ဦးဝင်းတင် မုံရွာခရိုင် အောင်နိုင်ရေးခရီးစဉ်

၂၉၊ ၃၊ ၂၀၁၂ ရက်နေ့၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ဗဟိုမှ ဦးဝင်းတင်၊ ရှေ့နေကြီး ဦးအောင်သိန်းတို့ ရောက်ရှိ။

လစ်လပ်နယ်မြေဖြစ်သော မုံရွာခ၇ိုင်၊ ပုလဲမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အရ ယနေ့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမှ လူကြီးများဖြစ်ကြတဲ့ ဦးဝင်းတင်၊ ရှေ့နေကြီး ဦးအောင်သိန်းတို့ ဦးဆောင်ပြီး မဝေေ၀သိန်း၊ မခင်မြတ်သူတို့အပါအ၀င် ၅ဦးအဖွဲ့ ရောက်ရှိလာသည့်အတွက် မုံရွာမြို့နယ်မှဦးအောင်ရှင်၊ဦးစောထွန်း၊ ဒေါ်ခင်သန်း၊ ဒေါ်သန်းဝင်း၊
ဒေါ်မြင့်မြင့်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ မြင်းမူမြို့နယ်မှ တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးဘာဘာ၊ မုံရွာမြို့မှ မြို့ခံလူထုများလည်း ကြိုဆိုခဲ့ကြပါသည်။ ၄င်းပွဲတွင် အပြန်အလှန် ဆွေးနွေးမှုများ ပါဝင်ပါသည်။ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဥပဒေအရ လုပ်နည်း၊ လုပ်ဟန်များကို မြို့ခံလူထုက မေးသည့်မေးခွန်းများအပေါ် ရှေ့နေကြီး ဦးအောင်သိန်းမှ ဖြေကြားပြီး၊ ထို့အတူ အဘဦးဝင်းတင်ကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများကိုလည်း ရှင်းပြခဲ့ပါသည်။

ဆွေးနွေးပွဲကို နံနက် ၈ နာရီမှ စတင်ကာ နံနက် ၁၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ ထို့နောက် ပုလဲမြို့သို့ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာသွားပါသည်။

အေးမြမြလွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
မုံရွာမြို့နယ်

ဦးဝင်းတင် မုံရွာခရိုင် အောင်နိုင်ရေးခရီးစဉ် ဦးဝင်းတင် မုံရွာခရိုင် အောင်နိုင်ရေးခရီးစဉ် Reviewed by သစ်ထူးလွင် on 09:24 Rating: 5

No comments:

Powered by Blogger.