အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ

ဦးသန်းရွှေ မိသားစုကို အိန္ဒိယမှာတွေ့ ရစဉ်
ဒီ ဘလော့ကို ဌာနတွင်းလူမှ ပြောပြ၍ အများပြည်သူသိအောင်တင်လိုက်ခြင်းဖြစ်ပါတယ်။
နေပြည်တော်တွင် ဦးသန်းရွှေ ၏ သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊ 
 အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။
အသုံးမကျသော အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င်
 အင်ဂျင်နီယာများကိုလည်း ရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကိုင်နေသော စည်းပွားရေးလုပ်ငန်းများဖြစ်သည့်----
၁။ မြတ်မင်္ဂလာဟိုတယ်တွင် 1000 KVA Transfer (၁)လုံး           
၂။ ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊
၃။ မြေကွက်အမှတ် (၄၃) (ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး
စုစုပေါင်း (၃)လုံးအား ၄င်းတို့ဖခင်အရှိန်အ၀ါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)


 အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ စုစုပေါင်း 
၂ နှစ်ကျော်) မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများ
ကိုယ်တိုင်ဦးစီး၍ ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍ တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။


၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင် 
ကျပ်ငွေ သိန်းတစ်ရာ ၀န်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်
တွင်ရှိကြောင်း၊ ၄င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း  အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။


လစဉ် ၄င်းတို့ဗိုလ်ကျ၍ မီတာခမဆောင်သော ငွေပမာဏကို ဖွံ့ဖြိုးမှုအားနည်းသော
 ဒေသများတွင် အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ
 လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ 
လုပ်ငန်းသုံးအတွက် ၂၀၀၀ ၀ပ်(2kW)ပမာဏ လျှပ်စစ်မီးခိုးသုံးနေလျှင် တွက်ချက်ပုံမှာ-
(2kW/1kWh)x12 hr x 365 days x 75 Ks = 657000 Ks( ခြောက်သိန်းငါးသောင်း
ခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမ၀င်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
(800 kW /1kWh) x 12 hr x 365 days x 75 Ks = 262800000 ( နှစ်ထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်သိန်း)ဟု ၄င်း ပုဂ္ဂိုလ်ပြောပြ၍ သိရှိရသည်။


 Transfer (၃) လုံးအတွက် နှင့် (၂) နှစ်ကျော် မီတာခ မဆောင်သော ငွေပမာဏကို 
အများပြည်သူများ ကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများ ကျွန်တော်ပြထားသော အင်ဂျင်နီယာများထံသို့ သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၄င်းအင်ဂျင်နီယာများ.. 
အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်.....

 Sky Star

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သား/
သမီးများပိုင်ဆိုင်သော စည်းပွားရေးလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားကိုအလကားတိုက်ရိုက်ပေးထားခြင်းအား ၀န်ကြီးအပါအ၀င် ကိုယ်တိုင်ဆောင်ရွက်ပေးသောအင်ဂျင်နီယာများနှင့်သိရှိသော်လည်းအရေးမယူသော
အင်ဂျင်နီယာများ
စဉ် အမည်
ရုံးအမည် ဖုန်းနံပါတ်
ရာထူး Minister ရုံးအမှတ်(၂၇) 067-414139
ဦးအောင်သန်းဦး Vice Minister ရုံးအမှတ်(၂၇) 09-8303200
ဦးခင်မောင်ဇော် Director General ရုံးအမှတ်(၂၇) 067-410483
ဦးညိုမြင့် Head Officer ရုံးအမှတ်(၂၇) 09-8603003
ဦးမြင့်အောင် Mananging Director ရုံးအမှတ်(၅၃) 09-8600134
ဦးအောင်မြင့် Chief Engineer ရုံးအမှတ်(၅၃) 067-440064
ဦးကျော်ငြိမ်း Deputy Chief Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302992
ဦးမြင့်သန်း Superindentent Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49202881
ဦးမျိုးသန့်ထွန်း Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202897
၁၀ ဦးသက်ပိုင်မျိုး Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202896
၁၁ ဦးအောင်မျိုးသွင် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202883
၁၂ ဦးခန့်ထက် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202895
၁၃ ဦးလှဖုန်း Executive Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-2018504
၁၄ ဦးဝင်းလွင်ရှိန် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၅ ဦးဆန်းနိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၆ ဦးစိုးထွဋ်ခိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၇ ဦးအောင်သက်ဝေ Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302787
၁၈ ဦးကြည်မြင့် Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49344574
၁၉ ဦးတင်မျိုးအောင် Sub-Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49213842
၂၀ ဦးစိုးပိုင်ထွန်း Sub-Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49220318
၂၁ ဦးဆန်းလင်းထွန်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၄) 09-43079297
၂၂ ဦးဇေယျာလင်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၅) 067-419097
၂၃ ဦးအောင်ကျော်ငြိမ်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၆) 067-413252
၂၄ ဦးခိုင်မင်းဦး Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၇) 067-414521
၂၅ ဦးဇော်မင်း Sub-Assitant Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂)
အပြည့်အစုံကိုPDF File မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ Engineers
အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ Reviewed by သစ်ထူးလွင် on 02:36 Rating: 5

58 comments:

thethnin said...

ဦးသန်းရွှေအနားယူသွာပါပီ..
ဒါပေမယ် ဒေါ်ကွိုင်ကွိုင်နဲ့ အဖွဲ့က အရင်လိုပဲ
စားလိုက်ဝါးလိုက်

ye gyi said...

ဦးသန်းရွှေ+ဒေါ်ကြိုင်ကြိုင် မိသားစုကျန်းမာပါစေ၊ချမ်းသာပါစေ၊ ပြည်သူတွေဒုက္ခရောက်သလိုမျိုး၊ပြည်သူတွေ သွေးမြေကျသလိုမျိုး မင်းတို့မိသားစု ဒုက္ခမရောက်ပါစေနဲ့၊သွေးမြေ မကျပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်...

Thar Htet said...

အပေါ်က. အကိုတွက်ပြတာ. နည်းနေသလားလို့ပါ။. နေပြည်တော်ဟာ. ၁၂- ၃ာရိသာမိးရတာမဟုတ်ပါဘူး။၂၄-နာရိရတာပါ။ဒါကြောင့်. KW 1000- အတွက်. တစ်နှစ်ကို ငွေကျပ် -၅၂၅,၆၀၀,၀၀၀ (ကျပ် သိန်း. ငါးထောင်နှစ်ရာခြောက်ဆယ်)တောင်ရှိနေပါတယ်- နှစ်နှစ်ဆိုတော့. သိန်းတစ်သောင်းကျော်( တစ်ဘိလိယံကျော်) ရှိပိး. သုံးလုံးဆိုတော့. ၂.၅ ဘိလိယံ၊ ဒါတွေကို. ပညာရေးအသုံးစရိတ်မှာတိုးသုံးရရင်--------------

အမြင်သစ် said...

ဓါတ်ပုံကို မြင်ရတာ မတန်မရာဗျာ ။ဘုရားရှစ်ခိုးနေတာလား ။
ငရဲ မကျချင်ကြောင်း ဆုတောင်းနေတာလား မသိ၊
ပြိတ္တာ ကြီး အ၀တ်ဖြူစည်း ထားသလိုပါဘဲဗျာ ။

ှဲKaung said...

ရှုးးးးးးးးးးးးးးးး
ဒီကိစ္စ သမ္မတကြီး သွားမတိုင်နဲ့ 
သမ္မတကြီးလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။

nationalism said...

Please , Mr President
why are they about the law , where justic ?

saw 00 said...

လက်ရှိ အာဏာ မရှိ တော့တာတောင် တိုင်းပြည် ငွေတွေကို ဒီလို မတရား သုံးနေသေး တာဆိုတော့ အရင် အာဏာ ရှိတုန်းက ဘယ်လောက်များ တိုင်းပြည် ငွေ တွေ သုံးဖြုန်းခဲ့ မလဲ ဆိုတာ၊တမိသားစု လုံး အတွက် နောက်ဘ၀ မှာ ဒယ်အိုးကြီးကြီး အဆင်သင့် စောင့်နေတယ်လို့ သိထားပါ။

su said...

ဒီကိစ္စ ကို သန့်ရှင်းသော အစိုးရ ဆိုတဲ့ စကားလုံးကို ပြောဆိုသုံးစွဲခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘယ်လို ကိုင်တိုင်ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။ အပြောနဲ့ အလုပ် ညီပါစေဗျာ။

pyaponthu said...

အမှန်တော့သူတို့ ကိုနိုင်ငံတကာစစ်ခုံရုံတင်မှအေးမယ်။သေတာတောင်ငရဲမှာအုပ်စုလိုက်သွားနေမယ့်ဟာတွေ။မစားဖူး မသောက်ဖူးမနေဖူးလို့မျိုဆို့လို့ဘဲ မဝတော့ဘူး။ဒီကိစ္စကို အမြန်ဖြေရှင်းသင့်တယ်။နေ့စဉ် ထမင်းမှန်မှန်မစားရတဲ့သူတွေ၊ထမင်းတနပ်စားဖို့ရုန်းကန်နေရတဲ့သူတွေမြန်မာ ပြည်မှာ သန်းနဲ့ချီရှိနေတယ်။သူတို့တစုဘဲအသက်ရှိတာမဟုတ်ဘူး။ကြည့်နေပါ နင်တို့မသေခင် ဘယ်လို ဝဋ်လည်မလဲဆိုတာ စောင့်ကြည့်အုံးမယ်။

Anonymous said...

ဒါတင်ဘယ်ကမတုန်း၊ရန်ကုန်မှာရှိတဲ့မိသားစုကို၊ရန်ကုန်တိုင်း စစ်ဌာနချုပ်က၊နေ့စဉ်နေ့တိုင်းမိုးလင်းကမိုးချုပ်ကျွေးနေရတာ
ယနေ့ထိဘဲ၊မယုံမရှိနဲ့ လစဉ်သိန်း(၄၀)အနဲဆုံးကုန်တယ်။အဲဒီ မိသားစုကအပြင်မှာကုန်ဈေးနှုန်းဘယ်လိုဆိုတာသိတာမဟုတ်ဘူး
သူတို့အတွက်စားစရာဆိုတာပါးစပ်ကမှာသမျှ အလကားရနေတာ လေ။

kokomaung said...

(www.ငရဲခွေးများ.com )တွင်ဆက်လက်ကြည်.ရှုပါရန်။

Diper92moe said...

ဦးသန်းရွှေ...ခင်ဗျားကိုဘုရားမရိုက်ပါစေနဲ့လို့ဆုတခုသာတောင်းပါဗျာ...အများကြီးမပြောချင်ဘူး..လျှာပေလို့

pyaponthu said...

သူတို့လူစုကို နိုင်ငံတကာ စစ်ခုံရုံးတင်မှအေးမယ်။သန်းပေါင်းများစွာ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို မကြည့်ဘူး။ငရဲမှာ နင်တို့အတွက် နေရာတွေအများကြီးဘဲ စောင့်နေကြတယ်။

စွမ်းရည် said...

မိုက်ရိုင်းလိုက်တာကွာ

စွမ်းရည် said...

မိုက်ရုင်းလိုက်တာကွာ

tapaungthi said...

ဟုတ်ပါတယ် ဒယ်အိုးကြီးက သူတို့ရှေ့မှာ ရှိနေပါတယ် သူတို့မမြင်လို့ပါ
ပြည်သူတွေအားလုံးကတော့ မြင်နေကြပါတယ်

pyaponthu said...

နင်တို့ ယူလို့ခုထိမဝ ကြသေးဘူးလား။နင်တို့အုပ်စုအားလုံးကိုနိုင်ငံတကားစစ်ခုံရုံးတင်သင့်ပြီး။နင်တို့အုပ်စုကို ငရဲမင်းက ပြုံးပြုံလေး စောင့်နေတယ်။နေရာဦးစရာမလိုဘူး။အဆင်သင့်ဘဲ။ဒါပေမဲ့မသေခင်နင်တို့ဘယ်လိုခံစားရမလဲ ကြည့်လိုက်။တိုင်းပြည်သူတွေကိုမကြည့်ဘူး။တရုတ်ကို မြစ်ဆုံပေးလုပ်တယ်။နင့်မြေးတွေကိုတရုတ်ကိုပေးလိုက်

Anonymous said...

ဘုန်းကြီးကတင်ပုလ္လင်ချိတ်ထိုင်ရမှာကိုပုဆစ်တုပ်ကလေးထိုင်နေရပြီးသန်းရွှေကတင်ပုလ္လင်ချိတ်ထိုင်နေတယ်၊ဘုန်းကြီးကပြန်ပြီးကတော့ရမယ့်ပုံပဲ၊ဒါကတော့မဖြစ်သင့်ဘူး၊

ko pwa said...

အဲလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ဟေ့။ အခုဆို တင်ဒါပြိုင်ရင် အရင်ကလို ဈေးနဲတာမ၀ယ်တော့ဘူးဗျ MOEP-2 က ဈေးများတာကိုပဲ အများဆုံးဝယ်တော့တာဗျာ။ မယုံရင် MEPE ပစ္စည်းစီမံက အထွေထွေမန်နေဂျာ ဦးတင်စိုးကိုသာ မေးကြည့်တော့။ သူလဲ ဌာနမှာ ကျန်တဲ့သူတွေ ပေးမစားပဲ သူပဲ ဒိုင်ခံ ၀ိုက်နေလို့ အောက်ကလူတွေခင်ဗျာ တော်တော်သနားဖို့ကောင်းပါတယ်။ မယုံမရှိနဲ့ သူလဲ စစ်မှုထမ်းဟောင်းပဲ။ ဟဲဟဲ....

kiddykid said...

ပြောမနေနဲ့....လက်ညောင်းတာပဲ အဖတ်တင်မယ်..ဒီလိုပဲပြီးသွားမှာပဲ.
အတူတူနဲ့ အနူတွေကြီးပဲ...သူမသာ ကိုယ်အသုဘ..လိုပေါ့။ အလကား..အခုအချိန်ထိ ..ဘာမှ မထူးခြားတာ..

ktd said...

အမှုဖွင့်ကြကွာ၊ အရေးယူကြကွာ၊
ငါတို့ပြည်သူတွေအားလုံး သက်သေလိုက်မယ်။
နောက်မဆုတ်ကြေး လုပ်ကြ။
ပြည်သူတွေနစ်နာတယ် ဆိုတာ သိသူအားလုံး ပါဝင်ခွင့်ရှိတယ်။ ။ ။

brave heart said...

မင်းတို့မိသာစု ဆွေစဉ်မျိုးဆက် အထက်ခုနှစ်ဆက် အောက်ခုနှစ်ဆက် ဘဝအဆက်ဆက် သံသရာအဆက်ဆက် အာဏာအသုံးပြုပြီး ကျန်းမာပါစေ ချမ်းသာပါစေ...ပြည်သူတွေမျက်ရည်ကျသလို မကျပါစေနဲ့...ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေသလို မငတ်မွတ် မခေါင်းပါးပါစေနဲ့..ပြည်သူတွေ အသေဆိုးနဲ့သေရသလို မသေကျပါစေနဲ့... ပြည်သူတွေ မတရားညင်းဆဲခံရသလို မခံရပါစေနဲ့..ပြည်သူတွေ သွေးမြေကျသလို သွေးမြေမကျပါစေနဲ့...ပြည်သူတွေ မတရား အချူပ်အနှောင်ခံရသလို မခံရပါစေနဲ့...ပြည်သူတွေ ဒုက္ခရောက်သလို မရောက်ပါစေနဲ့...စကြာဝဌာ အနန္တ ကမ္ဘာမြေကြီးအား တိုင်တည်သစ္စာပြုပါသည်...

rambo said...

He used people money for his own family he never think of of the people who nothing to eat no place to sleep a lot of people die without treated there disease because there no clinic or Nurse and Doctor most of the village, there life is hell, unlucky to be born in myanmar in the first place, So at least 1% of these money use for people they will be very happy, so sad---------

pyaponthu said...

မြစ်ဆုံစီမံကိန်းကလည်း ဒင်းတို့လုပ်ခဲ့တာ။ပြည်သူအကျိုးကိုသေတာကြည့်မဲ့ ကောင်တွေမှုတ်ဘူး။မသေခင်ဒင်းတို့ ဘယ်လိုခံစားရမလဲ ဆိုတာ ကြည့်အုံးမယ်။ ဒင်းတို့ ချမ်းသာလေ ပြည်သူတွေ ဆင်းရဲလေဘဲ။

Anonymous said...

pity to Mr.president.you can do nothing.HAR HARRRRRRRRRRR.

Mr.Original said...

ွပွင့် လင်းတဲ့ ခောတ်မှာ အများနဲ့ ဆက်ဆံရေးတွေမှာ တကယ်လိုအပ်တာက ရိုးသာမှု့ ပါ ...ပွင့် လင်းမှုပါ....ဒါမှလဲ တစ်ယောက်နဲ့ တစ်ယောက် လိပ်ပြာသန့် ကြမှာပါ .....
ထောက်ပြချင်တဲ့ သူ ....ဝေဖန်ချင်တဲ့ လူ ....အဝေဖန်ခံရတဲ့ လူ...ကောင်းစေချင်တဲ့ စိတ်...ပျက်စေချင်တဲ့ စိတ် ....... ဒါတွေကိုတော့ သတိထားဖို့ လိုပါတယ်....ဘယ်အခြေအနေပဲလာလာ ဘာပဲပြောပြော ပွင့် လင်းကြမှရမှာပါ...ရိုးသားကြရမှာပါ...
ဒီသတင်းကိုတင်တဲ့ လူရယ် ....ဖက်ရတဲ့ လူရယ်ကြားမှာ ...သေချာတိကျဖို့ တော့ လိုပါတယ်....အပြောခံရတဲ့ လူကလဲ မဟုတ်ရင်မဟုတ်ကြောင်းပြန်ရှင်းနိုင်ရပါမယ်....ဒါ့ ကြောင့် ကိုယ့် ဘက်ကိုယ်စီက သေချာဖို့ တော့ လိုပါတယ်။

tertee said...

ဖြစ်ချင်တိုင်းဖြစ်..လုပ်ချင်တိုင်းလုပ်နေတော.တာပါဘဲဗျာ....
ကာချုပ်သစ်လေးမှာ..မြေးတော်လေးမရှိပါစေနဲ.ဘဲ ဆုတောင်းရပါတယ်....

babagyi said...

မပြောတော့ဘူးမောတယ်လုပ်ချင်ရာတာလုပ်တော့ကုန်လဲအေးတာပဲ

babagyi said...

မပြောတော့ဘူးမောတယ်လုပ်ချင်ရာတာလုပ်တော့ကုန်လဲအေးတာပဲ

ချစ်ဖူး said...

ဆုတောင်းနေလည်း ဒယ်အိုးကတော့ မလွတ်နိုင်တော့ဘူး။

OZI said...

Mr. President and U Shwe Man, Don't close your eye.

ဂွကြီး said...

အလုပ်ကနှုတ်ထွက်၊အနားယူလိုက်တယ်လို့ဆိုယုံနဲ့ ဒီကောင်တွေကိုဒီလိုဘဲ လွှတ်ထားမှာလား။ နောက်အစိုးရလက်ထက်မှာဒါတွေကို ဖော်ထုတ်ပြီးအရေးယူစေချင်တယ်။ အရေးယူကိုယူရမယ်....

Unknown said...

စားချင်သလောက်လေး စားကြပါစေကွာ မကြာခင်မှာ သူတို့တွေ ပိုင်ဆိုင်ထားသမျှ ပြည်သူပိုင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ရတော့မယ့်အချိန်တွေက နီးသထက်နီးလာပါပြီ.....ကဒါဖီတို့ မိသားစုကို သူတို့မိသားစုသွားပြီးတော့ သတိရစေချင်တယ်.......။ သူတို့မိသားစုရဲ့ ဘ၀ ဇာတ်သိမ်းလေးကိုလဲ စောင့်ကြည့်ကြစမ်းပါအု့း.....

Lwiekaungchan said...

လူလိုမစဉ်းစားတတ်တဲ့ သတ္တ၀ါတွေကိုသွားပြောနေလို့ကတော့ မောတာပဲအဖတ်တင်မယ်သူငယ်ချင်းတို့ရေ။

Anonymous said...

ပြောလည်း မောတာပဲ အဖတ်တင်မယ် ဒါတင်ထားလို့  ၀န်ထမ်းလေးတွေ ဟိုပြောင်းဒီပြောင်းအပြင် ဘာမှဖြစ်မလာဘူး အဓိကတာဝန်ရှိတာ ဒီဝန်ထမ်းလေးတွေမဟုတ် ဘူး ။ ဘယ်ဝန်ထမ်းမှသွားမကောက်ရဲတာာ ဘယ်သူ့ ကြောင့် လဲ?

pk said...

ဒယ်အိုးမိသားစု

Anonymous said...

နေပြည်တော် တိုင်းလျှပ်စစ်ရုံးကို ဘယ်လို စာရင်းစစ်တွေစစ်တာ လဲ ဒါတောင်ပေါ်အောင် မစစ်နိုင်ဘူးလား ကြွေးတာစား ပေးတာယူပြီးပြန်တာလား

Anonymous said...

အာဏာရှင်ကြီးက နိုင်ငံကိုစောက်ဂရုမစိုက်ဘဲ ဒေါ်မကြိုင်နဲ့ အတူ မိသားစုများ
လုပ်ချင်တာလုပ်..ယူချင်တာယူ.. လုပ်နေတာတွေကို .. ရပ်တန်းကရပ်သင့်ပီ
ထင်တယ်.. လူမှန်ရင် မိမိဘာသာတရားကို မှန်မှန်ကန်ကန်ကိုးကွယ်ပြီူးတော့...
တန်ဘိုးထားရမယ်မဟုတ်လား.... သူတို့ကတော့ ငရဲသို့လားရာအမှန်ဧကန်..
ဘယ်လိုဘဲ လုပ်လုပ် ပြေးစရာမြေမရှိ၊ သေမိန့်ကျလာအုန်းမှာပါ...လူလဲမုန်း..
အာဏာလဲမုန်း...ငရဲကတော့ဝယ်လ်ကမ်းပေါ့သန်းရွှေနဲ့ ကွိုင်ကွိုင်မိသားစုရယ်............ဟားဟားဟား..

ကိုငလင်း said...

ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိစေရဘူး ဆို....
သင်းတို့တွေအတွက်ဥပဒေကဘာမှ မသက်ရောက်တော့ဘူးလား...

skyblue said...

သူတို့ကမပေးတော့လည်း ဦးပိုင်လီမိတက်ကကော ပေးလို့လား၊ အတူတူတွေဘဲ။သူတို့အတွက်ကျေအောင် ပြည်သူတွေဆီကဘဲ နှစ်ဆကောက်နေတာ

Web Walker said...

သမ္မတကြီးခင်ဗျား။လက်ရှိအစိုးရသည်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏၊နယ်ရုပ်အစိုးရမဟုတ်ဘူးဆိုလျှင်၊အလုပ်နှင့်သက်သေပြပါခင်ဗျား။တကယ့်လွတ်လပ်တဲ့အစိုးရလား၊သခင်ကြီးကိုကာကွယ်ဘို့ဖွဲ့စည်းထားတဲ့အစိုးရလားဆိုတာကို၊တပြည်လုံးကစောင့်ကြည့်နေကြပါတယ်။

Anonymous said...

Whatever they do, Hell is waiting for than shwe gyi and family to meet with Nay Win. Myint Aung and Soe Win will welcome them from hell.

Myanmar said...

ဒီနေရာလေးမှာ ပြောချင်ပါတယ် အစ်ကိုတို့ရာ အာလုံးပေါင်းရင် ၂.၅ ဘီလီယံဆိုတော့ အဲထဲကနည်းနည်းလောက်များ ဘယ်သူထုတ်လိုက်လဲမသိ ဘုရားတရားတောင်မသိရတော့ ကိုလက်အင်္ဂါ ချို့သူတွေ တောထဲပို့ထားတယ်လေဗျာ .. Human is Human being. ပေါ့
prisoner is Human being.

ရန်ရှင်းလေး said...

prodemoman ပြောတာ ဟုတ်တယ်ဟ..
ဝန်ထမ်းလေးကို မလုပ်ရဘူး.. ၀န်ထမ်းကြီးဖြစ်တဲ့ သူတွေက
မသိချင်ယောင်ဆောင် ခေါင်းရှောင်တော့.. ၀န်ထမ်းလေးတွေက
ဘာတတ်နိုင်မှာလဲ.. တာဝန်ရှိတာ သမ္မတနဲ့ ၀န်ကြီးမှာ..

အဲဒီလိုနည်းတွေနဲ့ ပြည်သူ့ဘဏ္ဍာ ပျောက်ဆုံးကုန်တော့
ဒို့နိုင်ငံက မတိုးတက်တာကိုးဗျ... အဲလို လူမျိုးတွေ
ပေးမည့်ငွေကို ၀န်ထမ်းလစာတွေ အနေနဲ့ တိုးပေး..
ပြည်သူ့ ကောင်းကျိုးပြုမည့်နေရာတွေမှာ သုံးပေးရင်..

nilaraung15 said...

သြော် လောကကြီးကမတရားတာလား?
လူတွေကမတရားတာလား?

dreamworld said...

ဘာပဲဖြစ်ဖြစ်တရားမျှတမှုရှိဖို့ အရေးကြီးပါတယ်

virus zaw said...

အားလုံးကိုပြောချင်တာက ,,,လူ,,,ထမင်းစားသည်,,,မစားဘဲနေရန် အချိန်ဘယ်လောက်ကျင့်ရမလဲ,,,,,

တိပံင်ကောံ said...

သာဓုကွယ်...သာဓု..သာဓု။ သားတော်ငသန်းရွေက အလာကောင်းပေမယ့် အခါတော့နှောင်းသွားပြီကွယ်။ သားတော်ငသန်းရွေရဲ့ အသိဥာဏ်မဲ့လူမဆန်တဲ့ လုပ်ရပ်တွေက မင်းကိုမေ့သွားမှာမဟုတ်တော့ပါဘူးကွယ်.....

zarni said...

သူတို့ ဖေဖေကြီးတင်လို့ ဒီနေရာရောက်လာတာလေ
ဖေဖေကြီးကို ကျေးဇူးဆပ်ချင်လို့လားမှ မသိတာ
အရမ်းအပြစ်မတင်ပါနဲ့
ဖေဖေကြီးတို့ ဖေဖေလေးတို့ ပြန်လာမယ် ထင်နေတဲ့ ကလေးတွေပါ
ကလေးတွေက သိပ်မရင့်ကျက်လို လုပ်မိတာပါ
အရင်ကတည်းက ဖေဖေ့ကို ကြောက်ရတာ
ဖေဖေက ကျွေးမှ စားခဲ့ရတဲ့ အချိန်တွေသတိရလို့
ကျွေးဖေ ကျေးဇူးဆပ်ချင်တာလေးတခုတည်းပါ
ကလေးတွေကို မဆူပါနဲ့

ချိုချို said...

ဘီဘီစီတို့ ဗွီအိုအေတို့ ကတဆင့် လူထုအော်သံသဘောမျိုး ပြောသင့်တယ်။
အရင်က မတော်မတရားယူထားတာ တမျိုးလုံး ဆယ်သက်စားမကုန်ရှိနေပြီဘဲ..
လူစိတ်ကလေးမွေးပြီး ဆင်းရဲသားတွေကို ညှာသင့်တယ်နော်....

Myanmar said...

ကြားခဲ့ဘူးတယ် ဖတ်ခဲ့ဘူးတယ် အဇာတသတ်က ဖခင်ကိုသတ်လိုက်တာ ပဉ္စာနန္တရိယကံထိုက်သတဲ့ တကယ်လိုသာ အဖေ မသတ်ခဲ့ဘူးဆိုရင် အဟော-ကောင်းစွ မဟာပုရိသ တ၀- လာချင်းကောင်းသော ယောက်ျားမြတ်ကြီးပါတကား great men,great being,
အခုတော့ အဇာတသတ် မျိုးဖြစ်မလားပဲ..... ကွယ်ယို့

Anonymous said...

ပြောတော့လဲ တရားဝင်အနားယူသွားပြီဆို။

Anonymous said...

ဒါနဲ့များရှုံးတယ်ဆိုပြီးမီတာခတွေတက်တာ
ဒါကြောင့်ကိုး။ငါတို့ပြည်သူတွေကနွားတွေလား။
နင်တို့လေအမေစုရှိနေလို့..
မဟုတ်လို့ကဒီ့ထက်ဆိုးရွားနေပြီးမြန်မာပြည်မှာ
မှီတင်းနေထိုင်နေသောပြည်သူတွေကို
ခွေးတွေတိရိစ္ဆာန်တွေလိုသဘောထားပြီး
ရက်စက်အုံးမယ်ဆိုတာသိနေလို့
ဘုရားကလည်းအမေစုကိုငါတို့
အတွက်ဆုတခုချပေးလိုက်လေသလား။
အမေစုကလည်းနိုင်ငံခြားမှာကြီးပြင်းပြီး
မြန်မာစစ်အာဏာရှင်တွေနဲ့
အိမ်ထောင်မကျတာကိုက
ကံကောင်းလိုက်တာ...
နင်တို့လိုသွေးညစ်သွေးပုတ်တွေ
ကူးစက်ကုန်မှာ...
မီတာခတွေကိုမြန်မာပြည်မှာ
နေထိုင်သူတိုင်းဆောင်ရမယ်။
တောင်းကြပါပြည်သူတွေ...
ဒီအတိုင်းပဲကြည့်နေရင်
သူတို့အုပ်စုကမှားနေအုံးမှာပဲ..
ငရဲအိုးကကြာနေတယ်။
နေတိုးအဖွဲ့ကိုအကူညီတောင်း
ဆုံးမခိုင်းရမယ်။
မီတာခကိုတိုးတောင်းတာကိုလက်မခံကြပါနဲ့။
နီုင်ငံတော်ပိုင်ကိုအလွဲသုံးစားလုပ်နေတာ
သူတို့အတွက်ဥပဒေမရှိဘူးလား။
မဲစွယ်တာကအစ
အမေစုဆိုရင်သူ့ကိုယ်ပိုင်ငွေလေးနဲ့
ရိုးရိုးသားသားမဲစွယ်တယ်။
သူတို့မှာတော့နိုင်ငံတော်မြေ..နေရာ..မီး..ရေ...
ပိုက်ဆံအားလုံးဂုံးဆင်းလိုက်ပြီး
မဲစွယ်နေလိုက်တာ
ရွံ့စရာကောင်းလွန်းလို့...
ရှင်တို့ရဲ့လုပ်ဆောင်ချက်တွေကို
အော့နှလုံးနာလွန်းလို့ပါ။
ဒါကြောင့်ရပ်ကွပ်ထဲမှာနေရာပေးမယ်
ငပွကြီးလုပ်ခိုင်းတာတောင်
ဘယ်တော့မှငါဆိုတဲ့အခွင့်ထူးခံမလုပ်ပါ။
အများဒုက္ခရောက်နေတာကိုကြည့်ပြီး
ကိုယ့်လိပ်ပြာကိုယ်ရှက်တယ်။
အခွင့်ရေးဆိုတာညီတူမျှတူရမယ်ဆိုရင်
ယူမယ်။ပေးဖို့လည်းခေါင်းဆောင်ကောင်း
မပီသသူတွေချည်းပဲ။
အမေစုတက်လာမှပဲယူတော့မယ်။
လောလောဆယ်
ကျမတို့မီတာခကိုတိုးကောက်တာလုံးဝမကျေနပ်ပါ။

Anonymous said...

ရဲဝန်ထမ်းတွေ
ပညာရေးဝန်ထမ်းတွေအတွက်
ဒီငွေတွေကိုလစာအဖြစ်လောက်လောက်ငင
ပေးပြီးအကျင့်မပျက်အောင်ထိန်းသိမ်းကြပါလား။
ရဲတွေဆိုလည်းကန်တော့ပါ(သူတောင်းစား)ဘဝ
ပြည်သူတွေဆီကပဲနည်းပေါင်းစုံနဲ့သွေးစုပ်တယ်။
ပြည်သူတွေဆီကမသထာရေစာတွေ
စားနေကြတာကြာပြီပဲ။အကျင့်ပျက်တွေဖြစ်နေတယ်။
စိတ်ဓါတ်တွေကလည်းအမှီးရအမှီးခေါင်းရခေါင်းစားနဲ့
ကျောင်းဆရာမတွေဆိုလည်း
အကျင့်ပျက်နေပြီ။
နာ၃နာမရှိတော့ဘူး။သူတို့ပညာအရည်အချင်းနဲ့
ပေးထားတဲ့လစာကလည်းမ၀တဝ
သူတို့အကျင့်မပျက်ဘယ်သူပျက်မလဲ။
ဒါတွေကိုပါထည့်သွင်းစဉ်းစားသင့်တယ်။
ပြည်သူတွေကနိုင်ငံတော်အုပ်ချုပ်နေသော
အခွင့်ထူးခံလူတန်းစားများရဲ့
မင်းမဲ့စရိုက်ကျင့်သုံးနေခြင်းများကို
မှန်မှန်ကန်ကန်ဖေါ်ပြပေးကြပါ.။
စားသင့်သလောက်စားပြီးရင်လည်း
ရပ်လိုက်ပါတော့..
အမေစုဆို၇င်ရိုးသားတဲ့ရှင်းလင်းမှုတွေနဲ့
ခေါင်းဆောင်လုပ်နိုင်တဲ့အရည်အချင်းတွေနဲ့ပါ။
သူ့မှာဘာရှိလဲပြည်သူကိုအရင်အသိပေးမယ်။
တိုင်းပြည်အုပ်ချုပ်လို့အနားယူသွားလည်း
သူ့မှာရှိပြီးသားပဲရှိနေမှာ။တိုင်းပြည်က
ငွေသယံဇာတမြေဘာကိုမှအလွဲသုံးစားလုပ်မဲ့
ခေါင်းဆောင်မဟုတ်တာ
လည်စဉ်းပြီးအာမခံတယ်။
သူတို့တွေကိုတော့အာမမခံနိုင်ပါ။
တရားဝင်အနားယူသွားပြီဆိုရင်လည်း
ပြည်နှင်လိုက်တော့..သူတို့ပထွေး
တရုတ်ပြည်မှာသွားနေခိုင်းလိုက်
ကိုယ့်မြေကိုယ့်ရေကိုယ့်သွေးတန်ဖိုးမထားသူတွေ
ကိုယ့်သွေးကိုယ့်သားကိုယ်ပြန်သတ်သူတွေ

ayuuuuuuuu said...

ဝန်ကြီးဦးခင်မောင်စိုး DGခင်မောင်ဇော် ရုံးအဖွဲ့မှူးညိုမြင့် MD(ESE)မြင့်အောင် CE(ESE)အောင်မြင့် တိုင်း/ယာကျော်ငြိမ်း GM တွေကလဲ စစ်တပ်ကအငြိမ်းစားယူပြီး ဘာမှမတတ်ဘဲလာလုပ်နေတော့လဲ သူတို့အဖေဟောင်းကိုကြောက်ရတာပေါ့ စစ်တပ်ကအငြိမ်းစားယူပြီး လာလုပ်နေသူတွေအများကြီးကျန်ပါသေးသည်
အရင်ဝန်ကြီး ဦးခင်မောင်မြင့် လက်ထက်က ပိုဆိုးပါသည် YESB တွင်ပိုဆိုးပါသည် စစ်တပ်ကဘာမှမတတ် စားဖို့ဝါးဖို့ပဲတတ်တဲ့ကောင်တွေ အများကြီးရှိပါသည် ဒီကောင်တွေကို အငြိမ်းစားထပ်ပေးဖို့ကောင်းနေပါပြီ ရာထူးကြီးတွေယူထားပါသည် အရပ်ဖက်က တကယ်တတ်တဲ့တော်တဲ့ အင်ဂျင်နီယာတွေတတ်လမ်းပိတ်နေပါသည်

lynn said...

ဒီလောက်ကဘာဟုတ်သေးလည်းဗျာ....ကျွန်တော်တို့ ရန်ကုန် ရေကြောင်းသိပ္ပံကျောင်းမှာ အခုပို့ဆောင်ရေးဝန်ကြီး မဖြစ်ခင် ဒုဝန်ကြီးဘဝမှာထဲက သူ့ရဲ့ဖုန်း Bill ကိုကျောင်းရဲ့ဝင်ငွေနဲ့စိုက်စောင်ပေးခဲ့ရပါတယ်...အခုဝန်ကြီးလည်းဖြစ်ရော သူတို့မိသားစု သမီးရောသမက်ရောအပါအဝင် အားလုံး ၅ယောက်စာ ဖုန်း Bill စာအုပ်ကိုကျောင်းကိုပို့လာပါတယ်...ခုလက်ရှိအချိန်အထိ ကျောင်းက စိုက်စောင်ပေးနေရတုံးပါ... သိချင်သူများ ရန်ကုန်ဆင်မလိုက် ရေကြောင်းသိပ္ပံကျောင်းမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်.....

lynn said...

ဒီလောက်ကဘာဟုတ်သေးလည်းဗျာ....ကျွန်တော်တို့ ရန်ကုန် ရေကြောင်းသိပ္ပံကျောင်းမှာ အခုပို့ဆောင်ရေးဝန်ကြီး မဖြစ်ခင် ဒုဝန်ကြီးဘဝမှာထဲက သူ့ရဲ့ဖုန်း Bill ကိုကျောင်းရဲ့ဝင်ငွေနဲ့စိုက်စောင်ပေးခဲ့ရပါတယ်...အခုဝန်ကြီးလည်းဖြစ်ရော သူတို့မိသားစု သမီးရောသမက်ရောအပါအဝင် အားလုံး ၅ယောက်စာ ဖုန်း Bill စာအုပ်ကိုကျောင်းကိုပို့လာပါတယ်...ခုလက်ရှိအချိန်အထိ ကျောင်းက စိုက်စောင်ပေးနေရတုံးပါ... သိချင်သူများ ရန်ကုန်ဆင်မလိုက် ရေကြောင်းသိပ္ပံကျောင်းမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်.....

san said...

ခင်မောင်စိုး၊ညိုမြင့်၊မြင့်အောင်၊အောင်မြင့်၊ကျော်ညန့် အကုန်ဖြုတ်ကွာ
ကျန်တဲ့အင်ဂျင်နီယာတွေလဲ စောက်ရှက်မရှိဘူး။

Powered by Blogger.