နေပြည်တော်မှာ နိုင်ငံဝန်ထမ်းများပါ ကြံ့ဖွံ့ ကိုယ်စားလှယ်အတွက်ပါဝင်မဲဆွယ်
၂၀၁၂ မတ်လ၂၉ ရက်နေ့  နံနက် ကိုးနာရီ ခန့်က နေပြည်တော်ကောင်စီဝင် ဦးသန်းအောင် ဒက္ခိဏသီရိမြို့နယ် အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုး မြို့နယ်ရဲတပ်ဖွဲ့မူး ဦးရွှေမန်း တို့  မှ
ဒက္ခိဏသီရိမြို့နယ် ကြံခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးမောင်ရှိန် အတွက် အစည်းအဝေး 
ခေါ်ယူ မဲဆွယ်ခဲ့ကြောင်းသိရပါတယ်။ 
ရွာမအုပ်စု ရွာမရပ် အ.ထ.က(၁၉)ကျောင်းမှာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး
 နေပြည်တော်ကောင်စီဝင် ဦးသန်းအောင်မှ အ.ထ.က(၁၉) နှစ်ထပ်ကျောင်းဆောင်
 ဆောက်လုပ်ရန် ငွေကျပ်သိန်းလေးရာ ချပေးမယ်ဖြစ်ကြောင်း ကြံခိုင်ရေးကိုယ်စားလှယ်
 ဦးမောင်ရှိန်အား မဲပေးရန် မဲဆွယ်စည်းရုံး ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မူလကတရားဝင်ဖွဲ့စည်းထားသော ကျောင်းဆောက်လုပ်ရေး
 ကော်မတီဝင်များအား ဖိတ်ကြားခြင်းမပြုပဲ ကျောင်းဆောက်လုပ်ရေးကော်မတီဟု
အစားထိုးထားသော (ကော်မတီအတု) ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးစိုးနိုင် 
(ကြံခိုင်ရေးစည်းရုံးရေးမူး) ဦးလှအောင် ဦးမောင်မောင်(တောင်ကျောင်းစု) ဦးဟန်စိုး
 ကိုယ်စားလှယ်ကိုသာ မဲပေးရန် စည်းရုံးမဲစွယ်ပြီး ကျောင်းဆောက်လုပ်ရေးကော်
မတီဝင်များဖြင့် ညှိနှိုင်းပီးစီးကြောင်း အစားထိုးကော်မတီဝင်များဖြင့် လုပ်ကြံအကွက်
ဆင်ကာ မဲဆွယ်ကြတာပါ။
 မြို့နယ်အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုးမှ ယခင်ချပေးသော ကျောင်းဆောင်လုပ်ရေးရန်ပုံငွေ ကျပ်သိန်းလေးရာမှ မည်မျှကျန်သေးကြောင်း ကျောင်းအုပ် ဦးခင်မောင်ကျော်အား
 မေးမြန်းရာ (သိန်းခုနှစ်ဆယ် )ကျန်ကြေင်းပြောပါတယ်။
ကျောင်းဆောက်လုပ်ရေးကော်မတီ အစစ် မှ စာရင်းရှင်းပီး လက်ကျန်ငွေမှာ (၉၇)
သိန်းကျော် ဖြစ်ပြီး တရားဝင် စာရင်းရှင်းလင်းကာ ကျောင်းအုပ်ဦးခင်မောင်ကျော်ထံ 
အပ်နှံပြီး ဖြစ်သော်လည်း ငွေ(၂၇)သိန်းကျော် ကွာဟနေကြောင်း ထိုကိစ္စမှာ
 ပြသာနာမဟုတ်ကြောင်း ဦးဝေလွင်ဖြိုးမှ ပြောကြားပြီး ကြံခိုင်ရေးကိုယ်စားလှယ်
ကိုသာ မဲပေးလိုက်ပါ ဘာမှပြသာနာမရှိနိုင်ဟု ပြောကြားပြီး ရွှေးကောက်ပွဲဥပဒေ
များနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ပိုင်ငွေဖြင့် နိုင်ငံဝန်ထမ်းများ ပါဝင်သော သူများမှ
ကြံခိုင်ရေး ကိုယ်စားလှယ် ဦးမောင်ရှိန်အတွက် မဲဆွယ်စည်းရုံးနေကြောင်း 
ဒက္ခိဏသီရိမြို့နယ်မှ ဒေသခံတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
နေပြည်တော်မှာ နိုင်ငံဝန်ထမ်းများပါ ကြံ့ဖွံ့ ကိုယ်စားလှယ်အတွက်ပါဝင်မဲဆွယ် နေပြည်တော်မှာ နိုင်ငံဝန်ထမ်းများပါ ကြံ့ဖွံ့ ကိုယ်စားလှယ်အတွက်ပါဝင်မဲဆွယ် Reviewed by သစ်ထူးလွင် on 08:14 Rating: 5
12 comments:
Anonymous said...
ဝန်ထမ်းတွေနေနဲ့ ကိုယ်ကြိုက်ရာကို မဲပေးနိုင်တယ်ဆိုပေမယ့်
အဲလို..လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီး ပါတီတွေအတွက် (ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့) မဲဆွယ်တာ မလုပ်သင့်ကြပါဘူး..
ဘာဖြစ်လို့လဲဆိုတာ..၀န်ထမ်းဆိုတာ ..ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့..
အစိုးရက ဥပဒေပြဋ္ဌာန်းထားလို့ပဲ..
amtkhunlay said...
ဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ သိထားပါတယ်။ ဒါပေမဲ့ ပါတီအတွက် မဲဆွယ်ပေးတာတော့ ရတယ်ပေါ့။ နောက်ပြီး အစိုးရဘဏ္ဍာငွေကိုလည်း ပါတီအောင်နိုင်ရေးအတွက် သုံးခွင့်ရှိတယ်ပေါ့။ ကြံခိုင်ရေးကိုယ်စားလှယ်ကို မဲပေးလိုက်ရုံနဲ့ ငွေ ၂၇ သိန်း ကွာဟနေတာ ပြဿနာမရှိတော့ဘူးဆိုတော့ တော်တော်ကောင်းတဲ့ ဖာထေးမှုပါလား။ သူခိုးကိုမှ ဓါးရိုးကမ်းမိလေပြီ Clean Government ရေ။
Kyaw Khant Zaw said...
ဒီစနစ်ဆိုးတွေ ရှိနေသေ၇ွ့ စစ်မှန်သော ဒီမိုကရေစီ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါ
007747 said...
ဝန်ထမ်းဆြိုပီး ပြည်သူ့ဝန်ထမ်းလား၊ ဖွတ်ဝန်ထမ်းလား ကိုယ့်ကြိုပန်‌မေးကြည့်အုံး။ မင်းတို့ေ ဆာက်‌ပေးမှမဟုတ်ဘူး။ ဘယ်အစိုးရတက်၂ လုပ်‌ပေးမှာဘဲ။ အထူးသဖြင့်စစ်မှန်တဲ့ဒီမိုက‌ရေစီအစိုးရဆိုရင်ဒီထက်ပိုမှာဘဲ။
အမှန်အကန်ဝန်ထမ်းဆိုရ‌င်‌တော့ ကိုယ်ခိုးထားတဲ့ ဝှက်ထားတဲ့စာရင်းဇယား‌တွေ ပြန်ဖာ‌ထေးဖို့လုပ်လိုက်အုံး။
စာရင်းစစ်ဝင်ရင် မင်းတို့အဘဖွတ်‌တွေက မင်းတို့ကိုကယ်နိုင်မှာမဟုတ်ဘူး။
အညာသားကြီး said...
ကြားရတာ စိတ်မကောင်းစရာပဲ။ နိုင်ငံဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရမယ်လေ။ ပြည်သူ့ဝန်ထမ်း နဲ့ အာဏာရှင် ၀န်ထမ်း ဒီ၂မျိုးက လုပ်ဆောင်မူ့ခြင်းကွာပါတယ်။ ဒီဝန်ထမ်းတွေက ခိုးစားနေတဲ့ အာဏာရှင်ဝန်ထမ်းတွေဖြစ်မှာပါ။
Truth teller said...
ဦးမောင်ရှိန် က ဒုတိယဗိုလ်ချုပ်ကြီးမောင်ရှိန်လေ (ကြည်း၊ရေ၊လေ)စာရင်းစစ်ချုပ်လုပ်ခဲ့တဲ့လူလေ ဒါကြောင့်ပြောတာပေါ့ သူတို့ကြီးပဲ နေရာတကာ ဒါလား ဒီမိုကရေစီ
3H said...
တကယ်ဆောက်ပေးတာရော ဟုတ်လို့ လားသေချာ စုံစမ်းကြည့်ကြပါ။ ဘာလို့ လဲဆိုတော့ ဝန်ကြီးဌာနတွေက ဆောက်ပေးတယ်နာမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ အလှူခံ ဆောက်ခိုင်း ပြီးတော့ ပါမစ်ပြန်ပေးနဲ့  လုပ်နေကြတာပါ
ဒါဆိုရင် ဆောက်မယ်ဆိုပြီး တင်ထားတဲ့ budget တွေဘယ်သူ့ လက်ထဲရောက်သွားလဲ စဉ်းစားရပါတော့မယ်
Philan said...
စားဖာတွေညီညွတ်နေလိုက်ကြတာ။ အဲဒါဘဲ စိတ်ဓါတ်ပျက်ပြားကုန်ပြီ
နိုင်ငံကောင်းဖို့ ဦးမတည်ဘူး။ ကိုယ်အခွင့်ရေးရဖို့ဘဲလုပ်နေတယ်။
လုပ်ချင်လို့ဘဲလုပ်လုပ် ကြောက်လို့ဘဲလုပ်လုပ် အလိုတူလို့ဘဲ အဲလိုစိတ်ဓါတ်နဲ့ ဘယ်လိုလုပ်မလဲ အဲလိုလူကမွေးလာတဲ့ကလေးကလဲအဲလိုအချောင်စိတ်ဓါတ်ပဲရှိမှာဘဲ။။
သမိုင်းကြောင်းကောင်းအောင်းလုပ်ကြရင်ကောင်းမယ်
Philan said...
ဝန်ထမ်းတွေ ခိုင်းလို့ဘဲလုပ်လုပ် ကြောက်လို့ဘဲလုပ်လုပ် အလိုတူအလိုပါဘဲ။ ကို့သားသမီးကျရင် ကိုလိုမဖြစ်အောင် လုပ်စေချင်တယ်။ ပြည်သူ့ဝန်ထမ်းပါ အစိုးရရဲ့ ၀န်ထမ်းဖြစ်နေတယ်။ လူဆိုတာ ကျေးဇူးသိတတ်ဖို့လိုတယ် ခွေးတောင်း ကျွှေးရင် သခင် ကို ပြန်မကိုက်ဘူး
Kyaw Khant Zaw said...
ဒီလုပ်ဆောင်ချက် စစ်မှန်သောဒီမိုကရေစီ လမ်းစဉ်မဟုတ်ပါ
ယုယ said...
နေပြည်တော်မှ အရပ်သား ပြည်သူ့ဝန်ထမ်းများ သိရှိနားလည်စေရန် တင်ပြလိုပါသည်...
ဌာနတိုင်းလိုလို စစ်ဖက်မှ အသွင်းပြောင်းများဖြင့် ခေါင်းကြီးပိုင်းတွင် ဖွဲ့စည်းထားပြီး အရာထမ်းနေရာတော်တော်များများတွင် ကြီးစိုးထားပါသည်။ ၄င်းတို့မှ အရပ်သား ၀န်ထမ်းများ၏ ရာထူးရပိုင်ခွင့်နှင့် အခြားအခွင့်အရေးများ ချုပ်ကိုင်လျှက်ရှိနေသည်ကို ၀န်ထမ်းများအသိဖြစ်ပါသည်... လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်နေလျှင် မြန်မာ့နိုင်ငံဝန်ထမ်းတို့ဘ၀ ပိုမိုဆိုးရွာလာဖွယ်သာရှိပါသည်...မည်သည့်ဌာနကို ကြည့်ကြည့် အရာရှိ အဆင့်တော်တော်များများ 90 % သည် စစ်တပ်၏ ထိန်းချုပ်မှု ကို ခံနေရပါသည်... ၄င်းအသွင်ပြောင်းအရာရှိများမှာ စစ်တပ်တွင် သုံးစားမရသူများ ဖြစ်ပြီး တပ်ပင်စင် တနင့်တပိုးခံစားလျှက် အရပ်ဖက်သို့ရောက်လာသူများဖြစ်ပါသည်... ၄င်းတို့အထဲမှ 90 % သည် လွန်စွာယုတ်ညံ့ပြီး အရည်အချင်းမရှိသော သူများဖြစ်ပါသည်.. ရာထူးကြီးယူထားသော်လည်း ဘာမျှမတတ် အောက်လက်ငယ်သားအား ခြိမ်းခြောက်အော်ငေါက် တတ်သယောင်ဟန်ဆောင်ပြီး လုပ်ငန်းလျှင်မြန်သွက်လက်မှုအတွက် အနှောက်အယှက်သဖွယ် ဖန်တီးလျှက်ရှိပါသည်.. မိမိနေရာနှင့် အာဏာကို အလွဲသုံးစားပြုလျှက် ပြည်သူနှင့် ၀န်ထမ်းအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် ကိုယ်ကျိုးရှာလျှက် ရှိကြပါသည်... ဒီအဖြစ်အပျက်များကို အရပ်သား ၀န်ထမ်းစစ်စစ်များမှ ခံစားနေရသည်ကို ၀န်ထမ်းများ အသိဖြစ်ပါသည်... သို့အတွက် ၀န်ထမ်းများအနေဖြင့် လက်ရှိစနစ်ဆိုးမှ လွတ်မြောက်ရန် လက်ရှိအာဏာရပါတီအား ဆက်လက်ထောက်ခံရန် လုံးဝ(လုံးဝ) မဖြစ်နိုင်ကြောင်းသိစေလိုပါသည်....
justic said...
ပါဝင်ပတ်သက်သူတွေအားလုံးကို အရေးယူလိုက်ပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆို။ ဦးသိန်းစိန်ကြီး၊ ဦးရွှေမန်းကြီးနဲ့ ဦးခင်အောင်မြင့်တို့ရေ
အပြောနဲ့ အလုပ်နဲ့ ညီအောင်လုပ်ပါဗျို့
Powered by Blogger.