ဒီပဲရင်းကွဲကျေးရွာ NLD အဖွဲ့ ဝင်များစီးလာတဲ့ ကားကို ကြံ့ဖွံ့ အဖွဲ့ မှ သဲများ၊ ခဲများဖြင့်ပစ်ပေါက်ပြီး ကားကိုမီးရှို့ ပစ်မည်ဟု ခြိမ်းခြောက်
စစ်ကိုင်း NLD အောင်နိုင်ရေးအဖွဲ့ ယာဉ်တန်း
စစ်ကိုင်း မတ်လ ၃၀ ရက်နေ့ ၂၀၁၂
မတ်လ ၃၀ ရက်နေ့ ညနေ(၇)နာရီခွဲဝန်းကျင်က စစ်ကိုင်းမြို့နယ်ရှိ ဒီပဲရင်းကွဲကျေးရွာတွင် 
အမျိုးသားဒီမိုကရေစီအဖွဲ့၏ အောင်နိုင်ရေးလှုပ်ရှုားမှုများ ပြုလုပ်ပြီး ကျေးရွာသူကျေးရွာ
သားများ ပျော်ရွှင်နေကြစဉ် အဖွဲ့ချုပ်အားပေးသူများ စီးနင်းပါဝင်သော
လိုင်းထရပ်ကားကို ကြံခိုင်ဖွံဖြိုးရေးအဖွဲ့များမှ သဲများ၊ခဲများဖြင့်
ပစ်ပေါက်ပြီး ကားကိုမီးရှို့ပစ်မည်ဟု အုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့ပါသည်။
ဒီပဲရင်းကွဲ ကျေးရွာမှကားများ စစ်ကိုင်းသို့မသွားရဟုခြိမ်ြးေ
ခာက်ပြီး
ရွာခံကားများ အပြင်မထွက်နိုင်ရန် လမ်းပေါ်တွင်ကျောက်ခဲများဖြင့်
ပိတ်ဆို့ကာ တာဆီးထားပါသည်။
ထိုဖြစ်စဉ်ကို ဗိုလ်ချုပ်ခင်မောင်မြင့်၏ ကျေးရွာဖြစ်သောကြွယ်ပုံရွာမှ
ကြံ့ခိုင်ရေးအမာခံ ရပ်ကွက်ကျေးရွာဥက္ကဌ ဦးညိုလေးမှ ဦးစီးခဲ့ကြောင်း
သိရှိရပါသည်။
ဒီပဲရင်းကွဲကျေးရွာမှ မန္တလေး ရွှေဘို ကားလမ်းသို့ ရောက်ရှိရန်
ကြွယ်ပုံကျေးရွာမှတဆင့် သွားရသည်ဖြစ်ရာ ကြွယ်ပုံကျေးရွာရှိလမ်းသည်
ကြံ့ခိုင်ရေးမှခင်းသောလမ်းဖြစ်၍ အဖွဲ့ချုပ်နှင့်သက်ဆိုင်သော
ကားများ မသွားရဟု ခြိမ်းခြောက်ပြီး ကျောက်ခဲများဖြင့်
ယနေ့တိုင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု ရွှေလှေရွာတွင်လည်း
ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုယ်တိုင် ၄င်း၏အိမ်တွင်
ကြံ့ခိုင်ရေးဆိုင်းဘုတ်တပ်ပြီး အတင်းအဓမ္မခြိမ်းခြောက်၍
မဲဆွယ်နေကြောင်းသိရှိရပါသည်။
စစ်ကိုင်း(NLD)
8 comments:
villager said...
စိတ်ပျက်စရာပဲ ဒီသတင်းတွေပဲ ကြားကြားနေရတာ
မြန်မာပြည်မှာ တရားဥပဒေမရှိတော့ဘူးလား?
သမ္မတကြီးက အလကားသမ္မတကြီး ဖြစ်နေပြီလား?
ဒီလို ဖြစ်ချင်တိုင်း ဖြစ်နေရတာကို မသိတာလား
မသိချင်ယောင်ဆောင်နေတာလား
မသိချင်ယောင်ဆောင်နေရင်တော့ သမ္မတဆိုတဲ့ နာမည်နဲ့ မလိုက်တော့ဘူး
tkm said...
ရွာကဥက္ကဌတွေအဲ့လောက်တောင်
ဆိုးနေကြလား....ဦးနောက်မှမရှိတာ...
အဲဒီ၇ွာကကောင်တွေကလည်းအဲလောက်တောင်ကြောက်ရလား
ဘာကောင်မလို့လဲ....
လမင်းလေး said...
ဒီပဲရင်းကကြံဖွံ့တွေကိုယ်ကိုတိုင်မလုပ်နိုင်ဘဲဘာဖြစ်လို့ဖျက်လိုဖျက်စီးလုပ်ချင်ရတာလဲသိန်းစိန်ကရောဘာလုပ်နေလဲကြည့်ကောင်းနေသလားခင်ဗျားအပြောနဲ့အလုပ်မညီပါ့လား ဟငးးးးး
sean said...
ဖြစ်စဉ်ဓါတ်ပုံ ရှိရင် တင်ပေးပါ
AG said...
ညောင်ပင်ဝန်း ညစ်ပတ်ရန်၊ ကားတွေနူံးတွင်းမှာပဲထမင်းစားရပ်ခိုင်းတော့မယ်။
KoTOE said...
ဒီကောင်တွေ..ဦးနှောက်မဲ့လှချေလား
မောင်မောင် said...
မြန်မာပြည်သူလူထူ.များသိစေရန်.....
မည်သူမဆို မိမိစိတ်တိုင်းကျ မဲမေးနိုင်ပါသည်..သမ္မတအစ..အောက်ခြေခံလူတန်းစားအထိ..ပါ..
သို.သော်လည်း စည်းကမ်းကို လိုက်နာဖို.လိုပါသည်..အသိတရားရှိဖို.လိုပါသည်..nld ကလည်း တခြားပါတီကိုမဲပေးသူများကို မထိခိုက်စေရန်လိုသလို..ကျန်ပါတီများကလည်း nld ကိုချစ်သောပြည်သူကို မထိခိုင်စေရပါ..မနစ်နာစေရပါ..ခုတော့ အားလုံးက..စည်းမရှိ ..ကမ်းမရှိ..အန်တီစုကို ချစ်သော လူတစ်ချို.ကလည် ကြံ.ဖွံ.ကို မဲပေးရင် ဦးနှောက်မရှိသလိုပုတ်ခတ်ကြသလို..ကြံ.ဖွံ.ကလည်း အန်တီစုကို ချစ်သောပြည်သူ.ကို ထိခိုက်နစ်နာစေပါသည်..မည်သူက မည့်သည့်ပါတီကိုပဲ မဲပေးပေး မဲများတဲ့ အမတ်လောင်းက အနိုင်ရရှိမည်ဖြစ်ပါသည်...
Toe Toe said...
ကိုမောင်မောင်ပြောတာမှန်တယ်ဗျာ၊ကျွန်တော်တို့ပြည်သူတွေနိုင်ငံတကာရွေး
ကောက်ပွဲအသိ၊ဒီမိုကရေစီဗဟုသုတတွေရှိပြီးရင့်ကျက်စေချင်ပြီ၊ အေးလေပြည်
သူခမျာလဲနှစ်၂၀ကျော်အရိုင်းအစိုင်းပုံစံနဲ့အုပ်ချုပ်တာခံခဲ့ရတော့လဲ။မပြင်နိုင်သေး
တာတဘာဝပါဘဲ၊။
Powered by Blogger.