အာဏာရှင်တွေကိစ္စမသေချာလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို

ရာမညမြေမှာမဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-ကျော်ဇေယျာဝင်း(Weekly Express Times Journal)
အာဏာရှင်တွေတက်ရေးမတက်ရေးနှင့် ပေါ်လာရေးမပေါ်လာရေးမှာ မရေရာသည့်ကိစ္စတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်းယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ်အထိ မော်လမြိုင်မြို့၊ ခြောက်မိုင်ရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ ''လူအခွင့်အရေးတွေအားလုံးကို ကျွန်မတို့ပြည်သူတွေပြည့်ပြည့်၀၀မရသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီမိုကရေစီအစစ်ဆိုတာ ဒီနိုင်ငံမှာ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင်တွေ မတက်ရေး၊တက်ရေးဆိုတာလည်း ပြန်ပီးတော့ ပေါ်လာရေး၊မပေါ်လာရေးဆိုတာလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိဖြစ်နေပါသေးတယ်
ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေမအောင်မြင်သေးတဲ့အတွက် ထပ်ပြီးလုပ်စရာတွေ အများကြီးရှိနေပါတယ်'' ဟုပြောကြားခဲ့သည်။
7Day
အာဏာရှင်တွေကိစ္စမသေချာလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို အာဏာရှင်တွေကိစ္စမသေချာလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို Reviewed by သစ်ထူးလွင် on 13:42 Rating: 5

2 comments:

Anonymous said...

ဒီမိုကရေစီ အစစ်အမှန် ရလာဖို့ ဆိုတာ အန်တီစု လွှတ်တော်ထဲ မြန်မြန် ရောက်မှပဲ မျှော်လင့်နိုင်တော့မယ် . . . ကယ်တင်ပေးပါ အန်တီစုရယ် . . .အန်တီစု အန္တရာယ်ကင်းဘေးရှင်းပြီး ကျန်းမာ သက်ရှည်ဖို့ ဆုတောင်းပေးနေပါတယ် . . .

pyaponthu said...

ခုချိန်ထိတော့ ဒီမိုကရေစီက စစ်တယ် ပြောလို့မရသေးဘူး။ဝန်ကြီးတွေ အားလုံး ဆင်းသင့်ပြီး စားလို့ပြီးမှာ မှုတ်တော့ဘူး။

Powered by Blogger.