မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား

ဧပြီလ ၁၆ ရက်နေ့ ၂၀၁၂
 
သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ 

ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်။ ထိုလူအုပ်တွင် အမျိုးသမီးတဦးပါဝင်ပြီး ကြံ့ ခိုင်ဖွံ့ ဖြိုးရေး ပါတီအကျီင်္ဝတ်ထားသူ တဦးကိုလည်းတွေ့ လိုက်ရကြောင်း ပြောပါတယ်။ 

သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဒုတိယ ဒီပဲယင်း ဖြစ်စဉ်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောပါတယ်။သန်လျှင်ရဲစခန်းမှလည်း ပါဝင်သူများကို လိုက်လံဖမ်းဆီးလျှက်ရှိပြီး ညနက်ပိုင်းအထိ လူ ၇ ဦးခန့် ဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။ ထိုလူစုမှာ အခြားခရီးသည်တင်ကားတစီးကိုလည်း တားဆီးပြီး ခရီးသည်တဦးကို ခေါင်း ၈ ချက် ချုပ်ရသည်အထိ ရိုက်ခဲ့ကြောင်း သိရပါတယ်။ 

ဘားမားဗီဂျေ
မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ  ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား Reviewed by သစ်ထူးလွင် on 04:36 Rating: 5

25 comments:

ခန့်သူအောင် said...

နှစ်သစ်ဆီ သို့ ဒီလို မင်းမဲ့စရိုက်မျိုးတွေကို မသယ်ဆောင်ပါနဲ့တော့။ ယဉ်ကျေးတဲ့လူအဖွဲ့အစည်းဖြစ်ဖို့ဆိုတာ ဥပဒေကိုလေးစားလိုက်နာတက်တဲ့ အလေ့အကျင့်တွေ တိတိကျကျလိုက်နာကျင့်ကြံဖို့လိုမယ်။

အောင် said...

တော်တော်လူမဆန်တဲ့ကောင်တွေအဖွဲ့လိုက်ပဲမိုက်၇ဲကြတာလားးမင်းတို့ရဲ့မကောင်းတဲ့စိတ်ပုတ်စိတ်၇ုပ်တွေနှစ်ဟောင်းမှာထားခဲ့ကျပါကွာ.....

ko htat said...

ဒီလိုဖြစ်၇ပ်တွေကိုထိေ၇ာက်စွာအေ၇းယူပေးသင့်တယ်
အေ၇းယူအောင်လဲလုပ်သင့်တယ်နိုင်ငံတကာကသူတို့၇ဲ့လုပ်
၇ပ်တွေကိုစောင့်ကြည့်နေတဲ့ချိန်မှာဒီလိုဖြစ်၇ပ်တွေကိုထင်
၇ှားအောင်ဖေါ်ထုပ်သင့်တယ် ဒီလိုမှမလုပ်၇င်ပိုအသင့်၇ဲလာ
ဖို့ပဲ၇ှိတယ် ဒီလိုမျိုးတွေကမနာလိုတဲ့အဖွဲစည်းတွေကနေငွေ
ပေးပြီးခိုင်တာမျိုးတွေပဲဖြစ်နိုင်တယ်

u aww said...

သတိထားသင့်ပြီ၊ဘယ်သူတွေလဲ၊ဘာကြောင့်လုပ်ရသလဲ၊

မိုးတိမ် said...

ကျနော်တို့တွေအသိတရားရှိသင့်ပါပြီ...ငယ်ငယ်ကကျောင်းမှာသင်ခဲ့တဲ့သချာင်္သင်ခန်းစာလေးကိုပြန်သတိရကြပါ...ပုစ္ဆာတစ်ပုဒ်ကိုမတွက်ခင် မေးခွန်းကိုမှန်ရဲ့လားလို့အရင်ဆုံးစစ်ကြည့်သင့်ကြပါတယ်....ခုဖြစ်စဉ်ကိုမဝေဖန်ခင်တကယ်ဖြစ်ခဲ့တာလား ဘယ်လိုကြောင့် ဘာဖြစ်တာလည်းဆိုတာအရင်လေ့လာပြီးမှဝေဖန်ကြတာအကောင်းဆုံးဖြစ်မှာပါ....ဖေ့ဘွက်မှာဒီသတင်းတက်လာပြီးသိပ်မကြာပါဘူး ဒီဖြစ်စဉ်ဟာအမှန်တကယ်ဖြစ်တာနဲ့လွဲနေတယ်လို့ ပြောတာကိုတွေ့လိုက်ရလို့ခုလိုဝင်သတိပေးတာပါ....

myo mama said...

သံလျှင်ရဲစခန်းက ဖမ်းဆီးထားတဲ့ တရားခံ ( ရ )ဦးကို ဓါတ်ပုံနှင့်တကွ ကိုသစ်ထူးလွင်ဆီတင်ပေးပါနော်..ဒါဟာ ဒုတိယ ဒီပဲယင်း ပဲ..သတိထားကြ။ဘယ်လို တရားဥပဒေနဲ့ စီရင်ချက်ချမလဲဆိုတာ..စောင့်ကြည့်ကြသေးတာပေါ့။

pyaponthu said...

ဒီမိုကရေစီ၇ပြီးဆိုပြီး လုပ်ခြင်တိုင်းလုပ်ရင် ဘာဖြစ်သွားမလဲ။နိုင်ငံကို တိုးတက်ဖို့လူတိုင်းစည်းကမ်းရှိပြီးစည်းစည်းလုံးလုံးရှိဖို့လိုနေတဲ့အချိန်မှအဲ့ဒီလို မင်းမဲ့စရိုက်ဆန်ဆန်လုပ်တာမြန်မာနိုင်ငံသားကောင်မပီသဘူး။ထိထိရောက်ရောက်အရေးယူသင့်တယ်

နွေမင်းလွင် said...

သူတို့အဖွဲ့က လူမိုက်တွေဆိုတာ သိအောင်ပြပြန်တာပေါ့။

wayratkhun said...

အရမ်းဆိုးတယ်နော် အတ္တဆန်နေရင်တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး

Unknown said...

ဘာကြောင့်လုပ်ရသလဲဆိုတော့ လူတော်တော်များများ အဲလိုရိုက်ရဲ၊တိုက်ရဲခိုက်ရဲတာကို ပြန်ပြောပြချင် ဂုဏ်ယူချင်ကြတာ ငါကတော့ဘယ်သူ့ကိုဘယ်လိုလုပ်လိုက်တာ ငါ့ကိုဆိုတစ်ယောက်မှ ပြန်မလုပ်ရဲ ဘူး အဲဒါတွေကို သဘောတွေ့နေကြတာ

aungaung said...

ကိုသစ်ရေ ဒီသတင်းလေး အဆက်မပြတတ်အောင်တင်ပေပါအုံး
ကိုမင်းကိုနိုင်တို့ ရဲ့ သံချပ်တွေကအာလုံးကိုheart ထိတယ်ဗျ
အနာပေါ်တုတ်ကြပြီများရမ်းကာဖို့ ငွေအကုန်ခံလိုက်တာလား
သတိတော့ ထားဖို့ အချိန်ရောက်လာပြီ ဒီရက်ပိုင်းရမ်းကားမှု့ တွေက
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ် သာမန်တော့ မဟုတ်တော့ ဘူးထင်တယ်
ဒီသတင်းအဆက်လေးမြန်မြန်ပြန်တင်ပေပါ

jarjar said...

ကိုမင်းကိုနိုင်တို့လွတ်သွားလို့သူတို့နဲ့မဆိုင်ဘူးပြောတာပါ။ကြံ့ဖွဲ့ပါတီနာမည်ပျက်မှာစိုးလို့လူအချင်းချင်းရန်ဖြစ်သယောင်ပြန်ရှင်းတာနေမှာပါ။သေချာတာတော့ပါတီကိုမကျေနပ်လို့ရိုက်တာနေမှာပါ။ကိုမင်းကိုနိုင်တို့အဲဒီအချိန်ရှိနေသေးလို့တစ်ခုခုဖြစ်ရင်အဲဒီမဆိုင်ဘူးဆိုတဲ့လူတွေဘာလုပ်ပေးမှာလဲကြိတ်ပြီးတောင်ပျော်နေမှာ။မြန်မာပြည်မှာကြံ့ဖွဲ့တွေလူတစ်ချို့အားကိုးနဲ့လူဆိုးဂိုဏ်းသယောင်ထကြွနေတာရှင်းဖို့လိုနေပါပြီ။ဘယ်သူမှားမှားအပြစ်ရှိတဲ့သူကိုထပ်မလုပ်ရဲအောင်အပြစ်ပေးမှနောက်တစ်ခါမလုပ်ရဲမှာပါ။ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်။

Anonymous said...

မီဒီယာ သမားများ ထိုလူများရဲ့ ဓါတ်ပုံများကို ရအောင် ယူ၍ သတင်းတင်ပေးပါ . . ဒါမှ ဒီမိုကရေစီ ပီသပေမည် . . ဒီလို မကောင်းတာလုပ်ရင် ဒီလို လူသိရှင်ကြား ဖြစ်မယ် လူထဲ တိုးဖို့ ခက်မယ် ဘ၀သစ်ပြန်ရဖို့ ခက်ခဲ သွားပြီဆိုတာ တင်ပြပေးရမယ် . . မကောင်းတာလုပ်စားနေတဲ့ အမျိုးသမီးများကို ဓါတ်ပုံရိုက်ပြီး တင်ပြနိုင်ရင် အခုလို လူရမ်းကားလူမိုက်များကိုလဲ ဓါတ်ပုံနှင့်တစ်ကွတင်ပြပေးသင့်ပါတယ် . . မကောင်းတာလုပ်စားနေတဲ့ မိန်းခလေးတွေက တစ်ကယ်တော့ သူတို့ နဲ့ မပတ်သတ်ရင် လူထုကို ဘာအန္တရာယ်မှ မပေးပါဘူး . .အခုလို လူရမ်းကားတွေကတော့ သူ့ ဟာသူ နေတဲ့ ပြည်သူတွေကိုတောင် အကြောင်းမဲ့ ၀င်ရိုက်တာမျိုးတွေလုပ်နေတာ ပြည်သူတွေအတွက် အန္တရာယ် များလှပါတယ် . . ဒါကြောင့် သူတို့ ဘယ်သူတွေလဲ ဘယ်ကလဲ ဆိုတာ လူသိရှင်ကြား ဖေါ်ပြပေးစေလိုပါတယ် . .

THANLYIN THAR said...

ကိုညိညိဦး ကိုလေးစားပါတယ်ဗျာ ။ နိုင်ငံ အတွက် ပေးစပ်ခဲ့တာ အများကြိး ။ ကိုယ်ကိုနှိက် မလုပ်ဘဲနဲ့  လုပ်ပါတယ်ဆိုပြိး ခံခဲ့ရတာတွေ ။ ဒိသတင်းကတော့ ကိုညိညိဦး ပေးပို့ တာ လုံးဝ မဖြစ်နိုင်ဘူး ။ ရှင်းပါတယ် ကိုမင်းကိုနိုင် ကိုဂျေမိ ကိုညိညိဦး တို့ ကို မေးကြည့်ရင် အားလုံးရှင်းသွားမှာပါ ။ ကြည့်ရတာ အသလွတ် ဝင်ရိုက်တယ်ပုံ လို့ ရေးထားတယ် ။ အမှန်အတိုင်းဖြစ်စေချင်တယ် ။ NLD အရိပ်အောက်တော့ စွဲမသွင်းကြပါနဲ့ ဗျာ ။ အမေစု ဆိုတာ အားလုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့  နိုင်ငံ့ ခေါင်းဆောင်ပါဗျာ ။

ppm said...

သေသေချာချာ စောင့်ကြည့်ပေးကြပါ တော်ကြာ ဒဏ်ငွေ ၁၀၀၀ နဲ့ ပြီးသွားအုံးမယ် ...

Anonymous said...

သေသေချာချာစစ်ဆေးဖို့ လိုတယ်
ဒီလိုအဖြစ်အပျက်တွေကမကြာမကြာဖြစ်နေတယ်
ကြံ့ခိုင်ရေးအယောင်ဆောင်ပြီးလူမိုက်တွေလုပ်ရှားနိုင်တယ်
ပြည်သူတွေရှင်းလင်းအောင် စိစစ်ဖေါ်ပြပေးပါ

evil said...

ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ရှိမြန်မာ့နိုင်ငံရေးက ပါတီကြီးနှစ်ခုရဲ့ ရန်စောင်မှုနဲ့ အတူ ချောက်ထဲ ပြန်ကျသွားနိုင်ပါတယ်။ ကိုဇာဂနာ ပြောသလို ခွင့်လွှတ်ပါတယ်။ ဒါပေမဲ့ မမေ့ပါပေါ့။ တစ်ဘက်ကလဲ ဒီအချိန်မှာ အရင်ကဖြစ်ခဲ့တာတွေ မေ့ထားပြီး စည်းကမ်းရှိဖို့ ကိုယ့်ရဲ့လွတ်လပ်မှုဟာ အခြားသူတွေ မထိခိုက်ဖို့ ထိမ်းသိမ်း သင့်ပါတယ်။ အတက်နေ့ ည သန်းခေါင်ယံအချိန်မှာ NLD က စမ်းချောင်းမှာ စပီကာ တွေ ဆောင်းဘောက်တွေနဲ့ အားလုံး ကလေးလူကြီး နိုးအောင် လုပ်တဲ့ပုံကိုတော့ စိတ်ကွက်မိတယ်။ လုပ်ရင်လဲ စောစောလုပ်ပေါ့။

evil said...

ကိုမိုးတိမ်ပြောတာကို ထောက်ခံတယ်။ အများယောင်တိုင်း လိုက်မယောင်ပဲ သတင်းမှန်ဖြစ်ဖို့ အရင်စစ်သင့်တယ်။ မြစ်ဆုံ စီမံကိန်း ပြန်စမယ်ဆိုတဲ့စာကို အင်လုပ်ပြီး တင်လို့ ပြသနာတွေဖြစ်ခဲ့သေးတယ်။ တကယ်တောပ အခြားစာနေရာမှာ ဖျက်/ဖြည့် ထားတာတွေလေ။ အခုခေတ်ပိုကြောက်ဖို့ ကောင်းလာပြီဗျ။ ဘယ်လိုစိတရှိမှန်းမသိပေမဲ့ နှစ်ဘက် တင်းမာသထက်တင်းမာအောင် ရန်တိုက်သူတွေကို သတိနဲ့ ဖြေရှင်းရမယ်ထင်တယ်။ နို့မို့ဆို ဒါကြောင့် ပဲ နှစ်ဘက်ပြသနာနဲ့ အရင်ခေတ်ပြန်ရောက်သွားနိုင်တယ်ဗျ

Anonymous said...

N.L.Dကိုစိတ်ကွက်ရက်လိုက်တာ
အနှစ်၂၀အတွက်တညလေးအိပ်ရေးပျက်တာ
ထောင်ထဲအကျဉ်းချခံ၇သလောက်
မပြင်းထန်ပါဘူးကွယ်။သီးခံပေးပါ။

evil said...

တစ်ည အိပ်ရေးပျက်တယ်ဆိုတာ ပြသနာ မဟုတ်ပေမဲ့ ငါတို့လုပ်လို့ရတယ်ဆိုတဲ့ စိတ်မရှိစေချင်တာက အဓိကပါပဲ။ဒါမျိုးကို စိတ်စွဲသွားရင် အာဏာရှင် ဘက်ရောက်သွားပါမယ်။ ဒီမိုကရေစီမှာ ကိုယ့် လွတ်လပ်မှုအတွက် အခြားသူ အနှောက် အယှက်မဖြစ်စေရဘူးလေ။ အနှစ် 20ဆိုတာ သူတို့ ထောင်ထဲ မှာနေရသလို ငါတို့လဲ အကျယ်ချုပ်ခံ နေရတာ ပဲ။ ပီးတော့ ဒီသတင်းမှန်ရင် သေချာတယ် ဂျာနယ်စာမျက်နှာမှာ ပါလာတော့မှာ ဖြစ်သလို ပါတီကလဲ ရှင်းလင်းပွဲတွေ လုပ်လာမှာပဲ။

evil said...

ဲပီးတော့ အရေးကြီးဆုံးက ဟန်နီပြောတဲ့ NLD ကိုမှ စိတ်ကွက်ရက်လေ ဆိုတာက ပိုဆိုးတယ်။ ဒီပါတီမို့ စိတ်မကွက်ရတော့ဘူးလား။ အမှားလုပ်ရင်လဲ ဒီပါတီပဲလေ မှားပါစေလို့ ထားရမှာလား။ ဒါဆိုရင် ကျွန်တော်တို့ က သူတို့ ကို အာဏာရှင် ဖြစ်သွားအောင် တွန်းပို့ သလို ဖြစ်နေပီဆိုတာ သိစေချင်ပါတယ်။ သူတို့ ကို လွှတ်တော်ထဲရောက်အောင်ပို့သလို ချောက်ထဲပို့မှာကလဲ ပြည်သူပါပဲ။ အဲထဲမှာ ဟန်နီပါနေမလား။ တကယ်တော့ ပြည်သူဟာ လက်ရှိကာလ၊အခုချိန်မှာ တရားသူကြီးတွေပါပဲ။

evil said...

ကျွန်တော်တို့ ပြောခဲ့တာ ကိုမိုးတိမ်ပြောခဲ့တာ အမှန်ဆိုတာ သက်သေပြနိုင်ပါပြီ။ ကိုမင်းကိုနိုင်နဲ့ ဂျာနယ်တွေ အင်တာဗျူးပီးပါပီ။ မဟုတ်ပါဘူတဲ့။ သူတို့ဘာသာ ဘေးမှာ ရန်ဖြစ်နေတာတဲ့။ သူတို့နဲ့ ဘာမှ မဖြစ်ပါဘူးထဲ့။ ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဥာဏ်ရှိကြပါစေ။

evil said...

N.L.Dကိုစိတ်ကွက်ရက်လိုက်တာ ဆိုတော့ NLD ဆိုရင် ဘာလုပ်လုပ် စိတ်မကွက်ရတော့ဘူးလား။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့က သူတို့ကို အာဏာရှင် လက်သစ်ဖြစ်အောင် ဖန်တီးပေးနေသလို ဖြစ်နေပြဆိုတာ သတိပြုသင့်တယ်။NLD ကို ကောင်းအောင် ပြည်သူကပဲ လမ်းဖွင့်ပေးလို ပြည်သူကြောင့် ပဲလဲ သူတို့ ချောက်ထဲ ကျနိုင်ပါတယ်။ ဒီခေတ်မှာ ပြည်သူက တရားသူကြီးတွေပါ။ NLD ဘာလုပ်လုပ် ကွင်းလုံးကျွတ်လွတ်စေပဲလား။

evil said...

ပြီးတော့ အခု သတင်းကလဲ အမှားကြီးဗျ။ ကိုမင်းကိုနိုင်တို့နဲ့ စာနယ်ဇင်း မေးမြန်းပီးသွားပီ။ မဟုတ်ပါဘူးတဲ့။ ဘေးမှာ သူတို့ဘာသာ ရန်ဖြစ်နေကြတာ။ ကျွန်တော်တို့ကို ဘာမှ မလုပ်ပါဘူးတဲ့။ ဂျာနယ်တွေမှာ ပါလာပါလိမ့်မယ်။ သင်္ကြန်မှာ မူးပြီး ရန်ဖြစ်ကြတာ မဆန်းပေမဲ့ နိုင်ငံရေး အထိ ရိုက်ခတ်အောင်၊ ရှုတ်ထွေးအောင်လုပ်နေကြတာကိုတော့ အသိတရားနဲ့ ယှဉ်ပီး ဆင်ခြင်သုံးသပ်ပြီးမှ ယုံသင့်ပါတယ်။ မြစ်ဆုံကိစ္စလိုပေါ့ဗျာ။။

Unknown said...

မင်းမဲ့စရိုက်ရှိတဲ့လူတွေကို အခွင့်ထူးခံလူတန်းစားမရှိတဲ့ ဥပဒေနဲ့ အေ၇းယူပေးကြပါဗျာ

Powered by Blogger.