အရာရှိ ကတော်တဦးရဲ့ ပေးစာ
ကျမကအန်တီစုလို မိသားစုရော ဘ၀ရော စွန့်ပြီးအများကိုကယ်တင်နိုင်လောက်အောင် ပေးဆပ်နိုင်တဲ့သူမဟုတ်ပါဘူး။
သာမန်အိမ်ရှင်မတယောက်သာဖြစ်ပါ
တယ်။
ဒါပေမယ့် လက်တွေ့ခံစားရတာရော မြင်တွေ့နေရတာတွေကိုရော စိတ်မချမ်းသာလွန်းလို့ စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကျမက ရဲမေအစစ်မဟုတ်ပါဘူး။ သူတို့ကို မလုပ်ချင်မှန်းသိရက်နဲ့ ပင်ပန်းနေမှန်းသိရက်နဲ့ ရင်နာနာနဲ့ စေခိုင်းနေရတဲ့အရာရှိကတော်ဖြစ်
ပါတယ်။
တပ်ရင်းတွေမှာ တပ်ရင်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိ
ုပြီးရှိပါတယ်။ တပ်ရင်းမှုးကတော်ဦးဆောင်ပါတယ်။ 
သူ့အထက်မှာ တိုင်းအဆင့်မိသားစုစည်းရုံးရေးန
ှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီရှိပါတယ်။ တိုင်းမှုးကတော်အဆင့်က ဦးဆောင်ပြီးအစည်းအဝေးတွေ လုပ်ပါတယ်။ တကယ်တော့ တိုင်းမှုးကတော်ဆိုတာကလည်း ခိုင်းလို့လုပ်ရတဲ့သူပါဘဲ။ အထက်ကညွန်ကြားရင်သူတို့လည်းဘာမှမတတ်နိုင်တဲ့သူတွေပါ။ အခု တပ်တွေမှာ အရင်ထက်ပိုဆိုးနေပါတယ်။ သူတို့မှာအရပ်ဘက်အာဏာမရှိကြတဲ့အခါ တပ်တွေမှာဘဲ အာဏာလိုက်ပြနေကြပါတယ်။ တချိန်လုံးတပ်စစ်တွေ လာနေပါတယ်။ သူတို့အားနေလို့လာနေကြတာလို့ပဲထင်ပါတယ်။ သူတို့ကသာအားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ အရင်ကတပ်တွေမှာ လူ၈၀၀လောက်ရှိပါတယ်။ အခုလူ၂၀၀ လောက်ပဲရှိတဲ့အခါ စစ်သားတိုင်းက လူ၎ယောက်စာလုပ်မှ ရမယ်လို့အမြဲပြောပြီး နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းပါတယ်။ လစာကတော့ ၄ဆမရပါဘူး။ ယောက်ျားတွေ အလုပ်မအားတဲ့အခါကြတော့ အိမ်ရဲ့စားဝတ်နေရေးကို မိန်းမဖြစ်သူကဘဲ ဖြေရှင်းရပါတယ်။ ကောက်ရိတ်ချိန်ကောက်ရိတ် ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ဒါကို ကိုယ်ချင်းမစာမနာနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့သူတွေကို ဘုန်းကြီးတွေတောင် အလွတ်မရတဲ့ ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီးပြိုင်ပွဲတွေလုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့ဝမ်းရေးအတွက် အလုပ်မလုပ်ရဘဲ ဘုရားစာထိုင်ရွတ်နေရပါတယ်။ တချို့ဆို ရဲမေသေနတ်ပစ်ပြိုင်ပွဲ ရဲမေဘော်လီဘောပြိုင်ပွဲ ပြေးခုန်ပစ် ဂျူဒို..အစုံပါပဲ အဲဒီပြိုင်ပွဲတွေပြိုင်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ကြရပါတယ်။
ကိုသစ် .. စဉ်းစားကြည့်ပါ..စားဝတ်နေရေးမြေ
ပလည်တဲ့ကြားက ကိုယ့်မိသားစုကိုပစ်ပြီး ဘယ်သူကသွားချင်မှာလဲ။  ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး  မိသားစုကိုထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်းသိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေးလမ်းညွှန်သူများကတော့ သူတို့မျက်နှာရဖို့တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်ခြင်းနဲ့ သူတို့အရည်အချင်းကို ဖော်ထုတ်သတ်မှတ်ကြပါတယ်။ ရဲမေတွေ လုပ်ချင်လားမလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေးခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ ပြိုင်နေချိန်မှာ ကိုယ်လူကိုယ် အော်ဟစ်အားပေးတာကိုပဲ ပျော်နေတယ်လို့ အထင်ရှိအောင်လုပ်တတ်ကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူလာကြတာမဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်းမရှိကြရှာဘူး။ ဒီလိုဝန်ထမ်းမဟုတ်တဲ့ သာမာန်မိန်းမတွေကို အတင်းအကြပ် ပြိုင်ပွဲတွေလုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။ 
ပြီးတော့ ကြက်တွေကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင်မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ဖြေရှင်
းရမယ်ဆိုပြီး အိမ်ထောင်တစုကို ဘာဘယ်နှကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့မွေးရပါတယ်။  ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာသိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါဘဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါဘဲ။ သူများတွေ စိုက်ပျိုးရောင်းချပြီးစီးပွားဖြစ်နေတာကို ဥပမာပေးပေမယ့် အဲဒီစိုက်ပျိုးရေးသမားတွေလို ဒီအလုပ်တစ်ခုထဲလုပ်နေရတာမှမဟုတ်တာ။  လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေလာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်းနေကြတာပါဘဲ။ 
ရဲဘော်တွေလည်း ကိုယ့်တပ်သက်သာချောင်ချိရေးကို
ယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တနေကုန်မတက်ရတဲ့သူနဲ့၊ တနေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ်သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် သစ်ပင်ပေါ်က သစ်ရွက်က လမ်းပေါ်ကိုကြွေကြနေတာတောင် ခွင့်မလျွှတ်တတ်ပါဘူး။ 
ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။ အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာသလို ယောက်ျားတွေပူတော့ မိန်းမတွေလည်း စိတ်မချမ်းသာရပါဘူး။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ ကိုယ်ထမင်းကိုယ်စားပြီး သူများကို ဒူးထောက်နေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာသည်းခံနေတာပါ။ စစ်တပ်ကို တော်တော်စိတ်ကုန်နေတာကြာပါပြီ။ 
မိဘအိမ်ပြန်ချင်တာ လူမှုရေး စီးပွားရေးနဲ့ သွားချင်လာချင်တာတောင် ခွင့်ပြုမှ သွားရလာရပါတယ်။ အရာရှိကတော်တွေလည်း တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး လိုက်နေခိုင်းပါတယ်။ တပ်ရင်းမှုးကတော်တွေလည်း တပ်မှာ မဖြစ်မနေလိုက်နေရပြီးတော့ သူတို့ရဲ့ မယောင်ရာဆီလူးတဲ့အလုပ်တွေကို ဦးဆောင်ပြီးလုပ်ခိုင်းပါတယ်။ အစိုးရအလုပ်ဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ ကုမဏီအလုပ်တွေဆိုလုံးဝမလုပ်ရဘူး
လို့ အမိန့်ထုတ်ပါတယ်။ အရာရှိကတော်တွေလည်း လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး အိမ်ကိုပေးမပြန်ပါဘူး။ ယောက်ျားတွေမရှိလဲ တပ်မှာဘဲ နေနေရပါတယ်။  ဒီလိုမဖြစ်မနေလိုက်နေရမယ်ဆိုတဲ့အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုကခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။ စားဝတ်နေရေးအတွက် ဘယ်သူဖြေရှင်းပေးမှာမို့လို့လဲ။ ကိုယ့်အလုပ်ကိုယ်မလုပ်ရဘဲ တပ်အလုပ်တွေလုပ်နေပါတယ်။ ကျမတို့မှာ ထွက်ပေါက်မရှိဖြစ်နေပါတယ်။ ဒီအတွက်အလုပ်ခန့်ထားတာမဟုတ်တဲ့အတွက် အလုပ်လဲထွက်လို့မရပါဘူး။ သူတို့အမိန့်ကိုမနာခံချင်ရင် သူတို့ပြောဆိုသမျှခေါင်းငုံ့မခံချင်ရင် ယောက်ျားနဲ့ကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။
ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။ ခေါင်းဆောင်ကတယောက်တည်းဆိုတော့ အားလုံးတပုံစံတည်း စိတ်ဆင်းရဲနေရတာပါ။ နိုင်ငံတော်သမတကလည်း ဒီလိုဖြစ်ပျက်နေတာတွေကို မကယ်တင်ဘဲနဲ့ သူ့သားမက်ကိုပဲ ကယ်တင်ပြီး အရပ်ဘက်ဝန်ကြီးဌာနကိုပြောင်းပေး
လိုက်ပါတယ်။
ကိုသစ်ထူးလွင်အနေနဲ့ ဖြစ်နိုင်ရင် ဒီအကြောင်းအရာတွေကို လိုအပ်သလိုပြင်ဆင်ပြီး တင်ပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေသိသွားပြီဆိုပြီး တာဝန်ရှိသူတွေ အရှိန်သတ်သွားမှာဖြစ်ပါတယ်။ မိန်းမတွေအချင်းချင်း အမိန့်ပေးနေတာတွေပပျောက်စေချင်
ပါပြီ။ ကျမတယောက်ထဲအတွက်ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သူတ်နေရသူတွေအားလုံးအတွက် တတ်စွမ်းသလောက် ကူညီပေးချင်လို့ဘဲဖြစ်ပါတယ်။ 
ကျမဘယ်သူပါလို့ပြောပြရင် ကိုသစ်ထူးလွင်အနေနဲ့ ပိုပြီးယုံကြည်မှုရှိသွားမှာဖြစ်
ပေမယ့် ပြောမပြနိုင်တာခွင့်လွှတ်ပါ။
 အန်တီစုလက်ကို လှမ်းကိုင်တဲ့ တပ်သားကျော်ဇင်ဝင်းကို ကိုယ်ချင်းစာမိပါတယ်။ ကျမလည်း အန်တီစုလက်ကို လှမ်းကိုင်ချင်ပေမယ့် အခုတော့ မကိုင်ရဲသေးပါဘူး။ ကြောက်ပါတယ်။ ဒါကြောင့် ကိုသစ်ထူးလွင်ကိုဘဲ အကူအညီတောင်းရခြင်းဖြစ်ပါတယ်။ ကြောက်တတ်ပေမယ့် သာမန်ပြည်သူတွေပဲမို့လို့ ကျမတို့လည်း ဒီမိုကရေစီရချင်ပါတယ်။
အခုလို ဂရုတစိုက်စာပြန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အားဆေးတခွက်ပါဘဲ။ ကျမတို့အတွက် မျှော်လင့်ချက်လေးများရှိလေမလား
လို့ ဆိုပြီး ကျေးဇူးတင်ရပါတယ်။  
ယုံကြည်မျှော်လင့်ခြင်းများစြွာ
ဖင့်
အမည်မဖော်ရဲသူတစ်ဦး
69 comments:
Anonymous said...
စိတ်မကောင်းလိုက်တာ အာဏာရူးတွေကွာ။ တောက်။
pyaponthu said...
တခြားမကြည့်နဲ့သူတို့အဖေ တရုတ်စစ်တပ်ကိုကြည့် စစ်သားတွေဆို သန်မြန်ထွားကြိုင်နေတာဘဲ။ဘာပြုလို့လဲဆိုတော့ စစ်သားတွေ အဟာရပြည့်ကြလို့ပေါ့။မြန်မာစစ်သားတွေဆို အမြဲတမ်း ပဲဟင်းဘဲ။အဟာရပြည့်အောင်ချက်မကျွေးဘူး။၇ိက္ခါလည်းမလုံလောက်ဘူး။စစ်တပ်မှာ နှစ်ပေါင်းများစွာနေလာဘူးတော့သိတယ်။စစ်သားမိန်းမတွေဆို တချိန်လုံးလုပ်အားပေးဘဲ။ပိုက်ဆံလဲမပေးဘူး။စစ်သားခလေးဆိုးပိန်ကပ်နေတာဘဲ။စစ်သားတွေလည်း ကြည့်ပါလားပိန်ကပ်နေတာဘဲ။တပ်သားကျော်ဇင်ဝင်းကိုဘဲကြည့်။တချို့ဆို ကျောင်းတောင်မထားနိုင်ဘူး။ဒါကိုလူကြီးတွေကလုပ်ပေးရမှာပေါ့။မသိဟန်ဆောင်နေကြတယ်။
Thet said...
အဲလို ဖြစ်တာက ဗိုလ်နေဝင်း တက်ကတည်းက ဆိုပါစို့ ။ တပ်ရဲ့ အုပ်ချုပ်ပုံအရ မမြင်ချင့်အဆုံး နိုင်ထက် စီးနင်း လုပ်တာတွေ အားလုံး မြင်ရပါတယ်။ တခါတော့ ဗိုလ်မှူးကြီးသမီးတစ်ယောက်က မွေးနေ့ရှိတယ် ဖိတ်လို့ သွားမိပါတယ်. ရေအိမ်သွားချင်လို့ နောက်ဖက်ထွက်လိုက်တော့ တက်ကြပ်ကြီးကတော်တစ်ယောက် ထမိန်လာလျှော်ပေးနေတာ တွေ့ရပါတယ်။ အဲ သူ့ဘေးမှာတော့ ဟင်းအိုးစောင့်ကြည့်ပေးနေတဲ့ ၂ပွင့်နဲ့ စစ်ဗိုလ်အမျိုးသားပါ။ ယူနီဖေါင်းပါပါတယ်။ ယူနီဖေါင်းနဲ့ ဟင်းအိုးမွှေနေတာ တွေ့လိုက်တော့ အတော် စိတ်မကောင်း ဖြစ်သွားမိပါတယ်။ ရှေ့ပဲ ဆက်သွားရကောင်းနိုး၊ နောက်ပဲ ပြန်ဆုတ်ရကောင်းနိုး အတော် ဝေခွဲမရပါဘူး။ သူငယ်ချင်းကတော့ ပြောရှာပါတယ်။ သူက ခေါ်မခိုင်းချင်တောင် ဒီလူတွေက သူတို့ ရာထူး၊ လစာ၊ နေရာ အပြောင်းအရွှေ့တွေအတွက် လာလုပ်ပေးပါရစေ ဆိုတာမျိုးတွေ အများကြီး ရှိပါတယ်တဲ့။
ဒီထက် ပိုဆိုးတာ ရှိပါသေးတယ်။ အဲဒါကတော့ တိုင်းမှူးကတော်၊ ဗိုလ်မှူးကြီးကတော်တွေက တခြားနည်းနဲ့ ငွေမရှာတတ်တော့ဘူးဆိုရင် စိန်ထည်၊ ရွှေထည်တွေ လုပ်ပြီး သူတို့ထက် ရာထူးနိမ့်တဲ့ ၂ပွင့်ကတော်၊ ၃ပွင့်ကတော်၊ စတာတွေကို အတင်း ဝယ်ခိုင်းတာပါ။
ရာထူးကြီးလေ နေရာရလေ ဖြစ်လို့ ကတော်ဘဝကို ရမယ်ဆို ဘယ်လိုနည်းနဲ့ ရရ ယူချင်သူတွေလည်း ပုံလို့ပါပဲ။ စစ်ကိုင်းတိုင်းဖက်မှာ တာဝန်ကျတဲ့ သူငယ်ချင်း တပ်ရင်းမှူးတစ်ယောက် ပြောတာ အမှတ်ရမိပါတယ်။ သူ့ဇနီးက သူ့ရာထူးကို သုံးပြီး မှောင်ခိုကုန်ကူးတာ မိလို့ ဇနီးကို ကွာရှင်းခဲ့သူပါ။ သူတပ်က ရေနံထွက်တဲ့ နေရာနဲ့ နီးသတဲ့။ တနိုင်တပိုင် ရေနံတွင်းတွေအတွက် ဒေသခံ ကောင်မလေးတွေ သူ့အိမ်ပေါ်တက် သူ့ကို အမိဖမ်းလို့ သူ့အမေကို မေမေရယ် အမြန်ဆုံးလိုက်လာခဲ့ပါ။ ကျွန်တော်ဒုက္ခရောက်ရပါတော့မယ်တဲ့။ တကယ့်ကို ငိုအားထက် ရယ်အားသန်ပါ။
Tri Asian Taste said...
NLD ကိုသာ ရွေးကောင်ပွဲတိုင်း မဲပေးလိုက် ရောဂါမျိုးစုံပျောက်ကင်းတဲ့ဆေး သောက်ရသလို ယူပစ်သလိုပျောက် သွားလိမ်မယ်။ အားတင်းထား...
Thant Zin Win said...
အထက်ဖား၊ အောက်ဖိလေးတွေ ရပ်သင့်နေပါပြီ။ တကယ်စိတ်မကောင်းစရာ ပါပဲ။
Ar Ga said...
အမှန်တွေချည်းပါပဲ ။ သူငယ်ချင်း တပ်၇င်းမှူး ၊ တပ်၇င်းမှူး ကတော် တွေ ကိုယ်တိုင် သေလောက်အောင် ငြီးငြူနေတာကို ကိုယ်တိုင် ကြားသိနေ၇တာ ဖြစ်တဲ့အတွက် အောက်ခြေ အ၇ာ၇ှိ ၊ စစ်သည်တွေ၇ဲ့ ခံစားနေ၇တဲ့ ဒုက်ခ တွေက ဒီထက်ပိုမှာပါ ။
နဂါးမျက်လုံး said...
ကိုယ်ချင်းစာ ပါတယ်....
ကျုပ်တို့ ၀န်ထမ်းလောက ထဲမှာ လည်း ဒီလိုပါပဲ.....
စိုက်ပျိုးရေးတွေ မွေးမြူရေးတွေ ဆို အောင်မြင်တာ မရှိသလောက်ပါပဲ....
ဘယ်အောင်မြင်မလဲ ခုဟိုဟာလုပ် ခုဒီဟာလုပ်နဲ့....
ကိုယ့် professional လည်းမဟုတ် လေ့လာချိန်လည်းမရ....
လုပ်လုပ် ခုချက်ခြင်း အမြန်လုပ် လူအားငွေအား အကုန်ပုံသုံး....
ဆိုတာမျိုးတွေနဲ့ လုပ်နေရတာလေ....
မလိုအပ်ပဲ အဆင့်ဆင့် အကြောက်လွန်ကြတာနဲ့ အရှုံးချည်းပဲ....
ခွင့်ဆိုတာလည်း မရ စနေတနင်္ဂနွေ ဆိုတာလည်း မရှိ....
အခါကြီး ရက်ကြီး ဆိုတာလည်း နားမလည်....
အလုပ်မအားတာလည်း မဟုတ်.... လူကြီးဆိုတဲ့ကောင်တွေ လာနိုးနိုး stand by စောင့်နေရတာ....
တပ်ကလူတွေ အရပ်ဘက်တော့ ပြောင်းမလာစေချင်ဘူးဗျာ....
ပြောင်းလာတော့လည်း ခင်ဗျားတို့က မိုးကျရွှေကိုယ်...
အဆင့်မြင့်ရာထူးကြီးတွေနဲ့လာ.... ပြီးတော့ ကိုယ်မကျွမ်းကျင်တော့ တပည့်မွေး.... မွေးလိုက်တဲ့ တပည့်ဆိုတဲ့ကောင် အများစု က ဂွင်သမားပဲ...
ကိုယ်ချင်းစာကြည့်ပေါ့....
နှစ်ပေါင်းများစွာ လုပ်လာပြီး ကိုယ်ကရာထူးမတက်ပဲ....
ကိုယ်တက်ရမယ် ရာထူးလည်း ဖြတ်ယူသေး.... ကိုယ့်အထက်လူကြီးလည်း လာဖြစ်....
ဂွင်သမားက တပည့်ဝင်ခံ.... ကိုယ့်ကိုဂျောက်တွန်း....
လူအချင်းချင်း ဗိုလ်ကျခြင်းတွေ ကင်းဝေးကြ ပါစေလေ....
Unknown said...
wht a pity,,,
ဒုက္ခ များလှပါလားကွယ်....
Violin Angle said...
အရမ်းစိတ်မကောင်းဖြစ်မိတယ် ကိုယ်ချင်းစာစိတ်လေးများဘာလို့မထားကြပါလိမ့်နော်
ko oo said...
မှန်ပါတယ်ကိုသစ်ထူးလွင်ရေ။ ကျွန်တော့်တို့ ရထားတဲ့ လူ့ဘ၀ဆိုတာ မြင့်မြတ်ပါတယ်ဆိုတဲ့ ဗုဒ္ဒဘာသာမှာပါ။ မကောင်းမှုအားလုံးကို ချုပ်ငြိမ်းအောင်လုပ်တဲ့ ဘာသာထွန်းကားတဲ့ ဒီနိုင်ငံမှာ ဘာဖြစ်လို့ ဂရုဏာတရားမရှိကြရတာလဲ။ လူ့စိတ်တွေ ဘယ်ရောက်ကုန်ပြီလဲ။ သူတို့ကိုသူတို့ လူမင်းဘုန်းကြီး၊ နတ်မင်းမနေနိုင်လို့ ထင်နေတဲ့ အာဏာရူးလူတစ်စုကို ဘယ်သူတွေက ဘယ်လိုလုပ်သင့်တယ်ဆိုတာ အချိန်တန်တော့မှာပါ။
စွမ်းရည် said...
တော်တော်ဆိုးတဲ့ဟာတွေ။ သူတို့မိန်းမတွေအလှည့်ကျမှတစ်နေကုန်ကြမှတစ်နေကုန်ကြက်ဖခွပ်ခိုင်းမယ်
Anonymous said...
တပ်မတော်ကစစ်သားတွေ.ပြည်သူလူထုနဲ့အမြန်ဆုံးပူးပေါင်းပီး
စစ်အာဏာရှင်စံနစ်ကိုတော်လှန်ကြပါ..
tapaungthi said...
အော် တို့မြန်မာပြည်တော်တော်ကျနေကြပါလား(စိတ်ဓါတ်တွေ)
အမေစုရေ အမြန်ကယ်တင်ပေးလိုက်ပါနော်..။
အမေစုပဲအားကိုးနေရပါတော့မယ်..။
pyaponthu said...
မြန်မာအစိုးရရေ တခြားသူမကြည့်နဲ့ နင်တို့အဖေ တရုတ်စစ်တပ်ကိုဘဲကြည့် စစ်သားတရုတ်တွေ ထွားကြိုင်နေတာဘဲ။မြန်မာ စစ်သားတွေ ကြည့် တခြားမကြည့်နဲ့ဒေါ်အောင်ဆန်း စုကြည်ကိုကြိုမိလို့အပြစ်ပေးခံထိတဲ့ ရဲဘော် ကျော်ဇင်ဝင်းကိုဘဲကြည့်ပိန်ကပ်နေတာပဲ။စစ်သားတွေကို ခိုင်းဘို့ဘဲကြည့်တယ်။အဟာရပြည့်အောင်ကျွေးဘူး။လူကြီးတွေက သူတို့ အိတ်ဘဲဖောင်းနေအောင်လုပ်ကြတယ်။စစ်သားတွေဟာသနားစရာကောင်းပါတယ်။အကြောင်းအမျိုးမျိုးကြောင့်တပ်ထဲရောက်လာတာများတယ်။အထူးသဖြင့် မိဘတွေ မကျွေးနိုင်လိုဝင်ကြတာ များတယ်။စစ်တပ်ထဲ နှစ်ပေါင်းများစွာနေလာတာ ကိုယ်တွေ့ကြုံလို့ပိုသိတယ်။တပ်ထဲက ထွက်ရင်နေစရာ မရှိဘူး။
Shwe Mg said...
တပ်နဲ့ပြည်သူ...စိတ်တူ၊ ကိုယ်တူ ဖြစ်မယ်ဆိုရင်ဖြင့်...ပြည်သူတွေအားလုံးမျှော်လင့်တောင်းတနေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်မှာမလွဲပါဘူးဗျာ...တပ်အတွင်းကတပ်မတော်သားတွေလည်း မျက်စီဖွင့်၊နားစွင့် နေကြပါ...ဘယ်သူဟာ..မိမိတို့ဘ၀ကို နစ်မြုပ်အောင်လုပ်နေလဲ...ဘယ်သူဟာ..မိမိတို့ဘ၀ကို တိုးတက်အောင်လုပ်နိုင်မယ့် သူလည်း ဆိုတာ...ခွဲခြားစိတ်ဖြာဖို့လိုတယ်...
Anonymous said...
စစ်သားဒဂျိုင်းထောက်
ဗိုလ်တိုက်ဆောက်ဆိုတာ
အဲ့ဒါပဲ.
Nago Mana said...
ဟာ ... ဟုတ်တယ်...အဲလိုဖြစ်နေတာ...အဲဒါ အမှန်ပဲ...အဲဒီပြဿနာတွေ အမြန်ဆုံး ပြေလည်သွားပါစေ...။
Nago Mana said...
ဟာ ... ဟုတ်တယ်...အဲလိုဖြစ်နေတာ...အဲဒါ အမှန်ပဲ...အဲဒီပြဿနာတွေ အမြန်ဆုံး ပြေလည်သွားပါစေ...။
Shwe Mg said...
စစ်တပ်ထဲက တပ်မတော်သားတွေလည်း ငါတို့ပြည်သူတွေပါပဲ...ခင်ဗျားတို့အထဲမှာလည်း ဖိနှိပ်မှုကပုံစံတမျိုးရှိသလို..အပြင်လောကမှာလည်း ဖိနှိပ်မှုပုံစံတမျိုးနဲ့ ပြည်သူတွေကို အမျိုးမျိုးနှိပ်စက်နေတဲ့ဒီစစ်အာဏာရှင်ကို စစ်သားကတောင် ရွံရှာနေပြီဆိုတော့...ဒီမိုကရေစီလမ်းကြောင်းပေါ် ပြည်သူနဲ့ တပ်မတော် ပူပေါင်းပြီး ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားကြပါစို့လို့...တပ်တွင်းမှ တပ်မတော်သားတွေကိုေ၇ာ..ပြည်သူအားလုံကိုပါ..သစ်ထူးလွင်ကနေပြီး...တစ်ပြည်လုံး နိုးဆော်ပါတယ်...ခင်ဗျာ...
right man said...
Yes You are welcome the lady (wife of police officer) who are brave as you can tell to public what you feel in your family and also for all the women around yours.
we do respect your brave and you love to democracy. we all are public . we need to hang together to get real democracy.
Thanks for your mail to public.
gemuk said...
အခုလိုအဖြစ်မှန်ကိုပြောပြတော့ စိတ်မကောင်းဖြစ်မိပါတယ်...ကိုယ်ချင်းလည်းစာပါတယ်
Quote For Life said...
ဟုတ်တယ် ကျနော်ငယ်ငယ်လေးကတည်းက မြင်ဖူးတယ် ကျနော်တို့ရွာမှာ စစ်တပ်တွေရှိတယ်လေ အဲ့မှာ သူငယ်ချင်းတွေရှိတယ် သူ့တို့ရဲ့မိဘတွေက စစ်သားလေ သူတို့ဘဝက ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ် ကယ်တင်ပေးကြပါဗျာ
Awkawli said...
Unreliable news and it can harm the unity of Myanmar Country.
brave heart said...
လူတွေမှ ဟုတ်ရဲ့လား...လူ့ယဉ်ကျေးမူ့ဆိုတာကော သိကြရဲ့လား...
tharzaw said...
လုံးဝအမှန်အကန် စိတ်မကောင်းဘူး။
ရောင်နီတော့သန်းလာပါပြီ။ ပြန်လည်းမှောင်သွားနိုင်သေးတာပဲ။
ဒါပေမယ့် ...
သီးခံလိုက်ကြပါဦးဗျာ။ သီးမခံလို့လည်း ရမှ မရတာပဲလေ။
အရူးတွေအုပ်ချုပ်တဲ့နိုင်ငံဆိုတော့လည်း
Lay Lay said...
That is true happen long a go. What we can do.
mg kyant said...
စိတ်မကောင်းဖြစ်မိပါတယ်ဗျာ....နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေးအတွက် တပ်မတော်ဟာလိုအပ်တဲ့အဖွဲ့အစည်းတစ်ခုပါ...ဗိုလ်ချုပ်လို ဖခင်ကောင်းတစ်ယောက်ဆီကနေ မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ တပ်မတော်ပါ.......ဒါပေမယ့်..တပ်မတော်ဟာ...ပထွေးကြီးနေဝင်းလက်ကနေ..ပထွေး အဆင့်ဆင့် လက်ထဲရောက်ခဲ့ရတယ်....နံမယ်အများကြီးပျက်ခဲ့ရတယ်.....မြန်မာတပ်မတော် ရှေ့ခရီးမှာ...ခေါင်းဆောင်ကောင်းတွေရဲ့လက်အောက်မှာ..ပြည်သူ့ အကျိုးဆောင်ရွက်နိုင်ပါစေ....တပ်မတော်သားများ..ကံကောင်းကြပါစေ..
Remembrance for Anniversary said...
စာဖတ်ရတဲ့ပုံအရ..
ရဲအရာရှိကတော်တစ်ယောက် ရင်ဖွင့်ထားတာမဟုတ်ဘူး ခင်ဗျ။
ဗိုလ်ကတော်တစ်ယောက်ရင်ဖွင့်ထားတာပါ.. တပ်တွေမှာ
ရဲဘော်ကစလို့ တပ်ချုပ်ကတော်ထိကို
ရဲမေလို့ပဲသုံးနှုန်းကြပါတယ် (သို့ပေမယ့်
တပ်တွေမှာ အသုံးများတာကတော့
အခြားအဆင့်ကတော်များကိုသာ ရဲမေလို့
အသုံးများပါတယ်)... ဒါကြောင့်
စာထဲမှာ ရဲမေ ရဲမေနဲ့ပါနေတာဖြစ်ပါတယ်..
hasi said...
ဘုရားလမ်းစစ်ရုံးတုံးကရဟတ်ယာဉ်ပျက်ကိလို့ဆုံးသွားတှဲ့ဗိုယ်ချုပ်ကြီးကပြောတယ်။၁၉၉၇လောက်ကပေါ့၊ဗိုလ်ချုပ်တို့ချမ်းသာပြီ...လို့အဲဒိထဲကဗိုလ်ချုပ်တွေချမ်းသာကြတာအခု၁၀ဆမကချမ်းသာသွားကြပြီ၊မြေကွက်တွေ၊အိမ်တွေ၊ခြံတွေဆိုင်တွေကုမ္မဏီတွေနဲ့ ကျန်တဲ့ဘော်ဘော်တွေ။၂စိ၃စိတွေမေဂျာတွေကတော့ဖွတ်(ကြံဖွံ့မဟုတ်ပါ)ဖြစ်နေကြပြီ၊အစိုးရကိုပြင်ပြီးရင်တပ်ကိုလည်းပြင်ပါအုံး၊လွှတ်တော်ထဲထိုင်နေပြီးဒီမိုကရေစီမရတဲ့စစ်သားများတပ်အတွက်တင်ပြကြပါ၊တင်ပြရင် --င်ချမှာစိုးလို့မတင်ပြတာလား။အများအတွက်ခံလိုက်ပါလား၊ဒါမှကိုယ်ကျိုးစွန့်တဲ့တပ်မတော်ဖြစ်မှာ..
ပုဂံစစ်သည် said...
အစ်မရေ ဂရုတော့စိုက်အုံး၊ အစ်မတို့က သေနတ်နဲ့ပိုနည်းတယ်။
သုခ said...
စစ်သားကတော် နဲ့ ရဲကတော် မိသားစုတွေ ကတော့ ဒီလိုအျြမဲ ခံနေရတာ
များလှပါပီ၊ကျွန်ဝယ်ရာအဆစ်ပါ ဆိုသလို သားသမီးတွေရောအထက်အဆငိ့ဆငိ့ကို ဖားနေရတာပါ။အခြားအဆင့်နဲ့ရတဲ့
အထက်တန်းကျောင်းအုပ်ကြီး က တပ်မ မှုးကတော် မူလတန်းပြ ရဲ့ဆွဲခြင်း
ကို တျောင်းသွား-ပြန် ဆွဲပေးနေရတာတွေ အများကြီးပါ။
007747 said...
ကို‌ရွှေစစ်သားတို့‌ရေ ဒီစနစ်‌တွေပ‌ပျောက်ဖို့ ဒီမိုက‌ရေစီလမ်းေ ကြာင်း‌ပေါ်ကြိုမန်မြန်‌ရောက်ဖို့လိုတယ်။
NLD ကိုမဲထည့်လိုက်ရင် ok သွားမှာပါ။
cherry said...
အမှန်တွေပါ... တခါက (ကပစ) တပ်ချုပ် ဘောလုံးကန်ပွဲ ကို သွားကြည့်ဖူးပါတယ်...ဘောလုံးသမားများအတွက်သောက်စရာ ရေဗူးများ အလုံ အလောက် မရှိ ပါ။ အပေါ် တန်းမှာတော့ တပ်မှူး တပ်ချုပ် တွေက စားစရာ အပြည့်အစုံပါပဲ..ပြီးတော့ ကျိမ်းထားပါသေးတယ်..နိုင်အောင် မကန် နိုင်ရင် ဖက်ထိပ်( မျက်ပေါက်ခြင်း) ၂လ လုပ်ရမယ်တဲ့ ...အဲပြီးတော့ ဘောလုံးကန်သူ များရမဲ့ ဆုကြေး ကို တပ်မှူးက သူးအိပ်ထဲ ကောက်ထည့်သွားလို့  ဘောလုံးသမားများခမျာ ဘောလုံးကန် ၀တ် စုံ ပဲ ကျန်ခဲ့ ပါတယ်....စိတ်ပျက်စရာပါ..ဒီထက်ဆိုးတာတွေ ရှိပါသေးတယ်....
Myanmar said...
ကဲဒါကတော့ မြန်မာနိုင်ငံ အာဏာမူးကြီး၇ူးကြီးသိစေ၇န်ဖြစ်ပါတယ်။ ။
marga said...
အေးဗျာ ဒါတွေကတော့ အရာရှိက ကိုယ့် အရာရှိမို့ကြောက်ရတယ်ဆိုတာထားပါ ခုကတော့ သူ့မိန်းမရေ ၊သားသ္မီးတွေပါကြောက်နေရသလိုပါပဲ၊ဒါဟာ တပ်ထဲမှာတင် မဟုတ်ပါဘူးခင်ဗျာ၊ရဲတပ်ဖွဲ့တွေမှာလဲ ဒီလိုခံစားနေကြရပါတယ်ဆိုတာ ဦးသစ်ထူးလွင် သိအောင်ပြောပြသလိုပါပဲ ပြည်သူတွေအားလုံးလဲ သိစေချင်ပါတယ်၊အဲဒီလိုဟာတွေ ပျောက်ကွယ်သင့်နေပါပြီဗျာ။အရာရှိကတော်တောင်ဒီလောက်စိတ်ဆင်းရဲရရင် ရဲဘော်လေးတွေရဲ့ မိန်းမတွေဆိုရင်ပြောပြစရာကို ရင်ထဲမှာ မရှိရလောက်ကို ခံစားနေကြရမှာပါ စနစ်ဆိုးကြီးက အမြန်လွတ်မြောက်ပါစေလို့ပဲဆုတောင်းပေးနေမိပါတယ်ဗျာ
Leo said...
ရေးထားတာတွေက အမှန်တွေပါ။ လစာမလုံလောက်လို့ အပြင်ထွက်လုပ်တဲ့ စစ်သားမိန်းမ၊ တပ်ကြပ်ကတော်တွေဆိုလဲ တပ်ကအလုပ်တွေကို မကူဘဲ အပြင်ထွက်လုပ်လို့ဆိုပြီး တစ်လကို ငါးထောင်၊ တစ်သောင်း ဒဏ်ဆောင်ရပါသေးတယ်။ ကိုယ့်မိန်းမက တက္ကသိုလ်ကဆရာမ၊ ဆရာဝန် အစမို့လို့ အခြားနယ်တွေတာဝန်ကျပြီး တပ်မှာလိုက်မနေနိုင်တဲ့ စစ်ဗိုလ်ကတော့ ရာထူးတို့ဖို့မပြောနဲ့၊ တပ်တွင်းလှုပ်ရှားမှုတွေမှာတောင် မိန်းမ မပါလို့ မျက်နှာငယ်ရပါတယ်။ ဗိုလ်ကြိးကတော် ကထိကဆရာမကို တပ်ကိုခေါ်ခိုင်းပြီး ရုံးစာတွေတစ်ညလုံးကွန်ပျူတာနဲ့ ရိုက်ခိုင်းတာ ရှိပါသေးတယ်။ ဗိုလ်ကြီးအဆင့်လောက်ကနေ အောက်ခြေစစ်သားတွေရဲ့ ဘ၀ကတော့ မလွယ်ပါဘူး။ ဗိုလ်ပေါက်စတွေဆို သူတို့ရည်းစားတွေ တပ်တွင်းမှာ အနှိမ်ခံရမှာစိုးလို့ ရာထူးတအားကြီးမှကို လက်ထပ်နေကြရပါတယ်။ အဲသည့် အစဉ်အလာတွေကို ပြင်သင့်ပါပြီ။
Ko Daung said...
ကိုယ်ချင်းတော့စာပါတယ်။ ကဲကြားကြရဲ့လားအရပ်ကတို့.....
လုပ်ချင်ဦးဟဲ့ဗိုလ်ကတော်
zero said...
အရင်ကတပ်မတော်ဆိုတာလူတိုင်းဝင်ချင်လို့တောင်ဝင်လို့ရတာမဟုတ်ပါ။သေချာစိစစ်ရွေးချယ်ပြီးမှသာဝင်ခွင့်ရှိပါသည်။ယခုတပ်မတော်မှာ ၀င်ချင်သူမရှိသဖြင့်တပ်သားသစ်များကိုငွေပေးပြီးဝယ်နေရပါသည်။သို့ရာတွင်ထိုသူများမှာ ယုံကြည်ချက် ခံယူချက်မရှိသဖြင့် မကြာခင် စစ်ပြေးဖြစ်သွားကြပါသည်။စုဆောင်းရရှိအင်အားနှင့်ပြုန်းတီးအင်အားတွင် ပြုန်းတီးအင်အားကများနေပါသည်။နိုင်ငံတော်ကိုကာကွယ်ရန် တပ်မတော်မရှိမဖြစ်လိုအပ်ပါသည်။သို့ရာတွင် ယခုကဲ့သို့ ငွေပေးပြီးစုခိုင်းရသည့်စစ်သားများနှင့်စစ်တိုက်လျင် တိုက်တိုင်းရှုံးသာဖြစ်နေပါမည်။တပ်အင်အားကိုကျစ်ကျစ်လျစ်လျစ်နှုင့် အရည်အချင်းပြည့်ဝသူများနှင့်သာဖွဲ့စည်းသင့်ပါသည်။ပြီးလျင်တပ်မိသားစုဝင်များကို မဆိုင်သည့်အလုပ်များမခိုင်းစေလိုပါ။အရာရှိစစ်သည်များ၏ လစာ၊စရိတ်၊ရပိုင်ခွင့်များကိုထိုက်ထိုက်တန်တန်ပေးပြီး တပ်ထဲဝင်ချင်အောင်မက်လုံးပေးသင့်ပါသည်။အရာရှိ၊စစ်သည်များထိခိုက်ဒါဏ်ရာရလို့ဖြစ်စေ၊တိုက်ပွဲကျလို့ဖြစ်စေ၊အသက်ပြည့်လို့ဖြစ်စေ အငြိမ်းစားယူပါက စစ်သည်ကိုယ်တိုင်နှင့်ကျန်ရစ်သူ မိသားစုအတွက်ပြန်လှည့်ကြည့်စရာမလိုအောင်ပင်စင်လစာ နေစရာအိမ်ခန်း(သို့)အိမ်၊စသည်တို့ကို နိုင်ငံတော်မှအရစ်ကျစနစ်ဖြင့်ရောင်းချပေးသင့်ပါသည်။တပ်မတော်သားများကိုစာနာပါသည်။
heinkaungkin said...
ဒါတွေဟာတပ်မတော်ရဲ့စည်းလုံးညီညွတ်မှုကိုသွေးခွဲမဲ့စကောလောက်မှစောက်မနက်တဲအကြံနဲ့ အပုတ်ချရေးသားထားချက်တွေပါ။ကျွန်တော်တို့တပ်မတော်မှာဒါမျိုးတွေလုံးဝမရှိပါဘူး...ဒီစာကိုရေးတဲ့သူဟာတပ်မတော်ရဲ့ကောင်းမွန်မြင့်မြတ်တဲ့စေတနာတွေကို နွားကန်းတစ်လုံးမှမသိဘဲလေဖမ်းဒန်းစီးရေးသားထားခြင်းဖြစ်ပါတယ်။မြန်မာလူမျိုးတွေဟာကိုယ့်ထက်အသက်သော်လည်းကောင်း၊ဂုဏ်ရှိန်သော်လည်းကောင်းကြီး မြတ်တဲ့သူတွေကိုရိုသေလေးစားဂါရ၀တရားထားတဲ့လူမျိုးတွေပါ။ကိုယ်ချင်းစာတရားလည်းအလွန်ရှိတဲ့လူမျိုးတွေဖြစ်ပါတယ်။ဒီလိုကောင်းမြတ်တဲ့အစဉ်အလာတွေဟာကျွန်တော်တို့တပ်မတော်အတွင်းမှာရှိတဲ့ တပ်မိသားစုဝင်တွေမှာပိုပြီးတော့ရှိပါတယ်။တပ်မတော်သားတွေတင်မကဘဲတပ်မတော်သားတွေရဲ့မိသားစုဝင်တွေကိုပါစည်းစည်းလုံးလုံးညီညီညျွတ်ညွတ်နဲ့ နွေးနွေးထွေးထွေးရိုင်းပင်းကူညီတတ်အောင် စေတနာအပြည့်အ၀ထားပြီး တပ်မိသားစုဝင်တွေရဲ့သားရေး၊နာရေးကအစ အချိန်ပေးပြီးလုပ်ဆောင်ပေးနေတာတွေအများရှိပြောစရာမကုန်အောင်ရှိပါတယ်။တပ်တွင်းမှာဆိုလဲတပ်ရင်းသက်သာဆိုင်ဆိုတာအပြင်ကဈေးထက်ချိုအောင်အရှုံးခံပြီး တပ်ထဲမှာပြန်လည်ရောင်းချပေးတာတွေ၊တပ်မိသားစုဝင်တွေရဲ့သားသမီးတွေအတွက် ပညာရေးထောက်ပံ့မှုတွေလစဉ်လုပ်ပေးနေတာတွေ၊ကျောင်းသွားဖို့အတွက်ကျောင်းကား၊ဈေသွားဖို့အတွက်ဈေးကား၊တပ်မိသားစုဝင်တိုင်းအခမဲ့ကုသားနိုင်တဲ့တပ်တွင်းဆေးပေးခန်း၊တပ်မတော်စစ်ဆေးရုံး ပြောမယ်ဆိုရင်ကုန်တောင်မကုန်နိုင်တော့အောင်အသေးစိတ်ကအစလိုက်ပြီးလုပ်ဆောင်ပေးနေတာပါ။ဒါတွေဟာတပ်မတော်ရဲ့စေတနာအမှန်တွေဖြစ်ပါတယ်။ဒါတွေကိုနားမလည်ဘဲတပ်မတော်ရဲ့စေတနာကိုစော်ကားလိုက်တာကို တပ်မတော်သားတစ်ယောက်အနေနဲ့ ရင်နာလို့မဆုံးပါဘူး။
pioneerboy said...
ရပ်ကွက်ထဲမှာနေရင် ရပ်ကွက်စည်းကမ်းကိုလိုက်နာရပါတယ်။ယုတ်စွအဆုံးအိမ်မှာနေရင်တောင် အဖေအမေကချမှတ်ထားတဲ့စည်းကမ်းကိုလိုက်နာကြရပါတယ်။ဒါတွေဟာလူတိုင်းနားလည်ပြီးသားဖြစ်ပါတယ်။စည်းကမ်းရှိတဲ့တပ်မတော်လို့ပြောထားတဲ့ကျွန်တော်တို့တပ်မတော်မှာလဲ ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာရမှာဖြစ်ပါတယ်။လူသားတစ်ယောက်နေနဲ့ဘယ်လိုမှမလိုက်နာနိုင်တဲ့ လူလူချင်းနှိပ်စက်တဲ့ ဘယ်လိုအမိန့်မျိုးကိုမှ တပ်မတော်မှာချမှတ်ထားတာမရှိပါဘူး၊၀င်ရောက်လေ့လာလို့ရပါတယ်။စည်းကမ်းချမှတ်ထားတာတွေကလည်းအများလိုက်နာနိုင်တဲ့စည်းကမ်းတွေကို နည်းလမ်းကျကျချမှတ်ထားတာဖြစ်ပါတယ်။ဒီစာကိုရေးတဲ့အစ်မပြောသလိုသာဆိုရင် တပ်မတော်ထဲမှာရှိသမျှရဲမေတွေအကုန်ထွက်ပြေကုန်ရောပေါ့။အမြင်မမှားဖို့လိုပါတယ်။ကျွန်တော်တို့တပ်မတော်ဟာမြန်မာလူမျိုးတွေရဲ့စရိုက်နဲ့အညီ မည်သည့်တပ်မတော်မှာမှ မ၇ှိတဲ့ ရိုင်းပင်းကူညီမှုစနစ်၊တပ်မတော်သားတွေတင်မကဘဲ တပ်မိသားစုဝင်တွေကိုပါစိတ်ဓာတ်ကောင်းမွန်အောင်ဂရုဏာတရားထားပြီး အချိန်ကုန်ခံပြုစုပျိုးထောင်ပေးနေတာပါ။ဒါတွေကိုသက်သေပြစရာတွေအများ ကြီးရှိပါတယ်။အစ်မပြောသလိုရဲမေတွေ့ရဲအိမ်မှာသီးပင်၊စားပင်တွေစိုက်ခိုင်းတာဟာ မိသားစုစည်းပွားရေပိုမိုအဆင်ပြေစေချင်လို့ စေတာနာထားပြီးစိုက်ပျိုးမွေးမြူရေးလုပ်ခိုင်နေတာဖြစ်ပါတယ်။ရဲမေအိမ်က သခွါးသီးတစ်လုံး၊ဗူးသီးတစ်ညွန့်ကိုမှစစ်သည်ရဲဘော်တွေခူးယူစားသောက်တာမဟုတ်ပါဘူး။စိုက်ပျိုးတဲ့စစ်သည်မိသားစုတွေဘဲစားသုံးကျရတာဖြစ်ပါတယ်။အချိန်ကုန်ခံပြီးစေတနာထားလုပ်ဆောင်ပေးနေတဲ့ တပ်မတော်ရဲ့စေတနာအမှန်ကိုနားလည်ဖို့လိုပါတယ်။ကိုယ့်အတွက်လုပ်းတာကိုတောင်နားမလည်ဘဲ တပ်မတော်အပေါ်မှာစော်ကားလိုက်တဲ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။
kyawswar said...
မိမိလင်ယောင်္ကျားတွေ အန္တရာယ်များလွန်းတဲ့ စစ်မြေပြင်ကိုသွားနေတဲ့အချိန်မှာ စိတ်ပူကြရတာ ဓမ္မတာပါပဲ။ အဲဒီတော့ ရှေ့တန်းစစ်မြေပြင်ရောက်နေတဲ့ မိမိလင်တော်မောင် သာစေကြောင်း၊ မာစေကြောင်း အန္တရာယ်ကင်းဝေးစေကြောင်း ဆုတောင်းမေတ္တာပို့သကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ မိမိတို့အနေနဲ့ လင်တော်မောင်ကို စိုးရိမ်ပူပန်နေရမှုတွေအတွက် သက်သာပါစေကြောင်း ဗုဒ္ဓရဲ့တရားတော်မြတ် ပဌာန်းဒေသနာတော်၊ ပရိတ်တရားတော်၊ ဓမ္မစင်္ကြာတရားတော်မြတ်တွေကို ရွတ်ဖတ်ရတာက စစ်မြေပြင်ရောက် စစ်သည်မောင်တွေအတွက် ဇနီးမယားကောင်းတွေရဲ့ ဝတ္တရားတစ်ခုပါ။ စစ်သည်တွေအနေနဲ့လည်း နောက်တန်းမှာ မိမိတို့ဇနီးမယားတွေ အလှူအတန်းတွေလုပ်၊ ဝတ်ပြုဆုတောင်းပေးနေကြတယ်ဆိုရင် သူတို့လည်းလုံခြုံတယ်လခံစားကြရပါတယ်။ရှေ့တန်းရောက်စစ်သည်မောင်
အတွက် ဝတ်ပြုဆုတောင်းပေးတာကဇနီးကောင်းတွေရဲ့ ကြန်အင်တစ်ခုပါပဲ။
ayeyarwaddythar said...
ရပ်ကွက်ထဲမှာနေရင် ရပ်ကွက်စည်းကမ်း၊ အဆောင်မှာနေရင် အဆောင်စည်းကမ်းရှိပါတယ်။ တပ်မတော်မှာဆိုရင်တော့ အရပ်ဘက်ကစည်းကမ်းတွေအပြင် စစ်စည်းကမ်းကိုပါ လိုက်နာကြရမှာပါ၊ မိဘအိမ်ပြန်ချင်တာ တစ်ခြားသာရေး၊ နာရေးတွေအတွက် သွားချင်လာချင်ရင် ပုံမှန်အရပ်ဘက်အလုပ်တစ်ခုခုကနေမှာတောင်
ကြီးကြပ်သူတွေ၊ မန်နေဂျာတွေအထိ အဆင့်ဆင့်ခွင့်ပြုချက်တောင်းခံရပါမယ်။ ကျန်းမာရေးကြောင့်၊ လူမှုရေးကြောင့် စတဲ့အကြောင်းပြချက်အမျိုးမျိုးအလိုက် လစာမဲ့ခွင့်တွေ လစာထဲက ငွေပြန်နုတ်တဲ့ခွင့်တွေ စသည်ဖြင့်ရှိပါတယ်။ ယုတ်စွအဆုံး ကိုယ့်အိမ်မှာကိုယ်နေရင်တောင် အုပ်ထိန်းသူ မိဘ၊ အကို၊ အမတွေအသိပေး၊ ခွင့်ပြုချက်တောင်းရပါတယ်။ စည်းမရှိ၊ ကမ်းမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ၊အဖေကိုအသိမပေးလည်းအိုကေ ၊အမ မသိလည်းဖြစ်ဆိုတဲ့ မိသားစုတွေကနေ လာတာဆိုရင်တော့ အခုလိုစည်းကမ်း တွေက တင်းကြပ်ကောင်း တင်းကြပ်နေပါလိမ့်မယ်။ ပုံမှန်စည်းနဲ့ ကမ်းနဲ့လာတဲ့သူတွေဆိုရင်တော့ ဒါဟာ လုပ်ရိုး လုပ်စဉ် လုပ်သင့်တဲ့စည်းကမ်းတစ်ခုဆိုတာ နားလည်ပါလိမ့်မယ်။
ayeyarwaddythar said...
တပ်တွေရဲ့ သာယာလှပရေးအတွက် တပ်မိသားစုတွေနေထိုင်ကြတဲ့ အဝန်းအဝိုင်း သာယာလှပဖို့အတွက်ကို ဒီတပ်မှာရှိတဲ့ စစ်သည်တွေမလုပ်လို့ ဘယ်သူကလာလုပ်ပေးမှာလဲ။ လူတိုင်း လူတိုင်းအနေနဲ့ မိမိနေထိုင်ရာ အိမ်ယာကို သာယာလှပသန့်ရှင်း သပ်ရပ်အောင်တော့ မှီတင်းနေထိုင်သူတွေက လုပ်ဆောင်သင့်ပါတယ်။ စားဝတ်နေရေးနဲ့ပတ်သက်လို့ကတာ့ တပ်မတော်ကနေ တတ်နိုင်သလောက် ရိက္ခာဆန်၊ ဆီ၊ သကြား စသည်ဖြင့် ထောက်ပံ့ပေးထားပါတယ်။ ဒီနေ့ခေတ်ကာလမှာ လင်ယောကျားင်္ရဲ့လစာကို မိသားစုတစ်စုလုံးက ထိုင်စားနိုင်တဲ့ အလုပ်မျိုးအင်မတန်ရှားပါတယ်။ ဒါကြောင့် မောင်တစ်ထမ်း၊ မယ်တရွက်ဆိုတဲ့အတိုင်း ဘဝကိုအတူတူ ဖြတ်သန်း ကြရပါမှာပါ။ ဒါပေမယ့် စစ်သည်ရဲမေတွေအတွက် မိမိရဲ့ရင်သွေးတွေ ကျောင်းထားချိန်ရောက်ရင်တော့ တပ်မတော်က ကျောင်းအပ်စရိတ်၊ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံတွေထောက်ပံ့ပေးတဲ့အပြင် ကျောင်းအကြိုအပို့ကိုပါ တာဝန်ယူထားပေးလို့ စိတ်ပူစရာတော့ မရှိပါဘူး။ ရဲမေတစ်ယောက် ကိုယ်ဝန်ဆောင်မီးဖွားတော့မယ်ဆိုရင် တပ်ရင်းမှူးကတော်ကစလို့ အရာရှိကတော်တွေ၊ ဆရာကြီးကတော်တွေ ကိုယ်တိုင် သတင်းမေးတာတွေ၊ စစ်ဆေးရုံတွေမှာ ဗိုက်အပ်ပေးတာတွေအပြင် အားရှိဖို့ နွားနို့ ကြက်ဥစတာတွေကို ထောက်ပံ့ပေးတတ်ကြသလို အနှီးပိတ်ကအစ စီစဉ်ပေးတာကိုမြင်ရတာ အရမ်းပျော်စရာကောင်းတဲ့ မိသားစုကြီးတစ်ခုလိုပါပဲ။ ဒါကတော့ တပ်မတော်မှာပဲရနိုင်တဲ့ အလွန်နွေးထွေးပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝတစ်ခုပါ။
iban said...
အခု အဖိနှိပ်ခံရတဲ့လူတွေကလည်း တေး.. ထားပြီး သူတို့တွေ ရာထူးတက်လာရင် ပြန်ပြီး ဖိနှိပ်..
ပေဖြစ်တုန်းခံလိုက်.. တူဖြစ်တော့ ပြန်ထုလိုက်နဲ့ သံသရာလည်နေတာပါ။
သံသရာပြတ်ချင်ရင်..
ပေ ဖြစ်တုန်းအထုခံလိုက်.. တူဖြစ်ရင် ဘယ်တော့မှ ပြန်မထုနဲ့..
တူ..သိပ်ကြီးရင် ပေ..ဖြစ်တတ်တယ်.. ဥပမာ။ ဗိုလ်ခင်ညွန့်
တြိရတနာ said...
ကဲဗျာဒီလိုလုပ်လိုက် ကိုသစ်ထူးလွင်ရေ ခုကျွန်တော်အပါဝင် တကယ်စိတ်ဝင်စားသူတိုင်း ပြည်သူက တပ်မတောကိုချစ်ကြောင်း နီးစပ်ရာအစိုးရရုံးတစ်ခုရှေ့မှာ ပြည်သူ့တပ်မတော်သားတွေကို ဂုဏ်ပြုသီချင်းဆိုရင်း ပြည်သူကချစ်ကြောင်း ၊ ကြိုဆိုကြောင်း သွားရောက်စုဝေး အလေးပြုကြဖို့ စည်းရုံးလိုက်ပါဗျာ။ရဲဘော်တွေလဲ ပြည်သွေကချစ်နေမှန်းသိသွားပြီး အလေးပြုတဲ့ပြည်သူ အမြဲကိုယ်ကလေးပြုနေရတာ ခုသူအလေးပြုခံရပြီလို့ ခံစားရင်း ပြည်သူဟာအမိ အဖဆိုတာသိသွားအောင်ပေါ့။
one student said...
pioneerboy နှင့် ayeyarwaddythar ခင်ဗျား
ခုပြောနေကြတာဖြစ်နိုင်တာကခင်ဗျားတို့နှစ်ယောက်ကစစ်တပ်ကအထက်လူကြီးဒါမှမဟုတ်စစ်တပ်အကြောင်းကိုသေချာမသိစစ်သားမိန်းမတွေဘဝကိုတကယ်မခံစားဘူးကြတဲ့သူတွေပဲဖြစ်မှာပါ။ ရုပ်ရှင်ထဲကလိုဘယ်အရာရှိကတော်တပ်ရင်းမှူးကတော်မှဘယ်ရဲမေတယောက်ကိုအဖက်လုပ်ပီးဂရုမစိုက်ကြပါဘူး။ နွေးထွေးပီးပျော်စရာကောင်းတဲ့တပ်မတော်ကရုပ်ရှင်ထဲမှာပဲကျွန်တော်မြင်ဖူးတာပါ။ တကယ့်လက်တွေ့ဘဝမှာတော့စစ်သားမိသားစုတွေငတ်ပြတ် ပီးစုတ်ပြတ်သပ်နေအောင်နေနေကြတာပါ။ အပေါ်ယံမကြည့်ပါနဲ့။ ခင်ဗျားတို့ခုလိုဝေဖန်ချင်ရင်သူတို့ဘဝမှာတကယ်ခံစားကြည့်ကြပါအုံး။ စစ်သားလစာလေးအနည်းငယ်ကြောင့်မလောက်မဝဖြစ်နေတာကို မိန်းမတွေက ရှာကြံပီးအိမ်အတွက်ဖြည့်ဆည်းပေးရမဲ့အချိန်မှာ ဘာမှမဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲတွေ ခုလုပ်ခုမေ့ရေရှည်မခံတဲ့ အလုပ်တွေလုပ်နေကြရပီးအိမ်ကိုပစ်ထားနေကြတာပါ။ ခင်ဗျားတို့ပြောတဲ့ စစ်သားသားသမီးတွေကို ထောက်ပံ့ပေးတယ်ဆိုတာမသိပေါင်ဗျာ။ ထောက်ပံ့ပါတယ်။ ၁ နှစ်နေမှစာအုပ်၆ အုပ်လောက်ခဲတံအပေါစား၃ ၄ ၅ ချောင်းလောက်နဲ့ပါ။ ဒါတောင်နယ်ဖက်ကစစ်တပ်တွေကို ပြောနေတာမဟုတ်ဘူးနော်။ ဒီလောက်ဆိုပေါက်မှာပါ။ ဒါတွေခင်ဗျားတို့သိလား။ ခင်ဗျားတို့ကရောတကယ့်စစ်သားတွေလား။ အပေါ်ကလူတွေကအမျိုးမျိုး ဝါးစားကြသလောက် စစ်သားမိသားစုတွေ စုတ်ပြတ်နေတဲ့စစ်သားတွေ ဒုနဲ့ဒေးပါ။ ခင်ဗျားတို့ကြိုက်တဲ့ စစ်သားမိန်းမတွေမိသားစုတွေကိုသွားမေး ကြည့်စမ်းပါ။ ခုလိုလုပ်နေရတာတွေကနေဘာတွေများအကျိုးအမြတ်ရလဲလို့။
one student said...
ထပ်ပြောချင်လို့ပါ heinkaungkin ရေ .....
ပြောရက်လိုက်တာဗျာ ... ခင်ဗျားပြောတဲ့နွေးနွေးထွေးထွေးရိုင်းပင်းတယ် ဆိုတာ ဆင်းရဲတဲ့မရှိ တဲ့စစ်သားမိသားစုတွေအချင်းချင်းပါဗျာ မရှိချင်းအတူတူကူညီရိုင်း ပင်းကြတာပါ တပ်တွင်းဆေးပေးခန်းကိုသွားကြည့်စမ်းပါ ဆေးစုံရဲ့လား လို့ ကျွန်တော်သိသလောက်ကတော့ ဆေးပေးခန်း ကဆရာဝန်ထိုင်တာမဟုတ်ပါဘူး ဆေးအကြောင်းနားလည်တဲ့လူပါ ပီးတော့သွားကြည့်စမ်းပါဗျာဆေးပေးခန်းမှာ အဲဒီဆေးမှူးအမျိုးတွေအဆွေတွေ တက်နေကြတာခင်ဗျားသိလား ဆေးကုဖို့မဟုတ်တော့ဘူးဗျ ... ဘာတဲ့ တပ်မတော်ဆေးရုံဟုတ်လား .. အဲဒီဆေးရုံမှာငတ်ပြတ်ပီး စုတ်ပြတ်နေတဲ့ထမင်းတွေစားပီး သူ့မိသားစုကသူ့ကိုသေလား ရှင်လားမသိတဲ့ စစ်သားတွေဒုနဲ့ဒေးပါ ခင်ဗျားသွားကြည့်ဖူးလို့လား ပိုက်ဆံ လေး ၅၀၀ ရရင်ထီပေါက်သလိုပျော်နေတဲ့ခြေပြတ်လက်ပြတ် စစ်သားတွေ တကယအနစ်နာခံနေရတာသူတို့တွေပါ စစ်ဆေးရုံမှာဆေးတခါကုဖို့လဲ စောင့်လိုက်ရတဲ့အချိန် processing time ကမြန်ပါဘိနဲ့ နောက်ဘဝကူးတော့မယ် .. တတ်နိုင်လို့အပြင်ဆေးခန်းမှာကုဖို့ကျတော့ခွင့်မပြုကြပဲနဲ့ .. ခင်ဗျားပြောသလိုဒါမျိုးတွေလုံးဝမရှိတာမဟုတ်ပါဘူးဗျာ။ နဲနေပါသေးတယ်။ ကုန်ကုန်ပြောရရင်လူနဲ့မတူအောင် အခိုင်းခံနေရတဲ့စစ်သားတွေအများကြီးပါ။ တကယ်လို့ခင်ဗျားသာ ပြောရေးဆိုခွင့်ရှိတဲ့အရာရှိတယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျေး ဇူးပြုပီးတော့ဗျာ တကယ့်စစ်သားတွေဘဝထဲကိုနဲနဲလောက်လေ့လာ ပေးပါလို့ ... ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။
Anonymous said...
ဟေ့ကောင် ... Ayeyarwaddythar. မင်းက သတင်းစာထဲက စာတွေ လာရွတ်ပြနေတယ်။ မင်းအဖေ ဂျပုကျော်ဆန်းတောင် ပြည်သူ့နီတိတွေ သတင်းရှေ့ဖုံးပေါ်တင်။ သူ့သွားမေးကြည့် ပြည့်သူ့နီတီ အင်္ဂလိပ်လိုရော မြန်မာလိုရော အလွတ်ရွတ်ပြလို့ မေးကြည့်။ အေး ငါတို့တွေ ၀န်ထမ်းအရာရှိရာထူးကို အဲဒါတွေဖတ်ပြီး အောင်လာရတာ နားလည်လား။ မရှက်ပါဘူး ... အမှန်အတိုင်းပြောရရင် အလုပ်မရှိလို့ စောက်ရှက်မရှိတဲ့ သတင်းစာကို အခါခါဖတ်ပြီး မင်းပထွေးတွေအကြိုက် ဖတ်ပြီး PSC စာမေးပွဲကို ဖြေပြီး ၀န်ထမ်းအရာရှိဖြစ်လာတာ။ ဒီကြားထဲ စောက်လူကြီးအကပ်တွေ ပါသေးတယ်။ အဲတော့ သိအောင်ပြောမယ် ဟေ့ကောင်။ ငါ ၀န်ထမ်းဘ၀ကလာတယ် အခု ပြည်ပမှာ ကိုယ်ဝမ်းစာကိုယ့်ဘာသာ လိပ်ပြာသန့်သန့်ရှာစားနေတယ်။ ၀န်ကြီးဌာနတိုင်း သူခိုးတွေချည်းပဲ ဟေ့ကောင်။ လာမပြောနဲ့ အံတိုနေပြီ။ ဘတ်ဂျက်ခိုး လဘ်တောင်း နောက်ဆုံး ခိုးမရရင် အချိန်ခိုးတယ်။ ဟုတ်ပြီနော်။ မင်းတို့ရဲ့ တပ်ကလူကြီးတွေ၊ ဌာနကလူတွေကြီး စေသနာဆိုတာ တောမှာသွားပြော။ ဘယ်တပ်ပဲဖြစ်ဖြစ် ဘယ်ဝန်ကြီးဌာနပဲ ဖြစ်ဖြစ် ရတာခိုးတယ်။ နောက်ဆုံးမခိုးဘူး မယူဘူးဆိုတဲ့ တပ်နဲ့ ၀န်ကြီးဌာန ငါ့ကို ပြ။ ခိုးစရာမရှိလို့ ခိုးမရလို့ မခိုးတာပဲ ရှိမယ်။ နောက်ဆုံးခိုးမရရင် အချိန်ခိုး အာဏပြ နောက်ဆုံးဒါပဲ။ သိအောင်ပြောမယ် ကွာ။ အဲဒါတွေကို ပြင်ချင်ရင် အောက်က စပြင်လို့မရဘူး။ Top to Down ပြင်ရမယ်။ အပေါ်က သူခိုးကြီးတွေ ဖြုတ်ထုတ်လုပ်ရမယ်။ ၀န်ထမ်းဘ၀ကတော့ ဒုံရင်းကဒုံရင်းပဲ ဟေ့ကောင်။ ၀န်ထမ်းတွေ ခိုးတာ တိုက်ဆောက်ရလောက်အောင်မရဘူး။ အရက်ဖိုး ချဲဖိုး လက်ဖက်ရည်ဖိုး မိသားစုထမင်းဖိုး ရွှင်ရုံလွှဲလို့ ပိုမရဘူး။ အပေါ်က သူခိုးကြီးတွေ ခိုးချက်ကတော့ ဌာနပါပျက်မဲ့ကိန်းရှိတယ်။ အဲတော့ မင်းကို သိအောင်ပြောချင်တာက သတင်းစာထဲကစာတွေကို ဒီမှာ Comment လုပ်ပြီးလာရေးမဲ့အစား မင်းဘ၀ မင်းပြန်စဉ်းစား။ မင်းဘယ်သူ့ကျွန်လဲ မင်းစားနေတာတွေ သန့်ရဲ့လား။ မင်းဘယ်သူ့အတွက် ဟောင်ပြနေတာလဲဆိုတာ။ ဒီလောက်ပဲ ။ ခုချိန်ထိ ဒီသူတောင်းစာတွေ အွန်လိုင်းဝင် ကော်မန့်ရေးရဲသေးတယ်။ စောက်ရှက်ကိုမရှိဘူး။
kyawswar said...
တပ်မတော်သားဖြစ်လာရင် မိဘနဲ့မိသားစုတွေကို ထောက်ပံ့ပေးမှု ၊အခမဲ့ဆေးဝါးကုသခွင့်တွေပေးတာက ကမ္ဘာ့ဘယ်တပ်မတော်မှာမှ မရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ ထူးခြားတဲ့ ၀ိသေသ တွေပါ
ayeyarwaddythar said...
တပ်ထဲမှာသာမဟုတ် အရပ်ထဲမှာလည်း ကြီးသူကို ရိုသေတာ၊ကိုယ့် ထက် အသက်အရွယ်ကြီးသူ၊ ဝါကြီးသူ၊ရာထူးအားဖြင့်ကြီးသူတွေကို အရိုအသေပေးတာက ယဉ်ကျေးမှု တစ်ခုပါ။ အဲလို ယဉ်ကျေးမှုမရှိ၊မခံယူတတ်တာနဲ့ ပဲဖားတယ်လို့မပြောသင့်ပါဘူး ။
mae ei said...
ကြားနေရတဲ့သတင်းတွေက စိတ်မကောင်းစရာပါလား
shwepyitaw said...
အောက်မှာရေးထားတဲ့ one student က စစ်တပ်အကြောင်းသေချာမသိပဲရေးထားတာကိုးဗျ၊ အခုဆိုရင် ခြေလျင်တပ်ရင်းတွေမှာဗိုလ်ကြီးအဆင့် ဒေါက်တာတွေရှိနေပြီဆိုတာမသိဘူးမလား။ စစ်ဆေးရုံတွေမှာ ဆေးရုံတက်စစ်သည်တွေအတွက်
အင်အားပြည့် ရိက္ခာဆိုတာ ရှိသေးတယ်
shwepyitaw said...
စစ်သည်တွေရဲ့ရင်သွေး ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းဖွင့်ချိန်တိုင်းမှာ ဗလာစာအုပ် ၁ ဒါဇင်ထက်မနည်း၊ကျောင်းဝတ်စုံတွေပါ
ထောက်ပံ့နိုင်ကြတယ်။မူလတန်း၊အလယ်တန်း၊အထက်တန်းဆိုပြီး အတန်းလိုက်လည်းအပိုထပ်ပြီးထောက်ပံ့သေးတယ်။တပ်တွေကို
စိုက်ပျိုးရေး၊မွေးမြူရေးတွေလုပ်ခိုင်းတယ်ဆိုတာက အခုလိုထောက်ပံ့နိုင်အောင်ပဲ။
ayeyarwaddythar said...
Mr. ရေ ခင်ဗျားပြောသလို ခိုးမရလို့မခိုးတာဆိုရင် ခင်ဗျားလည်း ခိုးမရတဲ့
အဆုံးမို့ ပြေးတာပဲပေါ့ ဟုတ်လား။လူကြီး အကပ်တွေလည်းပါသေးတယ်ဆို
တော့ ခင်ဗျားလည်း အောက်လမ်းနည်းသုံးခဲ့တယ်ပေါ့ ။ အဲလို လူတွေပဲ ၀န်
ထမ်းဖြစ်လာတော့ ရင်းထားတာနဲ့ တန်အောင်ပြန်ယူရမယ်ဆိုပြီး အကျင့်ပျက်
ကြတော့တာပဲ။ ခင်ဗျား မှန်းထားသလောက် ဂွင်မတည့်လို့ ထွက်တာနဲ့တူတယ် ။
Sate Phwar said...
ဟုတ်ပါတယ်။ ဒီအရာရှိကတော် (ရဲမေ) ပြောတာမှန်ပါတယ်။
ဒါပေမဲ့သူပြောတာထက်ဆိုးပါတယ်။ စစ်သည်အဆင့်အတန်းအားလုံးရဲ့
မိသားစုဝင်တွေဟာ ကျွန၀ယ်ရာအဆစ်ပါဆိုသလို တပ်ရဲ့ အလုပ်တွေ
အရာရှိကြီများနဲ့မိသားစုများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုပ်ဆောင်
ပေးရပါတယ်။ ကျွန်တော်ကတော့ အဖွားပြောစကားကို နားမထောင်မိလို့
ခံနေရပါပြီ။ အဖွားကပြောတယ် ။စစ်ဆိုတဲ့စကားမကြားချင်ဘူး၊ ဒါကြောင့်
ရေတောင် စစ်မသောက်ဘူးတဲ့။
Sate Phwar said...
ဟုတ်ပါတယ်။ ဒီအရာရှိကတော် (ရဲမေ) ပြောတာမှန်ပါတယ်။
ဒါပေမဲ့သူပြောတာထက်ဆိုးပါတယ်။ စစ်သည်အဆင့်အတန်းအားလုံးရဲ့
မိသားစုဝင်တွေဟာ ကျွန၀ယ်ရာအဆစ်ပါဆိုသလို တပ်ရဲ့ အလုပ်တွေ
အရာရှိကြီများနဲ့မိသားစုများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုပ်ဆောင်
ပေးရပါတယ်။ ကျွန်တော်ကတော့ အဖွားပြောစကားကို နားမထောင်မိလို့
ခံနေရပါပြီ။ အဖွားကပြောတယ် ။စစ်ဆိုတဲ့စကားမကြားချင်ဘူး၊ ဒါကြောင့်
ရေတောင် စစ်မသောက်ဘူးတဲ့။
one student said...
ဒီမယ် ကို shwepyitaw ကြီးရေ .. ကျုပ်ကိုများစစ်တပ်အကြောင်းသေချာမသိဘူးတဲ့လား .. ဒီမယ်ကျုပ်ကစစ်တပ်မှာမွေးပီးစစ်တပ်မှာကြီးလာတာဗျ .. ခင်ဗျားလို့လိုလူတွေထက်စစ်သားဘဝကိုလက်တွေ့နားလည်တယ် .. ကျုပ်ကိုစစ်တပ်ထမင်းစားပီးကျေးဇူးကန်းတယ်မပြောနဲ့ .. ကျွေးတာနဲ့မတန်အောင်အခိုင်းခံနေရတာတွေခင်ဗျားသိလား ဘာတဲ့ ဗိုလ်ကြီးအဆင့်ဒေါက်တာတွေရှိမှာပေါ့ ဒီလောက်စစ်ဆေးကကျောင်းသားတွေထွက်နေတာ ဒါပေမယ့်သွားကြည့်စမ်းပါ ဘယ်တပ်တွင်းဆေးခန်းမှာရှိလဲလို့ ပေါက်စလေးတွေပါဗျာ ... ခင်ဗျားပြောတဲ့အင်အားပြည့်ရိက္ခာဆိုတာသိသားပဲ လုံလောက်ရဲ့လား လူကိုကျွေးတာနဲ့တူရဲ့လားသွား စားကြည့်အုံး ကျုပ်ကိုလာမပြောနဲ့ ကျုပ်မသိပဲဘာမှဝင်လျှာမရှည်ဘူး ခင်ဗျားပြောတဲ့စိုက်ပျိုးရေး မွေးမြူရေး ဆိုတာကနေဘယ်လောက်များအကျိုးအမြတ်ရပါ လိမ့် .. စနေတနင်္ဂနွေပိတ်ရက်လေးတောင်မနားရပဲမြို့အစွန် မှာဖက်ထိပ်သွားဆင်းနေရတာလေ .. ခင်ဗျားသာစစ်သားအဆင့် သာမာန်တပ်ကြပ်အဆင့်ဆိုရင် နားလည်မှာပါဗျာ ခင်ဗျားကသာစစ်တပ်အကြောင်းမသိပဲ သို့ စစ်သားတွေဘဝကိုနားမလည်ပဲကိုယ်ချင်းမစာပဲ ပြောထွက်တာ
Kane said...
"No matter who is right but what is right", It's time to change Myanmar.No-one can deny that we are poorest country in ASEAN and the rest of Asia as well, what they did is prove in now what we are, no necessary argue each other, now is prove what they did in Myanmar before,so it's time we need to be corporate and CHANGE it now, I wanna say again " No matter who is right but What is right and It's time to change Myanmar. you know what they said "Do Or Die?" Have a nice day you all, good luck Myanmar.
heinkaungkin said...
မင်းတို့ကမိုက်ရိုင်းရင် ငါတို့ကလည်းမိုက်ရိုင်းရမှာဘဲံ...ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပြောလိုက်မယ်..ဖာနိုင်ငံဇြစ်သွားချင်လို့လား...စစ်တပ်သာ တိုင်းပြည်ကိုမကယ်ခဲ့ရင်ဖာနိုင်ငံဇြစ်တာကြာပြီ...နားလည်လား...စစ်တပ်ရှိနေလို့သာမင်းတို့အခုလို့ သွားလာနေထိုင်စားသောက်ပြီး အေးအေးချမ်းချမ်းနေနိုင်တာ..တိုင်းပြည်ခြောက်ထဲကျမဲ့အရေးဖြစ်လေတိုင်းစစ်တပ်က အနင့်နာခံပြီး..ကယ်တင်ခဲ့ရတာ...တပ်နဲ့ ပြည်သူလက်တွဲကူတဲ့ကွ...မင်းတို့ဘေးထိုင်ဘုပြောဖို့ဘဲသိတာကိုကွ..ငါတို့တပ်မတော်က ရှိတာလေးနဲ့ ရအောင်၊လှအောင် လောက်ငှအောင် လုပ်ပေးထားတာကွ..ချမ်းသာကြွယ်ဝနေတဲ့နိုင်ငံကတပ်မတော်မဟုတ်ဘူးကွနားလည်လား.....တိုးတက်ဖို့အတွက်အားသွန်ခွန်စိုက်လုပ်နေတဲ့အချိန်မှာ အခက်အခဲအားလုံးကိုတော့ အကုန်ဖြေရှင်းမပေးနိုင်ဘူးကွ..နားလည်လား...ဘာလဲကွ..စစ်တပ်က အကုန်လိုက်လုပ်ပေးနေရမှာလားကွ...တာဝန်တွေအများကြီးရှိသေးတယ်...ကိုယ်ချင်းစာပြီးပြောစမ်းပါ...နောက်တန်းမှာ ကျန်ခဲ့ရတဲ့ ဘာမဟုတ်တဲံ့ ပြသသနာလေးလောက်ကိုဘဲ မုံလုံးစက္ကူကပ်ပြီး..အကျယ်ချဲ့ပြီးပေါက်လွတ်ပဲစားလာမပြောနဲ့ကွနားလည်လား..ငါတို့စစ်သားတွေ..ရှေတန်းစစ်မြေပြင်မှာ.နေပူမရှောင်..မိုးရွာမရှောင်...သွားလာလှုပ်ရှားပြီး ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ နဲ့ အသက်ကိုရင်းပြီး မိုင်းတော ရန်သူတော ထဲမှာသွားလာနေရတာကို မင်းတို့ကောင်တွေက ဘယ်တုန်းကများ ကူညီခဲ့လိုလဲ...ငါတို့စစ်သားတွေကိုစာနာ သနားခဲ့လို့လား...ငါတို့မှာမငြီးမညူနဲ့တိုင်းပြည်တာဝန်ကိုထမ်းဆောင်နေကြရတာ..တစ်ခါမှတို့တပ်မတော်ကို ပင်းပန်းလှချည်ရဲ့ဆိုပြီး ....မစော်ကားခဲ့ဘူး...ငါတို့တပ်မတော်ကိုချစ်တယ်.....တပ်မတော်ကိုမစော်ကားပါနဲ့...မင်းအဖေထက်တောင်တပ်မတော်ကကျေးဇုးရှိတယ်ကွ..နားလည်လား...တိုက်ပွဲပေါင်းများစွာကိုတို့တပ်မတော်ကရဲရဲဝံ၀ံဆင်နွဲခဲံလို..မြန်မာနိုင်ငံဆိုတာ..အခုလိုရှိနေတယ်ဆိုတာဘယ်တော့မှာ..မမေ့ပါနဲ့...အခုလိုတပ်မတော်ကို သွားပုတ်လေလွင့်ပြောနေတဲ့မင်းတို့ပါစပ်တွေကို မြောင်းပုတ်ရေနဲ့ဆေးလိုက်ပါဦး..........
မြတ်စန္ဒာ said...
ayeyarwaddythar ,pioneerboy ,heinkaungkin တို့ရေ မင်းတို့က တပ်မတော်ထဲကလား။ ဟုတ်တယ်ဆိုရင်တော့ လက်တစ်ဆုပ်စာရေပေါ်ဆီ ဗိုလ်ချုပ်ကြီးများရဲ့အသိုင်းအ၀ိုင်းကဖြစ်လိမ့်မယ်လို့ ငါယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငါကိုယ်တိုင်လည်း တပ်မတော်က ဆေးမှူး အရာရှိတစ်ယောက်ပါ။ အခြားပြည်သူများနဲ့ မင်းတို့ အဆီယစ်ပြီး အမှောင်ဖုံးနေတဲ့သူတွေကို အမြင်မှန်ရစေချင်လို့ပါ။ တကယ်တန်းခြေလျင်ခြေမြန်တွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ငါ့ညီတို့ သိကြရဲ့လား။ သွားလည်းကြည့်ကြည့်ပါဦးကွာ။ heinkaungkin ရေ မင်းပြောတဲ့တပ်မတော်ကိုသွေးခွဲချင်လို့ရေးထားတာမဖြစ်နိုင်ဘူး။ လက်၇ှိဖြစ်နေတဲ့အမှန်တရားတွေကိုရေးထားတာကွ။ ငါကိုယ်တိုင် ခြေလျင်တပ်ရင်းဆေးမှူး တစ်ယောက်ဖြစ်နေလို့တပ်ရင်းဆေးခန်းမှာ ဆေးမရှိတာ ငါအသိဆုံးပါကွာ။ တပ်ရင်းမှူးဆီတင်ပြတော့လည်း တုတ်တုတ်မလှုပ် မသိချင်ယောင်ဆောင်နေတယ်။ ပြောတော့ငါ့ညီ လိုအပ်တာတင်လိုက်။ ၇ဲဘော်ရဲမေတွေကို ကုသပေးပါတဲ့။ ဆေးမရှိတဲ့ဆေးခန်းမှာ ငါတို့ဘယ်လိုကုရမလဲ။ ရေမန်းတိုက်ကုရမှာလား။ နောက်တပ်တွင်းသက်သာဆိုင်မှာ ကုန်စုံတွေကို အရှုံးခံရောင်းတယ်ဟုတ်လားငါ့ညီ။ ဘယ်ချောင်ကနေတရေးနိုးပြီးထလာတာလဲ။ လူကြီးလာခါနီးမှ အရေးပေါ်စုံအောင်ဝယ်တင်ဖြည့်ပီး ကျန်တဲ့အချိန်မှာ ဟောင်းလောင်းဖြစ်နေတဲ့ တပ်တွင်းသက်သာဆိုင်တွေပါကွာ။ ရဲဘော်တွေကတော့ပြောတယ် မသက်မသာဆိုင်တဲ့။ တပ်ရင်းမှူးဆိုတဲ့လူတွေက အဲဒီကျောင်းဖွင့်ခါနီးအချိန်ဆိုရင် ညဘက်ဆိုရင်အိပ်လို့တောင်မပျော်ဘူး။ အဲဒီ ရဲမေတွေရဲ့ကလေးတွေကို ထောက်ပံ့ဖို့ပိုက်ဆံမရှိလို့။ ဘယ်ရှိမလဲ ရဲဘော်သစ်ဝယ်နေရတယ်လေ။ ရဲဘော်သစ်တစ်ယောက်ရဲ့ဈေးနှုန်းရော မင်းသိလားညီလေး။ ဆေးအောင်အပြီးအစီး 1သိန်းရှိတယ်။ တပ်တွေမှာ ကျွန်ဝယ်ရာအဆစ်ပါဖြစ်နေတာကြာနေပါပြီကွာ။ မသိချင်ယောင်ဆောင်မနေပါနဲ့။ အခုတပ်မက ရှေ့တန်းထွက်နေတော့ တပ်မမှူးကတော်ကြီးက သူပျင်းလို့ဆိုပီး တပ်ရင်းတွေက တပ်ရေးဗိုလ်ကြီးကတော်တွေကို အိမ်ခေါ်ပီး ပွားနေတာ၊ သူ့အိမ်အလုပ်တွေခိုင်းနေတာတော့ ငါ့လက်တွေ့ပဲ။ ayeyarwaddythar ရေ မင်းပြောသလို မြန်မာ့ယဉ်ကျေးမှု အရ ဂါရ၀တရားကြောင့်လုပ်တာမဟုတ်ဘူးကွ။ မလာမနေရဆိုပီးခေါ်တာ။ မလာရင် သူ့တို့ယောက်ျားတွေရှေ့တန်းပါသွားမှာမို့ အိမ်ကအလုပ်တွေကလေးတွေပစ်ပီးတစ်နေကုန် ထမင်းချက်ကျွန်ခံသွားနေရတာကွ။ ပြီးတော့ တစ်နေကုန်နေလို့ ထမင်းကျွေးမယ်များထင်လား။ ဝေးသေး ခေါ်ထဲက ထမင်းချိုင့်မပါလို့ ကတော့ငတ်ဖို့သာပြင်ပဲ။ kyawswar ရေ မင်းအပေါ်ကရေးထားတာရောသေချာဖတ်ရဲ့လား။ ကိုယ့်ယောက်ျားအတွက် ရွတ်ရတာကို ဘယ်သူမှမပြောဘူး။ ကိုယ့်လင်သားကိုေ၇ှ့တန်းမှာ ထိုးကျွေးခံရမှန်းသိလို့ အားလုံးစိတ်ပါစွာ ရွတ်ကြတယ်ကွ။ အခုပြောနေတာက ဆံထုံးကဘယ်အရွယ်။ ရင်ဖုံးပဲဝတ်ရမယ်။ လက်အုပ်ချီပီး ဘယ်လိုညီညာစွာလျှောက်ရမယ်။ သံပြိုင်ညီညာစွာဆိုရမယ်ဆိုတဲ့ ၀တ်ရွတ်ပြိုင်ပွဲကိုပြောတာကွ။ အိမ်မှာစားစ၇ာကမရှိ၊ ကလေးကငို၊ ယောက်ျားက ရှေ့တန်းမှာ သေမလား၊ ပြတ်မလားမသိ၊ အကြွေးတွေက၀ိုင်း။ ဒီလိုအခြေအနေမှာ ဘယ်လိုပြိုင်ပွဲတွေဝင်ရမှာလဲ။
ဆေးရုံတက်ချိန်မှာ အင်အားဖြည့်ရိက္ခာဟုတ်လားငါ့ညီ။ အရမ်းကောင်းတဲ့ပျက်လုံးတွေပဲကွာ။ ငါဆေးတပ်ကပါကွာ။ ဆေးရုံထမင်းကောင်းတာနေပြည်တော် ကုတင် ၁၀၀၀ နဲ့ ရန်ကုန်က အမှတ် ၂ ကုတင် ၅၀၀ စစ်ဆေးရုံပဲရှိတယ်။ VIP ဆေးရုံတွေမို့လို့ဟေ့။ ဆေးဝါးတွေလား ဆေးရုံရှေ့က မေတ္တာမွန်ဆေးဆိုင်မှာအပြည့်ပဲ (မင်္ဂလာဒုံ ကုတင်၁၀၀၀)လေ။ ခြေလျင်တပ်ရင်းတွေမှာ ဆေးမှူးတွေရှိပီး ဆေးမရှိတော့ ဘာနဲ့သွားကုရမှာလဲ။ ရေမန်းတိုက်ရမှာလား။ အုံဖွမန်းပေးရမှာလား။ ဒီကြားထဲ တပ်မမှူးဆိုတဲ့လူက ပရဆေးစိုက်ခင်းလုပ်ခိုင်းလိုက်သေးတယ်။ သင်လာတာကအနောက်တိုင်းဆေးပညာ လာလုပ်ခိုင်းတာက ဘိန္ဓောဆေး အဲဒါမှ ရူးတယ်မပြောရင် ဘယ်ဟာကိုပြောရမှာလည်း။ တပ်အကြောင်းပြောရတာကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပဲ။ ဒါပေမယ့် ကောင်းစေချင်လို့ မသိသေးတဲ့၊ မသိချင်ယောင်ဆောင်နေတဲ့ အဆီရစ်တွေသိစေချင်တာရယ်။ ပြည်သူတွေ စစ်သည်၊ ရဲမေတွေရဲ့ ဘ၀မှန်ကို သိစေချင်တာရယ်ကြောင့် ရှက်ရှက်နဲ့ပဲ ရေးပေးလိုက်တာပါ။ လူကြီးတွေ တပ်တွေကိုသွားစစ်ရင်အားလုံးကောင်းအောင်ပြင်ထားတော့အမှန်တရားကို မတွေ့နိုင်ပါ။ ကြိုတင်အကြောင်းကြားပြီးစစ်သမျှ ဘယ်တော့မှ အခြေအနေမှန်ကိုမသိပါ။ အခြေအနေမှန်ကိုလည်း သက်ဆိုင်ရာတပ်ရင်းမှူး ၊ တပ်မမှူးတို့က မပြရဲပါ။ ပြပါကလည်း အဆဲခံရပြီး ရာထူးပြုတ်ရုံသာရှိပါတယ်။ လူကြီးတစ်ခေါက်လာစစ်ရင် ရဲဘော်တွေ၊ ရဲမေတွေ အရမ်းပင်ပန်းပါတယ်။ တပ်လည်း အရမ်းအရမ်း အကုန်အကျများပါတယ်။ နောက်မကြာမီမှာ တပ်မတော်တွင်းမှ အဖြစ်မှန်များကို အများပြည်သူတို့ သိရှိနိုင်ရန် သစ်ထူးလွင်မှတစ်ဆင့် ရေးသားဖော်ပြပါ့မယ်။
မြတ်စန္ဒာ said...
heinkaungkin ရေ မင်းပြောနေတာ ဘယ်ကာလကတပ်မတော်ကိုပြောတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ BIA , BDA ခေတ်က တပ်မတော်ဆိုရင်တော့မှန်တယ်။ မင်းပထွေး နေ၀င်း နဲ့ သန်းရွှေ ခေတ်ကတပ်မတော်ဆိုရင်တော့ မဟုတ်ဘူး။ နေ၀င်းလက်ထက် တပ်မတော်ကမှ တော်သေးတယ်။ Special ration ဆိုတာရှိသေးတယ်။ သန်းရွှေခေတ် တပ်မတော်ဆိုတာ ဗိုလ်ချုပ်ကြီးများကောင်းစားရေးတပ်မတော်၊ ကိုယ့်အမျိုးကိုယ်ချစ်တပ်မတော်။ ဆိုတဲ့တပ်မတော်အကြောင်းကိုပြောနေတာကွ။ တပ်မတော်ကို သွားပုပ်လေလွင့်ပြောနေတာမဟုတ်ဘူး။ ကောင်းစေချင်လို့ ပြင်သင့်တာတွေကိုထောက်ပြနေတာငါ့ညီ။ မြောင်းပုပ်ရေနဲ့ဆေးရမှာ မင်းပါးစပ်ကိုဆေးရမှာ။ အောက်ခြေကရဲဘော်တွေရဲ့ဘ၀ကို မင်းဘယ်လောက်သိလို့လည်း။ ငါအများကြီးမပြောချင်ဘူး မင်း ရဲဘော်တစ်ယောက်ရဲ့တစ်နေ့တာဘ၀ကိုဖြတ်သန်းကြည့်လိုက်ပါ။ အဲဒီအချိန်မှာ မင်းဒီစာမျိုး၊ ဒီစကားမျိုးထပ်ပြောနိုင်မယ်ဆိုရင် ငါလူပုံအလယ်မှာမင်းကို ထိုင်ရှိခိုးပြပါ့မယ်။ ယူနီဖောင်းအပြည့်အစုံနဲ့ပေါ့။ “ချမ်းသာကြွယ်ဝနေတဲ့နိုင်ငံကတပ်မတော်မဟုတ်ဘူးကွနားလည်လား” ဟုတ်လား??? ဘယ်ချမ်းသာမလဲကွ။ နေ၀င်းကြီးက ကမ္ဘာ့ဘဏ်ကရွှေပေါင်တင်ထားတဲ့ ရွှေတွေအကုန်ထုတ်ပီး ရတနာနတ်မယ်နဲ့ပျော်လို့လျော်ရ။ ခန္ဓာကိုယ်ကို လူငယ်သွေးတွေနဲ့ နိုင်ငံခြားသွားပြီးသွေးသစ်လဲ။ သန်းေ၇ွှကြပြန်တော့ ငွေလဲနှုန်းကို တစ်ဒေါ်လာ 6ကျပ်နဲ့ ပြ ပြင်ပပေါက်ဈေးက 1500 နဲ့ ပိုတာအကုန်အိတ်ထဲထည့်။ မလိုအပ်တဲ့ စီမံကိန်းတွေရှောက်ပြနဲ့ ဒီနိုင်ငံက ဘယ်လိုချမ်းသာမှာလဲ။ ငါတို့စစ်တပ်ကဘယ်တော့ပြောင်ရောင်မှာလဲ။ “.ငါတို့တပ်မတော်ကိုချစ်တယ်.....တပ်မတော်ကိုမစော်ကားပါနဲ့...မင်းအဖေထက်တောင်တပ်မတော်ကကျေးဇုးရှိတယ်ကွ..နားလည်လား” ဆိုတဲ့စကားအရ မင်းဟာဗိုလ်ချုပ်တစ်ယောက်ရဲ့သားသော်လည်းကောင်း၊ သမက်သော်လည်ကောင်း၊ လက်ဝေခံတပည့်သော်လည်းကောင်းဖြစ်မယ်လို့ ငါယူဆတယ်။ မင်းတို့အတွက်ကတော့ ကျေးဇူးရှိမှာပေါ့ကွာ။ အဖေ့ဌာနကလုပ်တဲ့စီမံကိန်းကို သားကcompany ထောင်ပြီး ဈေးအကြီးဆုံးနှုန်းတွေနဲ့ဝင်လုပ်ပြီး ပြည်သူ့ဘဏ္ဍာတွေကို သုံးဖြုန်းနေရတာကို။ ကျေးဇူးကြီးပတပ်မတော်ပေါ့။ အောက်က ငတ်နေတဲ့၊ ရှေ့တန်းမှာ နေပူမရှောင်၊ မိုးရွာမရှောင် ဒီလမ်းသွားရင် မိုင်းနင်းမိမယ်ဆိုတာသိသိကြီးနဲ့ ထိုးကျွေးခံနေရတဲ့ဘ၀၊ သေသွား (သို့) ခြေလက်ပြတ်သွားလို့မှ နေစရာနေရာမရှိ၊ ကျန်ရစ်သူမိန်းမနဲ့ ကလေးတွေဘယ်လိုဘ၀လမ်းလျှောက်ရမှန်းမသိတဲ့ရဲဘော်၊ ရဲမေတွေရဲ့ဘ၀ကတော့ ကျေးဇူးကြီးပ တပ်မတော်မဖြစ်နိုင်သေးပါဘူး။ ခြေလက်စွန့်လွှတ်သွားတဲ့ရဲဘော်တွေကို နစ်နာကြေးပေးတယ်ပြောအုန်းမလားကိုယ့်လူ။ ၃သိန်း ၀န်းကျင်နဲ့ ဒီမိသားစု ဘယ်လိုရပ်တည်မလဲ။ ဖြစ်တယ်ဆိုရင် အဲဒီ၃သိန်းကို ငါပေးမယ်။ မင်းခြေထောက်တစ်ဘက်ကို ငါဖြတ်လိုက်မယ်လေ။ ဖြစ်မလား။ ကိုယ်ချင်းစာကြည့်ပါကွာ။ ပေးတဲ့လျော်ကြေးက အိမ်ဝယ်ဖို့ မပြောနဲ့ အဲဒီ ပြတ်သွားတဲ့ ခြေထောက် ခြေတုတစ်ချောင်းပြန်ရဖို့ မင်္ဂလာဒုံ အရိုးကု ဆေးရုံမှာ ခြေတုရအောင်စောင့်ရတဲ့စရိတ်ဖိုးပဲရှိတယ်။
naung said...
မြတ်စန္ဒာရဲ့
သွေးထွက်အောင် မှန်တဲ့ comment အတွက် ထောက်ခံပါသည်။
aung said...
ဝမ်းနည်းဖို့အင်မတန်ေ ကာင်းပါတယ်လက်ေ အာက္ငယ္သားဆိုတာအရာရွိ‌‌ေ တြရဲ့ ၍ေငြဝယ္က်ြန္လိုသ‌ေ ဘာထားပြီးအားမနာတန်းခိုင်းေ စေ နတာရဲဝန်ထမ်းမှမဟုတ်ပါဘူးဝန်ထမ်းတိုင်းခံစားေ နရတဲ့ခံစားခြင့္လျိုဖ‌ေ နလို့ပါ။မြန်မာပြည်ရဲ့ ဘွဲ့ရဝန်ထမ်းတစ်ဦးဟာနိုင်ငံတာဝန်ကိုထမ်းတေ ဆာင်ခြင်းမပြုရဘဲအရာရြှိကီးေ တြရဲ့မိသားစုတာဝန္အ‌ေ ထြ‌ေ ထွကိုလု‌ပ်ဆောင်ေ နကြရပါတယ်။
Fighting Peacock said...
DEAR MYAT SANDAR, ONE STUDENT & THE WRITER OF ABOVE ARTICLE,
- Appreciated for your braveness and sharing your knowledge within Army & Police Force with public.
- We really sympathised on suffering officers , soldiers and policemen under REGIME when you highlighted the real situations.
- Your effort can efficiently lead to "MUTUAL UNDERSTANDING BETWEEN PUBLIC & COMMON PORPULATION OF ARMY AND POLICE FORCE" and this is a vital necessity of revolution to DEMOCRACY.
- We can easily feel that you have said true stories although we did not have an experience with such organizations.
TO PIONEERBOY, AYEYARWADDYTHAR, SHWEPYITAW & HEINKAUNGKIN,
- You guys should be entitled to "THE WORLD FUNNIEST AWARD 2012" based on what you have said.
- We can see that you tried to cover up the situation of "SUFFERING GENERAL POPULATION FROM ARMY AND POLICE FORCES" and just protecting a handful of "SPECIAL PREVILEDGED PERSONALS".
- Do you still look down on the public and thought we cannot distinguish who said RIGHT and who said WRONG?
- Do you know how Army officers, Soldiers & Policemen are living happily in democracy countries?
1) They did not interfere in politics and just doing their part as of their primary role.
2) No need to worry about their living with enough salary and facilities.
3) No need to act as a servant in higher officials' house for expecting special chances or not to be bully by them. THIS IS CALLED REAL DEMOCRACY!
SPECIAL TO THE MOST STUPID "HEINKAUNGKIN",
- It is obvious that you have been brained up by REGIME.
- You said we lived in poor country. MYAT SANDAR already explained to you perfectly and patiently. Let me repeat it again!
- You said we all are struggling in a poor country. Did we live in originally poor country since our ancestors' time? Why our county became POOR and then POORER?
- The answer is that REGIME have many brainless or selfish persons like you in the past 50 years and thus THEY CAN DO WHAT THEY WANT WITHOUT RECEIVING A SINGLE COMPLAINT. Then our country become poor first, then poorer and now the poorest.
- We basically appreciated our soldiers based on their high-risk environment. But it doesn't mean "WE SHOULD BE SLAVES UNDER SOLDIERS OR REGIME". This is our own choice to become different professionals!
- Only the soldiers in countries rules by REGIME, such as IRAQ under SADAM HUSIN & LIBYA under KADAFFI and RUSSIA, have the same idea and taking like you. No soldiers from democracy countries though that way.
- Please understand that everybody is doing their part in the country and for the country's development. You are not the only one who loved the country because of you are currently a soldier. Nearly everybody is willing to risk their life when it necessary. You can study our history under British and Japanese times.
- I wrote that long and wasting my time not to just explain the person like you. "MY INTENTION IS TO GET MUTUAL UNDERSTADING BETWEN ARMY AND PUBLIC" whoever read our discussions.
CONCLUSION
- MYAT SANDAR & ONE STUDENT were not attacking The Army. They are actually TRYING TO IMPROVE THE STANDARD OF THE WHOLE ARMY ENVIRONMENT by sharing their experiences with all Myanmar people that can lead to eliminate WRONG DOING in there. They are really want to see their colleagues with better life.
- PIONEERBOY, AYEYARWADDYTHAR, SHWEPYITAW & HEINKAUNGKIN pretended that they loved & protecting The Army. Actually, they just want to keep the current bad situation and trying to protect the small group with highest facilities in The Army.
အမြင်သစ် said...
heainkaungkin မင်းကိုငါပြောမယ် .မင်းရဲ့ ရှေ့တန်းကခံစားချက်ကိုငါနည်းလည်တယ်။ ဒါပေမယ့် မင်းနားလည်အောင်မင်းကိုမင်းအရင်လုပ်ရမှာက ..မင်းဟာဘာကောင်လဲဆိုတာဘဲ ....မင်းဘယ်
သူ့အတွက်လုပ်နေတာလဲဆိုတာပြန်စဉ်းစား။ဒီခောတ်မှာတပ်
မတော်ကောင်းကြောင်းလာဟစ်ပြရဲတဲ့ကောင်တွေကိုတော့ ချီး
ကျူးပါတယ်ကွာ။ မင်းတို့ပထွေးတွေတောင်မှ သူတို့ကိုသူတို့သိလို့ကလကာ နောက်ဝင်ကုန်ပီ။အရာရှိကောင်းတွေရှိတယ်၊ရဲဘော်ကောင်းတွေရှိတယ်ဆိုတာတော့ထားတော့။ အဲလိုမဟုတ်ဘဲတပ်မတော်တော်နဲ့ တပ်မတော်နဲ့ ဟိုး ပြတ္တာချုပ်မှုးကြီးသန်းရွှေခေတ်က ၀ါဒဖြန့်သတင်းစာဆောင်းပါး
ကစကားလုံးတွေနဲ့ဒီအချိန်မှာ လာပြောလို့ကတော့ မင်းတို့
ဘာကောင်တွေလဲဆိုတာ အားလုံးကသိပြီး သနားနေရုံဘဲ..
သံစဉ်ချို said...
စာရေးသားသူ အရာရှိကတော်ဟာ သက်တောင့်သက်သာနဲ့ အနေပျော်မယ်ထင်ပြိး အရာရှိကိုရအောင်ယူခဲ့သူဖြစ်ခဲ့မယ်လို့ခန့်မှန်းမိပါတယ်
အရင်ကတည်းက စစ်တပ်ဆိုတာဒီလိုပုံစံဆိုတာကို အပြင်ကလူတွေကြားဖူးခဲ့မယ်ထင်ပါတယ် အပြင်လူတွေအနေနဲ့ဒီလိုမျိုးလုပ်ရတာကိုပဲ လူတန်းစားတစ်၇ပ်အနေနဲ့ ဂုဏ်ယူပြိး အဲဒီဘ၀ကိုအရယူခဲ့တာမလား အရာရှိကတော် ဗိုလ်ကတော်ဆိုပြီးကျော့ကျော့လေးနေ ကားလေးတ၀ီဝီနဲ့သွားနေရမယ်လို့ထင်ခဲ့ပြီး တပ်တွင်းအလုပ်တွေကို လွယ်လွယ်လေးလုပ်နိုင်မယ်လို့ထင်ခဲ့ပြီးယူခဲ့ပုံရပါတယ် တပ်မတော်ခေတ်ကောင်းစဉ်က ဗိုလ်ကိုအရယူခဲ့ပြိး အခု ခေတ်မကောင်းတော့ဘူးလို့ထင်လာချိန်မှာ သူ့အမျိုးသားကိုဌာနကောင်းတဲ့အရပ်ဘက်ကိုပြောင်းချင်တာ မပြောင်းရလို့ ထင်သလိုဖြစ်မလာလို့ ဒီလိုစာကိုရေးတင်လာတယ်ထင်ပါတယ် အန်တီစု တက်လာတော့မယ်ထင်လို့ ကလောကရဲဘော်လေးလို လက်ကိုလှမ်းကိုင်ချင်ပေမဲ့မရဲသေးဘူးလို့ ပြောလာတဲ့သာကူး တစ်ယောက်ယောက်ဖြစ်မယ်လို့ယူဆမိပါတယ် သူ့မှာသာသူထင်သလိုဖြစ်လာခဲ့ရင်ကျေနပ်ပြီး ဘာမှတောင်ပြောလာမယ်မထင်ပါဘူး ဒါပေမဲ့ အခုထင်သလိုဖြစ်မလာတဲ့အချိန်ကျမှပြောနေတာဟာ အပုပ်ချနေသလိုပါပဲ
MasterMyanmar said...
အရာရှိ ကတော်ကြီး ဘယ်လိုလဲ. ခုမှ သိပီလား။ ချစ်လို့ ယူတာလား၊ ရာထူးကြိုက်လို့ ယူတာလား၊ ပြန်စဉ်းစားပါလိုက်ဦး။ ခွင်မိုက်မှာပါ။ ခဏပဲ တပ်ထဲမှာနေပီး၊ ယောက်ကျား အရပ်ဖက်ပြောင်းလိုက်လျှင် ok သွားပီဆိုပီးခွင်ဖန်လိုက်တာ ခုတော့ ဖက်ထိပ်နှင့် ညားသွားပါပေါ့လား။ ဘယ်သူမှ ရိုက်ပေးစားတာ မဟုတ်ဘူး။ တတ်နိုင်သလောက် မျက်နုတ် ပေါင်းရှင်းလေး လုပ်ပေးလိုက်ပေါ့။ နိုင်ငံတော်ကြီးက ခင်ဗျားယောက်ကျား ကို မတန်တဆ ရာထူးကြီးပေးထားတာပါပဲ။ ဒီလောက်တော့ ပြန်လုပ်ပေးသင့်ပါတယ်။
Anonymous said...
တပ်မတော်ကို တော်တော်ချစ်တဲ့ကောင်တွေဘဲ... မင်းတို့ကောင်တွေကို ဒီလောက်စောက်သုံးမကျအောင် ဘယ်လို Brain Wash လုပ်ပေးလိုက်ကြသလဲကွာ။ ၁၀တန်းကို ဘယ်လိုအောင်ခဲ့ပြီး ဘယ်လို စာမျိုးတွေကို ဖတ်ခဲ့ကြသလဲ။ မင်းတို့က မျက်ကန်းမျိုးချစ်တွေဖြစ်နေပြီ။ တိုင်းပြည်ကလည်း ချောက်ထဲ ခဏခဏ ကျရလွန်းလို့ (ပြန်ကြွားရေးဝန်ကြီး စောက်ပုစကားအရ) မရဏမင်းနဲ့တောင် အတော်ရင်းနှီးနေပါပြီ။ ထပ်လည်း မချကြပါနဲ့တော့ကွာ။ မင်းတို့ ကယ်တင်ထားလို့ဘဲ နိုင်ငံက အတော်ကို တိုးတက် စည်ပင် ပြာတာ ဝပြောနေပါရောလား, ဖာခန်းတွေ, ကလပ်တွေ, မာစွပ်တွေ, လမ်းပေါ်ကဖါတွေ, မင်းနှမတွေရောပြန်ကြည့်အုန်းကွ အိမ်မှာ ရှိသေးရဲ့လားလို့... ခွီးနဲ့မှ... စစ်တပ်က အကုန်တာဝန်ယူပေးနေရမှာလားလို့ မင်းကမေးတော့...ငါကလည်း ပြောမယ်... မင်းတို့ရဲ့တာဝန်ကဘာလဲ မင်းတို့သိလား။ မတန်မရာ ဝန်ကြီး ဝန်ကလေးရာထူးတွေတက်ယူပီး ဘာစောက်လုပ်မှ ပုံလာအောင် မလုပ်တတ်။ ပညာရှင်တွေကို စော်ကားသေးတယ်။ ရေပါတာဘဲ လိုချင်တယ်တို့ဘာတို့နဲ့။ ရေတော့ရေဘဲကွ လရေပါတယ် မင်းတို့ ဗိုလ်တွေသောက်ဖို့။ စောက်သုံးမကျတဲ့ ပညာတတ်လို့ (so-called)မင်းတို့ခေါ်နေတဲ့ အတွေးအခေါ်နည်းတဲ့ သံစဉ်ချိုလို မိန်းမမျိုးတွေဘဲ ယူလိမ့်မယ် မင်းတို့ကို။ ဘာမှ မတတ်ဘဲ ဒီကောင်တွေကို ဟိုနိုင်ငံပို့ ဒီနိုင်ငံပို့လည်း တိုင်းပြည်ပိုက်ဆံကုန်တာဘဲ ရှိမယ်။ မင်းတို့ သင်တဲ့ကျောင်းဆိုတာကို ငါကိုယ်တိုင်ရောက်ဖူးပါတယ်ကွ။ မင်းတို့ အိပ်နေလို့ ဗိုလ်တွေက လိုက်ပြီး နှိုးနေရတာ ဒဏ်ပေးနေတာတွေ ငါမမြင်ချင်မှ အဆုံးပါကွာ။ အဲဒါတောင် မင်းတို့ဆီက DSA လို ၁၀တန်းကို (ခ) အဆင့်အောင်တွေ တက်လို့ရတဲ့ကျောင်းမဟုတ်ဖူးနော်။ အဲဒိလောက်ဆို သဘောပေါက်ကွာ။ သိပ်ပြီး စောက်ကြီးစောက်ကျယ်တွေ ရေးမနေနဲ့။ မင်း ဘာကောင်လဲ ငါဘာကောင်လဲ သိချင်ရင် အပြင်မှာ ချိန်းပီး ထိုးကြရအောင်ကွာ။ ငါ့မှာ မင်းတို့လို သေနတ်တော့မရှိဘူး။ သွေးကတော့ မင်း တို့ တပ်ထဲကကောင်တွေထက်ပိုရဲတယ်ကွ။
ko htoo said...
ကျွန်တော်လဲ မနေနိုင်မထိုင်နိုင် ဝင်ပြီး မန့်လိုက်ချင်တယ်။ ကျွန်တော့်ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ တပ်ထဲမှာ အများကြီးရှိပါတယ်။ ရှင်းရှင်းပြောရင် သူတို့ထဲမှာ အူစိုတဲ့သူရော အူခြောက်တဲ့သူရော၊ တိုက်ဆောက်တဲ့ကောင်ရော ဗိုက်မှောက်တဲ့ကောင်ပါ ရှိပါတယ်။ တူညီတာက တပ်ကောင်းတဲ့အကြောင်းပြောတဲ့သူဆိုလို့ တစ်ကောင်မှမရှိပါဘူး။ ကြီးနိုင်ငယ်ညှဉ်း၊ ဖြတ်စားလပ်စား၊ မတရားအနိုင်ကျင့်၊ လူကြီးဘောမ၊ စာရင်းဖျောက်၊ ဆရာမွေး တပည့်မွေး စတဲ့တပ်သောက်ကျင့်တွေကို ရင်ဖွင့်ကြတဲ့သူတွေချည်းပါဘဲ။ ကျောင်းဆင်းကာစမှာ မအူမလည်နဲ့ ကြက်တူရွေးနှုတ်တိုက်လုပ်ကြတာကိုတော့ ကြုံဖူးပါတယ်။ အဲဒီမအူမလည်တွေလဲ သုံးလေးနှစ်ကြာလို့ သုံးလေးတုံးစားမိသွားရင် ဒါမစင်လား မလိုင်တုံးလား ခွဲခြားတတ်သွားတာပါပဲ။ တပ်ထဲကလူတွေ ပြောနေကြစကားရှိပါတယ်၊ လွတ်လွတ်လပ်လပ်သာထွက်ခွင့်ပေးရင် တပ်ထဲမှာ တပ်ရင်းမှူးနဲ့ အလံတိုင်ဘဲကျန်မယ်ဆိုတာပါ။ ဒီစကားမှန်မမှန် ငွေသိန်းဆယ်ချီအကုန်ခံပြီး ဆေးအဆင့်ချထွက်သူ၊ သူ့လိုငွေမတတ်နိုင်လို့ တပ်ကင်းကွာ တပ်ပြေးလုပ်သူ ဘယ်လောက်များတယ်ဆိုတာ တပ်အသိုင်းအဝိုင်းက အသိဆုံးဖြစ်ပါတယ်။ အပေါ်က ကျားကျားမီးယပ်ဆရာတွေကို တစ်ခုဘဲပြောချင်ပါတယ်၊ ဆရာတို့ရဲ့ တပ်ကသိတ်ကောင်းတယ်ဆို အားလုံးမဟုတ်တောင် စစ်သက်ပြည့်ပြီးသူတွေကို ထွက်ခွင့်ပေးလိုက်ပါလို့။ ကုတ်ကပ်နေကြမလား နောက်ကျတဲ့ခြေထောက်သစ္စာဖေါက်လုပ်ကြမလား စောင့်ကြည့်ချင်ပါတယ်။
Powered by Blogger.