မလျှော့တမ်း ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ပြိုင်ဘက်


ပြည်ခိုင်းဖြိုးကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကော့မှုးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံများအား မဲဆွယ်ဟောပြောနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အရှိန်အ၀ါကြီးမားလှတဲ့ ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် သူ့မှာ လှိုက်လှိုက် လဲလဲနဲ့ ကြိုဆိုနေတဲ့ ပရိသတ်မရှိပါဘူး။ ဒါပေမယ့် လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်အရွေးချယ်ခံမယ့် လက်ရှိအာဏာရ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ ရှုံးနိမ့်မှုဆိုတဲ့ စကားမျိုးကိုတောင် ပြောဖို့ အချိန်မရှိပါဘူး။
စစ်တပ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါက်တာစိုးမင်းတစ်ယောက် ကတော့ တစ်ရွာပြီးတစ်ရွာလှည့်လည်ရင်း ဆေးအခမဲ့ကုသပေးရင်းနဲ့ပဲ သူ့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြဖို့ သတင်းစကားကို ဖြန့်ဝေ ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်တိုင်းမှာ ထောင်ပေါင်းများစွာသော လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရ ခြင်းရဲ့ စိန်ခေါ်မှုကြီးကိုတော့ သူက အေးဆေးစွာပဲ တုံ့ပြန်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်း လိုပါပဲ။ ကျွန်တော်တို့ဟာ မိသားစုတွေပါ။ ပြည်သူ တွေဟာ ကျွန်တော်တို့ရဲ့ အမိ အဖတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့ရဲ့ အစ်မကြီးပါ" လို့ ဒေါက်တာ စိုးမင်းက အေအက်ဖ်ပီကိုပြောပါ တယ်။
"ကျွန်တော်က ကျွန်တော့ကို တိုင်းပြည်က အပ်နှင်းထားတဲ့ တာဝန်ကို ကျေချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင် အနိုင်ယူချင်လို့မဟုတ်ပါဘူး။ ကျွန်တော့ကိုယ်ကျွန်တော်ပြိုင်နေတာပါ" လို့ သူက သူ့ထက် အသက် ၁၇ နှစ် ကြီးတဲ့ ဒေါ်အောင်ဆန်း စုကြည်နာမည် ရှေ့မှာ လေးလေးစားစားနဲ့ ဒေါ်တပ်ခေါ်လို့ ပြောပါတယ်။
အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ စိုးမင်းဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က တပ်မတော်က အနားယူခဲ့ပြီး အခုတော့ ပြည်ခိုင်ဖြိုးက ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းမှာ သူဟာ အမြဲမြင်တွေ့နေကျပုံရိပ် တစ်ခု ဖြစ်နေပါပြီ။
ပြည်ခိုင်ဖြိုးဝတ်စုံဖြစ်တဲ့ ရှပ်အဖြူနဲ့ ပုဆိုးအစိမ်းကို ၀တ်ဆင်ထားပြီး လက်ထဲ မှာ နားကြပ်ကိုကိုင်ထားတဲ့ သူဟာ ဖုန်ထူ ထူသူ့ ဇာတိမြို့လေးမှာ ကျန်းမာရေး အသိတွေပြောပြပေးရင်း လူတွေကို ကျန်းမာရေး စစ်ဆေးပေးတာတွေကို ပါတီရဲ့ ခြင်္သေ့တံဆိပ် အောက်ကနေ ဆောင်ရွက်ပေးနေပါတယ်။
တစ်ခါတစ်ရံမှာလည်း သူ့ကိုမဲပေး မယ့်သူတွေဖြစ်လာနိုင်တဲ့ တိုင်းရင်းသား တွေနဲ့ လူနာတွေနဲ့ တွေ့ဆုံချိန်တွေမှာ ကရင်အမျိုးသား ၀တ်စုံကို ၀တ်ဆင်ထား ပါသေးတယ်။
ကော့မှူးမြို့နယ်က ကျေးလက်မဲဆန္ဒ နယ်တွေကို ဒေါက်တာစိုးမင်းသွားတဲ့ အချိန်တွေမှာ လမ်းမပေါ်မှာ သူတစ်ယောက်တည်းပါ။
ဒါဟာ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခဏလောက်မြင်တွေ့ခွင့် ရဖို့သွားရာ လမ်းဘေးတစ်လျှောက် လာရောက်စုရုံးနေတဲ့ လူထုကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုပေါ့။
ပြည်ခိုင်ဖြိုးကို မဲပေးမယ့်သူတွေကို သူပေးတဲ့သတင်းစကားကတော့ ပြည်ခိုင်ဖြိုးကိုပေးတဲ့ မဲတစ်မဲဟာ ခေတ်မီ ဒီမိုကရက်တစ် နိုင်ငံတည်ထောင်ဖို့၊ အချုပ်အချာအာဏာကို ထိန်းသိမ်းဖို့ နဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ တိုင်းရင်း သားတွေရဲ့ နယ်စပ်ဒေသတွေမှာ စည်းလုံးညီညွတ်ရေးကို ပြန်လည်တည် ဆောက်ဖို့ အထောက်အကူဖြစ်မယ် ဆိုတာပါပဲ။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရခဲ့ ပါဘူး။
အဲဒီအချိန်တုန်းက သူဟာ နေအိမ်မှာအကျယ်ချုပ် ကျခံနေရတဲ့ အချိန်ပါ။
ဆယ်စုနှစ်နှစ်ခုလောက် အထိန်းသိမ်းခံခဲ့ရတဲ့ သူမဟာ ရွေးကောက်ပွဲအပြီး ရက်အနည်းငယ် အကြာမှာ လွတ်မြောက်လာပါတယ်။
နှစ် ၅၀ လောက် စစ်တပ်အုပ်စိုးမှုကို ရပ်တန့်သွားစေခဲ့တဲ့ အာဏာရအရပ် သားအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး ဝေဖန်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး အင်န်အယ်လ်ဒီ ကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်ကြီးထဲ ပြန်ဝင်လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။
လေ့လာသူတွေကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်လို့ဆိုကြ ပါတယ်။
ဒါမှသူတို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေဟာ အသိအမှတ်ပြုခံရပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျော့ကျ သွားစေမှာ ဖြစ်ပါ တယ်။
လက်ရှိအချိန်မှာတော့ လွှတ်တော် တွင်းမှာ နေရာလေးပုံတစ်ပုံက တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ပြီး ကျန်နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ကို ပြည်ခိုင်ဖြိုးအမတ်တွေက လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာခြင်းဟာ ထူးခြား ပြီး အတိုက်အခံတွေဟာလည်း ဥပဒေပြု ရေးလုပ်ငန်း စဉ်မှာ တရားဝင်နေရာ တစ်ခု ရလာမှာဖြစ်ပါတယ်။
"အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်စုကို ကျွန်တော်တို့ ထောက်ခံသွားမှာပါ။ သူ့ကိုကျွန်တော်တို့ ယုံကြည်တယ်" လို့ လယ်သမားကြီး ကိုအေးလှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ လွပ်လပ်ရေးခေါင်ဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံရှေ့မှာ မတ်တပ် ရပ်ရင်း ပြောပါတယ်။
ဒေါက်တာစိုးမင်းကတော့ မဲဆွယ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူနာတွေဟာ သူ့ကို ထောက်ခံမဲပေးကြမယ် လို့ မျှော်လင့်ထား ပါတယ်။
"ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ပါတီနိုင်မှာပါ"လို့ သူက ဆိုပါတယ်။

ရစ်ချက်ဆာဂျင့်
(အေအက်ဖ်ပီ)
ဆန်းဦး ဘာသာပြန်သည်။ (မြန်မာ့တိုင်းမ်)
မလျှော့တမ်း ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ပြိုင်ဘက် မလျှော့တမ်း ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ပြိုင်ဘက် Reviewed by သစ်ထူးလွင် on 16:02 Rating: 5

17 comments:

ှဲKaung said...

မင်းမို့ မရှက်တယ် ဒေါက်တာကြီး။
ဆရာဝန်လုပ်ပြီး သင်္ချာတော်တော်ညံ့တာပဲ။ Probablity တို့  Possiblity တို့  သေချာ မသင်ခဲ့ဘူးထင်တယ်။

ရန်ကုန်သူ said...

အဆင့်အတန်း ရှိရှိ ဒီလို ပြောဆိုတာ လေးစားပါတယ်။

မင်းမောင် said...

ထောက်ခံမဲတော့ရမှာမဟုတ်ဘူး အရှက်ပဲရမယ်.

60P said...

လေးစားပါတယ်ဗျာ...ဒီလိုပဲကိုယ့်ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်သွားရမှာပေါ့..အပေါကကွန်းမင့်ရေးတဲ့၂ယောက်ကတော့တော်တော်အရှက်မရှိတာပဲဗျ..လူတိုင်းကိုယ်ယုံကြည်ရာကိုလုပ်ပိုင်ခွင့်ရှိတယ်..ဒါဒီမိုကရေစီဗျ...အန်တီစုကိုလူတိုင်းတော့ဘယ်ယုံမလဲဗျာ...အန်တီ့ကိုဆန့်ကျင်တာနဲ့အန်တီကိုမဲအပေးတာနဲ့တင်အဲလူတွေကိုလိုက်အပြစ်မတင်နဲ့ဗျ...အန်တီလည်းပြိုင်ဘက်ရှိမှတိုးတက်မှာပေါ့..သူလည်းလိုချင်မှာပဲ...ဒီလိုပြိုင်ဘက်ကောင်းတစ်ယောက်ရှိတာအန်တီကောင်းပါတယ်...ရသတို့လိုဆေးသမားတွေနဲ့ပြိုင်ရတာထက်စာရင်ပေါ့ကွာ...သူလည်းဘာပါတီဝင်ဖြစ်ဖြစ်လူတွေကိုကောင်းတာလုပ်ပေးနေတာပဲ...မင်းတို့တောင်အန်တီ့ပါတီဝင်ဆိုတာကိုဂုဏ်ယူပီးပြောနေလိမ့်မယ်...လူတွေကောင်းဖို့ဘာလုပ်ပီးပီးလဲ...မင်းတို့လိုကောင်တွေကြောင့်ငါတို့ပါတီနောင်ကြရင်နာမည်ပျက်တော့မယ်....

ko pwa said...

ယှဉ်ပြိုင်တာပဲ နိုင်တာရှုံးတာရှိမှာပေါ့. သူဇွဲမလျော့တာ သူ့ကိစ္စပဲလေ.

TRUE said...

Good. You are good man.But ,your choice of party is wrong.So, you are not win mother Su.i want for you change of your mind about your party.

min yar zar said...

လူတွေမှ တိုးမပေါက်အောင်ပဲကိုး...ငှဲ...ငှဲငှဲငှဲငှဲ

Anonymous said...

Is there all his patient in each home ???

: )p

Anonymous said...

ဟိုလဒထက်စာရင်အများကြီးတော်သေးတယ်...ဟိုလဒကမစားရတဲ့အမဲသဲနဲ့ ပက်တယ်......

ရာရာ said...

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ...ငွေချေးပေးပြီးမဲဆွယ်တာတို့၊ အတင်းအဓမ္မ မဲထည့်ခိုင်းတာတို့၊ လိမ်ညာခေါ် ပြီး မဲဆွယ်စီးရုံးတာတွေနဲ့ ယှဉ်ကြည့်ရင် သူမဲဆွယ်စီးရုံးတာ ရိုးရိုးသားသားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်ဖက်ကောင်း ဖြစ်တယ်ဆိုတဲ့ကော်မန့်ကိုတော့ ကျွန်တော်သဘောမတူဘူးဗျ။ ပြိုင်ဖက်အဆင့်တော့မရှိပါဘူး..။ အစစ အရာရာ နှိုင်းလို့မရပါဘူးဗျာ။ အခုဖတ်ရတဲ့ ပို့စ် အရတော့ သူရဲ့ ရိုးရိုးသားသားမဲဆွယ်စီးရုံးမှုကို အသိအမှတ်ပြုပါတယ်။

ywarthar said...

သိချင်လိုက်တာ အခမဲ့ ဆေးကုပေးနေတာက ဘယ်နှစ်ရက်ရှိပြီလဲ။ ရွေးကောက်ပွဲက သေချာပေါက်ရှုံးမှာဆိုတော့ နောက်ပိုင်းမှာကော ဆက်ပြီးအခမဲ့ ကုပေးအုံးမှာလား။ အခမဲ့ ရည်ရွယ်ချက်ကြီးက မဲနဲ့လဲဖို့ ဆိုရင်တော့ -- အင်း --ရုန်းထား ဒေါက်တာကြီးရေ အားမလျှော့နဲ့ နောက်မှာ တစ်ယောက်မှ မရှိလည်း နောင်တချိန်ကျ ပြောလို့ရတာပေါ့ ငါက အမျိုးသာခေါင်းဆောင်ကြီးရဲ့ သမီး ပြည်သူ့အချစ်တော်နဲ့ ပြိုင်ခဲ့ရတာ လို့။

zay said...

ခင်ညား တို့ကရဲဂျာ အနောက်ပါနဲ့ လူတုံးချယ်တောင် ချိပါသယ်ဂျ ။

Anonymous said...

နှစ်ပေါင်း (၂၀)ကျော် တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို ထပ်ပြီးအ၀ီစိပို့မှာလား ဒေါက်တာစိုးမင်းရယ်။

ငတိ said...

နေရာတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ ရှိစမြဲပဲ....ကြံ့ဖွတ်ထဲမှာလည်း လူကောင်းရှိသလို NLD မှာလည်းလူဆိုးဆိုတာရှိမှာပါ....

တြိရတနာ said...

ဟိုအပေါ်ကနှစ်ယောက်ဆိုပြီး အောက်ကရေးသူရေ ခုဆိုရင် သူတူငါတူလေးယောက်ဖြစ်သွားပြီ။ ဒါကြောင့်ဘာမှမရေးတော့ပါဘူး။

than said...

Daw Aung San Su Kyi's party(NLD)is servicing for the whole communities of myanmar.Your party also too.But now we should choice the prioritization.You may notice on it.

naingoo said...

တိုင်းပြည်တွက်တကယ်ဘဲစေသနာ၇ှိတာလား ?
လူသားတိုင်းပေါ်တကယ်မေတ္တာထားမှာလား ?
လူကြီးလူကောင်းပြီသစွာနဲအ၇ုံး/အနိုင်။ တ၇ားမူ/မတ၇ားမူ။
ပါတီစွဲမထားဘဲမှန်တဲ့ဘက်က၇ပ်တည်နိုင်ပါမလား ?
အကျိုးလို လို့ ညောင်ေ၇လောင်းနေတာလား ?
အမှီးကျက်အမှီးစား။ဂေါင်းကျက်ဂေါင်းစား။ဘာမှမကျက်သေး၇င်ထိုင်စောင့်
နေတဲ့လူတွေထဲပါနေသလား ?

Powered by Blogger.