သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
ဆရာတော် ဦးဥတ္တရ
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။

RFA
သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့် သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့် Reviewed by သစ်ထူးလွင် on 10:24 Rating: 5

24 comments:

tkm said...

ဝမ်းသာပါတယ်..
ဂုဏ်ယူပါတယ်သမ္မတကြီးကိုယ်စား
ဆက်တာကြိုးစား...ပြည်သူတွေအတွက်

မိုးတိမ် said...

ဘယ်သူဘာပြောပြောကျနော်ထောက်ခံတယ်

Unknown said...

ဝမ်းသာပါတယ်..ဂုဏ်ယူပါတယ်

ဆန္ဒမွန် said...

ဝမ်းသာပါတယ်။ ထိုက်တန်ပါတယ်။ အမှန်တကယ် ငြိမ်ချမ်းရေးအတွတ် အမျှော်အမြင်ရှိရှိ ... ကြိုးစားပြီးလုပ်ဆောင်နေသူပါ.. သူ့နေရာက မလွယ်ကူလှပါဘူး

Unknown said...

ဆုတခုတော့ ရပါပြီ....း)
aja aja fighting!!!

သုခ said...

ကချင်ပြည်နယ် ကို ငြိမ်းချမ်းအောင် ကြိုးစားဖို့လိုအပ်ကြောင်းပါ၊လက်နက်ကိုင်စစ်ပွဲတွေအစား စားပွဲဝိုင်းစစ်ပွဲတွေတိုက်ဖို့လိုအပ်နေပါပီ

sean said...

ဝမ်းမြောက် ပါကြောင်း.. ဖေါ်ပြအပ်ပါသည်။

Anonymous said...

ဟုတ်ပါတယ် သမ္မတကြီးကို ဒီဆုပေးတာ ထောက်ခံပါတယ် . . ပေးသင့်တယ်လို့ လဲ ယူဆတယ် . . သူ ဦးဆောင်တဲ့ အစိုးရသစ်မှာမှ မြန်မာပြည်ကြီး သိသိသာသာ ပြောင်းလဲမှု စလာခဲ့တာပါ . . နောက်နောင် လည်းဆက်လက်ပြီး မြန်မာပြည်ကြီး တိုးတက်ပြောင်းလဲ မှု တွေနဲ့ ဒီမိုကရေစီရဲ့ စစ်မှန်တဲ့ လမ်းကြောင်းပေါ်ကိုဆက်လက် ညွှန်းကြားဦးဆောင်ပေးဖို့  ဒီဆုဟာ ခွန်အားတစ်ခုပါပဲ . .congratulation president

Rainbow Worrior said...

သိပ်ကောင်းပါတယ်။ အခုလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်နေတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ သမ္မတကြီးမှာ နိုင်ငံတကာနဲ့ ပြည်သူလူထုက ထောက်ခံအားပေးနေတယ်ဆိုတာကို ပြနိုင်ဖို လိုအပ်နေပါတယ်။ ဒါမှသာ ရှေ့လျှောက် လွှတ်တော်ထဲမှာရော နိုင်ငံတကာမှာပါ လုပ်ဆောင်စရာရှိတဲ့ကိစ္စတွေမှာ ထောက်ခံမှုရပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်မှာပါ။ နိုင်ငံတစ်ခုမှာ ဘယ်သူမှ အာဏာပါဝါကို အားလုံးချုပ်ကိုင်မထားသင့်ပါဘူး။ အဲဒီလို ပါဝါမျှခြေလုပ်ထားနိုင်ဖို့ ပြည်တွင်းပြည်ပထောက်ခံမှုတွေကိုလည်း မျှဝေထားနိုင်ဖို့ လိုအပ်ပါတယ်။ ကောင်းရင် ကောင်းသလောက် ချီးမြှောက်ပြီး ဆိုးရင်ဆိုးသလောက် ကဲ့ရဲ့ရှုံ့ချ ပစ်ပယ်ဖို့ဟာ ဒီမိုကရက်တစ်နိုင်ငံသားအားလုံးရဲ့ တာဝန်တစ်စိတ်တစ်ပိုင်းပါ။

Anonymous said...

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရင် တစ်နီုင်ငံလုံးက ဆုချီးမြှင့်သင့်ပါတယ်
ဆက်လက်ကြိုးစားစေချင်ပါတယ် ထောက်ခံပါတယ် ဂုဏ်ယူပါတယ်။

maung said...

သမ္မတကြီးဦးသိန်းစိန်ကျန်းမာချန်းသာပါစေ.....။ ။

bo choke baw gyi said...

ဒါမှ ဒို.ဘကြီးစိန် ကွ။ ဟားဟားဟား

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကြိုးပမ်းနေတဲ့ သမ္မတကြီးဦးသိန်းစိန်အား နိုင်ငံတကာမှ ဂုဏ်ပြုဆုများပေးလာကြရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲဗျာ။ မြန်မာတွေ ဒီနှစ်သစ်ကစပြီး ကံဇာတာတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

Anonymous said...

ဆန္ဒမစောကြနဲ.ဦး ၊ သမတကြီး က စစ်တပ် ၊ရဲ နဲ. ကြံ.ဖွတ် တွေ ကျူးလွန်တာတွေ အရေးမယူ ဘဲ လွှတ်ပေးထားတယ်၊ တဦးဦး ကိုကြောက်နေ၇လို.လား ၊ မရိုးသား တာလား ၊ အောက်ခြေကလည်း တဖြည်းဖြည်း အ၇ဲတင်.လာပြီ ။

nwechotae said...

ဝမ်းသာပါတယ် ဗျာ

a said...

jade prince ပြောတာမှန်တယ်၊တကယ်ဖြစ်နေတာတွေကအဲ့ဒီအတိုင်းပဲ၊ ပေးတဲ့သူတွေကတကယ်ခံနေရတဲ့မြန်မာနိုင်ငံအတွင်းကလူတွေမှမဟုတ်တာ။

kokooo said...

သမ္မတကြီးရဲ့ ပွင့်လင်းထင်သာမြင်သာရှိတဲ့ ဒီမိုကရေစီစံနစ်ဆီသို့ ဦးတည်လျှောက်လှမ်းနေပါသော်လည်း အမှန်တကယ်သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်တည်နိုင်လောက်တဲ့ စံနှုန်းစံညွှန်းသတ်မှတ်ချက်များမရှိသလို ပြည်စုံနိုင်လောက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျ မတွေ့ရသေးပါ။ စစ်တပ်အလိုကျ လုပ်ဆောင်နေသာကလွဲ၍ ဒီမိုကရေစီကို အပေါ်ယံကျော်လုပ်ပြနေရုံနဲ့ ငြိမ်းချမ်းရေးဆုပေးတာ ဘုန်းကြီးကိုယ်တိုင်လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးကို နားမလည်လို့လား သို့မဟုတ်လျှင် မိုးရွားတုန်းရေခံသလို သမ္မတကြီးကိုယ်တိုင် အဖိတ်ခေါ်ခံရပြီး ပြည်တော်ပြန်ချင်လို့လား။

မြတ်သီဟ (နယ်သာလန်)

စည်သူ said...

jadeprince .... ပြောသလို ကြံ.ဖွတ်တွေ ကျူးလွန်တာတွေ အရေးယူထောင်ချတာတွေ လုပ်ရင် သူ.အတွက် အန္တရယ် ရှိ ပုံရတယ် ၊ ဒါ.ကြောင်.တချိန်မှာ ..... ဦးသိန်းစိန် .. ပ စားပေးထားမှုကြောင်. ကြံ.ဖွတ်တွေက NLD ၀င်တွေကို ၀ိုင်းရိုက်နှက် သတ်ဖြတ်တာတွေ ပေါ်လာနိုင်ပါတယ် ။

hlaingthuya said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကြိုးပမ်းနေတဲ့ သမ္မတကြီးဦးသိန်းစိန်အား နိုင်ငံတကာမှ ဂုဏ်ပြုဆုများပေးလာကြရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲဗျာ။ မြန်မာတွေ ဒီနှစ်သစ်ကစပြီး ကံဇာတာတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

Anonymous said...

ဝမ်းသာပါတယ်

kokomaung said...

ဘယ်လက်နဲ.ငြိမ်းချမ်းရေးဆုယူ၊
ညာလက်နဲ.ကချင် ကိုတိုက်၊

mon lay said...

ကြိုးစားပါဘဘကြီးသိန်းစိန် သားတို့အားလုံးရဲ့ ၀မ်းသာတယ်

Yeyint said...

သူပင်ပန်းတာတွေအတွက်ဆိုရင်တော့မှန်ပါတယ်
ဒါပေမဲ့ သူတို့အခုချိန်ထိ လက်ခံထားတဲ့ ပြောင်းလဲမှုတွေဟာ နှစ်ရှည် စီမံကိန်း ကြောင့်တဲ့ ဒါဆို အခုချိန်ထိသူတို့ ကစားကွက်ထဲ့ကမထွက်နိုင်သေးဘူးလားးးးးးးးးစဥိးစားစရာပဲ

Anonymous said...

ဂုဏ်ယူပါတယ်...

Powered by Blogger.