သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု့ ဖြစ်ပေါ်နေ
ဖြစ်ပေါ်နေပါတယ်။
ရေနောက်တွေကို ထုံးခတ် နှစ်ရက်လော
က်အနယ်ထိုင်ပြီးသောက်သုံးကြတယ်လို့
ဒေသခံတွေကပြောပါတယ်။
အချိန်ကြာလာရင်တော့ သောက်ရေက ပုတ်
စော်နံတယ်လို့ ပြောပြကြပါတယ်။
အိမ်ခြေ (၁၀၀)ခန့် ရှိပြီး လူဦးရေ(၃၅၀)ခန့် နေထိုင်ကြတဲ့ရွာလေးတွေဟာပင်လယ်
ကမ်းခြေရေပါတ်လယ်ဝိုင်းနေပေမဲ့ ရေကောင်းရေသန့် တော့ရှားပါးပါတယ်
ရွာဦးဆရာတော်ကပြောပြတာတော့သူတိ
ု့ ရွာဟာ ရေကိုမြင်ရပေမဲ့
ဆားငန်ရေတွေမို့ သောက်သုံးလို့ 
မရဘူး ၊ ဖောင်စီးရင်းရေငတ်နေတာလို့ ပြောပါတယ်။
ရွာရဲ့သောက်သုံးရေကန်ကတော့ ဓါတ်ပုံမှာတွေ့ ရတဲ့အတိုင်းပဲ အတိုင်းခန်းခြောက်နေပါတယ်၊သူတို့ ရဲ့လိုအပ်ချက်ကိုဘယ်အဖွဲ့ အစည်းမဆို ကူညီလှူဒါန်းသင့်တယ်လို့
ထင်ပါတယ်။
အနီးအနား ရွာတွေဖြစ်တဲ့ ထွန်းစိန်ရွာ ၊ သာသာမြိုင်ရွာတွေမှာလည်းသောက်သုံး
 ရေရှားပါးနေတာသိခဲ့ရပါတယ်။
ကျေးရွာရဲ့သောက်သုံးရေကန်တွေလည်း ခန်
းခြောက်နေတာမြင်တွေ့ ခဲ့ရပါတယ်၊ 
နိုင်သလောက်ကူညီနိုင်အောင် ပြည်သူတွေကို အသိပေးတင်ပြလိုက်ပါတယ်။
ကိုလေး(သုံးခွ)
Myanmar News Now 
ရေနောက်တွေကို ထုံးခတ် ထားစဉ်
ရေနောက်ပစ်နေတဲ့ ရေကန်
သုံးခွ NLD မှ ရေသွားရောက်လှူဒန်းစဉ်
တရွာလုံးအားထားနေရတဲ့ ရေကန်က ခန်းခြောက်နေပုံ
ပင်လယ်ကမ်းခြေ
သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု့ ဖြစ်ပေါ်နေ သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ     ရှားပါးမှု့ ဖြစ်ပေါ်နေ Reviewed by သစ်ထူးလွင် on 22:10 Rating: 5
5 comments:
Unknown said...
nld နဲ့ ကိုကျော်သူတို့ကလွဲရင် ဘယ်သူမှ မလှူကြတော့ဘူးထင်ပါ့။
တဗှံ said...
UN/INGOs-WASH (Water, Sanitation,Hygiene) thematic group ဘာလုပ်နေသလဲ ဒီအတိုင်းဘဲ ကြည့်နေကြမှာလား?
ရေသန့်ဗူးနဲ့ပေးတာကခဏပဲထိန်းထားနိုင်မယ်။ ရေအရည်အသွေးမကောင်း
တာနဲ့ရေမလုံလောက်တာကိုဖြေရှင်းပေးဖို့လိုပါတယ်။ သုံးခွမြို့နယ်ထဲကရေရှား
တဲ့ရွာတွေကိုရေအခက်အခဲဖြေရှင်းပေးရင် သက်ဆိုင်ရာ UN/INGOs များ ကျေးဇူးပြုပြီးမိမိအခက်အခဲ (ဆိုလိုသည်မှာ အလှုရှင်ဆီကကတိက
ဝတ်ပြုငွေယူပြီးBudget နဲ့ Expenditure ကိုက်အောင်) ရွာမှာချပြီး
မဖြေရှင်းကြပါနဲ့။ ရွာကရင်ဆိုင်နေရတာက ရေမလုံလောက်တာနဲ့ ရေအရည်အသွေးမကောင်းတာပါ။ Accountability ဆိုတာ donor အတွက်ဘဲမဟုတ်ပါ။ ကျေးရွာသူရွာသားတွေအတွက်ပါတာဝန်ခံဖို့လိုပါတယ်။
pyaponthu said...
ရေရနိုင်တဲ့နည်းလမ်းတွေအများကြီးပါ။အစိုးရလုပ်ပေးနိုင်ပါတယ်။လုပ်ပေးချင်ရင်ပေါ့လေ။ရေအကျိုး၁၀ပါးနောက်ဘဝမဟုတ်ဘူးခုဘဝမှာလက်တွေ့အကျိုးပေးတယ်
ဘိုစံနှင့်အဖွဲ့ said...
ကိုသစ်ထူးလွင် ကျနော်တို့လည်း သောက်သုံးရေအတွက် အဆင်ပြေစေရန် တစ်ခုခု လှူဒါန်းချင်ပါ၍ လှူလို့ရနိုင်မည့်
လိပ်စာလေးဖော်ပြပေးပါခင်ဗျာ
Anonymous said...
ကျနော်တို့ လတ်တလောပဲဖြေရှင်းပေးနိုင်ပါတယ်..အဲဒါလဲ လူသားခြင်းစာနာမှုနဲ့ပါ ရေရှည်ဖြေရှင်းနိုင်ဖို့ဆိုရင်တတ်သိနားလည်သူတွေကို အားကိုးမိပါတယ်.... (၂၂.၄.၂၀၁၂)ရေလှူတန်းခဲ့သူများ..
Powered by Blogger.