မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ သင်္ကြန်မဏ္ဍပ် တစ်ခုတွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီဝန်းကျင်တွင်  ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများ ဆိုသည်။


ဗုံးပေါက်နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန်မဏ္ဍပ်တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင်အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေးအစီစဉ်တွင် ကြည့်ရှုပြီးပြန်လာသူ လူငယ်တစ်ဦးက ပြောသည်။

ဇခုန်တိန့်ယိန်းသည် ယခင် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ယခုချိန်ထိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီးမှုများ မသိရသေးပါ။  ၄င်းမဏ္ဍပ်တွင် ကချင်အဆိုတော်များသာ သီဆိုကြောင်းလည်း သိရသည်။

ကချင်သတင်းဌာန
မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ Reviewed by သစ်ထူးလွင် on 12:57 Rating: 5

5 comments:

kgmalay said...

သတင်းမှားနေပါတယ်...ခင်ဗျာ...
သင်္ကြန်မဏ္ဍပ်မှာပေါက်တာမဟုတ်ပါဘူး...
လူအသေအပျောက်လဲမရှိပါဘူး....
အဲ့ဒီမဏ္ဍပ်မှာ အေသင်ချိုဆွေက အခုလေးတင် သီဆိုဖျော်ဖြေနေပါတယ်...
အေးမြသာယာရထားသံလမ်းအောက်လို့တော့ ပြောကြ ပါတယ်..

ဖိုးခွား said...

ပွဲဆူအောင်လုပ်ပြန်ပီး...တော်ကြပါတော့...သင်္ကြန်တွင်းမှာ နားအေးပါးအေးရှိချင်တယ်...

မုန်းနိုင်ဦး said...

မိုက်ရိုင်းလိုက်တာလို့ပြောရင်းရိုင်းမလား။ဘယ်သူလက်ချက်ဆိုတာမပြောလည်းသိသာပါတယ်။လူမိုက်တွေစုဝေးနေတဲ့လူတစ်စုရဲ့လက်ချက်လို့ဆိုရင်းဘယ်လိုဖြေပြောကြမလဲ။သိသာလှလဲ့အကြောင်းအရာတွေအလုပ်ကြပါနဲကွာ။

Anonymous said...

ဒီဗုံးတွေ ခဏခဏပေါက်နေရင် ရေဘာနဲ့ခပ်မလဲ

Anonymous said...

ဝတ်လည်တက်တယ်။
သူများကိုဗုံးနဲ့သေစေလျှင်ကိုယ်လည်းပြန်ခံ
ရတက်သည်။

Powered by Blogger.