နှစ်သိန်းတန် GSM များ အာမခံမလိုဘဲ အရစ်ကျ ရောင်းမည်

ရန်ကုန်၊ မတ် ၁၃
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးမည့် GSM ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ABC ၃ ဖုန်းအရောင်းဆိုင်က ဘဏ်စာရင်းဖွင့်ထားခြင်း အပါအဝင် အာမခံပေးမည့်သူ ရှိရင် မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဆိုင်ရှင် ဦးအဂ္ဂက The Voice Weekly သို့ ပြောကြားသည်။
နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန်ဖုန်းဟန်းဆက် ပူးတွဲအတွက် ကျပ်နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခ အဖြစ် လစဉ် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနှစ်သောင်းကို လေးလအတွင်း အရစ်ကျ ပေးရမည် ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့် လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂၅၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းစနစ်ဖြင့် ဖုန်းဝယ်ယူလိုသူများ မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ မြေနီကုန်း (ဓမ္မာရုံလမ်း)၊ အလုံ (ဆင်မင်းလမ်း) နှင့် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်းရှိ ABC ဆိုင်ခွဲများတွင် လူကိုယ်တိုင် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မတ်လ ၁၂ တစ်ရက်အတွင်း စာရင်းပေးသွင်းသူ ၈၅ ဦး ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"အဲဒါဆိုရင် ကောင်းတာပေါ့၊ ပုံမှန်လစာရှိတဲ့ ဝန်ထမ်းတွေ ဝယ်နိုင်တော့မှာပေါ့၊ အိမ်က သားကို ဝယ်ခိုင်းရမယ်" ဟု ရန်ကုန်မြို့တော် လှိုင်မြို့နယ်နေ အစိုးရ ဝန်ထမ်း၏ ဇနီးသည်က ပြောဆိုသည်။ အာမခံသူ ထောက်ခံပေးမည့်သူ မရှိဘဲ ရောင်းချရာတွင် ငွေများ ပုံမှန် မပေးသွင်းပါက ဖုန်းလိုင်းကို ပိတ်မည် ဖြစ်ကြောင်း အဆိုပါ ဖုန်းအရောင်းဆိုင်ထံမှ သိရသည်။ ကျပ်ငါးသိန်းတန် ဖုန်းများ ရောင်းချစဉ်ကပင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများကို ရန်ကုန် မြို့တော်တွင်းရှိ နာမည်ကျော် ဖုန်းအရောင်းဆိုင်ကြီးများနှင့် ဘဏ်များ ချိတ်ဆက်ကာ ရောင်းချ ပေးခဲ့ရာတွင် အာမခံမည့် ဘဏ်စာရင်းရှိသူ တစ်ဦး လိုအပ်သည်။
ယခု နှစ်သိန်းဖုန်း ကိုလည်း ၎င်းတို့က ယခင်အတိုင်း ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း DO CO MO၊ လူကြီးမင်း၊ ဖလားဝါး မိုဘိုင်းလ်၊ E-lite စသည့် ဖုန်းအရောင်းဆိုင်များနှင့် ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါဆိုင်ကြီးများက ရောင်းချမည့် ယင်းစနစ်တွင်လည်း ဝယ်ယူမည့် ငွေ၏ ၃၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း စသည်ဖြင့် ဘဏ်ပေါ် မူတည်ကာ ကနဦး ပေးသွင်းရပြီး ကျန်ငွေကို ၆ လအတွင်း ပေးချေရသည့် စနစ်ပင် ဖြစ်သည်။
The Voice Weekly
နှစ်သိန်းတန် GSM များ အာမခံမလိုဘဲ အရစ်ကျ ရောင်းမည် နှစ်သိန်းတန် GSM များ အာမခံမလိုဘဲ အရစ်ကျ ရောင်းမည် Reviewed by သစ်ထူးလွင် on 16:20 Rating: 5

20 comments:

sean said...

ငွေမသွင်းတာနဲ့ ဖုံး တခါထဲဖြတ်ပြီး ဆင်းကဒ် သိမ်းလိုက်ရုံဘဲ..သွင်းထားတဲ့ငွေလည်းပြန်မ အမ်းဘူး..
စီးကမ်းအတိုင်း လုပ်မှာ ညှာ မယ်မထင်နဲ..့
စဉ်းစဉ်းစားစား လုပ်ကြပေါ့
၅၀၀၀ တန်ဘဲအေးအေးဆေးဆေး တောင်းဆိုကြပါဗျာ

ဖိုးတောက် said...

ကိုသစ်ရေ...
၅၀၀၀ တန်ကျမှ ၀ယ်တော့မယ်ဗျာ..
ဈေးကြီးမှန် သိသွားတော့ မ၀င်ချင်တော့ဘူး...

ကိုငလင်း said...

ကျေးဇူးတင်ပါတယ်..မ၀ယ်နိုင်သေးပါ။

Unknown said...

i say,,NO....

gemuk said...

မင်းတို့ ရိုက်ချက်က မိုက်တီးထက်ပြင်းတယ်နော်

Myanmar said...

မ၀ယ်နိုင်ပါဘူး။ ကမ္ဘာ့အဆင်း၇ဲဆုံးနိုင်ငံက ကမ္ဘာ့ဈေးအကြီးဆုံး ကျက်သတုံးဖုန်း။ ။

Unknown said...

ငါးထောင်နဲ့ ၀ယ်လို့ရမှန်းသိသွားတော့မ၀ယ်ချင်တော့ဘူး အခုလက်ရှိသုံးနေတာတောင်မှ အလိုလိုနေရင်းအလိမ်အညာခံနေရသလိုခံစားရတယ် ငါတို့တော်တော်တုံးပါလားဆိုပြီး

ရာရာ said...

အရစ်ကျငွေသွင်းစနစ်ဆိုတာ ကနဦးငွေသွင်းပြီး လစဉ်ငွေသွင်းရတာလည်း ပမာဏ အနည်းငယ်စီ နဲ့ လများများဖြစ်သင့်ပါတယ်။ ပထမအရစ်သွင်းပြီး နောက်လတွေမှာလည်း ရာခိုင်နှုန်းများရင် သိပ်စိတ်ဝင်စားစရာမကောင်းပါဘူး...။

Mr.President(saint) said...

၂သိန်းတန်ဖုံးတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဘယ်သူမှမ၀ယ်ဘဲ နေရင်သိပ်ကောင်းမှာဘဲ။
ပြီးတော့ ၅၀၀၀ တန်ဖုံးကိုလည်း တနိုင်ငံလုံး အတိုင်းအတာ နဲ့ မြစ်ဆုံ စီမံကိန်းတုန်းကလို ဂျာနယ်တွေ မီဒီယာတွေအားလုံးက လှုံ့ဆော်ကြရင် သိပ်ကောင်းမှာဘဲ။ ဒါပေမယ့် အခုထိ ဘာထိရောက်တဲ့ လုပ်ဆောင်မှုတွေမှ မတွေ့ရသေးဘူး။

Mr.President(saint) said...

thank for offer, we all should try to get 5000 ks Mobile phone sooner.

ပညာဝန် said...

၅ထောင်တန်မလုပ်နိုင်သေးရင် ၊ Fec20တန်SIM-CARD ကို ငွေဇြည့်လို့ရရင်လဲမဆိုးပါဘူး၊ လူတိုင်းနီးပါးသုံးနိုင်တာပေါ့။

ုkyaw said...

5000 ထောင်တန်ကဘာဖြစ်လို့မထွက်သာလဲ ယိုးဒယားမှာဆိုအလကားနီးပါးတောင်ပေးနိုင်တယ် ကဒ်ကိုလူတိုင်းအလကားနီးပါးသုံးနိုင်တော့ ဖုန်းဆက်ခတွေပို၇တာပဲမဟုတ်ဘူးလား..အသုံးကိုမကျဘူး တစ်ဖက်ကအလကားပေးပြီး တစ်ဖက်ကပြန်ယူလို့ရနေပါလျှက်နဲ့အရစ်ရှည်ပြီးနှစ်သိန်းတွေ သုံးသိန်းတွေလုပ်နေတယ်..

Unknown said...

မ၀ယ်ကြနဲ့မတန်ဘူး ဒါပီး၇င်ဈေးတွေလျှော့တော့မှာ
မဖြစ်မနေစီးပွးေ၇းသမားတွေလောက်ပဲဝယ်ကြမှာ စောင့်တာ
စောင့် နောက်ဆိုကုမ္ပဏီတွေဝင်လာတော့မှာ အဲ့ခါကြ၇င်အ
ပြိုင်ဆိုင်ဆိုတော့အ၇မ်းပေါလာမှာ ထိုင်းဆိုစနေတနင်္ဂနွေအလ
ကားပြော၇တဲ့လိုင်းတွေတောင်၇ှိတယ် သူ့ပြည်သူတွေအတွက်
ကြည့်တယ် ဒါကြောင့်တိုးတက်ပြောင်းလဲသွါးတာ ဒီမှာတော့
ပြည်သူတွေကိုဘယ်လိုလှီး၇မလဲ ပြည်သူတွေဆီကငွေကိုဘယ်
လိုယူ၇မလဲ ကြည့်နေတဲ့စီးပွါးေ၇းသမားတွေပဲ၇ှိတယ်

U Naing said...

အရစ် ကျ ပေးရတာတော့ ကောင်းပါတယ် ဗျာ ဒါပေမဲ့
မူရင်းတန်ဘိုး ထက် ခုနှစ်သောင်းကျော်တောင် ဆိုတော့
မူလတန်ဘိုး ရဲ့ သုံးပုံ တစ်ပုံ တောင် ယူထားတာ တော့ လွန်တယ်ထင်တယ် ဗျာ

lusoelay said...

လွန်ချက်ကတော့ ပြောမနေနဲ့ ပြည်သူဆီက မတရားအတင်းကာရော လိုချင်နေတာပဲ ရသလောက်ကိုခွာအုံးမှာ စေတနာမပါတာသိသာပါတယ်
ပြည်သူ့ဆီကိုစေတနာမပေးတော့ ပြည်သူတွေဆီကလည်း စေတနာဆိုတာ ပြန်မရဘူး ဘာတွေပဲအရစ်ကျ နေပါစေ နှစ်သိန်းဆိုတာ တန်ဖိုးနည်းလား
တန်ဖိုးကြီးလား စဉ်းစားလေ

chusinmye said...

ဝယ်နိုင်တယ်....မဝယ်ပါ...မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ လူဦးရေ ၁သောင်းမပြည့်လျှင် ၅ထောင်နဲ့ရောင်းမှာ မယုံမရှိနဲ့နော်... အတွင်းသတင်းနော်....

kyawmin said...

မြန်မာ နိုင်ငံက လူတွေ နိုင်ငံခြားရောက်ရင် အဓိက သင်ပေးရတာက ဖုန်း ဘယ်လိုဖွင့် ပိတ်။စသည်ပေါ့
မင်းတို့ကို ဖျင်းအောင်လုပ်တာ မင်းတို့ အစိုးရပဲ ။မင်းတို့ အရေအချင်းကောင်းကို ပတ္တမြားနွံနစ်အောင် နှစ်အောင်လုပ်နေတာပါ ဟု ပြောလေ့ရှိပါတယ်။

Kane said...

It's unfair for our people, In Malaysia a SIM card is RM10.00 ( 2500 kyats ) now we are asking for 5000 kyats ( RM 20.00 ) a SIM card, why Gov can't give us, it's double then Malaysia, they can do it, why our GOV can't do that? It should be a SIM card 5000 kyats as soon as possible, pls be we corporate and ask from the GOV. WE WANT 5000 KYATS A SIM CARD!!!

attack88 said...

5000 တန်မဟုတ်ရင် မကိုင်(ဖုန်းကိုပြောတာနော်)။

attack88 said...

5000 တန်မဟုတ်ရင် မကိုင်(ဖုန်းကိုပြောတာနော်)။

Powered by Blogger.