ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ

ဓါတ်ပုံ (မြင့်ရွှေ-ဖေ့စ်ဘုတ်)
Bangkok Post သတင်းစာတွင်ပါရှိခဲ့သော ဦးခင်ညွန့်နှင့်

တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook

စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသားထားပြီဖြစ်ကြောင်းတွေ့ရသည်။

ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး

သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ
ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင်

ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊
မြန်မာလူမျိုးတစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း

ဦးမြင့်ရွှေကရေးသားထားသည်။
"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများရေးသားလေ့ရှိပြီး၊
ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက်

ကျွန်တော့်တွင်ရှိကြောင်းကိုတော့
ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။

သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ

မူလသူရေးသားပေးပို့ထားသည်နှင့်
ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။
သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို

"ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့်
မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed

man.)"ဟုရေးသားထားသော်လည်း
သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား

အထားအသိုများနှင့်
အရေးအသားဟန်ပါမတူတော့သည့်အပြင်

သူမရေးသားခဲ့သည်တို့လည်းပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။

အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့်

ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့်

အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းဦးမြင့်ရွှေကရေးသားရှင်းလင်းထားသည်။

ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင်

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု

ဦးခင်ညွန့်ကပြောကြားကြောင်းလုံးဝမရေးသားခဲ့။ သူ၏

လေ့လာသုတေသနပြုချက်များအပေါ်အခြေခံ၍သာလျှင်အမှန်ဟု
သူယုံကြည်သည်တို့ကိုရေးသားခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။

ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ်
ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က

ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေက
ရှင်းပြထားသည်။

Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့်စာသားများထဲမှ

ဝေါဟာရတစ်ခုဖြစ်သည့်
"အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု

မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။

အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍
စေတနာကောင်းဖြင့်ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။

"ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ်

စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့်
ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု

ဦးမြင့်ရွှေကဆိုထားပါသည်။


 http://www.facebook.com/myint.shwe?ref=ts

Popular Myanmar News Journal
ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ Reviewed by သစ်ထူးလွင် on 05:54 Rating: 5

17 comments:

Unknown said...

မြင့်ရွှေ မလယ်ရှုပ် ဘာဝင်လုပ်တာလဲ ခုချိန်မှာ နောက်ကြောင်းပြန်မလှည့်ချင်တော့ဘူး ဖေါ်ထုတ်တာတွေ အရေးယူတာတွေ လာမလုပ်နဲ့ ပြုပြင်ပြောင်းလဲရေးအရှိန်ပျက်တယ်
သေနတ်က မင်းအဘလက်ထဲမှာပဲရှိသေးတယ်
ဦးတင်ဦး ဦးခင်ညွန့် ပြုပြင်ပြောင်းလဲရေးမှာ ငါတို့မသုံးဘူး သာကူးညာစားတွေ မကူညီချင်နေ မနှာက်ယှက်နဲ့

တောသားကြီး said...

အားလုံးသောမြန်မာတို့ ထိုင်း၊စင်ကာပူ၊ မလေးရှား သတိထား။ သူတို့က မြန်မာပြည်တိုးတက်မှာကို မလိုလား။ တိုင်းရင်းသားတို့ စည်းလုံးဖို့ သင့်ပြီ။ လူမျိုးကြီးဝါဒ၊ နိုင်ငံကြီးသားဝါဒ လက်ကိုင်ဆွဲပြီ စည်းကမ်းရှိသော၊ ယဉ်ကျေးမှူ အဆင့်အတန်းမြင့်သော မြန်မာလူမျိုးဟု ကမ္ဘာကသိရှိ လေးစားအောင် ကျိုးစားကြစို့။

a said...

မင်းပြောသလိုဆိုBangkok Post ကချာတူးလံပေါ့၊မင်းပြောတာနဲ့ကွဲလွဲပြီးဖေါ်ပြတဲ့အတွက်မင်းဘက်ကBangkok Post ကိုဘာမှမပြောဘူးလား၊မင်းရှင်းရှင်းလင်းလင်းဖြစ်အောင်မလုပ်ပေးရင်မင်းငါတို့နိုင်ငံအပေါ်မကောင်းကြံတာပဲ။ဟုတ်နေရင်တောင်ဒီအချိန်မှာမရေးသင့်သေးဘူး။

သားငယ်လေး said...

ဒီတစ်ခေါက် ဦးခင်ညွန့် တို့ ပြောတာ မှန်တယ်ပေါ့။ မြင့်ရွှေ အလကားကောင်... နောက် မြန်မာပြည်အကြောင်း ဆောင်းပါးမရေးနဲ့ တော့။ သွေးမခွဲနဲ့ တော့။ ငါတို့ နောက်ကြောင်းပြန်မလှည့်ချင်တော့ဘူးကွ။

mad dog said...

ဂျပုရေ...ဦးခင်ညွန့်ကိုဘဲ မင်းက လုပ်စားတာလား ဦးခင်ညွန့်ကဘဲမင်းကိုအသုံးချလိုက်တာလားတော့မသိဘူး သေချာတာကတော့မင်းတို့ကပုလင်းတူဗူးဆို့ တွေဘဲ

july said...

ကျေးဇူးတင်ပါတယ် ကိုသစ်ထူးလွင်

chartake mglay said...

မြင်ရွှေကတောပိုက်ဆံရဖိုအတွက်ဘဲလုပ်တယ်
ပြည်သူတွေကတောဒေါသတွေနဲ့အောင်နေရတယ်
ဒီသူတောင်စာမြင့်ရွှေ မင်ပြောသလိုဆိုရင်ဘန်ကောက်ပိုစ်က
အင်္ဂလိပ်စာတောင်ကောင်းကောင်းရမတတ်ဘူးပေါ့နော်
ကြည်လည်ပြောဦးနော် မြန်မာတွေ့ရဲ့အမုန်ကိုတော်မခံနဲ့
့မင်းသေရင်ပို့ပေးမယ်လူမရှိမှာစိုလို ကြားလား

htun said...

မြင့်ရွေ

မြင့်ရွေမင်းမြန်မာပြည်ပြန်ဝင်လို့ ရအောင် ပြန်ဂွင်ဆင်နေတာလား
မင်းရဲ့စောင့်ကျင့်တွေ နိုင်ငံတကာရောက်လူတိုင်းသိနေပြီ
NLD ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းစိန်တို့ ရဲ့တိုးတက်လာတဲ့မြန်မာပြည်နိုင်ငံရေးကိုမင်းစိုးရိမ်နေတယ်မဟုတ်လား အရင်ကလို မင်းတို့  အေးလွင်တို လုပ်စားရတာမလွယ်တော့မှန်းသိလို့ မင်း တမင်အချိန်ယူပြီးစိစဉ်ခဲ့တဲ့ ဒီကိစ

ayesoe said...

မြင့်ရွှေ မင်း မလယ်ရှုတ်မလုပ်နဲ့။ဒီကိစ္စမင်းမှာ တာဝန်အများကြီးရှိတယ်။အသက်ကြီးတဲ့သူတွေက မကြာခင်သေတော့မှာ၊မင်းပဲကျန်နေခဲ့မှာ။သူတို့က ၇၀ ကျော်နေပြီးပြီ။မင်းသေချင်လို့လား။

sean said...

ဇတ် ရည် လည်သွားပြီ.. ဒီပဲရင်းကိစ္စ သည် တွေ့ ဆုံပြောကြ ထဲမပါ .. ဦးခင်ညွန့် ဘက်မှ အသံသွင်း ထားတာ SB လာမေး တော့ ထုတ်ပြ SB က သတင်းစာ ဝင်ရှင်း အခု ဦးမြင့်ဆွေ က မိမိထင်မြင် သုသေသန ပုံစံ နှင့် ရေး သည်ကို Bangkok post မှ လူလည်ကျ၍ ပြောသယောင်ပုံစံ နှင့် တင်ပြ..ဒါဘဲထင်ပါတယ်

အင်း ဦးခင်ညွန့် အတွက်တော့ သခဏ်းစာဘဲ.. ယိုးဒယားတွေဟာ ယုံကြည်ရသော မိတ်ဆွေစစ် မဟုတ်ဘူးဆိုတာ..
တကယ်တော့ အခုအချိန်မှာ ဒီကိစ္စ ဟာ ခံရသူတွေကော ပြည်သူတွေကပါ ကြိုးစား လို့ မေ့ ပျောက်ထား တဲ့ကိစ္စ ကြီးပါ

Acmv Org said...

စာပြင်များသည် ဦးမြင့်ရွှေ

အန်ကယ်ရေးသားသည့်စာသားများအတိုင်းမဟုတ်ခဲ့လျှင် Bangkok Post သတင်းစာ ကို တရားစွဲခြင်း သို့မဟုတ် Bangkok Post တရားဝင် တောင်းပန်သည့်စာ သို့မဟုတ် correction လုပ်သည့် ဆောင်းပါးတစ်ခုခု ထည့်ပေးရန်တောင်းဆိုသင့်သည်ကို အန်ကယ်လို လူတစ်ယောက်အနေခြင်း သိပြီးဖြစ်ပါလိမ့်မည်။ ဘာကြောင့် facebook ကနေ တတ်တခိုးလေး လျှောက်ရေးနေတာပါလဲ။ facebook သည် အန်ကယ်တို့ကိစ္စအတွက် OFFICIAL COMMUNICATION PLATFORM တစ်ခုမဟုတ်ပါ။ အန်ကယ် ရိုးသားကြောင်းသက်သေပြရန် Bangkok ကိုတောင်းဆိုသင့်ပါသည်။ မည်သူတွေ သတင်းစာရှင်းလင်းပွဲလုပ်ပါစေ။ Bangkok Post ၏ ရုပ်သိမ်းခြင်း သို့မဟုတ် အမှာပြင်ဆင်ချက် သို့ တောင်းပန်ချက်ကသာ အားလုံးကို ပြေလည်စေနိုင်လိမ့်မည် ဟုယုံကြည်သည်။

NGATU said...

အသံဖိုင်တောင်းတော့လည်း..သူအသံမသွင်းဘူးဖြစ်ပြန်..ဓါတ်ပုံလည်း
မရိုက်ဘူးဆိုတော့ Bangkok Post ကလည်း ဒီသတင်းကို ဘယ်လို evidence နဲ့ တင်ထားတာလည်း...
ကျွန်တော်နားလည် သလောက်ဒီသတင်းနဲ့ မြင့်ရွှေ ဆိုတဲ့လူ လုပ်စားသွားမှန်း
သိသာတယ်..

Myo Chit said...

ဘယ်လိုလဲ နိုင်ငံတကာ မှာ သိက္ခာရှိ သတင်းစာကြီး ရဲ့ သတင်းထောက် ခင်ဗျာ ။ သတင်း မမှန်ဘဲ ဘယ်တော့မှ မထဲ့တဲ့ သတင်းစာ ၊ သတင်းအပေါ် အမြဲ တာဝန်ယူ အာမခံ တတ်တဲ့ သတင်းစာ ပါဆို။
အခုတော့ သတင်းထောက် အပြောအရဆို သတင်းထောက်က သူ့ သတင်းစာကို ပြန်တရား စွဲ ရတော့မယ့် ကိန်းဆိုက်နေပြီ ။ သတင်းမှားယွင်းတာပါ လို့ ငြင်းတာဆိုရင် သက်သေ ခိုင်မာဘို့ တရားစွဲမှ ဖြစ်မှာနော ဟဲဟဲ ။ လုပ်ရဲ လို့လား ။
နောက် တာပါဗျာ ၊ သတင်းထောက်ကြီးလဲ pressure ပေးခံလိုက်ရပြီဆိုတာ နားလည်လိုက်ပါတယ် ။
သတင်းထောက်အားလုံး သင်ခန်းစာယူကြပေါ့ဗျာ ။ သတင်း သမားသိပ်ပီသပြချင် နေတာနဲ့ မပိုင်ဘဲ တွေ့ရာ မမေးကြနဲ့ ၊ သတင်းမပေး ကြနဲ့ ၊ ရိုးရိုးသားသားသတင်း ရေးခဲ့တဲ့သူဆိုရင်ပြောတာပါ ။ စဉ်းစားဆင်ခြင် တတ်ကြပေါ့။ အခြေအနေ အချိန်အခါ လည်း ကြည့်အုံး ။ ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားရင် တော်သေးတာပေါ့ဗျာ ၊ ပြည်သူ့အကျိုးထည့်စဉ်းစားကြပါအုံး ။
ပြောချင်တာလေးတော့ ပြောလိုက်အုံးမယ် သတင်းထောက်ကြီးခင်ဗျာ ။ သိပ်မယုံကြည်လို့ မေးတာ ။ ဒီသတင်း ဘယ်သူတွေနဲ့ပေါင်းပြီး ဘာရည်ရွယ်ချက်နဲ့ မလိုလားအပ်တဲ့ အချိန်မှာ ဖွလိုက်ရတာလဲ ။ ဒါမှမဟုတ် ရင် ဘယ်သူ့ သြဇာခံ ဘ၀ ရောက်သွားလို့ ပြန်ငြင်းချက် ထုတ်လိုက်ရတာလဲ ခင်ဗျာ ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ရဲ့ သတင်း သမားဘ၀ ကိုတော့ အဖတ်ပြန်ဆယ်လို့ မရတော့ပါဘူးဗျာ ။
ဒီသတင်းဟာ ပရိယာယ် ကောက်ကျစ်မူ ပါတယ်လို့ ခံစားမိလို့ပါ ။

phomesatpaing said...

ကိုယ့်နိုင်ငံတိုးတက်အောင် သဘောထားကြီးပါ၊ညီညွတ်ပါ၊မျှမျှတ
တဆက်ဆံပါ၊စင်ကာပူ၊ထိုင်း၊မလေးရှား၊ကကိုယ့်ထက်အများကြီး
တိုးတက်နေပြီ၊လွန်ခဲ့တဲ့အနှစ်(၂၀)ကျော်လောက်ထဲကတိုးတက်
လာတာ၊ဒီမှာ ဘာမှမလုပ်ရသေးဘူး၊ပြိုင်ဖက်မဖြစ်သေးဘူး၊
ကျဉ်းမြောင်းတဲ့အတွေးအခေါ်တွေ၊ မျက်ကန်းမျိုးချစ်စိတ်တွေ
နဲ့နိုင်ငံတိုးတက်အောင်လုပ်လို့မရပါ၊အဲဒီနိုင်ငံတွေကိုစီးပွားဖက်နိုင်ငံလို့မြင်ပါတယ်၊

phomesatpaing said...

ကိုယ့်နိုင်ငံတိုးတက်အောင် သဘောထားကြီးပါ၊ညီညွတ်ပါ၊မျှမျှတ
တဆက်ဆံပါ၊စင်ကာပူ၊ထိုင်း၊မလေးရှား၊ကကိုယ့်ထက်အများကြီး
တိုးတက်နေပြီ၊လွန်ခဲ့တဲ့အနှစ်(၂၀)ကျော်လောက်ထဲကတိုးတက်
လာတာ၊ဒီမှာ ဘာမှမလုပ်ရသေးဘူး၊ပြိုင်ဖက်မဖြစ်သေးဘူး၊
ကျဉ်းမြောင်းတဲ့အတွေးအခေါ်တွေ၊ မျက်ကန်းမျိုးချစ်စိတ်တွေ
နဲ့နိုင်ငံတိုးတက်အောင်လုပ်လို့မရပါ၊အဲဒီနိုင်ငံတွေကိုစီးပွားဖက်နိုင်ငံလို့မြင်ပါတယ်၊

pyaponthu said...

မည်သူ့ကိုမျှအပြစ်မတင်သင့်ပါ။သတိထားဘို့လိုလာပြီးဖြစ်ကြောင်း။ယခုအခါ တရုတ်များKIAကိုထောက့်ပံ့ပြီးအိမ်ကြက်ခြင်းခွပ်ခိုင်းနေပြီး။အရင်တုံးကလည်းထိုင်းကKNUကိုထောက်ပံပြီးအိမ်ကြက်ခြင်းခွပ်ခိုင်းခဲ့သည်။ယခုအခါ ထိုင်းမှ မြန်မာနိုင်ငံကိုဆက်သွယ်ရေးလမ်းကြောင်းများစွာ၎င်းတို့စီးပွားရေးအတွက်လုပ်လာတဲ့စီမံကိန်းများကြောင့် KNUကို ထောက်ပံ့ခြင်းမပြုတော့။ဒါကို KNUတို့သိလို့အစိုးရနဲ့ချစ်ကြည်ရေးလုပ်လိုက်တာ သူတို့တွေ ဦးဏှောက်ကောင်းပါတယ်။လောလောဆယ်KIAတွေ ဦးဏှောက်မကောင်းပါ။တရုတ်က ရေရှည်ထောက်ပံ့မလားစဉ်းစားကြပါ။ပြည်သူတွေနစ်နာလှတယ်။ထိုင်းက မြန်မာပြည်ဘယ်တော့မှ ကောင်းမှာမဟုတ်။သိချင်ရင် မြန်မာနိုင်ငံနာဂစ်မုန်တိုင်းတုံးက ထိုင်းအပြုမမှုနဲ့ အဲ့ဒီတုံးက မလေးရှားစတားကရေးသားတဲ့ထိုင်းဝန်ကြီးပြောဆိုချက်ကိုရှာဖတ်ကြည့်ကြပါ။

lwinmin said...

ထိုင်းကို အထူးသတိထားကြပါနော်..သူက မြန်မာတိုးတတ်မှာ မလိုလားသူအစစ်ပါ...

Powered by Blogger.