ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်မှ ကောင်းမွန်ချောမွေ့စွာအပြန်(ဓါတ်ပုံ-88 Generation Students)
ဧပြီလ (၁၅) ရက်နေ့  ၂၀၁၂

ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ
တယ်။

 ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊ ကိုညီညီဦး အိမ်အတွင်း ခေါ်ယူထိမ်းသိန်းထားသော အဖွဲ့ချုပ် လူငယ်များကို ကာကွယ်ပေးသောကြောင့် ထို လူရမ်းကား ၁၅ ယောက်ခန့်မှ အိမ်ကို အုတ်နီခဲ့ ၁၀ လုံးခန့်ဖြင့် ထုခဲ့ပါတယ်။

ကိုညီညီဦးမှ သန်လျင် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစဉ် ထို ၁၅ယောက် အုပ်စုမှာ သန်လျင်လျပ်စစ် ရုံးရှေ့ မဏ္ဍပ်တွင် သာမန် အရပ်သားတဦးရဲ့ ကားကို ထိုလူအုပ်ကပင် ခဲဖြင့်ထုပြီး မှန်ကိုခွဲရာ ကားသမား ထိခိုက်ပြီး ဦးခေါင်းတွင် ရှစ်ချက် ချုပ်ရရှိကြောင်း သတင်းရရှိပါတယ်။

Myanmar News Now
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (ဓါတ်ပုံ-88 Generation Students)
ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့  သံလျှင်မှာ တိုက်ခိုက်ခံရ Reviewed by သစ်ထူးလွင် on 22:46 Rating: 5

19 comments:

Anonymous said...

တော်တော် ဆိုးတဲ့ လူတွေ ပါလား တာဝန်ရှိသူတွေဘယ်ရောက်နေလဲ ကာကွယ်ပေးတဲ့ လူငယ်တွေ ကျန်မာပါစေ

Ma Thadar ( မသဒ္ဓါ ) said...

ကာကွယ်ပေးသော သံလျှင် လူငယ်များကို လေးစားပါတယ်။ အားလုံး ဘေးမသီရန်မခပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။

AthayLay said...

ဘယ်လိုဖြစ်တာလဲ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလားမသိဘူး။ ဒီနေ့ သတင်းတွေက ဓားပြတိုက်တာတွေနဲ့ လူမိုက်တွေရိုက်တာတွေနဲ့ ဗလီဖျက်တာတွေနဲ့
ဧကန်ဏ တစ်ခုခုတော့လုပ်ချင်နေပြီထင်တယ်

yoyolay said...

တကယ့်မင်းမဲ့စရိုက်ပါ..ဒါမျိုးမဖြစ်သင့်ပါဘူး ကြံ့ဖွတ်တွေဒီတိုင်းသာဆက်လုပ်နေရင် ပြည်သူရဲ့ထောက်ခံမှုကိုဘယ်လိုလုပ်ရ
နိုင်မှာလဲ........

အာကာထက် said...

သေချာနေပါပြီ ရှစ်လေးလုံးကာလကိုမမေ့ပါနဲ့ အာဏာ မသိမ်းခင်မှာ သူတို့လူတွေက ခေါင်းဖြတ်ပါတယ်၊မီးရှို့ပါတယ်၊အဆိပ်ခတ်ပါတယ် ပြီးတော့တိုင်းပြည်မငြိမ်သက်ဘူးဆိုပြီးအာဏာသိမ်းပါတယ် လုပ်ရိုးလုပ်စဉ်ပါ ဦးသိန်းစိန်သတိထားပါ ဒေါက်တာမောင်မောင်လို မလုပ်ပါနဲ့ လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ပါ ခွေးရူးတသိုက်လွတ်နေပါသည် ဒီအတိုင်းဆိုရင် တိုင်းပြည်ပိုပြီးနင့်နာပါမည်

heinhtet said...

မြန်မာပြည်....ကြားလိုက်တွေ့လိုက်ရရင်...မကောင်းတဲ့သတင်းတွေကြီးပဲ...စုတောင်းပေးပါတယ်မြန်မာပြည်..နစ်သစ်မှာအားလုံပျော်ရွင်ကြပါစေ..

tkm said...

အဲလောက်တောင်မိုက်နေရင်..တယောက်ချင်းချကွာ
ဘာကောင်တွေလဲကွ...မင်းတို့ဖွတ်ကောင်တွေအဲလိုလုပ်နေသ၍
မြန်မာပြည်တိုးတက်မှာမဟုတ်ဘူး..
မင်းတို့ကို ပြည်သူတွေပိုချဉ်လေပဲဟေ့...

ကျော်ထိုက် said...

အားလုံး သတိ ကို ပိုပြီး ရှိကြပါလို့ တိုက်တွန်းလိုက်ပါတယ်..တိုင်းပြည် မငြိမ်သက်အောင် လုပ်နေတဲ့ လူတစ်စု တော့၇ှိနေပါပြီ.....သွေးရိုးသားရိုးဆို လုပ်ရဲမှာ မဟုတ်ဘူး....ခု ဘယ်အဖေ အားကိုး နဲ့လုပ်နေလဲမသိဘူး....

sainyi said...

ဒါဟာကြေံ့ ဖွတ်အကြီးအကဲတွေထဲက အောင်သိန်းလင်း တို့ အောင်သောင်းတို့ လက်ချက်ဖြစ်နိုင်တယ် အဲဒီခွေးနှစ်ကောင်က ကောင်ကျစ်တဲ့ စိတ်သူတို့ မှာအမြဲံတမ်း၇ှိနေတယ်
ခွေးတွေအသွင်ပြောင်းထားတာဆိုတော့ ဥပဒေဆိုတာ မြန်မာပြည်မှာခုထက်
တိုင်မရှိသေးပါဘူး ပြည်သူတွေသတိရှိဖို့ လိုပါတယ်
ဒီအတိုင်းဆိုအမေစုရဲ့ အသက်အန္တရာယ်ကိုတောင်စိုးရိမ်ရတယ်

လွပ်လပ်သော အရူး said...

ပေါက်ကရတွေ ဗျာ ဘာ မင်းကိုနိုင်တို. အဖွဲ.ကို ပြန်လွှတ်လိုက်တယ် ဟုတ်လား ပေါက်ကရတွေတွေ ပါဗျာ ကိုမင်းကို နိုင်တို. ပြန်သွားပြီး မှ ကိုညီညီ ဦးတို.က ရိုက်ခံရတာပါ နောက်တစ်ခါ အဲ.လို မသေချာ ရင်မရေးပါနဲ. ခင်ဗျား တို. အမှားတစ်ခုကြောင်. လူတွေ တစ်မျိုး မြင်နိုင်ပါတယ် ဗျာ အမှားပါရင်တောင်းပန်ပါတယ် ဗျာ ဒီဖြစ်ရပ်က ကိုမင်းကိုနိုင်နဲ. ဘာမှ မဆိုင်သလို လူငယ်ချင်း ဖြစ်တဲ. ရန်ပွဲတစ်ခုဆိုတာတော. သေချာပါတယ်

Anonymous said...

ခိုင်းတဲ.အကြီးအကဲ ကိုဖေါ် ထုတ်နိုင်ဖို.သိပ်အရေးကြီးတယ် ၊ ဒါတွေ လစ်လျူရှုပါများရင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အရဲတင်.စော်ကားလာကြလိမ်.မယ် ၊

မောင်မောင် said...

ချစ်သူရှိသလို မုန်းသူရှိတယ်ဆိုတာကို သဘောမပေါက်လို.ဒီလိုဖြစ်ရတာပါ..၈၈အနေနဲ.ဘာကိုဦးတည်မှာဆိုတာ ကျနော်တော့ နားမလည်ဘူး..ခုထက်ထိ သူတို.မှာ အနာဂတ်လမ်းကြောင်းပျောက်နေတယ်လို. ကျနော်ထင်တယ်..၈၈က ဖျောက်ဆိပ်ဖြစ်နေတယ်..

Anonymous said...

မောင်မောင်နဲ့လွတ်လပ်သောအရူး
နင်တို့စိတ်တွေကညစ်ပက်ကောက်ကျစ်မှုတွေ
ကိုအားပေးအားမြောက်လုပ်နေသူပဲ...
၈၈ကျောင်းသားဆိုတာပြည်သူတွေကိုယ်စား
ဓါးစာခံပေးဆပ်သူများ...
နင်တို့လိုဦးနှောက်ကဥာဏ်မမှီလို့မတွေးတက်ဘူးမို့လား။
အဲ့သလောက်လေးပဲသိထားလိုက်။
စစ်ဦးစီးကောအမှန်တရားပေါ်မလျှောက်နိုင်တော့ဘူးလား။
အသက်ကြီးနေကြတဲ့စစ်ဦးစီးတွေကဥာဏ်မမှီရင်
လက်ရှိစစ်ဦးစီးလူရွယ်ကတိုင်းပြည်အတွက်
ပြည်သူတွေဘ၀ကိုနားလည်စာနာမပေးနိုင်တော့ဘူးလား။
ခုလိုမင်းမဲ့စရိုက်ဖြစ်အောင်လူမိုက်မွေး
ရမ်းကားခိုင်းထားတာတွေကိုမရပ်တန့်ပေးတော့ဘူးလား။
မြန်မာပြည်အတွက်စိတ်နှလုံးထိခိုက်နေရတယ်...
အရမ်းကိုရှက်စရာကောင်းတဲ့လုပ်ရပ်တွေကို....
ဘာလို့..ဘာလို့...ဖန်တီးနေပါသလဲ

phyothant said...

ဗမာတွေမှာက ယင့်ပိုက်တိုင်းသူပြည်သားကိုအုပ်ချုပ်ဖို့ဆိုမှာရေငါရှိးတိုင်းပြည်လားမချုပ်နဲ့ဝေအခု

paing said...

ရိုင်းလိုက်တာ

paing said...

အမေစုကျန်းမာပါစေ

ko pwa said...

ကိုမင်းကိုနိုင်တို့က ဟိုသွားလိုက် ဒီသွားလိုက်နဲ့ သူတို့အနေနဲ့ သေချာတဲ့ ဦးတည်ချက် မရှိသလိုဖြစ်နေတယ် ထင်တယ်ဗျာ.. အခုက ဟိုယောင်ယောင် ဒီယောင်ယောင် လိုက်လုပ်နေသလိုပဲ.. အမေစု ဆိုလဲ အမေပေါ့ဗျာ .. မဟုတ်ရင်လဲ ကိုယ့် မိသားစုအတွက် အလုပ်လေး ဘာလေး လုပ်စားတော့ဗျာ.

Unknown said...

အမှန်တရားသာလျှင် ထာဝရဖြစ်မှာပါ

shwe man thar said...

ဒါနဲ. ဇ ဂါး မ စပ်....
ကိုမင်းကိုနိုင်တို.ကဘယ်လိုလိုင်းမျိုးလဲ။လူမှုအကျိုးပြုလား။ပါတီနိုင်ငံေ၇း
အတွက်ကောဘာအစီအစင်၇ှိလဲ။
အမေစုကိုနဲနဲကူလုပ်ပေးပါလား။NLD လူငယ်အစည်းအ၇ုံးတို.ဘာတို.ပေါ.။
ဒါမှလူကြီးတွေကလွှတ်တော်ထဲအလုပ်များ၇င်လွှတ်တော်ပြင်ပမှာလူငယ်တွေက၀ိုင်းယံလုပ်ပေးနိုင်မှာ။
ကိုမင်းကိုနိုင်တို.အနေအထားကလက်၇ှိလုပ်နေတဲ.အလုပ်တွေထက်ပိုပြီး
မြင်.မြင်.မားမားလုပ်သင်.သလားလို.ပါ။

Powered by Blogger.