ပြည်ထောင်စုဝန်ကြီး ဌာနများ၏ မသမာမှုများနှင့် လိမ်လည်မှုများ

ပြည်ထောင်စု ၀န်ကြီးဌာနများ ၏ လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တွင် စွမ်းရည်နိမ့်ကျမှုများ၊ ဆုံရှုံး မှုများ၊ မသမာမှုများ၊ လိမ်လည်မှုများ အပါအ၀င် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာမှုများ ရှိနေကြောင်း ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂)တို့ဖြင့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီသို့ အစီရင်ခံ ပေးပို့ခဲ့ရာတွင် အမှတ် (၁)စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ယခင် အစိုးရလက်ထက်မှ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများကို ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်းစာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုး ရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကို အလွဲသုံးစား ပြုထားကြောင်း .  .  .

ယခင်အမှတ်(၁)စက်မှုဝန် ကြီး ဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)ဂျုံနှင့် ဂျုံထွက်ပစ္စည်းစက်ရုံ (စစ်ကိုင်း)သည် ရသာမွန်ခေါက်ဆွဲများ ထုတ်လုပ်ရန်အတွက် ခွဲတမ်းရ ရှိသည့် မီးထိုးဆီများကို ထုတ်ယူပြီး စက်ရုံသို့ သယ်ဆောင်ခြင်း မရှိဘဲ ရောင်းစားခဲ့ကြောင်း၊ ခေါက်ဆွဲများ အမှန်မထုတ်ဘဲ အထုတ်ပြပြီး ပုဂ္ဂလိကများကို ထုတ်ခိုင်းခြင်း၊ စာရင်း လိမ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။
လယ်/ဆည်ဝန်ကြီးဌာန၊မြန်မာ့စက်မှု သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကွပ် ကဲမှုအောက်ရှိ ဂုန်လျှော်နှင့်လျှော်မျှင် များလုပ်ငန်းဌာနဒေါပုံကော်ဇောပစ္စည်း စက်ရုံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အတွက် လုပ်ငန်းစာရင်းများကို ရန်ကုန်တိုင်းဒေသကြီးစာရင်း စစ် ချုပ်ရုံးမှစစ်ဆေးခဲ့ရာ အသားတင် အရှုံးကျပ်သန်း ၃၄၄ ဒသမ ၄၅၂ ဖြစ်သော်လည်း အရှုံးကျပ်သန်း ၁၂၄ ဒသမ ၅၀၂ လျော့နည်းအောင် လုပ် ကြံဖန်တီး၍ နှစ်ချုပ်စာရင်းရှင်းတမ်း တွင် အရှုံးကျပ်သန်း ၂၁၉ ဒသမ ၉၅၀ သာ ဖော်ပြခဲ့မှုဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာန၊ အ မှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်မြန်မာ အိုင်ဗင်ဟိုကုမ္ပဏီလီမိတက်တို့ ပိုင် ဆိုင်သည့် မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbo Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်း စာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံးမှစစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုးရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကိုအလွဲသုံးစားပြုထားကြောင်း၊ တာဝန်ရှိသူများအား အရေးယူသည်ကို တွေ့ရသော်လည်း သတင်းစာတိုက်တွင် ငွေကြေးများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှု မရှိခြင်းများတွေ့ရသဖြင့် ပြုပြင်ရန်လိုကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခင်အမှတ်(၂)စက်မှု ၀န်ကြီးဌာန၊ အမှတ်(၁)အထွေထွေ အကြီးစားစက်မှု လုပ်ငန်းကွပ်ကဲမှု အောက်ရှိ အမှတ်(၁၁)၊ အထွေထွေ အကြီးစားစက်ရုံ(ရန်ကုန်)၏ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် အရှုံးပေါ်နေသည့် လုပ်ငန်းနှင့်စာရင်းများ ကို အမြတ်ပေါ်အောင် လိမ်လည်ဖန်တီး ရေးဆွဲခဲ့သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိရေး ဆွဲတင်ပြသော ဘတ်ဂျက်၏ လိုငွေနှင့် GDP ၏ အချိုးအမှန်မှာ ၈ ဒသမ ၂၄ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော် ရန်ပုံငွေမှထုတ်ချေးရန် တင်ပြထားခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးချက်အရ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံနှင့် စီမံကိန်း လုပ်ငန်းများတွင် စွမ်းရည်နိမ့်ကျခြင်း၊ ဆုံးရှုံးခြင်းများ သာမက နှစ်ချုပ်စာရင်းများကို လိမ်လည်ရေးဆွဲ ခြင်းများကို တွေ့ရှိလာရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ခွင့်ပြုရာတွင် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပိုမိုဂရုပြု အချိန်ယူစိစစ်ရန် လိုအပ်လာကြောင်း ပြည်သူ့လွှတ်တော်၊ပြည်သူ့ ငွေစာရင်းကော်မတီက သုံးသပ်ထားသည်။
EMG
ပြည်ထောင်စုဝန်ကြီး ဌာနများ၏ မသမာမှုများနှင့် လိမ်လည်မှုများ ပြည်ထောင်စုဝန်ကြီး ဌာနများ၏  မသမာမှုများနှင့် လိမ်လည်မှုများ Reviewed by သစ်ထူးလွင် on 13:33 Rating: 5

14 comments:

မောင် said...

အစိုးရရဲ့ ၀န်ထမ်းတွေကို လစာတိုးဘို့ လွှတ်တော်က တောင်းဆို၊ ပြည်သူအများစုကို ငဲ့ရမှာဖြစ်လို့ အစိုးရ၀န်ထမ်းတွေရဲ့လစာ လောလောဆယ်မတိုးသင့်တာကို အစိုးကရှင်း၊

အခန်းဆက် ဇတ်လမ်းဆက်လာပါပြီ
ငွေကြေးအလွှဲသုံးစားမှုတွေ ပေါ်လာပြီနော်..၊ မိမိတို့ပြည်သူအများစုကတော့ ဘာဖြစ်လာမယ်ဆိုတာမှန်းရင်း၊ အတွေ့အကြုံအရ ထူးပါဘူးကွယ်လို့ သက်ပြင်းခိုးထုတ်မိနေကြဦးမှာပါ။

ကိုသစ်ထူးလွင်ရေ..
ဒီအပတ် ဗွိုင့်စ် ဂျာနယ် အမှတ် ( ၈/၁၃) ၁၂-၁၈/၃/၂၀၁၂ စာစောင်ရဲ့ စာမျက်နှာ (၃၈) က အယ်ဒီတာထံပေးစာကလေးကိုလည်း တင်ပေးစေချင်ပါတယ်။
....နိုင်ငံခြားကြွေးမြီစာရင်းကွဲလွဲချက် တဲ့။

ဒီလိုစာမျိုးတွေ တွေ့ရတော့ ကိုနေဇော်နိုင်တို့ ကိုအေးချမ်းနိုင်တို့ ဘယ်လိုပြောကြမလဲ၊ အရမ်းသိချင်ကြောင်းပါ။

ကာတွန်းဆရာ ဦးအော်ပီကျယ် ဦးဆောင်တဲ့ ကာတွန်းဆရာတွေ ဘယ်လိုဆွဲပြီး တင်ပြမလဲ ကြိုပြီးရင်ခုန်နေကြောင်းပါ။

tertee said...

နွားမင်းဆွေ..ဘာပြောမလဲ ဟင်...
သြော် ဒါကြောင်. ကြံ့ ဖွတ်ကိုကြိုက် ကြ တာကိုး

Myanmar said...

ေ၇ှ့မှာ ဖြစ်ခဲ့တာတွေထက် နောင်ကောင်းဘို့အတွက် ဒီလိုသတင်းကိုကြား၇တာ သိပ်ကို အလားလာကောင်းတယ်လို့ ယူဆမိပါတယ်။ ပုဂ္ဂလိက ခံစားချက်ပါ။

myat said...

အော် မြန်မာပြည်ကြီး ခလောင်းဖြစ်တော့မှ ဒါတွေက သိရတာတဲ့လားဗျာ...

Thar Htet said...

ဒီလိုဖြစ်ရပ်တွေက အမြဲလို နေရာတိုင်းမှာ ဖြစ်ခဲ့တာပါ။ အမှန်တကယ် ပြုလုပ်ခဲ့သူများကို ထိထိရောက်ရောက် ဥပဒေနှင့်အညီ အရေးယူပြီး ထိုသူများထံမှ ငွေကြေးနှင့်ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူပိုင်သိမ်းကာ တင်ရှိနေသော ဒေါ်လာ ၁၁ ဘီလီယံကျော်ကို ပြန်လည်ပေးဆပ်ပါက အကြွေးအတန်အသင့်လျော့နည်းသွားမည် ဖြစ်ပါသည်။ အထူးသဖြင့် စစ်အရာရှိဟောင်းကြီးများနှင့် လက်ဝေခံများထံမှ ပိုင်ဆိုင်သည့် အရာများအားလုံးကို နိုင်ငံခြားဘဏ်များအထိလိုက်လံကာ သိမ်းဆည်းသင့်ပါသည်။

ko htoo said...

ဒီမိုကရေစီစံနစ်ရဲ့ တစ်စိတ်တစ်ပိုင်းကလေး မြည်းခွင့်ရတာတောင် ချိုမြိန်လှပါတယ်။ ဒီလိုဖေါ်ထုတ်နိုင်တာ ဒီမိုကရေစီကြောင့်ပါ။ အာဏာရှင်အကြီးအသေးတွေရဲ့ လုပ်ချင်ရာလုပ်ခဲ့တာကြောင့် တစ်ပြည်လုံး ဆင်းရဲမွဲတေခဲ့ရတယ်၊ ဒါကိုပြုပြင်နိုင်ငံမှာ ဒီမိုကရေစီစံနစ်တစ်ခုတည်းသာရှိတယ်ဆိုတာကို ဒီအဖြစ်က သက်သေပြနေပါပြီ။ အာဏာရှင်တွေ လုပ်ချင်ရာလုပ်ခွင့်မရအောင် check and balance လုပ်ပေးဖို့လိုပါတယ်။ ဒီအစီရင်ခံစာဟာ check လုပ်တာဖြစ်ပြီး ဒါကို လွှတ်တော်က balance လုပ်နိုင်မလုပ်နိုင် စောင့်ကြည့်ရပါမယ်။

Sandi said...

ပို့ ဆောင်ရေး ကတော့၊ အသုံးစရိတ်မှာ၊ တစ်ဒေါ်လာကို ၆-ကျပ်၊
ဝင်ငွေကို တစ်ဒေါ်လာကို ၈၀၀/၁၀၀၀ ကျပ်၊
မြတ်လွန်းလို့ တော်တော်လျှော့ယူရတယ်။စာရင်းစစ်ချုပ်ကြီးခံလိုက်ရပြီ။

mgluuway said...

ဒီအစိုးရ အရေးယူတယ်ဆိုတာက စစ်ဆေးတွေ့ရှိရတယ်တို့ .သိရှိရတယ်တို့
ပြုင်ရန်လိုအပ်နေဆဲတို့ ..လိုက်နာပါတို့ ဆိုတာ အဲဒါ ဒီအစိုးရ အရေးယူတာ
့ပဲ...နိုင်ငံရေးလှုပ်ရှားသူများ ..ဆိုရင်တော့ သန်းခေါင်အချိန်လည်း အတင်း
တံခါးဖွင့်ပြီး ..သူတို့ဖမ်းချင်တဲ့သူမရှိမတွေ့ရင် ရှိတဲ့မိဘများ..မောင်နှမများကို
အတင်းဆွဲခေါ်ဖမ်းဆီးပြီးထောင်ချပါတယ်..အခု ဌာနဆိုင်ရာသူခိုးများကိုအ
ဘယ်ကြောင့် မဖမ်းသနည်း...ပြည်သူလူထုနဲ့ နိုင်ငံတကာက မယုံတာ
အဲဒါပဲ ..

pyaponthu said...

အကောင်းဆုံးက ဝန်ကြီးအားလုံး အငြိမ်းစားပေးလိုက်။သူတို့ပိုင်ဆိုင်မှု့တွေဟာ တတိုင်းပြည်လုံးက ပြည်သူတွေ ကို ရင်းနှီးပေးလို့ရတယ်။မျှမျှတတလုပ်ကြပါ။သေရင် နင်တို့နောက်မပါဘူး။ပြည်သူတွေဆင်းရဲလှပါတယ်။ကိုယ်ခြင်းစာတတ်ပါစေ။

Anonymous said...

ပြည်ထောင်စုစာရင်းစစ်ချုပ် သိတာ ဒါပဲလား သူရဲ့  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး က နှစ်တိုင်း စစ်ဆေး‌နေတဲ့ ပို့ဆောင်ရေး ‌ေ အာက္က ‌ေ လ ယာဥ္ကြင္း ‌ေ တြ ခ်ဲ ့ ‌ေနတာ မွာ Company ‌ေ တြ ‌ကော၊ ဌာနက အင်ဂျင်နီယာ ‌တွေကော ရတဲ့ Budget ရဲ့  ၃ ပုံ ၂ ပုံေ လာက် ( သန်း ကိုေ သာင်းချီ လို့  ) ကို ပွဲ‌တွေ့ နေတာ စာရင်းစစ် Director ကို Percentage ‌ပေး လို့  ထိမ်းထားတာ၊ ဂျပန် ‌တွေ အလကား ‌ပေးခဲ့တဲ့ စက်ေ တွ ယာဉ် ‌တွေ ‌ဆောက်လုပ် ‌ရေး Materialsေ တွကို အစ ‌ဖျောက်ပစ် ခဲ့တာ ‌တွေကို အေ သ အချာ စစ်ဖို့ လို မယ် ထင်တယ်

Anonymous said...

စာရင်းစစ်ချုပ် သိတာ ဒါပါပဲလား ( .. ဟဲ ဟဲ မထင်ပါဘူး)
ခင်ဗျား ‌အောက်က စာရင်းစစ် Directorေ တွ Auditor ‌တွေ လုပ်‌နေ တာ
ရန်ကုန်တိုင်း စာရင်းစစ်က နှစ်စဉ်စစ်နေတဲ့ ပို့ ‌ဆောင်‌ရေး ‌အောက် က
‌လေဆိပ်တိုးချဲ့  ‌နေတာ‌တွေ မှာ Company နဲ့  Department's Engineerေ တွ က Budget ရဲ့  ၃ ပုံ ၂ ပုံ (သန်း ကိုေ သာင်းချီ လို့ ) ပွဲေ တွ့  ‌နေတာ
စာရင်းစစ် Director ရဲ့  Percentage အရ တင်မပြတာ၊ ဂျပန် က Yangon Airport Project ဖျက်ခံလိုက်ရလို့  Construction Materials ‌တွေ Vehicles ‌တွေ Equipments ‌တွေ ကို ဂျပန်ကို မသယ်‌တော့ပဲ စာရင်းနဲ့  လွှဲခဲ့တာ ‌တွေ ကို အစ ‌ဖျောက်ပစ်တာ ဒါ ‌တွေ ခင်ဗျား သိမှာပါ ရိုးသားစွာ မသိဘူး ဆိုလဲ သိ ‌အောင်လုပ်ဖို့  ပြန်ကြည့်စမ်းပါ ဗျာ.. ပြည်သူ့ ‌ေ ငြ ‌ေ တြ နဲ ့ ကားတွေ ဝယ်စီး အိမ်တွေ ဝယ် နဲ့  ရင်နာဘို့ေ ကာင်းလိုက် တာဗျာ .. အဲဒီ ဌာန အတွက် စ.စ.စ ဆိုတာ ဘယ်ရောက်‌နေလဲ .. လုပ် လိုက်စမ်း ပါ ..

Unknown said...

မြန်မာပြည်က အခုလက်ရှိကောင်တွေကလဲ အဲဒီလမ်းစဉ်ကိုပဲလိုက်ကြမှာပဲ
စားဖို့ပဲသိတဲ့အကောင်တွေလေ...။ မှတ်လောက်သားလောက်အောင်အရေးယူခြင်းမျိုးမှ မလုပ်တာ
ဌာနဆိုင်ရာအကုန်လုံးက ခြစား လာဒ်စားနေကြတာ...။ မှတ်လောက်သားလောက်အောင်အရေးယူပါလို့တောင်းဆိုခြင်းပါတယ်...
နောင်မျိုးဆက်တွေ အတုမခိုးမိအောင် လုပ်ပြသင့်ပါတယ်.။

Unknown said...

မြန်မာပြည်က အခုလက်ရှိကောင်တွေကလဲ အဲဒီလမ်းစဉ်ကိုပဲလိုက်ကြမှာပဲ
စားဖို့ပဲသိတဲ့အကောင်တွေလေ...။ မှတ်လောက်သားလောက်အောင်အရေးယူခြင်းမျိုးမှ မလုပ်တာ
ဌာနဆိုင်ရာအကုန်လုံးက ခြစား လာဒ်စားနေကြတာ...။ မှတ်လောက်သားလောက်အောင်အရေးယူပါလို့တောင်းဆိုခြင်းပါတယ်...
နောင်မျိုးဆက်တွေ အတုမခိုးမိအောင် လုပ်ပြသင့်ပါတယ်.။

goldentiger.mhs said...

လူတစ်ယောက်နဲ့
အလုပ်ကိစ္စတစ်ခုပြောဖို့တွေ့ဖြစ်ခဲ့ပါတယ်
အဲဒီလူကပြောပါတယ်
ခေတ်ကြီးကမကောင်းတော့ဘူးဗျာတဲ့
အရင်လိုလုပ်စားဖို့မလွယ်တော့ဘူးတဲ့
ကျွန်တော်အရမ်းအံ့သြသွားတာပါ
လက်ရှိသူ့အနေအထားကဆင်လောက်ရှိနေတာဆိုတော့
အရင်လုပ်စားလို့ကောင်းတုန်းက
သူကဘာကောင်ကြီးဖြစ်ခဲ့မလဲလို့အံ့သြတာပါ

Powered by Blogger.