တရုတ် CNPC ရေလှောင်ကန်ကြောင့် ကျောက်ဖြူ ဥယျာဉ်ခြံ လုပ်ငန်းများ ဆက်မလုပ်ရန် တားမြစ်ခံရ

CNPC လုပ်ငန်းခွင်တခုကိုတွေ့ မြင်ရစဉ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ် မဒေးကျွန်း၊ ရွာမရွာရှိ တရုတ်အစိုးရပိုင် China National Petroleum Corporation (CNPC) ကုမ္ပဏီက တည်ဆောက်ထားသော ရေလှောင်ကန်ကြောင့် ဥယျာဉ်ခြံမြေများကို ဆက်လက် မလုပ်ကိုင်ရန် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တားမြစ်ထားသဖြင့် ဥယျာဉ်ခြံမြေ လုပ်ငန်းရှင်များ အခက်ကြုံ နေရကြောင်း ဥယျာဉ်ခြံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးထွန်းမောင်နုက ပြောကြားသည်။

ဥယျာဉ်ခြံမြေ လုပ်ငန်းများအပြင် အဆိုပါ နေရာတွင် ယာယီတဲများ ဆောက်လုပ်ခြင်း၊ ကျွဲနွားများ မွေးမြူခြင်း၊ ပေါင်းမြက်ခြုံနွယ်များ ရှင်လင်းခြင်းနှင့် စိုက်ပျိုးခြင်း စသည်တို့ကို မပြုလုပ်ရန် တားမြစ်ခံ ထားကြောင်း ဥယျာဉ် ခြံပိုင်ရှင်များက ဆိုသည်။အဆိုပါ ရေလှောင်ကန်ကို CNPC ကုမ္ပဏီ၏ ရေနံသိုလှောင် စက်ရုံများ၊ စက်ယန္တရား တည်ဆောက်ရေး စက်ရုံများအတွက် သောက်သုံးရေအဖြစ် အသုံးပြုနိုင်ရန် တူးဖော်ထားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။အဆိုပါ ရေလှောင်ကန်ကို ရွာမကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို ရေဖြန့်ဝေပေးရန် တူးဖော်ခြင်းသာ ဖြစ်ပြီး ကုမ္ပဏီ အသုံးပြုရန် အတွက် တူးဖော်ခြင်း မဟုတ်ကြောင်း၊ ဧပြီလ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသော ပိုက်လိုင်းများနှင့် သွယ်တန်းကာ ယင်းကျေးရွာများကို သောက်သုံးရေ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် CNPC ရုံးခွဲမှ တာဝန်ရှိသူ ဦးအောင်ပိုင်ခန့်က ရှင်းပြသည်။
The Voice Weekly
တရုတ် CNPC ရေလှောင်ကန်ကြောင့် ကျောက်ဖြူ ဥယျာဉ်ခြံ လုပ်ငန်းများ ဆက်မလုပ်ရန် တားမြစ်ခံရ တရုတ် CNPC ရေလှောင်ကန်ကြောင့် ကျောက်ဖြူ ဥယျာဉ်ခြံ လုပ်ငန်းများ ဆက်မလုပ်ရန် တားမြစ်ခံရ Reviewed by သစ်ထူးလွင် on 15:00 Rating: 5

1 comment:

tharzaw said...

အေး ... လုပ်ထားဦးပေါ့ကွာ ... မဟုတ်လို့ကတော့ ...

Powered by Blogger.