မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု စီရင်ချက်အပြီးချ

 မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရေပိုင်နက် အငြင်းပွားမှုကို ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး ITLOS က ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်၍ ပင်လယ်ပြင်ရေပိုင်နက်ကို အပြီးပြတ် သတ်မှတ်
ပေးလိုက်ပြီဟု ITLOS မှ သတင်းထုတ်ပြန်သည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်တောမြို့ အနီးရှိ
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ်စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော် ရှိ အခြေခံမျဉ်းမှ အနောက်တောင်ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန် အဖြစ် ပိုင်ဆိုင် မည် ဖြစ်သည်။

ITLOS သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း ၆၆,၄၈၆ မိုင် ပိုင်ဆိုင်သင့်ကြောင်း တင်ပြ
တောင်းဆိုခဲ့ပြီး ITLOS မှ ၆၈,၉၇၂ မိုင် ပိုင်ဆိုင်ခွင့်ရရှိမည်ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် “မိမိတို့ ရည်မှန်းချက်
အောင်မြင်သည်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် bdnews24 အွန်လိုင်း သတင်းဌာနသို့ ပြောကြားသည်ကို အဆိုပါသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖေါ်ပြသည်။

ITLOS ၏ ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် ဘင်္ဂလားဒေ့နိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးခဲ့သည်။


 
ITLOS
ITLOS သို့ တက်ရောက် လျှောက်လဲခဲ့ကြသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ (Photo:: itlos)

ITLOS သတ်မှတ်ပေးသည့် ရေပိုင်နက် (Photo:: itlos) မြန်မာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်း ပိုင်ဆိုင်မှုပြ မြေပုံ (Photo:: itlos) မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တို့ အငြင်းပွားကြသည့် ရေပိုင်နက် အကျယ်အဝန်း (Photo:: itlos)

ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာတို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် စိန့်မာတင်ကျွန်းမှာမူ ITLOS သတ်မှတ်ပေးသည့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ၆၈,၉၇၂ မိုင်တွင်း ပါဝင်သွားခြင်းကြောင့် အဆိုပါကျွန်းကိုပါ မြန်မာတို့ လက်လွှတ်လိုက် ရပြီ ဖြစ်သည်။

ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် ရေပိုင်နက် အငြင်းပွားမှုကို မြန်မာဘက်မှ ပြည်ထောင်စု ရှေ့နေချုပ်
ဒေါက်တာထွန်းရှင် အပါအဝင် ရှေ့နေများဖြစ်သည့် Prof. Alain PELLET, Sir Michael Wood, Prof. Mathias FORTEAU, Mr. Daniel Muller နှင့် Mr. Coalter Lathrop, Professor Mathias Forteau, ကိုယ်စားလှယ်များ
ဖြစ်သည့် ဦးကျော်စန်း၊ ဒေါ်လှမျိုးနွယ်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Dipu Moni အပါအဝင် ကိုယ်စားလှယ် ၁၀ ကျော်တို့ တက်ရောက်
လျောက်လဲခဲ့ကြသည်။

ITLOS ၏ တရားသူကြီး ၂၂ ဦးပါဝင် ဆုံးဖြတ်ခဲ့သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု အမှုအမှတ်မှာ ၁၆ ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုမှာ မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသည့်
ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 တွင် ရေနံအစမ်းတွင်း တူးဖော်ရေး လုပ်ငန်းများ ၂ဝဝ၈ ခုနှစ်အတွင်း စတင်လုပ်ဆောင်ရာမှ နိုင်ငံကြား တင်းမာမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကွက် AD 7သို့ ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းကို စောင့်ရှောက် လိုက်ပါလာသော
မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရ ရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ ထိုကန့်ကွက်မှုအပြီး နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုစဉ်က အဆိုပါ တင်းမာမှုနှင့် ပတ်သက်၍ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိ သဖြင့် ပယ်ချခဲ့ကြောင်း ထို့အပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD 7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ
မြန်မာ့အလင်းမှ တဆင့် မြန်မာအစိုးရက တုန့်ပြန်ခဲ့ဖူးသည်။
ချင်းမိုင် (မဇ္ဈိမ) ။        ။
မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု စီရင်ချက်အပြီးချ မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု စီရင်ချက်အပြီးချ Reviewed by သစ်ထူးလွင် on 16:30 Rating: 5

12 comments:

ko pwa said...

ဘယ်လိုဖြစ်လို့ ရေပြင်ပိုင်ဆိုင်မှုက ကုလားတွေပဲ ဖြစ်နေတာလဲ. မြန်မာပိုင်တာ ဘယ်အပိုင်းလဲ.. သေချာသိချင်ပါတယ်

lin lin said...

ITLOS ကအမိန့်ချတာမို့ မကျေနပ်သော်လည်းသည်းခံရုံမှတပါး။

ZAWAUNG said...

ကုလားတွေပိုင်တာဒါတင်ဘယ်ကမလဲ.ရန်ကုန်မန္တလေးမော်လမြိုင်မိထ္ထိလာ

မြ၀တီ မြီုတွေပေါ်မှာ ကုလားပိုင်တာလက်ညိုးထိုးမလွဲဘူး..

ရခိုင်ဒေသကိုလည်းလုယူဖို့ကြိုးစားနေကြပြီ..ဘင်္ဂလီတွေက ရခိုင်နယ်ထဲခိုးဝင်ပြီး

ရိုဟင်ဂျာမြန်မာတိုင်းရင်းသားပါဆိုပြီးလိမ်လိုလိမ်..မရှိတဲ့တိုင်းရင်းသားနာမည်

ရိုဟင်ဂျာဆိုပြီး ကုလသမ္မဂနဲ့ အမေရိကန်အထက်လွတ်တော်ထိရောက်အောင်

ထိုးဖေါက်ပြီး လိမ်နေပြီ.မကြာခင်ရခိုင်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်း
တော့မယ်.ပြီးရင်ခွဲထွက်မယ်..မရရင်ထိုင်းတောင်ပိုင်းမှာလို တစ်ဘုန်းဘုန်းနဲ့

ဗုံးပေါက်သံတွေကြားရချည်သေးရဲ့..မြန်မာတပ်မတော်ရေ ကုလားနဲ့တရုပ်ရန်
ကိုသတိထားအုံး.ဒါတွေတကယ်ဖြစ်နေတာနော်..မြန်မာတွေမသိကြသေးဘူး.

သိတဲ့အချိန်မှာနောက်ကျနေပြီဖြစ်သွားမယ်..

ပုဂံစစ်သည် said...

မကျေနပ်ဘူးကွာ။ လူကြီးတွေပဲ အသုံးမကျလို့လား။ ဟိုဘက်ကကောင်တွေပဲ အပြောကောင်းလို့လားတော့မသိဘူး။ လုံးဝကိုမကျေနပ်ဘူး။

pheasant said...

ဒီကျွန်းက ရှေးထဲက မြန်မာ ပိုင်ခဲ့တာ အခုသူတို့ ဘက် ပါသွားတာ ပြန်တိုက်ယူကွာ ငါတို့ စစ်ထဲလိုက်မယ် စစ်စရိတ်လဲ တတ်နိုင်သလောက်လှူမယ် ဘကုန်းတွေ တစ်နိုင်ငံလုံး ဖြုတ်ပစ်ကွာ ၊

shweminthar said...

ကုလားက လာပြီးယူလိုက် ....တယုတ်ကလာပြီး မလိုက် ......လူကြီးမင်းတီု့..ဘာမှ ထပ်ပြီး လျှောက်လဲချက်မတင်တော့ဘူးလား...မေတ္တာရှေ့ထားပြီး ကုလားတွေကို အေးဆေးစွာပဲပေးလိုက်ပြီလား။အရာအားလုံးက်ုတော့ နားမလည်ပါ။ဒါပေမဲ့ကို့မြေထဲက ပိုင်တဲ့ကျွန်းလေးပေးရလို့ခံပြင်းတာပါ။အဲဒီကုလားတွေနေရာက အနိမ့်ပိုင်းနော်.......ရေပြင်မြင့်လာတာနဲ့ ဒီဘက်ကိုပြိုဆင်းလာမှာ ..အဲဒီအခါကျရင်ရော.....

Anonymous said...

စိန့်မာတင်ကျွန်းကို ကုလားလက်ထဲ လက်လွှတ်လိုက်ရတယ်တဲ့..
ကိုကိုးကျွန်းက တရုတ်လက်ထဲ အပ်ထားရတယ်..
ဦးနေ၀င်းလက်ထက် နိုင်ငံရေးသမားတွေကို တစ်ကျွန်းပို့ခဲ့တဲ့ သမိုင်းဝင်ကိုကိုးကျွန်းမှာ တရုတ်က မလိမ့်တပတ်နဲ့ငှားပြီး ရေဒါစခန်းဖွင့် တရုတ်စစ်သားတွေပဲ ကြီးစိုးထားတာ.. ဒီကျွန်းက ရေပိုင်နက်စိုးမိုးရေးမှာ စစ်ရေးအမြင်နဲ့ အင်မတန် မဟာဗျူဟာကျတဲ့ နေရာပါ။ တရုတ်က တော်တော်နဲ့ လက်လွှတ်ပါ့မလား။ လူပိန်းပြော.. ပြောရရင် နှစ်တွေ သိပ်များလာရင် တရုတ်က နည်းအမျိုးမျိုးနဲ့ ညစ်ပတ်ပြီး ဒီကျွန်းကို အပိုင်မသိမ်းဘူးလို့ ပြောလို့ရမလား..
တရုတ်တွေ၊ ကုလားတွေအတွက် ဗမာပြည်ကြီးက အချဉ်ဖြစ်နေပြီဗျာ။ ကိုယ့်နိုင်ငံက ကမ္ဘာလူသားတွေအမြင်မှာ အထင်သေးစရာဖြစ်နေသေးသမျှ ဒီလိုပဲ အနှိမ်ခံ၊ အချဉ်ဖမ်းခံနေရဦးမှာပဲ။ ဒီကိစ္စက နိုင်ငံသားတစ်ဦးတစ်ယောက်ခြင်းမှာ တာဝန်ရှိပါတယ်။

နဂါးမျက်လုံး said...

တရားသဖြင့် ဆိုရင်ကြေနပ်ပါတယ်....
ဒါပေမယ့်....
တရားစီရင်ပွဲ အပြီး ဘင်္ဂလားဖက်ကလူတွေရဲ့ အပြုံးကို သေသေခြာခြာ ကြည့်လိုက်ပါ....
ဗမာတွေကို အောင်နိုင်တဲ့အပြုံး....
ဗမာတွေထက်သာတယ်ဆိုတဲ့အပြုံး....
ကိုယ့်ဖက်ကပဲ ကောက်ကျစ်ထားလို့လား....
တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆို.....

nationalism said...

YOU ALL CAN COMPLAIN DIRECTLY SEND E- MAIL TO ITLOS .ST MARTIN ISLAND IS BELONG TO MYANMAR .THEY ARE UNFAIR .

Unknown said...

အပေါ်က Comment ပေးတဲ့ ကိုကို တို့ကိုတစ်ခုလောက်ပြောချင်ပါတယ် ..Comment တော်တော်များကိုကိုဖတ်ကြည့်လိုက်တဲ့ အခါ မြန်မာကဘဲ ရှုံးပြီး ဘာမှကို အဖတ်မဆည်နိုင် အသုံးမကြတဲ့ လက္ခဏာတွေဘဲဖြစ်နေတယ်..ကျွန်တော်တို့ မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု မှာ မြန်မာက ဘာတွေရလိုက်တယ် ဘယ်လိုဖြစ်တယ်ဆိုတာ သေချာလေ့လာပြီးမှပြောစေချင်တယ်ဗျာ...သူများကရှုံးတယ် ဆိုတိုင်း လိုက်ပြီးပြောနေကြတော့တာပါဘဲ မြန်မာမရှုံးပါဘူး လို့ကျွန်တော်ပြောချင်ပါတယ်...http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf
အသေးစိတ်လေ့လာကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်...

သက်မောင် said...

သြော်..
ကိုယ့်အမိအဖလို သဘောထားပါတယ်ဆိုတဲ့
ပြည်သူတွေဆီကကျတော့ ရသမျှ ညစ်၊ ကျစ်၊ ခြောက်၊ ဟောက် လုပ်ချင်ရာ လုပ်နေပြီး နိုင်ငံတကာမှာ ဘာမှလုပ်မရတော့တာ သိဖို့ကောင်းနေပြီ.... ကိုယ့်အစွမ်းအစ ဘယ်လောက်ပဲရှိတယ်ဆိုတာ ခု သိရပြီမဟုတ်လား....
လူဆိုတာ ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို သိဖို့လိုသလို ကိုယ်မလုပ်နိုင်တာကိုလည်း ၀န်ခံရဲပြီး လုပ်နိုင်သူကို အားပေးရဲတဲ့ သတ္တိရှိရမယ်.... ဒါမှ စိတ်ကောင်းစေတနာကောင်းရှိပြီး တိုင်းပြည်ချစ်တဲ့ လုပ်ဆောင်မှု/ပြည်သူအတွက် လုပ်ဆောင်မှုစစ်စစ်လို့ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ်....
လူဆိုတဲ့အမျိုးဟာ ...
ပေါင်းစည်းတည်ဆောက်ခြင်းဖြင့်အရာများစွာကို ဖန်တီးရယူနိုင်ပေမယ့်.. တစ်ဦးတစ်ယောက်/တစ်သင်းတစ်ဖွဲ့ တည်းကသာ အရာရာကို ဖန်တီးပေးနိုင်တဲ့ ဖန်တီးရှင် လုံးဝမဖြစ်နိုင်ဘူးဆိုတာကိုလည်း နားလည်သဘောပေါက်ဖို့လိုမယ်.... အတ္တကို ကိုင်စွဲနေသရွေ့ ၊ ကိုယ်လုပ်သမျှ မှန်တယ်ချည်းထင်နေသရွေ့ ၊ ကိုယ်လုပ်သမျှ အကောင်းဆုံးချည်းပဲ ထင်နေသရွေ့ .... လုပ်သမျှအရာရာတိုင်း အားနည်းချက်များစွာ ရှိနေဦးမှာပါပဲ...
ပေါင်းစပ်အဖြေရှာခြင်း/ဆောင်ရွက်ခြင်းဖြင့်သာ အကောင်းမွန်ဆုံး/အားနည်းချက်အနည်းဆုံး ရလဒ်တွေ ရလာမှာဖြစ်ပါတယ်.... ဒီလိုလုပ်ရာမှာလည်း လွတ်လပ်စွာ ထင်မြင်ယူဆ တင်ပြခွင့်တွေ လမ်းဖွင့်ထားရမှာဖြစ်ပါတယ်... ဒါဖြစ်ချင်/လုပ်ချင်တယ် ဖြစ်အောင်လုပ်ပေးဆိုတဲ့ ဘောင်သတ်မှတ်ချက်တွေအောက်မှာပဲ ရှိနေမယ်ဆိုရင် အကောင်းဆုံး အသင့်တော်ဆုံးရလဒ်ကို ဘယ်သောအခါမှ ရနိုင်မှာ မဟုတ်ဘူး ဆိုတာ အားလုံးနားလည်ထားရပါမယ်...

ko pwa said...

ဟေ့ ငါတို့ကို ဘယ်သူမှ ခေါင်းတောင်မော့ကြည့်ရဲတာ မဟုတ်ဘူးကွ.. ဦးတို့ငယ်ငယ်တုန်းကပါ .. အရှေ့တောင်အာရှမှာ မြန်မာက အချမ်းသာဆုံး.. ဦးတို့ ငယ်ငယ်တုန်းကပါ.. အဘိုးက သူ့အဖေ ပြောတာကို ကလေးဘ၀က ကျွန်တော်ကြားဖူးတာပါ.. အခုတော့ အဘိုးလဲ သူ့အဖေပြောတဲ့ စကားတွေကို တမ်းတရင်းနဲ့ ဆုံးတာတောင်ကြာပေါ့

Powered by Blogger.