တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မှုအား သက်ဆိုင်ရာသို့ တင်ပြထား

တော်ဝင် ဆောက်လုပ်ရေးက လက်ရှိ ဆောက်လုပ် နေတဲ့ မုဒိတာ ၁ နဲ့ မုဒိတာ ၂ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ဖို့ သက်ဆိုင်ရာကို တင်ပြ ထားတယ်လို့
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောက်လုပ်မယ့် တန်ဖိုးနည်း အိမ်ရာတွေကို ၀ယ်ယူရာမှာ ၁ လကို ကျပ် ငါးသောင်းနဲ့ လပေါင်း ၆၀ အရစ်ကျ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခန်းတွေ ကိုတော့ အခန်း ဖွဲ့စည်းမှု မပါဘဲ ဟောတိုက် စနစ်နဲ့ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။

အခု အချိန်မှာ ဆောက်လုပ် ပြီးစီး တော့မယ့် မုဒိတာ ၁ နဲ့ မုဒိတာ ၂ တန်ဖိုးနည်း အိမ်ရာတွေ ကတော့ Square feet 600 ရှိပြီး အခန်း ၂ ခန်း၊ ရေချိုးခန်း အိမ်သာ၊ ရေမီတာ၊ လျှပ်စစ်မီတာနဲ့  ဓာတ်လှေကားပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ခန်းနဲ့ ဧည့်ခန်း မှာလည်း ပါကေးခင်း ထားပြီး ရေချိုးခန်း အိမ်သာ ကိုတော့ ကြွေပြားကပ် ဆောက်လုပ် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4

တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မှုအား သက်ဆိုင်ရာသို့ တင်ပြထား တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မှုအား သက်ဆိုင်ရာသို့ တင်ပြထား Reviewed by သစ်ထူးလွင် on 15:04 Rating: 5

14 comments:

meerket said...

ဘယ်လို ဆက်သွယ် ၀ယ်ယူရမှာလဲ

tz said...

How to buy and where to contact ?

aryo said...

May I know the place ?

Android Myanmar said...

တန်ဖိုးနည်းတွေ လုပ်တာကိုအားပေးပါတယ်။ တဖက်ကလဲ ပြည်သူတွေ ဝင်ငွေကောင်းအောင် လုပ်ပေးပါအုံး။ ဝင်ငွေမကောင်းရင် တန်ဖိုးနည်းလဲ ကျွန်တော်တို့ ပြည်သူတွေ မဝယ်နိုင်ပါဘူး ဆိုတာ....

Soe said...

မုဒိတာအိမ်ရာစီမံကိန်းကို ဘယ်နေရာ ဘယ်ဒေသမှာဆောက်နေတာလဲ???
ဘယ်ကိုဆက်သွယ်ဝယ်ယူရမှာလဲ??
နောက်ထပ်ကော အခန်းကျယ်တွေဆောက်ဖို.ရှိရင် ဘယ်တော့လဲ?
သိချင်ပါတယ်..
ပြည်.ပြည်.စုံစုံလေးဖော်ပြပေးပါဦး...

Zin MIn Htike said...

ဟိုတလောကကြေငြာသွားတာပဲအောက်ခြေနဲ့လူလတ်တန်းစားအတွက်သိန်း၄၀၀ . သိန်း၅၀၀ လောက်လို့ ဒါလားအောက်ခြေလူတန်းစားအတွက်

Yeyint said...

မုဒိတာ အိမ်ရာ 1 ကတော့အင်းစိန် ပေါက်တောဝ နားမှာရှိတယ် ဗျ ရုံးခန်းလဲရှိတယ်လေ အင်း 2 တော့မသိဘူး 1 ကိုရောက်ရင် 2 ကိုလဲသွားလို့တာပေါ့

Anonymous said...

not bad . but MEA's engineers want to check it's proposal about specification and costing.

ဂေါက်သီး said...

ဟုတ်မှလဲ ဝယ်ကြနော်
တန်ဖိုးနည်း အိမ်ယာဆိုတာ တရုတ်ကလာတဲ့ ပေါချောင်ညံ့ တန်ဖိုးနဲ့ ပစ္စည်းတွေနဲ့ ဆောက်ထားမှ
ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေမယ်..
အားလုံး သတိရှိရှိနဲ့ ဝယ်ကြနော်

Aung said...

မုဒိတာ အိမ်ရာ ၁ ကဗဟိုလမ်းပေါ်မှာပါ၊ မရမ်းကုန်းနဲ့လှိုင် ဘယ်မြို့နယ်ထဲပါလဲဆိုတာတော့ သေချာမသိပါ။အမှတ်မမှားဘူးဆိုရင် ၂၀၁၀ နှစ်လည်ပိုင်းလောက်မှာမှာ စရောင်းခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီမှာ အခန်းအပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ ပထမဆုံးအရစ်ကျနဲ့ရောင်းတဲ့ တန်ဖိုးနည်း ကွန်ဒိုဆိုပြီး ကြေငြာရောင်းခဲ့လို့ ၁လအတွင်းပဲ အခန်းအားလုံးရောင်းလိုက်ရတယ်လို့သိရပါတယ်။ အခန်းအပ်ရမယ့် အချိန် ၁နှစ်ကျော်နောက်ကျနေသော်လည်း ခုထိလက်စမသတ်နိုင်သေးပါဘူး။
မုဒိတာ ၂ ကအင်းစိန်ပေါက်တောနားမှာလို့သိရပါတယ်။ အိမ်ရာ၁တုန်းက မ၀ယ်လိုက်ရလို့ နားစွန့်နေတာနဲ့ လျှောက်လွှာလက်ခံပြီဆိုတာသိရတာနဲ့ အပြေးအလွှားသွားတင်ရပါတယ်။ လျှောက်တဲ့သူများလွန်းလို့ လျှောက်လွှာတစောင်၁သိန်းနှုန်းနဲ့လျှောက်ခဲ့ရပြီး မဲနှိုက်လို့ ၀ယ်ခွင့်မရခဲ့ရင် တသိန်းပြန်ပေးပါတယ်။ ခုတော့ ကံကောင်းတယ်လို့ပဲပြောရမှာပေါ့ဗျာ.. မဲမပေါက်ခဲ့ပါဘူး.. အိမ်ရာ၁ တောင်ခုထိမအပ်နိုင်သေးတာ အိမ်ရာ၂က ဘယ်အခြေအနေရှိနေလဲဆိုတာ ကိုယ်တိုင်လဲမ၀ယ်ဖြစ်ခဲ့တော့ စိတ်မ၀င်စားတော့ပါဘူး..အိမ်ရာ၁ကမြေညီထပ်ဝယ်ထားတဲ့ သူငယ်ချင်းကတော့ခုထိ အခန်းမရသေးလို့ငြီးနေလေရဲ့ဗျာ.. အေးဆေးအပူအပင်ကင်းကင်းစောင့်နိုင်တဲ့သူတွေတွက်တော့ တန်တယ်ပြောရပါ့မယ်။

ktd said...

တန်ဖိုးနည်းအိမ်ယာ၊ တန်ဖိုးနည်းဖုန်း၊ တန်ဖိုးနည်းမြန်မာပြည်သားများ
ရှုပ်နေတာဘဲ။ စကားလုံးက နည်းနည်းများ၊ ရှာကြံဖို့ ခက်သွားလို့လား။
ကိုယ်ထူကိုယ်ထ ဆိုတာကို၊ ကိုယ့်အားကိုယ်ကိုး။
လစာတိုးတာကို ရှားပါးစရိတ်လို့ အခေါ်မခံသလိုမျိုး၊
တစ်ခုခုကို ရှာကြံပြီး နံမည်ပေးသင့်တယ်။ ။ ။

Anonymous said...

တန်ဖိုးနည်းအိမ်ရာ သာရှိရင် ဆင်းရဲသား အိမ်ငှားသမားဘ၀တွေအတွက် ၀မ်သားမိပါတယ် သူတို့မှာ လစာရတာကနဲနဲ အိမ်လခ ပေးရတာနဲ့ စားစရိတ်နဲ့ ကလေးရှိတဲ့မိသားစုတွေတောင် ပိုတောင်စိုးသေးတယ် အင်းပေါ့လေ တကယ်သာဖြစ်ခဲ့ရင် ကောင်းမှာပေါ့

ei said...

ဘယ်လိုဆက်သွယ် ၀ယ်ယူရမှာလဲလို့သိချင်ပါတယ်. မဲနှိုက်ဝယ်ယူရမှာဆိုတော့လည်း လူတန်းစီရတာနဲ့ အလုပ်ကပျက်တော့ ရုံးကပိုက်ဆံအဖြတ်ခံပြီးသွားတန်းစီရင်တောင် မပေါက်ဖို့များပါတယ်လေ..မသေချာတဲ့အလုပ်ကြီးပါလား..

lwannaymie said...

တန်ဖိုးနည်းအိမ်ရာတွေကို....ကြိုဆိုပါတယ်။
ဒါပေမဲ့လူ့အသက်က...ပုရွက်ဆိပ်မဟုတ်ဘူးနော်။
လက်ရှိကုန်ဈေးနှုန်းအရမ်းကြီးနေတဲ့အချိန်မှာ...အဲဒီတိုက်ဆောက်ထားတဲ့...ပစ္စည်းတွေရဲ့ခံနိုင်ရည်အားကို..ဘယ်သူတွေကစစ်ဆေးပြီး....ဘယ်သူတွေကအာမခံပါသလဲ။
စီးပွားရေးသမားဆိုတာ....အမြတ်လိုခြင်လို့လုပ်တာပါ။
(တန်ဖိုးနည်းအိမ်ရာလို့ဆောက်မဲ့အစား........တန်ဖိုးသင့်အိမ်ရာလို့ပြောပြီး၊ထိုတိုက်ကိုအာမခံအပြည့်ပေးရမှာပါ) သွားဝယ်ရင်လဲတတ်ကျွမ်းတဲ့မိတ်ဆွေ(သို့)ကြည့်တတ်တဲ့သူကိုပိုက်ဆံပေးပြီး...ခေါ်သွားပါ။

Powered by Blogger.