ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ

ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင် ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။ 
 
သို့သော် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများက လိုအပ်ချက်များပြားနေသေးသောကြောင့် ထိထိရောက်ရောက် ကူညီမူ မပေးနိုင်ကြောင့် အားမလိုအားမရဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။ “အားမရဘူး ဒီထက်ပိုပြီး ကူညီချင်တယ် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ် ဒုက္ခသည် စခန်းတိုင်မှာ လိုအပ်ချက်တွေ ရှိနေတုန်းဘဲ ဒီထဲကမှာ ကိုယ်နိုင်တာလေးကိုရွေးပြီး ကူညီရတာဆိုတော့ တခြားလိုအပ်နေသေးတဲ့ နေရာတွေ အတွက် စိတ်မကောင်းဘူး ဖြစ်မိပါတယ်” ဟု YPI သို့ပြောသည်။
 
 မြန်မာစစ်တပ်နှင့် ကေအိုင်အို အကြား စစ်ဖြစ်ပွားမူကြောင့် စစ်ပြေးဒုက္ခသည်များ ၇သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စရာင်းများအရ သိရှိရသည်။ 
(သတင်းဓါတ်ပုံ- ဆိုင်းဆွတ်) 
 Yangon Press International
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်