ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဘက်မလိုက်ဘူးလို့ ဆို

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီးအနေဖြင့် မိမိတို့ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာနှင့် အညီဘက်မလိုက်ဘဲ မျှမျှတတ ပါဝင်ပူးပေါင်းကြီးကြပ် ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၈ ရက်နေ့ တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ၀န်ကြီးဌာနများ၊ အဖွဲ့ အစည်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လစ်လပ်လျက်ရှိသော လွှတ်တော်မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၅၉ မြို့နယ်တွင် တစ်ပြိုင်တည်း ကျင်းပ မည်ဖြစ်သည်။
“မိမိတို့နိုင်ငံသည် မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို ပြည်သူများ အားလုံး တက်ညီလက်ညီ လျှောက်လှမ်းနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်သည့်နေရာတွင် ဘက်မလိုက်ရန်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊ သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျလိုက်နာရန် ဆိုသည့် အချက်များသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် သာမက သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာ နများကပါ လေးစားလိုက်နာ ကျင့်သုံးရမည့် အချက်များပင် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံရ ရေး မဟုတ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ ကြီးကြပ်ကျင်းပပေးရေးပင် ဖြစ်ပါကြောင်း”တို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကြီးကြပ် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲနှင့် ပတ်သက်၍ ဥပဒေအရ ခွင့်ပြုထားသော ပုဂ္ဂိုလ်များကိုသာ ကြိုတင်မဲပေးခွင့်ပြုမည် ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များ အားလုံး မဲရုံများ၌သာ မဲပေးရမည် ဖြစ်ကြောင်း၊ မဲစာရင်းများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလမဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲစာရင်း တစ်မျက်နှာ လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ကူးယူခွင့်ပြုခဲ့ရာမှ ယခုအခါ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကို သူနှင့် သက်ဆိုင်သော မဲဆန္ဒနယ်၏ မဲစာရင်းတစ်စုံကို အခမဲ့ကူးယူခွင့်ပြုထား ပါကြောင်း၊ ကိုယ်စားလှယ်များ လက်ဝယ်တွင် မဲစာရင်းရှိနေပြီဖြစ်၍ ဥပဒေနှင့်အညီ စစ်ဆေးကြမည်လည်း ဖြစ်ပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီးယူအဖွဲ့ဝင် နိုင်ငံများက မြန်မာနိုင်ငံသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကို  လွတ်လပ်၍ တရားမျှတစွာ ကျင်းပပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၇  ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
EMG
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဘက်မလိုက်ဘူးလို့ ဆို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဘက်မလိုက်ဘူးလို့ ဆို Reviewed by သစ်ထူးလွင် on 13:28 Rating: 5

14 comments:

စပ်မိစပ်၇ာ said...

လာသေးတယ် တင်အေး၇ယ်..ကြည့်ကြသေးတာပေါ့

Weik Zar said...

အေးဗျာ။ကိုတင်အေး၊
ခင်ဗျာကတော့ပြောလိုက်ယင်အားရစရာကြီးဘဲ။
ဒါပေမဲ့ ခင်ဗျားရဲ့ကော်မရှင်ကလည်း
အခြေခံအကျဆုံးနဲ့ အရေးအကြီး
ဖြစ်တဲ့ Voter lists လေးတောင်
မှန်မှန်ကန်ကန် မပြုစုနိုင်ဘူးဆိုတော့။

မောင် said...

ပုဆိုးကို မတာကတော့ မာန်အပြည့်ဘဲ။

ခါးတောင်းကျိုက်ဘို့ ပေါင်းရင်းထိ လိပ်တင်တော့လဲအဟုတ်။

ပုဆိုးစကို ပေါင်ကြားကနေလျှိုပြီး နောက်ဖက်ကိုထိုးထည့်လိုက်မှ အလုံးလိုက် လွှဲထွက်လာတာ တော်တော်ဆိုးတယ်။

shweminthar said...

ဦးတင်အေးရေ ..ကျွန်တော် က တပ်ကလူတွေဆိုရင် ကြည့်မရဘူးဗျ။ဒါပေမဲ့ တောင်ငူမှာရှိနေကတည်းက ထူးထူးခြားခြားလေးစားတယ်..နောက် ဘုရားပေါ်မှာ ဘာအစောင့်ရှောက်မှမပါဘဲ တခါတွေ့တယ်...လေးစားတယ်...ထယ်ဝါမှုမလိုလားတဲ့သူလို့ယူဆတယ်..
အဲဒါတွေကြောင့် ခု ကော်မရှင်မှာ ဥက္ကဌ ရာထူးယူချိန်မှာ ...လေးစားယုံကြည်လောက်တဲ့ အပြုမူတွေနဲ့ သက်သေပြနိုင်မယ်လို့ယုံတယ်။
ဒါပေမဲ့..ဦးတင်အေးရေ...အောက်ခြေလေးတော့ကိုတိုင်လေး ဆင်းကြည့်ပါ။
လိမ်နေ ညာနေတာတွေကတော့ ဒုနဲ့ဒေးဗျ။လုပ်ချင်သလိုကို ဥပဒေတွေနဲ့ဆင်ခြင်တွေပေးပြီး ကြံ့ဖွံအားသားအောင်ကူပေးနေတာ...အဲဒါကော်မရှင် အလုပ်ဟုတ်ဘူးလေ...
ရှေ့ကဖြောင့်ဖြောင့်သွားပေမဲ့ နောက်က ကောက်ကောက်ပဲလိုက်နေသေးတယ်ဗျို့....

lwannaymie said...

ယုံလိုက်မယ်နော်၊ ဦးတင်အေးရေ... တသက်မှာဒီတခါတော့ယုံခြင်တယ်။ပြည်သူတွေအတွက်ပါ။.... အမေစုနဲ့လူ(၅)ယောက်တကယ်စိတ်တူကိုယ်တူကြိုးစားရင်.... မြန်မာနိုင်ငံယခုအချိန်မှနောက်(၅)နှစ်အတွင်း၊ စင်ကာပူမရှုံးဘူး။ (ဦးသိန်းစိန်၊ဦးအောင်မြင့်၊ဦးရွှေမန်း၊ဦးတင်အေး၊ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊)

Sandi said...

ကောင်းပါတယ်၊ ဒါပေမဲ့သမိုင်းဆိုတာရှိခဲ့တော့၊
ဦးတင်အေးရဲ့ စကားဘယ်လောက်ပေါက်မယ်
ဆိုတာစောင့်ကြည့်ပါဦးမယ်။
ယုံကြည်မှုတ်ာဆောက်တယ်ဆိုတာမျိုးပေါ့။

ko htoo said...

ကျေှးဇူးတင်ပါတယ် ဦးတင်အေးခင်ဗျာ။ တိုင်းပြည်နဲ့ အစိုးရဂုဏ်သိက္ခာရှိဖို့လိုပါတယ်။ တိုင်းပြည်သိက္ခာမရှိရင်၊ အစိုးရကလိမ်ကျရင် သူတို့ရှက်မရှက်မသိပေမယ့် ကျွန်တော်တို့ပြည်သူတွေမှာတော့ နိုင်ငံတကာမှာ မျက်နှာအောက်ကျလှပါတယ်။

myosanoo said...

ဦးတင်အေးရေရှက်တတ်ရင်အပြောနဲ့အလုပ်ညီပစေ. ယခုအချိန်အထိတော့လုံးဝမညီပါ ရွှာလုံးကျွတ်မဲစာရင်းတွေပျောက်နေတာကဘာသဘောလဲဆိုတာကိုဖာသာကိုသိနေမှာပါနော်. မမှန်မကန်ခင်ဗျားတို့ရဲ့လုပ်ရပ်တေကိုအချိန်မှီပြင်ပါ. မပြင်ရင်တော့နောက်နေ့ကစပြီးအထပ်စဉ်ပါတဲ့ချိပ်ထမိန်တာဝတ်တြော့ဗျာခင်ဗျားတိုတွေလွှတ်တော်ထဲမှာဝတ်နေကြတဲ့ချိတ်ထမီတွေကအထပ်စဉ်မပါဘူးဗျ. ဒေါ်တင်အေး ဖာသယ်ပါးစပ်မဖြစ်ပါစေနဲ့လိုသတိပေးပါရစေ

nationalism said...

You should work more batter than your talk .
you are no fear in your job ?
we all knew a lot of mistake in your job , do properly .

snow said...

တင်အေးကတော်တော်ပုံပြောတတ်တယ်နော်။အင်းသတိတော့ထားရမယ်တပ်ကထွက်ရင်မရှိတဲ့ပုံပြင်ကိုအရှိလုပ်ပြောတတ်တာတပ်ထွက်တွေရဲ့ရောဂါတမျိုးလဲနာ်။ဒို့ကတော့သေတောင်မယုံဘူး။မင်းတို့တွေဘယ်အချိန်တုန်းကမှန်တာလုပ်ဘူးလဲ

ye gyi said...

ဦးဦးသားတို့ တရွာလုံးကို သေစာရင်းသွင်းလိုက်ပါလားဟင်...အဲ့ဒါမှ မဲပေးလို့ရမှာ...

မိုးမခ said...

ကိုရွှေမင်းသား ပြောတာကို ထောက်ခံပါတယ်။
ကြံ့ဖွံ့ဟာ ယုံကြည်လောက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူတွေနည်းပါးတယ် ဆိုတာကိုတော့ ဦးတင်အေးအနေနဲ့ သတိချပ် စေချင်ပါတယ်။ အိတ်ပေါက်နဲ့ ဖားကောက်မိသလိုဖြစ်နေမှာစိုးလို့ပါ။ ကိုယ့်လူတွေလဲ သေချာ စိစစ်ပါဦး။ ဒါဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ ပြောတာပါ။
ကြံ့ဖွံ့ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတယ်ဆိုတာကိုလဲ သိစေချင်လို့ပါ။

keejo said...

You have my full respect Sir.

But we never know who is controlling behind this Government.

kokomaung said...

မီဒီယာကို ပြောရင်အမှန်ကန်ပြောတာ။ပြီးရင်ကိုလုပ်ချင်ရာ လုပ်တာ။
န အ ဖ တုန်းက ဒီအတိုင်းပဲ။
လွတ်တော်မှာလည်းဒီလူတွေပဲ။
ပြည်သူကိုနဲနဲ လျှော.ထားတာ။ အရင်က ဖက်ဆစ် စနစ်ကို ဒီမိုကရေစီ ပါးပါးလေးသုတ်ထားတာပါ။ ဖွဲ.စည်းပုံအခြေခံဥပဒေမှာ စစ်တပ်အမှုကို(စစ်တပ်ကကြိုက်သလောက်စား)
ကာကွယ်ရေးဦးစီးချုပ်ပဲကိုင်မယ်။ N L D ကိုရသလောက်ညစ်မယ်။
ဟုတ်တယ်မို.လား ကိုတင်အေးရယ်။ ရိုးနေပြီ။

Powered by Blogger.