တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား

aungthaung
တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ တစ်အိမ်ဆင်း တစ်အိမ်တက် ကိစ္စတွေ၊ ထိထိမိမိ စည်းရုံးနိုင်တဲ့ ကိစ္စတွေအားလုံးက ဆောင်ရွက်ပြီးသားပါ။ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲပါ'' စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြန်လည်ဖြေကြားထားသည်ကို ဖော်ပြချက်အရ သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု နှင့်ပတ်သက်၍လည်း ''မငြိမ်ပါဘူး။ သူ့လို အုန်းအုန်းကျွတ်ကျွတ် ဆိုတာကတော့ အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်တွေ ဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သူကပြနေတာ။ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါကလူထုတွေ တအားထောက်ခံတယ်၊ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါကလုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင် ရပါတယ်။ မြို့ခံတွေ ဘယ်လောက်ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့'' စသည် ဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။
ထို့အပြင် ၄င်းက ''ဘာမှမလုပ်ပေးနိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ကတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုး လုပ်နေတဲ့သူ တွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့ သဘောလေးလည်း ဆောင်တယ်။ တကယ်တမ်းကျတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြု လုပ်တာကောင်းတယ်လို့ ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက် လုပ်ပေးတာကောင်းတယ် ဆိုတာမျိုးပဲ ပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာမကောင်းဘူးလို့ ပြောလာတာ တွေက ဒီနိုင်ငံရေး အဓိပ္ပါယ်ကို ကျွန်တော်လည်းနားမလည်ပါဘူး။ ဘာဖြစ်လို့ ပြောတာလည်းဆိုတာ ကျွန် တော်လည်းမသိဘူး။ ကျွန်တော်တို့ အဲဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီးတော့ မှ တရားဥပဒေစိုးမိုးရေး လိုလားတယ် လို့ အကြိမ်ကြိမ် နေရာတိုင်းမှာ ပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ၊ လာတာတွေအားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို  တကယ်လိုက်နာသလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာပြန် ဆန်းစစ်လိုက်ရင် သိတယ်''ဟု ပြောကြားထားသည်ကို တွေ့ရပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ထဲရောက် ရှိပါက ဥပဒေပြင်မယ်ဟု ပြောဆိုနေခြင်းနှင့် ပတ်သက်၍ လျှပ်တပြက်ဂျာနယ် မှ မေးမြန်းချက်ကိုလည်း ''ရောက်ရုံနဲ့တော့ မပြင်နိုင်ပါဘူး။ ဥပဒေပြင်မယ်ဆိုတာ ပုဒ်မကရှိပြီးသားပါ။ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေနဲ့ ပြည်သူကိုချပြပြီးမှ ပြင်နိုင်တဲ့ဥပဒေ အဲဒီတော့ သူရဲ့လုပ်ငန်း၊ လုပ်နည်း က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေက ဘာတွေလည်းဆိုတာ ပြဌာန်းပြီးသားပါ။ အဲဒီဥပဒေတွေလုပ်ရင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ရာခိုင်နှုန်းက ထောက်ခံပြီးတော့ တင်မှရနိုင်မှာ။ ၂၀ ရာခိုင်နှုန်းရအောင် လွှတ်တော်ကို တင်ရဦးမှာ။ တင်ရုံပဲရှိသေးတယ်။ တင်ပြီးရင် လွှတ်တော်အများစုက ၇၅ ရာခိုင်နှုန်းက ထောက်ခံမှပြင်လို့ရမှာ။ ဒါလွှတ်တော်တုန်းက ပြင်နိုင်တဲ့ဥပဒေ'' ဟု ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ဖြေကြားထားသည်ကို တွေ့ရပါသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်က မတ်လ ၁၆ ရက်နှင့် ၁၉ ရက်နေ့ ရက်စွဲဖြင့်  သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ၊ မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖော်ပြခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမို များပြားလာပါကြောင်း၊ မင်းကင်းမြို့ နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုး ပါတီက ၄င်းတို့ပါတီ အစည်းအဝေးသို့ တစ်အိမ်တစ်ယောက် မတက် မနေရ တက်ရောက်ရန် ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အမိန့်ပေး ဖိတ်ကြားမှု ပြုလုပ်နေသည်ဟု သိရှိ ရပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်း ဆိုသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ပုတ်ခတ်ပြောဆို ဟောပြောခြင်းသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေပါကြောင်း၊ ပျဉ်းကိုင်းကြီးအုပ်စ တဲကြီးရွာမူလလွန်ကျောင်းကို ငွေကျပ် ၃ သိန်းခွဲ လှူဒါန်းခဲ့ကြောင်း၊  ရွေးကောက်ပွဲအနိုင်ရပါက နောက်ထပ် ငွေ ၃ သိန်းခွဲ ပေးလှူမည်ဟု ဟောပြောခဲ့ကြောင်း ကြားသိရပါကြောင်း၊  ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း တွေ့ရှိရပါကြောင်း ဖော်ပြထားသည်။
EMG
တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား Reviewed by သစ်ထူးလွင် on 14:46 Rating: 5

24 comments:

မင်းမြတ် said...

တအိမ်တက်ဆင်းခြိမ်းခြောက်ခြင်း။ မလျှော်သြဇာသုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊သွေးဆောင်ဖြားယောင်းခြင်း၊စတာတွေကိုကြံ့ဖွံ့အဖွဲ့ဝင်များက လိုက်လံလုပ်ဆောင်နေပါတယ်ဆိုတာကို ၀န်ခံလိုက်တာပါပဲ

Anonymous said...

ကျောင်းအတွက်လှူတာကတော့ ကောင်းပါတယ်..အားပေးရမယ်..
မဲနိုင်မှ ပေးမယ်ဆိုတာကတော့ မဟုတ်ဘူး..လက်မခံဘူး..
ပြည်ခိုင်ဖြိုးဖြစ်ဖြစ် NLD ဖြစ်ဖြစ် ပြည်သူလူထု အကျိုးစီးပွါးကို လုပ်ဖို့လိုတယ်.. ကိုယ့်ပါတီအနိုင်ရဖို့ တစ်ဖက်က လုပ်တာမှန်သမျှ (ဥပမာ ပြည်သူ့အတွက် အကောင်းလုပ်နေတာတွေအပါအ၀င်) မျက်စိမှိတ် ပုတ်ခတ်ပြောဆိုတာတော့ ကျွန်တော်တို့လို အလယ်အလတ် ၀ါဒီတွေက လုံးဝ လက်မခံနိုင်ပါဘူး.. ကောင်းတဲ့ ပါတီ (လက်တွေ့ကျတဲ့ပါတီ၊ စည်းကမ်းရှိတဲ့ပါတီ) ကိုလုံးဝ ထောက်ခံသွားမယ်..

Ko Htet said...

တစ်အိမ်တက် တစ်အိမ်ဆင်း--
အော်ဟုတ်လား
အိမ္ဘက္ကိုလဲလာပါဦးလား----
အောင်နက် ကတော့နားထောင်လိမ့်မယ်။
ပြီးရင်(အလိမ်)အပြောကောင်းလို့တစ်ချက်ငုံမယ်တဲ့ "ဘယ်လိုလဲ
ကိုကိုဖွတ်ရေ လိပ်စာပေးရမလား"

သက်မောင် said...

မူးမူးနဲ့ လျှောက်ပြောနေပုံရတယ်ဗျ
မျက်နှာက ရီဝေေ၀နဲ့ ဘေးမှာ အရက်ခွက်က ချထားသေး... အော်. . . .
အရက်ဝိုင်းမှာပြောတာဆိုတော့.........

သခင်မြန်မာ said...

အောင်သောင်းရာ ခင်ဗျာကြီးနေရ နောက် ရက်ပေါင်း တစ်သောင်းပါဗျာ...မသေခင်ကိုယ်နိုင်ငံကို ဒုက္ခပေးသွားအုံးနော် ..ကြားလား..

tharzaw said...

ကိုယုယမောင်
အဲဒါအရက်ခွက်မဟုတ်ဘူးထင်တယ်ဗျ။
နွားသေးခွက်။
ဒီငကြောင်က သည်းခြေ သိပ်မကောင်းတော့ နွားသေးသောက်ရတယ်။

ju black said...

ကျွန် တော်လည်းမသိဘူး။ ကျွန်တော်တို့ အဲဒီအဆင့်မမီဘူး။
အခုလဲသိမှာမဟုတ်။နောင်လဲသိမှာမဟုတ်။ ခင်ဗျားသိတာ တစ်ခုထဲပါ.....
အဆင့်ကတော့ဘ၀ဆက်တိုင်းမမှီတော့ပါဘူး.........
ခင်ဗျားတို့တွေကို ဒေ၀ဒတ်ကြီးစောင့်နေတယ်။။။။။။

thant said...

ရက်ပေါင်းတစ်သောင်း များတာပေါ့..
နောက်ထပ် 27 နှစ်ကျော်ကျန်သေးတယ်...

ရွှေမိုးကြီး said...

တအိမ်တက်ဆင်းတောင်းတယ်ဆိုတာ အဲ့ဒါမှ သူတောင်းစားအစစ်ပေါံ့ဗျာ..
မတူရင်မတုပါနဲ့မောင်အောင်သောင်းရယ် ။

yin win said...

နာမည်ဆိုးကတော့ရှိနေပြီနော်..မကောင်းသတင်း သမိုင်းကျန်အောင်ဆက်လုပ်လိုက်လေ...ပြည်ဖျက်ကောင်..ပြည်ဖျက်မျိုးဆိုတာမ ဖြစ်အောင် အမျိုးတွေရှိရင်..ဒီလိုကြည့်မနေကြနဲ့လေ..တလုပ်စာကြည့်ပြီး လက်ပိုက်ကြည့်မနေကြပါနဲ့ ..နည်းနည်းပါးပါးတားကြည့်ပါလား..

ကောင်မလေး said...

တစ်ဘ၀ကောင်းစားတာနဲ့ နင်တို့တော်တော်အလုပ်ဖြစ်နေတာပါလား
ခွေးပါးစပ်က နတ်စကားထွက်နေတယ် ...

ကောင်မလေး said...

မိုက်တယ်ဟေ့ပြောချက်တွေကတော့... ခွေးထက်မိုက်တယ်..
နင်တို့တွေ ကိုယ့်မိသားစု ကိုယ့်ဘ၀တစ်ခုပဲကြည့်တာ တစ်ဘ၀စံတွေပါဟာ
ခွေးပါးစပ်က နတ်စကားထွက်နေတာတော့ ကြည့်ရတာသိပ်မကောင်းတော့ဘူး
အောင်သောင်းးးးးးးရေ

တနသ်ာရီသတင်း said...

အမှန်တရားအတွက်-မိုးထက်(မြိတ်)
အရက်ဝိုင်းမှာကျွဲခိုးပေါ်တယ်ဆိုတာစကားပုံရှိတယ်ဗျ
သူလည်းအရက်သောက်ပြီးပြောတယ်ဆိုတော မှန်ရင်လည်းမှန်မှာပေါ့....

တို့ခေတ် said...

အောင်သောင်းလည်း အရှက်မရှိ လျှောက်ပြော အောင်သိန်လင်းကလည်း အတူတူ ခင်ဗျားတို့တွေ ဗျာ ဘယ်သူ့ကို မှ မရှက်ရင် နေပါ ကိုယ်မွေးထားတဲ့ ကိုယ့်သားသမီးတွေ ကိုယ်မြေးတွေကို တော့ ရှက်သင့်ပါတယ်။ ငါဒီလိုပြောလိုက်လို့ ငါ ဂျင်နရေးရှင်းများ ထိခိုက် သွားမလား ။ ဒီလိုလေး မတွေးမိဘူးလား။

a said...

တစ်အိမ်တက်ဆင်းမပြောနဲ့တစ်ယောက်ချင်းလက်တို့ပြောတောင်မရတော့ဘူး၊မင်းတို့စစ်ခွေးသူခိုးလက်ထက်မပြောနဲ့(၉၀)ခုနှစ်အခြေအနေမျိုးကတောင်မရခဲ့တာ၊မင်းတို့သိပ်နိုင်ချင်တယ်မဟုတ်လား၊ခိုးမှာပဲမဟုတ်လား၊အခုအခြေအနေကအားလုံးမြင်တဲ့အတိုင်းပဲဘယ်လောက်သူခိုးကျင့်သူခိုးကြံ၊ကြံနေလဲဆိုတာ၊မင်းတို့နဲ့ခိုးဖေါ်ခိုးဖက်သူခိုးလေးတွေတောင်မင်းတို့ကိုမဲမပေးဘူး၊မင်းလိုပဲတိုင်းပြည်ကိုလုပ်ချင်တိုင်းလုပ်ခဲ့တဲ့မင်းပါပါခင်ညွန့်တောင်မင်းတို့ကိုမဲပေးဖို့မသေချာဘူးသဘောပေါက်စစ်ရာဇ၀တ်ကောင်စစ်သူခိုးအောင်တောင်း။

OZI said...

Door to door ? Good for you and USDP. No one knows you have no supporters. If not, no people at your public assembly and shameful for you and USDP.
You are good in joking too.

007 jambom said...

aung tan is bagger. do you know my pepole? 20 years over many trouble?aung tan mouth is dirty

Anonymous said...

အကျိုးလိုလို့ညောင်ရေလောင်းနေတာပဲဗျ
တကယ်စေတနာနဲ့လှူတာမှမဟုတ်တာ
အဲဒီပိုက်ဆံလေးလောက်နဲ့တော့ ခင်ဗျာတို့ကိုပြန်ဧည့်ခံရတဲ့
လက်ဖက်ရေဖိုးပဲရှိတာ.တိုင်းပြေအတွက်တကယ်စေတနာမပါပဲနဲ့
နေရာရဖို့လုပ်နေတာသက်သက်ပဲဆိုတာ ခင်ဗျားတို့ ပါစပ်ကထွက်တဲ့
အသံတွေနားထောင်တာနဲ့ လူတိုင်းသိတယ်.ကိုယ်ကိုတိုင်လည်းအရေချင်းမရှိပဲနဲ့ သူများကိုသာလက်ညှိးထိုးတက်တဲ့ ခင်ဗျားတို့လိုလူမျိုးတွေအုပ်စိုးနေမယ်ဆိုရင်တော့
ကျုပ်တို့ နိုင်ငံ ကျုပ်တို့လူမျိုးတွေ ဒီိထက်ပိုပြီးဆင်းရဲကြဦးမှာပဲ.
ကို်မတက်နိုင်ရင် တက်နိုင်တဲ့သူကို အားပေးအားမြှောက်ပြုကြရမှာပါ..ကျေးဇူးပြုပြီး လူကြီးတို့ရယ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုချစ်တက်တဲ့
စိတ်ကလေးတွေမွေးကြပါဦး

မောင်မောင် Comment said...

ဦးအောင်တောင်း .... ရိုသေလို့ ဦးတပ်ခေါ်တာ မဟုတ်ဘူးနော်။
သူများ ထက် "ဦး" "အာင်" ခွက်ကြီးကြီးနဲ့ "တောင်း" တတ်လို့ ။ အခုလဲ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက် "တောင်း" ဦင်္းမယ်ဆိုပဲ ။
ထိုင် တောင်းရတာ အားမရလို့နဲ့ တူတယ်။

shweminthar said...

အဲဒါ မှတ်ထား..မမြင်ဘူးရင် ကြည့်ထားကြ..သူခိုးနဲ့ ဂျပိုးတွေ့နေတာ..တယောက်ကတိုင်းပြည်ရဲ့ဘဏ္ဍာကို ရသလောက်ခိုးတယ်..ပြီးရင် သူတော်ကောင်းယောင်ဆောင်တယ်..သူ့လောက်တိုင်းပြည်ချစ်တာမရှိဘူး...မှားသွားလို့.....အမျိုးချစ်တာ....တောင်သာသားတွေပိုသိမှာပါဗျာ....ဒီကုလားမဆိုတဲ့အသုံးတွေနှုန်းတွေကို သူ့ပထွေးတွေအကြိုက်ပြောတယ်...စိတ်ဓါတ်မှမမှန်တာ..အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလဲဘယ်လာအောင်မြင်မလဲ....တယုတ်ရဲ့လက်ကိုင်ဒုတ်စစ်....တယုတ်နဲ့ပေါငးပြီးစားနေတဲ့ကောင်....နောက်တယောက်...ဂျပိုး...ဂျာနယ်လစ်လား......ဘာလစ်လားတော့မသိဘူး.....စာပေလောကအတွက် ဒီလိုကောင်စားမျိုးရှိနေတာ ....စိတ်မကောင်းစရာပါ.....ဂျပိုးကို လိပ်ဖြစ်အောင်ပြောဖို့ကြိုးစားနေကြတာပဲ.....လူထု ထောက်ခံမှုကိုပျက်ရယ်ပြုပြီး...အရှေ့လယ်ပိုင်းပုံစံလို့ပြောနေကတည်းက ...မင်းတို့ အဲဒီလိုပုံစံမျိုးဖြစ်အောင်အကွက်ချပြီးသား......ဒါပေမဲ့ဖြစ်မလာလို့ အားမရတာဆိုတာသိသာသွားပြီနော်....ကိုမြတ်ခိုင်ရေ...ဂျပိုးကို လိပ်ဖြစ်အောင်ပြောရင်လဲ ..လိပ်မတော့မလုပ်ပါနဲ့........လိပ်ထီး....လေးဆိုတော်ပြီပေါ့

ုkyaw said...

လူကြီးတစ်ယောက်အနေနဲ့ဒီလိုမျိုးပြောနေတာကိုကမနာလိုဖြစ်နေမှန်းသိသာတယ်တကယ်သူတို့ကိုယ်တိုင်ဖိအားမပါပဲ ဒေါ်စုလိုသွားကြည့်ပါလား လမ်းမှာခလုတ်တောင်တိုက်ခံထိမှာ အရင်ရွေးကောက်ပွဲမတိုင်ခင်ကာလစပ်ကြားက(တ.စ.ည)ပါတီကဦးချစ်လှိုင်ဆိုတဲ့လူကြီးကလဲ ကြံ့ဖွံ့ပါတီကိုဘယ်လိုမြင်လဲ(RFA)မှာမေးတုန်းက ကလေးပါတီပါဆိုပြီးဖြေခဲ့တာနားထောင်ခဲ့ရဖူးတယ် ခုလဲဒီလိုဖြစ်နေပြီးတစ်ဖက်သားကိုအရမ်းအထင်သေးနေတယ် လူကြီးမပီသဘူး မိန်းမတစ်ယောက်နဲ့ယှဉ်နေရတယ်ဆိုကတည်းက အောက်နေပါပြီးဒါကိုမစားရတဲ့အမည်းသဲနဲ့ပက်ဖို့ကြိုးစားနေသေးတယ်။

ktd said...

တစ်အိမ်တက်၊ တစ်အိမ်ဆင်း ဆိုရင်တော့
သူ့အမေလင်အိမ်တွေဘဲ နေမှာပေါ့။
ငါ့တို့အိမ်အရိပ်တော့ လာမနင်းနဲ့နော်။ ။ ။
နောက်လှည့် ဘေးတိုက် ခွေးခြသေ့င်္ပုံတွေဆို
ရှူးတိုက်စရာမလို၊ လိုက်ဆွဲခံရမယ် သတိထား ။ ။ ။

Toe Gyi said...

အောင်တောင်းရယ်... တစ်အိမ်တက်/ဆင်း လိုက်တောင်း နေ တာနဲ့တူတယ်.. မင်းကရော ဥပဒေကို ပြည့်အ၀ လိုက်နာတဲ့ သူ ဆိုတော့ .... မင်းရဲ့ သန့်ရှင်းပါတယ် ဆိုတဲ့ ငွေနဲ့ အများကောင်း ဘို့ ပရဟိတ ဘာလုပ်ပြီးပြီလဲ?

lwannaymie said...

ကုန်အောင်တောင်း....တစ်အိမ်ဆင်းတစ်အိမ်တက်...လိုက်ခံနေပါတယ်....ဝိုင်းထည့်ပေးလိုက်ကြပါ။ (မဲပြောပါတယ်)

Powered by Blogger.