88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့ (ရုပ်/သံ)


88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ်တွင် ဖျော်ဖြေနေစဉ်.(ရုပ်/သံ)

၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်ရေးစပ်ခဲ့သောသင်္ကြန်သံချပ်

ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
... တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
(ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အစဉ်အလာကောင်းကိုထိန်း)၂
သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန်ကပါစို့

မပြောမပြီး မတီးမမြည် ......... တို့စည်တီးတာ ပြည်သူ့အတွက်
ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ
ဒီမိုကရေစီအနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း
ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြလှုံကြ
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့်
ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ
မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး
နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း
ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး
မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ
ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။

CJ myanmar  , Popular Myanmar News Journal

88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့ (ရုပ်/သံ) 88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:38 Rating: 5

6 comments:

ုkyaw said...

ဲကြိုက်သွားပြီးဗျာကျောင်းသားဆိုတာဒီလိုမျိုးမှပေါ့ ပညာတတ်နိုင်ငံ့ကိုယ်စားပြုတွေဖြစ်လာမဲ့လူငယ်တွေက ပြည်သူရှေ့ကမားမားမတ်မတ်ရပ်တည်ပေးမှတိုင်းပြည်တိုးတက်ကောင်းမွန်လာမှာပေါ့..အရက်ချ၊ဘိန်းရှူ၊ဆေးချ၊ဖဲရိုက်နေတဲ့ကောင်တွေအတုယူသင့်တယ်။

Anonymous said...

သိပ်ကောင်းတဲ့ သံချပ်လေးပါ . . စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အမြန်ရောက်ဖို့ ဆိုရင် ပြည်သူတွေ ဒီထက်ပိုပြီး ရဲရင့် သတ္တိရှိကြဖို့ လိုပါတယ် . . ဒါမှ အာဏာအားကိုးနဲ့ (ထောင်ထောင် )၂ လုပ်နေတဲ့ ကောင်တွေ မလုပ်ရဲတော့မှာ . . အခု ခေတ်သစ်မှာ ဒီကောင်တွေ မရိုးသားတာလုပ်နေတာ တွေ့ တဲ့ သူ . . သိတဲ့သူ မှန်သမျှ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကနေ ပွင့်လင်းမြင်သာအောင် သတ္တိရှိရှိ ဖေါ်ထုတ်ပေးကြပါလို့  ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ် . .

Anonymous said...

၈၈ကျောင်းသားတွေရဲ့ဘ၀ရင်းပြီးပေးဆပ်နိုင်မှုက
မှတ်ကျောက်တင်ပါတယ်။သူတို့အတွက်ကြိုးစားနေချင်းမဟုတ်
အများပြည်သူအတွက်စတေးပေးသောကျောင်းသားများ
ကျန်းမာချမ်းသာကြပါစေ..နှစ်သစ်မှပျော်ရွင်ခြင်းအားလုံး
ရာသက်ပန်ပိုင်ဆိုင်ခွင့်ရပြီးလွတ်လပ်တဲ့ဒီမိုကရေစီပန်းတိုင်ကို
လျှောက်လှမ်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Han Nyi said...

အရမ်းကိုအနှစ်သာရတွေနှင့်ပြည့်စုံကောင်းမွန်လှပါတယ်ဗျာ.....

ကျော်အေးမြင့် said...

ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်သင်္ကြန်သံချပ် အဖွဲ.သားများအား လိုက်လှဲ ၀မ်းမြောက်စွာကြိုဆိုပါသည်။

Super User said...

ဒီနှစ်သင်္ကြန်ကတော့ ဒေါင်းသင်္ကြန်ဖြစ်ခဲ့ပြီပေါ့....

Powered by Blogger.