ဝေါလ်ဗီးရှင်း ထောက်ပံ့ပစ္စည်း မမှန်မကန် သုံးစွဲမှု ကျေးရွာလူထု တိုင်ကြား

နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ ဟိုင်းကြီးကျွန်း မြို့နယ် ခွဲကျုံကူး တိုက်နယ်၊ စမ်းကြီး ကျေးရွာတွင် ၂၀၀၈ နာဂစ် မုန်တိုင်းအပြီး ပြန်လည် ထူထောင်ရေး အတွက် ဝေါလ်ဗီးရှင်းက လှူဒါန်းခဲ့သော ပစ္စည်းများကို ယင်းအဖွဲ့မှ လွှဲပြောင်း ပေးခဲ့သည့် ကျေးရွာ ကော်မတီက မမှန်မကန် သုံးစွဲမှုအပေါ် အရေးယူ ပေးရန် ဧရာဝတီတိုင်း ဒေသကြီးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ မတ်လ ၂ဝ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း စမ်းကြီး ကျေးရွာနေ တိုင်ကြားသူများတွင် ပါဝင်သည့် ဦးအောင်သူက ပြောကြားသည်။

 ဝေါလ်ဗီးရှင်း ထောက်ပံ့သော ပြန်လည် ထူထောင်ရေး ပစ္စည်းများမှာ ရေစုပ်စက် (၆) လုံး၊ ကျေးရွာ မီးလင်းရန် အတွက် မီးစက် (၁) လုံး၊ စပါးကျီ တည်ဆောက်ရန် ၇၅ သိန်း၊ လယ်ထွန်စက် (၂) လုံး၊ စပါးခြွေလှေ့စက် (၂) စီး၊ ထော်လာဂျီ (၁) စီးနှင့် ဆက်သွယ်ရေး လွယ်ကူစေရန် ဖုန်းတစ်လုံးတို့ ဖြစ်ပြီး ယင်းပစ္စည်းများထဲမှ ယင်းအဖွဲ့က ဖုန်းနှင့် စက်ပစ္စည်းများကို ရောင်းစားခြင်း၊ ငွေစာရင်း ရှင်းတမ်းများ မပြုလုပ်သည့် အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေး ကော်မရှင်တို့ကို ရွာသူရွာသား၂၅ ဦးက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
နာဂစ်ဒေသတွင်း ဝေါလ်ဗီးရှင်း မှ ရေပေးဝေနေပုံပါ(ဓါတ်ပုံ-Google Images)

ဝေါလ်ဗီးရှင်း ထောက်ပံ့ပစ္စည်း မမှန်မကန် သုံးစွဲမှု ကျေးရွာလူထု တိုင်ကြား ဝေါလ်ဗီးရှင်း ထောက်ပံ့ပစ္စည်း မမှန်မကန် သုံးစွဲမှု ကျေးရွာလူထု တိုင်ကြား Reviewed by သစ်ထူးလွင် on 15:12 Rating: 5

4 comments:

pyaponthu said...

အဲ့ဒါ က နေရာတိုင်းဘဲ...ဒို့ ဖျာပုံဘက်မှာလည်း ပစ္စည်းဝေတဲ့သူတွေ ချမ်းသာသွားတယ်။ ဝေတဲ့အခါမှာလည်း သူတို့အမျိုး နဲ့သူတို့နဲ့ ရင်းနှီးတဲ့သူတွေက ပစ္စည်းများများကို ပြောစရာမလိုဘူး ရတယ်။ဒို့များအမေ တော့မုဆိုးမဆို ပြီး ဦးစားပေးမယ်မထင်နဲ့ နိုင်ရာ စားသွားတာ။အနှိမ်တောင်ခံရသေးတယ်။ဘယ်လို စနစ်တွေနဲ့လုပ်ကြလဲမသိဘူး။မြန်မာပြည်တော့ ဘယ်တော့မှ ချမ်းသာကြမလဲမသိ နိုင်ရာစားဘဲ။။

Ko Htet said...

ဒါကိုကြည့်လိုက်ရင်သိသာပါတယ်----
"ဘယ်သူသေသေငတေမာရင်ပြီးရော" ဆိုသလို မကောင်းတဲ့စိတ်ဓါတ်တွေ---- ဒါများပြောလိုက်ရင် "Clean Government " တဲ့အရင်ဆုံးပါးစပ်ကို Oki နဲ့ဆေးရမယ်-----

ကိုယ်တော်ချော said...

အဲ့ဒါသာကြည့်ကြပါတော့အရပ်ကတို့ ဒုက္ခရောက်တဲ့သူဆီကတောင် ပြန်ပြီး ခေါင်းပုံဖြတ်ကြတယ် သေရင် လူ့ပြည်မှာ ခွေးတောင်လာဖြစ်မှာမဟုတ်ဘူး

aung aung said...

သူတို့က ပိုပြီး ငတ်လို့နေမှာပေါ့ဗျာ ..
ေ..ာက်ရှက် မရှိတဲ့ အကောင်တွေမို့ပါဗျာ
လူကြားလို့တောင် မကောင်းဘူး သိလား
ဒီကောင်တွေ မွေးတုန်းက ချက်ကြိုးနဲ့ရှက်ကြိုးကို လွဲပြီး ဖြတ်ပေးလိုက်လို့ နေမှာပေါ့
တစ်သက်လုံး အရှက်ရှိမဲ့ကောင်တွေမှ မဟုတ်တာပဲ ..

Powered by Blogger.