ရေတပ်နဲ့ ကြည်းတပ် စစ်သင်္ဘောများ အဓမ္မဆက်ကြေးကောက်ခံနေ

တနင်္သာရီ ကမ်ရှိးတန်းတလျှောက် လက်နက်ကိုင် ဓါးမြတိုက်ဆက်ကြေး လိုက်တောင်းနေတဲ့ 
စက်လှေငယ်များမှာ ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း
စက်လှေတစ်စီးကို ဒီဇယ်ဆီ (၅)ပေပါစီ( ကာလတန်ဖိုး  ကိုးသိန်းခန်.) ငါးဖမ်းလှေ(၃)စီးထံမှ ယူဆောင်သွားပါတယ်။

 ကော့သောင်းမြို့ရဲ့  အနောက်ဖက်မှာလည်း ရွှေကျွန်း၊ ငါးချည်ပေါင်အော်ကျွန်း၊ သံကျွန်း 
အခြေစိုက် ရေတပ်စစ်သင်္ဘော အမှတ် (၅၁၇)နဲ့ အမှတ်(၁၁၅) တို့ က  (သားပေါက်)ခေါ်
စက်လှေငယ်များနဲ့ အရာရှိအကြပ်တပ်သားများကိုယ်တိုင် ဆက်ကြေးလိုက်လံတောင်း
ခံနေပါတယ်။

ဒါအပြင် ကျွန်းစုမြို့နယ်နဲ့  မြိတ်မြို့အဝင် အထွက်ရေ လမ်းကြောင်းမှာလည်း သင်္ကန်း

အော်ကျွန်း နဲ့ ကျောက်ငါးကျွန်း စစ်စခန်းများမှ စစ်သဘောင်္ အမှတ် (၁၁၄)၊ (၅၁၆)၊ 
(၆၁၁)နဲ့ (၅၀၇) များကလည်း (သားပေါက်)စက်လှေငယ်များ နဲ့  ဖြက်သန်းသွားလာ
 နေတဲ့ စက်လှေများထံမှ ဒီဇယ်ဆီ များ ဆက်ကြေးအဖြစ် လိုက်လံတောင်းခံနေ
ကြောင်း ဒေသခံ ငါးဖမ်းစက်လှေပိုင်ရှင်များက Myanmar News Now ကို ပြော
ပြပါတယ်။ 







 ၂၀၁၂ မတ်လ ၂၇ ရက်နေ့ က ဆက်ကြေးလိုက်လံကောက်ခံနေတဲ့ စစ်သင်္ဘောများ၊ (သားပေါက်)ခေါ် စက်လှေငယ်များနဲ့ ငါးဖမ်းစက်လှေများကို ဘိတ်ကျွန်းစုများမှာတွေ့ ရစဉ်။

Myanmar News Now
ရေတပ်နဲ့ ကြည်းတပ် စစ်သင်္ဘောများ အဓမ္မဆက်ကြေးကောက်ခံနေ ရေတပ်နဲ့ ကြည်းတပ် စစ်သင်္ဘောများ အဓမ္မဆက်ကြေးကောက်ခံနေ Reviewed by သစ်ထူးလွင် on 07:46 Rating: 5

11 comments:

Anonymous said...

အင်.. အကျင့်တွေ..အခုထိ အပျောက်ကြသေးဘူးဘဲ..
အခုလို တင်ပေးတဲ့အတွက် ပြည်သူတွေကိုယ်စား..
ဒီဆိုဒ်ကို ကျေးဇူးတင်ပါတယ်..

icecoolcandy@gmail.com said...

နောက်လည်းလုပ်ရင် လုပ်အုံးမှာ...
ဆီတိုင်ဂီတွေထဲမှာ ရေတွေရော်ထဲ့ထားလိုက်...

a said...

နေ၀င်းလက်ထက်ကတည်းကလုပ်နေတာပါ၊ထိပ်ဆုံးကလူအထိသိပါတယ်၊သူတို့စီထိငွေကရောက်ရတာပါ၊မရောက်ခဲ့ရင်အရာရှိတွေကိုချောင်ထိုးထားလိုက်တာပါ၊ဘယ်တော့မှအေ၇းယူမှာမဟုတ်ပါ။တကယ်ဘာမှမပြောင်းသေးပါဘူး။

National said...

{ပီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ် ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ ငါးဖမ်း
စက်လှေတစ်စီးကို ဒီဇယ်ဆီ (၅)ပေပါစီ( ကာလတန်ဖိုး ကိုးသိန်းခန်.) ငါးဖမ်းလှေ(၃)စီးထံမှ ယူဆောင်သွားပါတယ်}။ရုံးပိတ်ရက်(တပ်မတော်နေ့) ဆီဆိုင်တွေိ့တ်လို့ ဆီဝယ်လို့မရလို့ တောင်းတာဖြစ်ပါလိမ့်မယ်၊ စိတ်လျော့ထား အချိန်တန်ရင် ပြန်ဆပ်မှာပေါ့

Shwe Mg said...

မြန်မာရေမြေကို...ထိန်းသိမ်းနေတဲ့....ဗာမာ့တပ်မတော်..(ရေ)စစ်သည်တွေပဲ...

thihathuya said...

ခောတ်ကပြောင်းတော့မယ်ဟေ့။ရသလောက်ယူထားကြ.ပြီးမှမင်းတို့ဆီကပြည်သူပိုင်အဖြစ်ပြန်သိမ်းပြီးအကုန်လုံးထောင်ချပစ်မယ်။

pyaponthu said...

အမျိုးကို တကယ်သိတဲ့နိုင်ငံသားဆို ဒီလို မလုပ်သင့်ဘူး။တကယ် တိုင်းရင်းသား မြန်မာပိုင်တဲ့သဘောင်္ကို မလုပ်ဘဲ နိုင်ငံခေါင်းဆောင်တွေကို လဒ်ပေးပြီး ငါးဖမ်းနေတဲ့ ယိုးဒယား နဲ့ တရုတ် ငါးဖမ်းလှေကိုတော့ လုပ်ပေါ့။အဲ့လို တရား မဝင် ငါးခိုး ဖမ်းတဲ့ နိုင်ငံသား အမည်ခံထားပြီး လိမ်ထားတဲ့သဘောင်္တွေကို ဖမ်းတယ်ဆို ရင် တရုတ်တွေ သုံးတဲ့ ဥပဒေလို မှတ်အောင် အပြစ်ပေးပေါ့။လဒ်စားသလို တော့ ထို နည်း၎င်း ထိုနည်း၎င်း မလုပ်ပါနဲ့

Thaw Gyi said...

နစ်ပါစေဗျာ..နစ်ပါစေ..တကယ်တောင်းရင်..တကယ်မတောင်းရင်တော့
မနစ်နဲ့ ပေါ့..တကယ်တောင်းတဲ့သူတောင်းစားတွေဆိုရင်တော့..အဲ..အေး
ဓားပြဆိုရင်တော့..နစ်လို့ ဆုံးဆုံးမြုတ်ပါစေဗျာ.. ထိုင်းငါးဖမ်းသူခိုးတွေတော့
ဖအေခေါ်မတတ်.. မယုံရင်ဘိတ်သွားကြည့်ကြိုက်တဲ့ကောင်မေး..

Anonymous said...

ကမ္ဘာပေါ်တွင် တစ်ဖွဲ့တည်းသော“လိုင်စင်ရ”
ပင်လယ်ဒါးပြအဖွဲ့ဤနိုင်ငံတွင်သာရှိသည်။

King said...

ယူနီဖောင်းဝတ် အစိုးရအသိမှတ်ပြု တရားဝင်ဓါးမြ တွေကို ချင်းချင်း ပျောက်ခိုင်းလို့တော့မရသေးပါ....

ကိုလေး said...

ပြည်သူတွေ့ကိုစောင်ရှောက်တာတဲ့လား
ဟဲ့ သိန်းစိန်နင်ဒါတွေကိုမသိဘူးလား နင်တော့နော် ငါပြောလိုက်ရင်မကောင်းဘူး

Powered by Blogger.