။ 
Myanmar News Now
 အပျက်အစီးများကိုတွေ့ ရစဉ်
50 comments:
ပုဂံစစ်သည် said...
လူဒီလောက်များတာကတော့ လွယ်လွယ်နဲ့မိဖို့ရာများပါတယ်။ တကယ်လုပ်မယ်ဆိုရင်ပေါ့လေ။
Sandy said...
အမလေး အံ့သြစရာကြီးပါလား။ ဘာတွေလဲ? နိုင်ငံရေးလှည့်ကွက်တွေလား။ ဓါးပြ ၃၀၀ ဆိုတာတောင် သတင်း မရနိုင်ဘူးလား။ဘာကိုမှ လက်ခံချင်စရာ၊ ယုံချင်စရာတောင်မရှိဘူး။
aungmyinttun5 said...
ဟုတ်ရဲ့လားမောင်ကာလုရာ ဒမြပေါင်း ၃၀၀ ဆိုတော့ စဉ်းစားစရာပဲ ဒမြတိုက်ပါတယ်ဆိုမှ လူအဲလောက်ကြီးလိုသလား အဟိ ဒမြတိုက်တာ အဲလောက်လူများမယ်မထင်ပါဘူး နည်းနည်းလျော့အုန်းနော်
ကျော်ထိုက် said...
ဘာလဲကွာ...ဒီလောက်လူအများကြီး...ဒါဟာ လုံးဝမရိုးသားဘူး..ရဲ့တွေကလည်း အရေးတယူ မလုပ်တော့....ထပ်ပြီးလာကြသေးတယ်ဆိုတော့ ဒါ မင်း မဲ့တိုင်းပြည်လား............ကဲ အမတ်မင်း များ လုပ်ကြအုံး.... ပြည်သူတွေ ဘယ်သူ့ ကို အားကိုးရတော့မှာလဲ...ကျီးလန့်စာ စားနေရသလိုဖြစ်နေပြီ.....သင်္ကြန် ရက်ကြီးမှာ ဖြစ်ရတာ စိတ်မကောင်းပါဘူး.......
Myanmar said...
ဟုတ်လို့လားဗျာ။ ။
ကာလနဂါး said...
ဘာသာရေး အဓိကရုန်းဖြစ်ခြင်းရဲ့ နောက်ဆက်တွဲလုပ်ရပ်လို့ပဲ မြင်ပါတယ် ။ နိုင်ငံရေး ပရောဂနွယ်နေနိုင်ပီး ဇစ်မြစ်ရှာ မြန်မြန် အရေးအရေးယူနိုင်မှသာ အခြားမြို့ တွေကို မကူးစက်နိုင်မှာပါ ။
ကိုစော said...
ဓါးပြ ၃၀၀ ????
အဲဒါ ဖွဲ့စည်းပုံ မပြည့်တဲ့ ခုခေတ် တပ်ရင်း ၂ရင်းစာ လောက် ရှိတယ်။
မောင်မောင် Comment said...
ဓားပြ က အယာက် ၃၀၀ ဟုတ်ရဲ့လားဗျာ။ ဓားပြ ၃၀၀ ဆိုရင် စစ်တပ်တစ်တပ်စာလောက်ဖြစ်နေပြီ။ ရဲတပ်ဖွဲ့လောက်နဲ့ နှိမ်နင်းလို့မရတော့ဘူးဗျ။ ဒါကြောင့်မို့လဲ ရဲက ကြောက်ပြီး မလာတာဖြစ်ချင်ဖြစ်မှာပေါ့။
Unknown said...
ရဲတွေဘာလုပ်နေကြလဲနော်.......
mgluuway said...
သုံးရာဆိုတဲ့လူအင်အားဟာ ဓါးမြ မဟုတ်နိုင်ဘူး ..ဓါးမြဆိုတာ အင်အား
သုံးရာ မရှိဘူး..အဖွဲ့အစည်းတခုရဲ့လက်ချက်ပဲ..အဲဒီကံမမြို့နယ်မှာရဲစခန်းရှိ
တယ်.ရဲကတောင်အရေးမယူဘူးဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ အာဏာပိုင်
ပါတီ၊အဖွဲ့အစည်းတွေနဲ့ပတ်သက်မှု့တွေ၇ှိတယ်ဆိုတာ ရိုးရိုးလေးတွေးရင်တောင်
သိနိုင်တယ်။ ဆိုတော့ အဲဒီအဖွဲ့အစည်းကိုမဖမ်းနိုင်ဘူး.အရေးမယူနိုင်ဘူး၊လက်
သည်မဖေါ်နိုင်ဘူးဆိုရင် သေချာတယ်..အာဏာပိုင်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းပဲ..ဗျ ..
Richard said...
ဘယ်ရွာမှာလဲ (၂)ရက်တောင်ဆက်ဖြစ်တာ မရေမရာ မသေမချာ မယုံနိုင်စရာ ယုတ္တိမရှိပါ
rose khin said...
ဓားပြရောဟုတ်ရဲ့ လား အယောက်၃၀၀ ဆိုတော့....
tt said...
မယုံဘူး ဒီသတင်းကို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
weya said...
ဓါးပြတိုက်ခြင်းမဟုတ်ရပါ....
htaywinaung said...
မယုံဘူး
tkm said...
အိုး အများကြီးပါလားလူတွေက
ဓါးပြတိုက်တာဟုတ်လို့လား
စစ်ပွဲများဖြစ်နေလားလို့..
သေချာတယ်မိမှာတော့....
Anonymous said...
မယုံပါ ခမျာ.....
weya said...
ကံမမြို့ပေါ်မှာ ဖြစ်သွားတာပါ ဓါးပြတိုက်ခြင်းလုံးဝမဟုတ်ပါ...
ကျွန်တော်က ကံမမြို့သားပါ....
ကိုကိုညို said...
ကံမ မြို့ ဆိုတာ ဘယ်နားမှာလဲ အခုဖြစ်တဲ့ဟာက ဓါပြတိုက်တာမဟုတ်လောက်ဘူး ကျွန်တော်တို့ မြန်မာပြည်မှာ လူမျိုးရေးသတ်ဖြတ်မှု မရှိဘူး ဘာသာရေးအဓိကရုဏ်းဘဲဖြစ်နိင်တယ်၊တိုင်းပြည်လုံခြုံရေးကိုတာဝန်ယူထားတဲ့ စစ်တပ်ကဘာလုပ်မလဲ မြန်မာလူမျိုး(စစ်စစ်)တွေကို ဒုက္ခပေးနေပြီ ၊တိုင်းပြည်မှာ လက်ရှိ အင်အားအကောင်းဆုံး ကြံ့ခိုင်ရေးပါတီကဘာလုပ်မလဲ ၊
ထေရဝါဒတိုင်းပြည်လို့ ကြွေးကြော်ထားတဲ့ ဗုဒ္ဒဘာသာ ဘုန်းကြီးတွေကော ဘာလုပ်ကြမလဲ ဒကာ၊ဒကာမတွေကိုဘယ်လို ပြန်စောင့်ရှောက်ကြမလဲ စိတ်ဝင်စားစရာဘဲ၊မြန်မာပြည်ကဗုဒ္ဓဘာသာ မြန်မာတွေနေတဲ့မြို့ ရွာလူထုကို စော်ကားနိင်တဲ့ ဘာသာခြားလူမျိုးခြားတွေကို တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာရယူထားတဲ့ သမ္မတ ဘယ်လိုကိုင်တွယ်မလဲ ၂၀၁၅အတွက် စိတ်ဝင်စားစရာတော်တော်ကောင်းတဲ့ ကိစ္စပါ။ကိုသစ်ရေ ဆက်စပ်သတင်းရရင်မပြတ်တင်ပေးပါ ဒါမြန်မာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပြသာနာပါ
jaithein said...
ခုခေတ်မှာဓါးပြရှိသေးလားလို့ ပြန်သုံးသပ်ကြည့်ပါလားဗျာ...ကျနော်နေတဲ့ ရှမ်ပြည်တောရွာလေးမှာတောင်ဒီခေတ်မှာဓါးပြဆိုတာရှာမတွေ့ တောဘူးဗျ
စပ်မိစပ်၇ာ said...
တခါက ရွာတရွာကို ဓပြ ၀င်တိုက်ပြီ မနက်ကြ ရွာနဲ့ နီးတဲ့ စစ်တပ်ကရောက်လာပြီ လာကူညီကြတယ်..ညဘက်ကတိုက်ခံရတုန်းက အဘွားကြီးက သေနတ်ကို ထုံးသုပ်လိုက်တာ ..မနက်ရောက်လာတဲ့ စစ်သားရဲ့  သေနတ်ကြီးမှာထုံး၇ာကြီး..အဘွားကြီးကို စစ်ဗိုလ်က မေးတယ် အဘွားလူပုံစံမှတ်မိလား ..ကျနော်တို့ ရှာပေးဆိုတော့ ယယပြောဝံ့ပါဘူး ဗိုလ်ကြီးရယ်ဆိုတော့ ဇွတ်မေးတာနဲ့  ညက ကြောက်ကြောက် နဲ့ ထုံးသုပ်လိုက်လိုက်တာ ဒီသေနတ်ကြီးပဲ..အဲ့လိုဖြစ်နေတယ်
weya said...
ကံမမြို့ဆိုတာ မကွေးတိုင်းက မြို့စွန်လေးပါ ပြည်မြို့နဲ့ အနီးဆုံးပါပဲ
ကိုကိုညှိ ကျွန်တော့ အီးမေးလိပ်စာက werathu143@gmail.com ပါ
ကိုကိုညှိ ဘယ်လိုဆက်သွယ်နိုင်မလဲခင်ဗျာ
Bravo said...
အာဏာစက်က မြို့ကြီးတွေတောင် ထိရောက်မှုမရှိတာ၊ ဒီလိုနေရာမျိုးဆိုရင်တော့ လုံးဝမရှိဘူးဆိုတာယုံလိုက်။
Anonymous said...
ဓားပြကလည်း..စစ်မှစစ်ပဲ...ဝင်တိုက်တာလည်း..ရဲမှရဲပဲ....
DK said...
ဓားပြ ၃၀၀ ... ကျွန်တော်သာ အဲလောက်လူအင်အားရှိရင် ဓားပြမလုပ်စားတော့ဘူး ဟီးဟီး ... နေ့တိုင်း ဈေးတွေ ဆိုင်ခန်းတွေပတ်ပြီး ဆက်ကြေးယူတော့မယ် ... ရာကူဇာတို့ မာဖီးယားတို့လို ... နေ့တွက်တောင် ကိုက်သေးတယ်
မန်းလေးသား said...
ဟုတ်ပါပြီ ဓားမြတိုက်တာ့ မပြောလိုပါဘူး... ဓားမြက ၃၀၀ ဆိုတာရယ်.. နောက်ပြီးအဲဒီမှာ ရပ်ကွက်လူကြီးတွေ ရွာလူကြီးတွေ နောက်ရဲစခန်း ဆိုတာတွေ ဘာလုပ်နေကြလဲ... တိုက်တာက ၂ ရက်ဆက်တိုက်နော်..... ကိုသစ်ရေဒီသီတင်းကို အဆက်မပြတ် တင်ပေးပါဦးဗျာ စိတ်ဝင်စားလို့ပါ...
Anonymous said...
ဖြစ်ရပ်ကအမှန်ပါပဲ၊ ဒီသတင်းကိုစတင်တဲ့လူက ပုံကြီးချဲ့ပြီးဓါးပြတိုက်တယ်လို့
ဖော်ပြတာပါကွာ၊ သူတို့အမျိုးတွေခံရလို့ အရေးမယူ ယူအောင်ရွှေငွေတွေ
လုယူ သိန်းပေါင်းများစွာပါတယ်လို့ ပေါက်ကရလျောက်ရေးတာပါ။
ငါက..ကံမမြို့ပေါ်ကပါ။ ။
ဖိုးခွား said...
ဒမြ အယောက် ( ၃၀၀ )တောင်မှလား...ကိုသစ်ရေ ..ဒီသတင်းစိတ်ဝင်စားတယ်.. ကမ္ဘာကျော်မဲ့သတင်းပဲ...ဆက်လက်ရှုစားတော်မူကြပါ။
datha said...
လွတ်တော်နဲ့ တပ်မတော် အားပြိုင်မှု့ တစ်ရပ်ပါ
လွတ်တော်က အင်အားကောင်းလာတာကို တပ်မတော်က မလိုလားဘူးလေ...... အဲဒါကြောင့် လူထူအုံကြွမှု့ ဖြစ်အောင်လုပ်ပြီး
စစ်အုပ်ချုပ်ရေးကို ပြန်ပြီးအသက်သွင်းချင်နေတာပါ
လွတ်တော် အင်အားကောင်းပြီးမီဒီယာတွေကလမ်းပွင့်သွားတော့ ပြုတ်မဲ့ ၀န်ကြီးတွေက အကုန်နီးပါးဘဲလေ.....ဒါကိုစစ်အစိုးရကကြောက်တော့ ဆင်ကြံ ကြံနေတာပါ
colatz said...
အမျိုးတွေ ရန်ဖြစ်ကြတာနေမှာပေါ့..သတင်းပေးတဲ့လူက ချဲ့ကားပြီးရေးတာဖြစ်မယ်
သုခ said...
waya-ကံမမြို့သားဆိုရင် သတင်းမှန်တင်ပေးပါ၊ဓါးပြ တိုက်တာမဟုတ်ရင်ဘာလဲ၊ပြည်တွင်းစစ်လား၊စွမ်းအားရှင်ဆိုတဲ့သူတွေ၊ပြည်ခိုင်ဖြိုးတွေနဲ့ပြည်သူ့ရဲဆိုသူများဘယ်ချောင်မှာအကြံအဖန်လုပ်နေကြတာလဲ၊မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့ရဲတပ်ဖွဲ့ကို ဒီသတင်းအမှန်ဆိုရင် ထိထိရောက်ရောက်အရေးယူသင့်တယ်၊ကံမသားကြီးweya &kanlinn ရေ သတင်းအမှန်ုကို ကိုသစ် ထံသို့မဟုတ် ဂျာနယ်တစောင်စောင်ထံပို့လိုက်ပါ၊
bozboz said...
သတင်းကို မှန်မှန်ကန်ကန်တင်ပေးပါ...သစ်ထူးလွင်မှ တာဝန်ရှိသူများ ခင်ဗျား...ကျနော် ကံမမြို့သားတစ်ယောက်ပါ...ယခု ကံမမြို့ကသတင်းသည် မှားယွင်းနေပါသည်..သတင်းအတိအကျမှာ ဘုန်းကြီး နှင့် ကုလား(မွတ်ဆလင်)တို့ အချင်းများရာမှ အထိကရုန်းဖြစ်သောသတင်းဖြစ်ပါသည်..သတင်းတိတိကျကျ ကို ပြန်လည်ဖော်ပြပေးစေလိုသည် ခင်ဗျား..ကျေးဇူးတင်ပါသည်..
pyaponthu said...
ထိရောက်တဲ့အပြစ်မျိုးပေးသင့်တယ်။တကယ်ဒမြဆိုရင်ပေါ့ဥပဒေပြင်သင့်ပြီး
ပန်းသခင် said...
ဟုတ်ကဲ့...မင်္ဂလာပါ...
ခုတစ်ပတ် ကျမ ကွန်မန်းပေးမဲ့ အကြောင်းအရာကတော့ ကံမ မြို့ဒမြတိုက်
ခြင်းအကြောင်းအရာဖြစ်ပါတယ်....
ဒီဖြစ်ရပ်ဟာ ကုလားဗမာ အဓိကရုဏ်းအတွက် ကြိုတင် စီမံထားကြောင်းးသိရပါတယ်ရှင်...လူပေါင်းး၃၀၀ လာရောက်ပြီး မွတ်စလင်တွေရဲ့ အိမ်ကို ဖြိုဖျက်နေစဉ် မီးသတ်ကား၂စီးသည် အိမ်ရှေ့တွင် အဆင့်သင့် စောင့်ဆိုင်းနေပြီးးရဲများမှာလည်း လက်ပိုက် ကြည့်နေကြပါသည်...
မ.၀.တ )နှင့် ဘုန်းကြီးး ၂ပါး ၃ပါးမှ လည်း ပြီးဆီးသွားမှ ရောက်လာပါသည်...
ဘယ်လို မှ စဉ်းစားလို့ မရတဲ့ အဖြစ်အပျက်မျိုးပါ...
မိသားစု များမှာလည်းး မိမိ အိမ်ခြံမြေများကို စွန့်လွှန့်ပြိးရှောင်ခွါနေရပါသည်...
သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများမှာ လည်းဘာမှ အရေးယူ ဆောင်ရွက် ပေးခြင်းမရှိပါ...ထူးဆန်းသော အကြောင်းအရာ မှာ ကံမမြို့တွင် မွတ်ဆလင် အိမ်များအားလုံးးပျက်ဆီးဆုံးရှုံးသွားသော်လည်းး (ဦးအလီ၈ျန်း) ဟူခေါ်သော ၄င်းအိမ်ကို ဖြိုဖျက်ခြင်းမပြူပါ...၄င်းမိသားစုကို ကြံ့ခိုင် ရေးမှ ၀ိုင်းဝန်းကာရံပေးထားကြောင်းသတင်းရရှိပါတယ်...
ပန်းသခင် said...
ဟုတ်ကဲ့...မင်္ဂလာပါ...
ခုတစ်ပတ် ကျမ ကွန်မန်းပေးမဲ့ အကြောင်းအရာကတော့ ကံမ မြို့ဒမြတိုက်
ခြင်းအကြောင်းအရာဖြစ်ပါတယ်....
ဒီဖြစ်ရပ်ဟာ ကုလားဗမာ အဓိကရုဏ်းအတွက် ကြိုတင် စီမံထားကြောင်းးသိရပါတယ်ရှင်...လူပေါင်းး၃၀၀ လာရောက်ပြီး မွတ်စလင်တွေရဲ့ အိမ်ကို ဖြိုဖျက်နေစဉ် မီးသတ်ကား၂စီးသည် အိမ်ရှေ့တွင် အဆင့်သင့် စောင့်ဆိုင်းနေပြီးးရဲများမှာလည်း လက်ပိုက် ကြည့်နေကြပါသည်...
မ.၀.တ )နှင့် ဘုန်းကြီးး ၂ပါး ၃ပါးမှ လည်း ပြီးဆီးသွားမှ ရောက်လာပါသည်...
ဘယ်လို မှ စဉ်းစားလို့ မရတဲ့ အဖြစ်အပျက်မျိုးပါ...
မိသားစု များမှာလည်းး မိမိ အိမ်ခြံမြေများကို စွန့်လွှန့်ပြိးရှောင်ခွါနေရပါသည်...
သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများမှာ လည်းဘာမှ အရေးယူ ဆောင်ရွက် ပေးခြင်းမရှိပါ...ထူးဆန်းသော အကြောင်းအရာ မှာ ကံမမြို့တွင် မွတ်ဆလင် အိမ်များအားလုံးးပျက်ဆီးဆုံးရှုံးသွားသော်လည်းး (ဦးအလီ၈ျန်း) ဟူခေါ်သော ၄င်းအိမ်ကို ဖြိုဖျက်ခြင်းမပြူပါ...၄င်းမိသားစုကို ကြံ့ခိုင် ရေးမှ ၀ိုင်းဝန်းကာရံပေးထားကြောင်းသတင်းရရှိပါတယ်...
a said...
ဒါဓါးပြတိုက်တာမှမဟုတ်တာဘယ်သူမှဂရုမစိုက်ပဲလုပ်ချင်ရာလုပ်ပြတာပါ၊ဒါမျိုးဘယ်သူတွေလုပ်တတ်လည်းစဉ်းစားရင်အဖြရမှာပါ ၊ဓါးပြကတစ်နေရာတည်းကိုနှစ်ရက်ဆက်လာစရာမရှိဘူး။
aungaung said...
weyaရေကံမမြို့ သားဆို အကြောင်းရာပြည့် စုံအောင်ရှင်ပြပါလား
ဘာ့ ကြောင့် လည်း ဘာ့ အတွက့် လည်း
ဘယ်သူကခိုင်းတာလည်း
ကိုယ်ထင်တာတော့ဖျက်စီးဖြစ်တာကများတယ်တင်တယ်
bolay said...
အာနာရှင် စနစ် အောက်က တို့ ပြည်သူတွေ မလွတ်ကြသေးဘူး။အယောက် ၃၀၀ ဆိုတော့ ကျိန်းသေတယ်
အာနာရှိတဲ့ အဖွဲ့ အစည်း တခုခုကဘဲ။သူတို့ အနောက်မှာ အားကိုးရှိလို့ လုပ်ရဲတာ။သူသူကိုကိုဘဲ အယောက် ၃၀၀ ပြည့်အောင်လူစုဘို့ မလွယ်ဘူး။အခုက လူစုစရာမလိုဘူး ရှိနေပြီးသား ။ဓါးမြ ၁ ဦး ၂ ဦး တောင်မိအောင်ဖမ်းနိုင်ကြသေးတာဘဲ။အယောက်၃၀၀ တောင်ဆိုတော့ စဉ်းစားကြည့်။ မဖမ်းလို့ မမိတာပေါ့။မင်းတို့ ခေတ်ဆိုတော့လုပ်ကြအုံးပေါ့ကွာ။မင်းတို့ ရဲ့ ကျဆုံးခန်း ရောက်လာတော့မှာပါ။အလှည့်ကျရင်သာ
မရဏမင်း said...
ဘာမှလဲမသိဘဲဇွတ်ကောနေကြပါလား
weya said...
ကံမမြို့မှာ ဖြစ်ပွားသွားတာက ဓါးပြတိုက်ခြင်းမဟုတ်ရပါ ...မြို့ပေါ်မှ
မယက လူကြီးများ၏ အဂတိလိုက်စားမှူမှစတင်ခဲ့ပါတယ်...
လုပ်ငန်းလိုင်စင် ချပေးမှုတွင် မြန်မာလူမျိုးများကို လုပ်ငန်းလိုင်စင်ချမပေးပဲ
မူဆလင်လူမျိုးတွေကို ချပေးသောကြောင့် မကျေနပ်ဖြစ်ပြီး
တကာတကာမဘက်မှ ဘုန်းကြီးတွေဝင်လာပြီး ဘာသာရေး အဓိကရုံးလေးဖြစ်သွားခြင်းဖြစ်ပါ၏..
မယက လူကြီးတွေရှောင်ပြေးတယ်...
စစ်တပ်ဝင်လာပြီး မူဆလင်တွေက်ု ကာကွယ်စောက်ရှောက်နေပါတယ်ဗျား.......
မောင်မောင် said...
ထစ်ခနဲဆို စစ်တပ်ပဲထင်နေတာတော့ သိပ်ဘဝင်မကျဘူးဗျာ..ဘာဖြစ်လို.လည်းဆိုတော့..လူ၃၀၀ ဆိုတာ.ဘာသာရေးတိုက်ခိုက်ရာကနေ ဖြစ်နိုင်တာပဲလေ..
အဒီလောက်ထိ အတွေးမခေါင်ကြစမ်းပါနဲ.ဗျာ...ခင်ဗျားတို.ကိုယ်တိုင်ကကို..အတွေးခေါင်နေတာ
မောင်မောင် Comment said...
ဇာတ်ရည် နဲနဲ လည်လာပြီ။ ဓားပြတိုက်တာ မဟုတ်ဘူးဗျ။ မွတ်စလင် နဲ့ ဗုဒ္ဓဘာသာ အဓိကရုန်းဖြစ်တာ နေမှာ။ ဒေါ်အောင်ဆန်းစုကြည်လဲ ကံမမြို့က ဘာသာရေး အဓိကရုန်း ကိုရည်ရွယ်ပြီးပြောထားတာတွေ့တော့ ။ အဲဒါက ဘာသာရေး အဓိကရုန်းပဲဖြစ်မှာ။ လူက အယောက် ၃၀၀ ဆိုတော့ ဆက်စပ်တွေးရင် ဒါပဲဖြစ်မှာပဲဗျ။
Say Zay Yar said...
၃၀၀ ခန့် ဆိုတာ ဓါးပြမဖြစ်နိုင်ဘူးလို့ ယူဆပါတယ်..။
ဒါလောက်အများကြီ တခါမှ မကြားဖူးပါလား ..။
စစ်တပ်တစ်တပ် အင်အားထက်တောင်မှ ကျော်ပါသေးတယ် ။
hlaingthuya said...
အရမ်းမဝေဖန်ကြပါနဲ့အုံးဗျာ အကြောင်းတစ်ခုခုလို့သုံးသပ်လို့ရနေတယ် ထစ်ကနဲဆို ကဲ့ရဲ့ဖို့ ရှုပ်ချဖို့ပဲ့ကြည့်တတ်တဲ့အကျင့်ကို ပြင်သင့်နေပါပြီ၊ အဲဒါတွေကြောင့်လဲ မပြီးခင်ဗမာမမြင်စေနဲ့ဆိုတဲ့ စကားပုံပေါ်လာတာဖြစ်မှာ ဝေဖန်မစောစေချင်ဘူး အကြောင်းရင်းကို အသေအချာ လေ့လာစောင့်ကြည့်ကြပါအုံးစို့
ပုသိမ်သားလေး lionsun said...
ယောက် ၃၀၀ တောင်ဆိုတော့ ဓါးပြတော့မဖြစ်လောက်ဘူးထင်တယ်။ တယ်လည်းကြောက်စရာကောင်းနေပါလား။ hlaingt့uya ပြောသလိုဝေဖန်မစောကြစေချင်ဘူး။ အကြောင်းရင်းကို အသေအချာ လေ့လာစောင့်ကြည့်ကြပါအုံးစို့
မျိုးချစ်ဗမာ said...
လိုချင်ရင်မဖျက်စီးဘူး မကြေနပ်လို့ လုပ်တာဖြစ်နိုင်တယ်
khin maung than said...
ဒါးမြတိုက်တာမှာလူဒီလောက်များတာဒီတခါပဲကြားဖူးပါတယ်။သတင်းကိုအရမ်း
မတင်ပါနဲ့။စီစစ်ပြီးမှတင်ရင်ပိုကောင်းပါလိမ့်မယ်။
Anonymous said...
သတင်းကိုသေချာစီစစ်ပြီးမှ တင်ပေးပါရန်မေတ္တာရပ်ခံပါသည်.။ commentပေးသောသူများလည်း သေချာမသိပဲ ဇွတ်မရေးသင့် မဝေဖန်သင့်ပါ..အမှန်ဖြစ်သော ဖြစ်ရပ်မှာ မဆိုင်ပဲနစ်နာကြသူများရှိသလို...အမှန်တကယ် ခံသင့်သောသူများလဲရှိပါသည်...ဘာသာရေးအထိကရုန်းများနှင့်.......မောက်မာသောစိန်ခေါ်စကားများကိုပြောခဲ့သော သူများအတွက်တော့....နောက်တရဖွယ်ပင်..။
bobomtl said...
နိုင်ငံကောင်းအောင် အားလုံး ဂရုစိုက်ဘို့ လိုတယ် သူကြောင့် ငါ့ကြောင့်လို့  ပြောနေမဲ့အစား အပြောလေးတွေလျော့ပြီ အလုပ်နဲ့  သက်သေပြကြပါ။
truemen said...
Weya မင်းက အရူးတစ်ယောက်လို မဟုတ်က ဟုတ်က တွေကို ပါစပ်ထဲရှိသလောက်လျှောက်ပြောနေတယ် ....တစ်ကယ်တော့ အဖြစ်ပျက်ကဒီလိုဘဲ ယခင်နှစ်များစွာကတည်းကပြိုင်ဘက်မရှိ စက်လှေလိုင်စင်ရနေသည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများထံမှ ယခုနှစ်တွင် ဟာဂျီမ ဒေါ်ဝါ၀ါက အဆိုပါလိုင်စင်ကို ၃၂၇ သိန်းဖြင့်လေလံအောင်နှိင်ခဲ့ရာမှ စတင်မြစ်ဖျားခံခဲ့ခြင်းပါ ..စက်လှေတွေကို ဒီနှစ်ဧပြီလဆန်းပိုင်းကမှစပြီး ဆွဲခွင့်ရတယ်၊ဒါပေမယ့် ကြံ့ဖွံ့ရဲ့အပေါင်းပါတွေက သူတို့ကိုတစ်ပတ်လောက် ဌားပါဦးဆိုလို့ စိတ်စေသနာသန့်သန့်နဲ့ ထပ်မံပေးဌားခဲ့တယ် ရက်ပြည့်လို့ပြန်တောင်းတောငါတို့ကို စက်လှေလိုင်စင်ပြန်မပေးရင် ကုလား-ဗမာ အဓိကရုံးဖြစ်သွားမယ်လို့ ကံမမြို့နယ်၊ကြံ့/ဖွံ့ပါတီမှ အမတ်ဦးဝင်နှိင်ကပြောတယ် ..ဒီလိုနဲ့ လူမိုက်ဆန်းဆန်းပြောဆိုပြီး ရွာထဲ့ရှိနီးစပ်ရာဆွေမျိုးများခေါ်ယူပြီး အိမ်တွေကို ၀င်ရောက်ဖျက်ဆီးလုယက် ကြပါတယ် ...နောက်ပြီး မင်းတို့ဝမ်းသာစရာကတော့ ဟာဂျီမဒေါ်ဝါ၀ါပိုင် ရွှေ ၇၀ ဆယ်သားနဲ့ ငွေ ကျပ် ၈၀ သိန်းတို့ ဓါပြတိုက် လုယက်ဖျက်ဆီးခံရတယ် .. ရွာထဲရှိအစ္စလာမ်အိမ်ခြေ ၁၄ လုံးရှိသည့် အနက် ၁၃ လုံးကိုဖျက်ဆီးခဲ့ ကြတာကတော့ ဗမာ့သူရဲကောင်းတွေပါ ...ဘယ်စစ်တပ်မှလဲ မကာကွယ်ပေးခဲ့ပါဘူး နောက်ဆုံးမှာတော့ ရဲ့တပ်ကြပ်နှစ်ယောက်နဲ့အသိရဟန်းသုံးပါတို့လာရောက်ကယ်တင်သွားခဲ့တယ် .........အကြောင်းအရာအပြည့်အဆုံးကို နောက်တင်ပြသွားပါမယ်
Powered by Blogger.