ထက်ထက်မိုးဦးအမှု မနက်ဖြန် အမိန့်ချမည်

7 Day သတင်းဂျာနယ်မှ သတင်းထောက် တစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် ထက်ထက်မိုးဦး၏ အမှုကို ရန်ကင်းမြို့နယ် တရားရုံးမှ မနက်ဖြန် မတ်လ ၁၂ ရက်နေ့တွင် အမိန့်ချမှတ် တော့မည် ဖြစ်ကြောင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

 ရက်ပေါင်း ၆၀၀ ကျော် ကြာမြင့်ခဲ့ပြီး ရုံးချိန်းပေါင်း ၆၀ ခန့် ခေါ်ယူ စစ်ဆေးခဲ့ရသော အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့တော် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။
The Voice Weekly 
ထက်ထက်မိုးဦးအမှု မနက်ဖြန် အမိန့်ချမည် ထက်ထက်မိုးဦးအမှု မနက်ဖြန် အမိန့်ချမည် Reviewed by သစ်ထူးလွင် on 01:39 Rating: 5

26 comments:

seamanလေး said...

ဟုတ်ကဲအားကိုးလောက်သောတရားစီရင်ရေးပါခင်ဗျာ။ကြီးသောအမှုငယ်အောင်ငယ်သောအမှုပပျောက်အောင်၊ပါးရိုက်သောအမှု.အား၂နှစ်မျှအချိန်ယူရသည်ဆိုလျှင်ဖြင့်၊တရားမမှုဆိုပါကမည်မျှအချိန်ယူမလဲမသိတော့ပါ။ကျွန်တော့ကိုယ်တွေကတော့၊မလေးမှာအလုပ်လုပ်ပြီးအလည်ပြန်လာသောဆွေနီးမျိုးစပ်တယောက်၊နိုင်ငံကူးလက်မှတ်ပွဲစားနဲလုပ်မိရာမှတဆင့်၊ပွဲစားအလိမ်ခံရပြီး၊အချောင်အဖမ်းခံခဲရပါသည်။၇လလောက်အမှုရင်ဆိုင်ရပြီးပြန်လာစဉ်အိမ်ဝယ်ရန်ပါလာသောငွေများတက်တက်စင်ပြောင်သွားခဲပြီးအမှုပြီးဆုံးလွတ်မြောက်ခဲ့ပါတယ်၊ဟုတ်ကဲလွတ်မြောက်ပုံကလဲတရားသူကြီးကိုလဒ်ထိုးရပြီးအစစ်အနေနဲဟိုတယ်တခုမှာတညတာအရက်နဲမိန်းမတယောက်နှင်ဖျော်ဖြေဖို့လုပ်ပေးရပြီးနံနက်မိုးလင်းရုံးတက်ဖို့ကော်လံဂတုံးတထည်ပါဝယ်ပေးလိုက်ရပါသည်။ဒီအကိုကတော့စိတ်နာပြီးမြန်မာပြည်ဘယ်တော့မှပြန်မလာတော့ပါ။ဟုတ်ကဲ့ကျောက်တတားမြို့နယ်ကတရားသူကြီးတယောက်ပါခင်ဗျာ။

လင်းနေခ said...

ထက်ထက်မိုးဦး မို့လို့ ပါးရိုက်တာ
ငါဆို ဓားမ နဲ့ ထပိုင်းပြစ်လိုက်တယ်
မေးစရာ တော်တော်ရှားနေလို့လား မသိဘူး
တစ်ခါတစ်လေ Media သမားတွေကလဲ ဂျာနယ် မှာရေးစရာမရှိတိုင်း ပေါက်ကရတွေ ရှောက်လုပ်ကြတာကိုးကွ...

လောကပါလ said...

တရားရင် ဆိုင်ရတာကြာပုံကတော့ ကိုယ်တွေ့ပါပဲဗျာ။
ရန်ဖြစ်နေလို့ သွားဆွဲပေးတာ အားပေးကူညီမှုမြောက်တယ်
ဆိုပြီး ရုံးချိန်းတွေတက်လိုက်ရတာ (၈)လနီးပါးကြာ
တယ်ဗျာ..ပေးလိုက်ရတဲ့ အာမခံကြေး လီလစ်စာရေးရဲ့
တစ်လစာတောင် မကဘူးခင်ဗျာ။။

နဂါးမျက်လုံး said...

ကျွန်တော်ဆိုလျှင်လည်း ဆွဲထိုး မိမှာပဲ....

ma swe zin said...

ဒီအမှုကိုစိတ်ဝင်စားတယ်....ကြာတော့ကြာပြီနော်.....ဘယ်သူမှား။မှန်တယ်တော့မသိဘူး...ကျွန်မကြားတာတော့..၄င်းသတင်းထောက်ကမမေးသင့်တဲ့မေးခွန်းမေးလို.ဒီလိုတွေဖြစ်တာတဲ့..အမှန်တ၇ားကိုသိချင်ပါတယ်...

မြတ်နိုး said...

လူတဖက်သားရဲ့အားနည်းချက်(ပျော့ကွက်)ကိုအတင်းမရအရလိုက်မေးတဲ့အေးသူစံရေ.....
ထက်ထက်နေရာမှာသာနင့်အမအရင်းဆိုရင်လူလယ်ကောင်မှာဒီလိုတွေအတင်းလိုက်မေးနေမှာလား။ထက်ထက်ကနင့်ကိုပါးပဲရိုက်လိုက်တာကံကောင်းတယ်မှတ်ပါ။

tapaungthi said...

ဒီအမှုလေးကို ရက်ပေါင်း၆၀၀ကျော် ယူထားရတယ်ဆိုတော့
တော်တော်ရှော် အဲ တော်တဲ့ တရားရေးမဏ္ဍိုင်ပါပဲလားဟရို့
နှစ်ဖက်စလုံးလဲ တော်တော်လေးပြောင် အဲ ကုန်နေရောပေါ့နော်..။

ကိုကိုကြီး said...

ဂျပန်ပါးရိုက်မှုလေးလဲတင်ပေးပါအုံး..ကိုသစ်ထူးလွင်ရေ... အခုအထိစောင့်နေတာမတတ်လာသေးပါဘူးခင်ဗျာ... (၉)ရက်နေ့ဆိုတော ဒီနေ့ဆို တနင်္လာနေ့ရောက်ပြီ...မတွေ့သေးဘူးနော်..ကိုသစ်ထူးလွင် ဂျပန်ပါးရိုက်မှုလေးလည်းရှာဖွေပေးပါအုံးလို့...။

san san said...

၇ိုက်တာတောင်နည်းသေးတယ်... သူများရဲ့ ကိုယ်ရေးကိုယ်တာကို ဦးနှောက်မရှိ မိန်းကလေးချင်းကိုယ်ချင်းမစာသွားမေးတာကို.... လည်ပင်းပါပေါက်ထွက်သွားရမှာ...... တရားသူကြီးနှင့် ရှေ့နေတွေလည်း စားကောင်းကောင်းနဲ့စားနေလို့ နေမှာပေါ့..... သူ့ပုံကို တင်ထားသေးတယ်... မသနားဘူး.... ငိုပြမနေနဲ့.... နောက်တစ်ခါ ဒါမျိုးမမေးသင့်အောင် ပညာပေးတယ်လို့မှတ်လိုက်.......

ယမင်းအောင် said...

ဟိုတခါက ဖတ်ခဲ့ရတဲ့ ကွန်မန့်လေး ပြန်ကူးပေးလိုက်ပါတယ်

ငါ့တူမလေးကိုလည်း အန်ကယ် ကနဲနဲဗျူးချင်တယ်

၁) ပါးရိုက်ခံရတော့ ဘယ်လို ခံစားရပါသလဲ
၂) နောက်တခါကော ဒီလို မေးခွန်းမျိုး မေးဖို့ အစီအစဉ် ရှိပါသေးသလား
၃) မေးသင့်တယ်လို့ ထင်မြင် ပါသေးသလား
၎) အခု ဆို တတိုင်း တပြည်လုံး အေးသူစံ ဆိုတာလေး သိပြီး ကျော်ကြားသွားတော့ ၀မ်းသာမိပါသလား။ ရှက် မိပါသလား။
၅) အင်တာ မဗျူးခင် မေးခွန်းတွေကို ကြိုတင်ပြ င်ဆင်ပါသလား...ကြုံသလို စိတ်ထဲ ပေါ်လာသလို ကောက်မေးပါသလား။
၆) အရိပ်သုံးပါး နားလည် ပါသလား
၇) နောက်ဆုံး အနေနဲ့..ပါဆင်နယ်လေး မေးခွင့်ပြူပါနော်
x
x
x
နံပါတ် (၇) မမေးတော့ ပါဘူးကွယ်..အားနာလို့၊ ကိုယ်ချင်း စာလို့ပါ။

Black666 said...

အေးလေ.. ရိုက်တာတောင်နည်းသေးတယ်. မကြိုက်ဘူးလို့ပြောနေရင်မမေးနဲ့ပေါ့.
ဘယ်သူကရောအဲဒီလိုဖြစ်ချင်မှာလည်း... သူ့ကိုမေးရင်ရောကြိုက်မလား..

hlwannyein said...

အေးသူစံ ကလေးမ နင်ကလဲ နင်ပဲလေ ......... ငိုမနေနဲ့ ငါတော့ မသနားဘူး
လူတစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးတွေကို နင်တို့မေးချင်တိုင်းမေး ရေးချင်တိုင်းရေး
ရလောက်အောင် နင်တို့က ဘယ်လိုအခွင့်ထူးခံတွေလဲ .... ထက်ထက်ကလဲ ပုထုဇဉ်လူသားပဲ ဒီလောက်လေးလုပ်ခံလိုက်ရတာကိုက နင့်အတွက် ကံကောင်းတာပဲ .... တွေ့တယ်မဟုတ်လား ``ဆွဲထိုးပစ်မှာတို၊့ အသေသတ်မှာတို့´´
လူတွေက ကိုယ်ချင်းစာတတ်ကြပါတယ် .. ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ရော ဆုံးဖြတ်တတ်ကြပါတယ်.. တရားရုံးရဲ့အရှုံးအနိုင်တော့ မအသိဘူး အခုလောလောဆယ်တော့ နင်တို့ ရှုံးနေပြီဆိုတာ သိသင့်တယ်၊ နင့်သိက္ခာတွေ ရှုံးတယ် အလုပ်ပျက်အကိုင်ပျက် ရုံးတက်နေရလို့ အချိန်တွေရှုံးတယ်။ အဆိုးဆုံးကတော့ ကိုယ့်ထမင်းကိုယ်စားပြီး အမေကြီးနွား အငှားကျောင်းနေရသလိုမျိုး တရားသူကြီးနဲ့ဆိုင်ရာအဖွဲ့တွေကို ပေးကျွေးနေရလို့ ရှုံးပြီးရင်းရှုံးနေတဲ့အချက်ပါပဲ .. နင်က မမေးသင့်တာတွေမေးလို့ ဒေါသက်ထွက်ခဲ့ရတဲ့ ထက်ထက်လဲ နင့်အတွက်နဲ့ ရှုံးနေရပြန်ပြီ .... နင်တို့ရဲ့အရှုံးတွေအတွက် အမြတ်ထွက်နေတဲ့သူတွေကတော့ အစိုးမရတဲ့ ဥပဒေတွေနဲ့ ထင်ရာဆုံးဖြတ်ချက်တွေ ပိုက်ဆံပိုရတဲ့ဆုံးဖြတ်ချက်တွေ ချတတ်တဲ့ ချနေတဲ့ သူတွေပါပဲ .....

yeehlaing said...

သတင်းထောက်ကမမေးသင့်တဲ့မေးခွန်း သူများရဲ့ ကိုယ်ရေးကိုယ်တာကို ဦးနှောက်မရှိ မိန်းကလေးချင်းကိုယ်ချင်းမစာသွားမေးတာ, နောက်တစ်ခါ ဒါမျိုးမမေးသင့်အောင် ပညာပေးတယ်လို့မှတ်လိုက်.......နင့်အမအရင်းဆိုရင်လူလယ်ကောင်မှာဒီလိုတွေအတင်းလိုက်မေးနေမှာလား။ထက်ထက်ကနင့်ကိုပါးပဲရိုက်လိုက်တာကံကောင်းတယ်မှတ်ပါ။

Unknown said...

i agree that,,
need to respect the privicy!!!!

Myanmar said...

မပြောကြစမ်းပါနဲ့ဗျာ။ မင်းသမီးကေ၇လျှံတော့ ဒီအမှုလေးနဲ့ လုပ်စားလို့ကောင်းနေလို့ပါ။

အီကိုမောင် said...

ထက်ထက်ရေ...ရိုက်သာရိုက်ပစ်...ဒီလို မိန်းမချင်း ကိုယ်ချင်းမစာတဲ့ မီဒီယာသမား...သူ့ကို အဲလို လူလယ်ခေါင်မှာ မေးရင် သူဘယ်လို ခံစားရမလဲ...။ ကိုယ့်ထမင်း ကိုယ်စားပြီး သူများပါးရိုက်ခံတာ ဒီလိုမိန်းမမျိုးတွေ...။ များများရိုက်ပစ်...။ ထက်ထက် သူ့ဟာသူ ဘာဖြစ်ဖြစ် သူနဲ့ ဘာဆိုင်လဲ...။ သူများ ကိစ္စ၊ မကောင်းကြောင်းရေးပြီး ထမင်းစားဖို့ ရှာတဲ့ မိန်းမ မှတ်မိအောင် ပါးမဟုတ်ဘူး၊ လည်မျိုပါ တက်နင်းပစ်ရမှာ...ငါသာဆို လည်မျိုနင်းတယ် နင့်ကို...။ ထက်ထက်မို့ ပါးပဲ ရိုက်လွှတ်တာ...။

tertee said...

မနက်ဖြန်မှာ ဖတ်ချင်တဲ.စာ.......
နှစ်ဦးနှစ်ဖက်.နားလည်မှုဖြင်.သဘောတူ ကြေအေးသဖြင်. အမှုကို အပြီးပိတ်သိမ်းလိုက်သည်။
သာဓု သာ ဓု....
(ဒီလိုဖြစ်အောင် ရက် ၆၀၀ စောင်.စေသလားလို. ပါ)

ကျော်ထိုက် said...

ညီမလေး.. အယူခံ တယ်ဆိုတာ ကြားဖူးလား...အယူခံ ပါတယ် ဆိုမှ ကိုယ် က ပဲပေးနေရတာ..ဘာမဟုတ်တာနဲ့ သူတို့ ပဲ ကြားထဲကနေ စားသွားတာ....ညီမကော ထက်ထက် ကော ဘယ်သူမှ မနိုင်ဘူး..နိုင်သွားတာ ကကြားက တရားသူကြီးတွေပဲ..ကြည့်ပါလား ဘာမဟုတ်တာကို ရက်ပေါင်း ၆၀၀ တဲ့..ကြားတောင်မကြားဖူးဘူး...ဒီအမှု က ပြီးပြီလို့တောင်အောက်မေ့နေတာ..ဒါဆို သဘောပေါက်တော့...ဘယ်သူမှားမှား မှန်မှန် ကိုယ် ကတော့ မဝေဖန်ပါဘူး..

kaungkin said...

မှတ်ချက်ပေးသူများအားလုံး မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုစမ်းကြည့်ပြီးပြောနေကြတာမျိုးဖြစ်မှာ သတိထားကြပါ။ ပညာရှိတဲ့သူဆိုရင် စကားကိုကိုယ်ထင်ရာလွယ်လွယ်ပြောလေ့မရှိကြပါဘူး။
ဥပဒေအရဆိုရင် သတင်းထောက်က ထက်ထက်မိုးဦးကို အသရေပျက်စေမယ့်စကား မေးခွင့်မရှိသလို ထက်ထက်မိုးဦးကလည်း ဒီလိုကိုယ်ထိလက်ရောက် တုံ့ပြန်ခွင့်မရှိပါဘူး။ တရားရုံးမှာ အမှုကြာတာကိုပဲ
တရားစီရင်ရေးဘာဖြစ်တယ် ညာဖြစ်တယ်သွားမပြောပါနဲ့၊ အမှုသည်မလာတာလဲ ဖြစ်နိုင်သလို ရှေ့နေခွင့်တိုင်တာတွေကြောင့်လဲဖြစ်နိုင်တယ်၊ တရားသူကြီးတွေ အပြောင်းအလဲတွေလဲရှိတတ်တယ်၊ မင်းတို့တွေ နိုင်ငံခြားတွေမှာ အမှုတွေ
ဘယ်လိုစစ်ကြလဲ လေ့လာကြည့်ကြပါဦး။ ကိုယ်ထင်ရာပြောနေရေးနေကြရင်မျက်မမြင်ပုဏ္ဏားတွေဖြစ်ကုန်ကြမယ်။

kaungkin said...

သတင်းထောက်က အသရေပျက်စေတဲ့မေးခွန်းမေးလို့မရဘူး။ အဲလိုပဲ
ထက်ထက်မိုးဦးကလည်း ကိုယ်ထိလက်ရောက်တုံ့ပြန်လို့မရဘူး။ ဥပဒေ
ကိုလေးစားရင် ဥပဒေနှင့်အညီဖြေရှင်းသင့်တယ်။ တရားရုံးမှာ အမှုကြာ
တာနဲ့ တရားစီရင်ရေးတိမ်းစောင်းပြီ ပြောတဲ့သူ တရားစီရင်ရေးအကြောင်း ဘယ်လောက်များနားလည်လို့လဲ၊ အင်္ဂလိပ်စာ
ဖတ်တတ်အောင်သင်ပြီး အမေရိကန်တရားစီရင်ရေး အကြောင်းလေ့လာ
လိုက်ပါဦး။ မသိရင် မပြောဘဲနေတာကောင်းပါတယ်။

ကိုငလင်း said...
This comment has been removed by the author.
reddevil said...

ကလေးမပုံကိုကြည့်ပါ...မလည်မဝယ်အရိပ်၃ပါးနားမလည်တလည်ပုံပါ..ပုဂ္ဂိုလ်ရေးမေးခွန်းများမမေးသင့်မမေးထိုက်သည်မှာလည်းအမှန်ပါ...သို့သော်အေးသူစံ၏ရည်ရွယ်ချက်ကိုကြည့်ရပါမည်...တမင်သက်သက်ချိုးနှိမ်အရှက်ခွဲလိုခြင်းကြောင့်မေးခြင်းလား..ကာလံဒေသံကိုနားမလည်ထင်ရာမြင်ရာကိုမေးခြင်းလား စေ့ငုရပါမည်..မည်သို့ဆိုစေကိုယ်ထိလက်ရောက်ပြုခြင်းမှာမဖြစ်သင့်မဖြစ်ထိုက်ပါ..သိရသလောက်ယင်းအမှုရုးံရောက်ရခြင်းမှာထက်ထက်မိုးဦးကပြေရာပြေကြောင်းမတောင်းပန်ခြင်းကြောင့်ဖြစ်ပါသည်.(မည်သူလွန်သည်ဖြစ်စေပရိသတ်အချစ်တော်ဟူသောအတွေးဖြင့်သဘောထားကြီးကြောင်းပြသည့်အနေဖြင့်ကြေရာကြေကြောင်းလုပ်သင့်သည်ဟုထင်ပါသည်)..ထို့ကြောင့်တရားရုးံရောက်ရခြင်းမှာသူ့ကြောင့်ဟုကောက်ချက်ချနိုင်ပါသည်..အမိုက်အမဲလေးကိုခွင့်လွှတ်သည်ဟူသောသဘောဖြင့်အထက်ပါကဲ့သို့သဘောထားကြီးကြောင်းပြလိုက်ပါမူယခင့်ယခင်ကထက်ပရိသတ်ပိုရှိလာပိုချစ်လာနိုင်ပါသည်...ယခုကဲ့သို့လုပ်လိုက်သည့်အတွက်ဆင်ခြင်တုံတရားရှိသည့်ပရိသတ်အတော်များများ၏ငြိုငြင်မှုကိုမင်းသမီးခံရမည်မှာမလွဲပါ...တရားရုးံမှမည်သို့စီရင်ချက်ချမည်ကိုစိတ်ဝင်စားခြင်းမရှိသော်လည်း ပရိသတ်ကမည်သို့စီရင်ချက်ချမည်ကိုမူရိုးသားစွာစိတ်ဝင်စားမိပါသည်...လောကတံထွာအရအမှန်အမှားကိုဘေးဖယ်ပြီးသဘောထားကြီးရမည့်သူ၃မျိုးရှိသည်ဟုကြားဘူးပါသည်...တိုင်းပြည်အုပ်ချုပ်လုပ်သူ..ရဟန်း သို့မဟုတ်ပစ္စေကဗုဒ္ဒါ နှင့်သဘင်သည်တို့ဖြစ်ပါသည်...ထက်ထက်မိုးဦးမှာသဘင်သည်ဟုခေါ်ရမည်ဖြစ်ပါသည်..ယင်းကိုချစ်ကြခင်ကြသည့်ပရိသတ်၏သူများအတွက်စံပြုပုဂ္ဂိုလ် public idol ဖြစ်သည့်အလျောက်အများတကာထက်သဘောထားကြီးကြောင်းနားလည်ခွင့်လွှတ်တတ်ကြောင်းပြရမည့်အစားလက်လွှက်ခွက်စွပ်ပြုမူခြင်းမှာမဖြစ်သင့်ပပါ..မိန်းမပရိသတ်တရပ်လုးံကိုမိန်းမကောင်းပါးရိုက်(ရန်တွေ့ထက်ဆိုး)ဓလေ့စူးဝင်စွဲနစ်သွားမည်ကိုစိုးရိမ်မိပါသည်..စော်ကားသည်ဟုထင်ပါကရှေ့နောက်မစဉ်းစားဘဲအနုံညာတဈေးသည်တဦးပမာဆံပင်ဆွဲပါးရိုက်ခွင့်ရှိသည် ယင်းသို့လုပ်ပါကတရားသည်ဟုထင်သွားမည်ကိုသောကမအေးဖြစ်မိပါသည်...ရုးံပြင်ကန္နားရောက်ရသည်မှာဘယ်သူ့အတွက်မှမကောင်းပါ..မင်းသမီးအတွက်ပိုမကောင်းပါ..အထက်ကသူငယ်မကြီးတို့ထင်သလိုသတင်းထောက်မလေးတဦးတည်းဒုက္ခရောက်ရခြင်းမဟုတ်ပါ..ငွေကုန်စရာရှိလျှင်မင်းသမီးကသာပိုကုန်ပါလိမ့်မည်..နာမည်ပျက်စရာရှိလျှင် မင်းသမီးကပိုပျက်ပါလိမ့်မည်..နစ်နာစရာရှိလျှင်လည်းယင်းကသာပိုနစ်နာပါလိမ့်မည်...သတင်းထောက်မလေးကိုမည်သူမှမသိပါ...မင်းသမီးကိုလူတိုင်းကသိပါသည်...သတင်းထောက်မလေး မည်သည့်ပုံစံမျိုးလေသံမျိုးဖြင့်မေးသည်ကိုမသိပါ..မင်းသမီးအကြမ်းဖက်လိုက်သည်ကိုတော့သိပါသည်...သတင်းထောက်မလေး မျက်ရည်ကျရသည်ကိုတွေ့ရသိရပါသည်..မင်းသမီးမည်မျှအရှက်တကွဲဖြစ်ရသည်ကိုမသိပါ...အေးသူစံအသုးံမကျသည်ကိုသိပါသည်..မင်းသမီးသုးံမရသည်ကိုယခုကိစ္စမတိုင်ခင်အထိမသိပါ...သတင်းထောက်ကလေးမမမေးသင့်သည့်ကိုယ်ရေးကိုယ်တာဝင်စွက်သည်ကိုသိပါသည်...ထက်ထက်မိုးဦးဒီမျှရုံ့ရင်းကြမ်းတမ်းမည်ကိုမသိခဲ့ပါ.....

ူ့freedomlover said...

ပညာကမတတ်....... လင်များယူ.... ဒါကအနုပညာ....?
မေးသင့်တာကိုမေး........ဖြေသင့်တာကိုဖြေ ဒါမီဒီယာပေါ့......မီဒီယာကြောင့်သူတို့တက်လာတာကိုလည်းပြောဦးလေကွ။ ဒါတွေက ငါတို့အတွက်ဘာအကျိုးရှိလဲ.... နှစ်ဘက်စလုံးကတစ်ယောက်ယောက်နိင်မှာ ဒီအတွက် ငါတို့ပြည်သူတွေ ဆင်းရဲတွင်းကလွတ်မလား.......... အပေအတေ ဂလေဂချေတွေအတွက် အချိန် အကုန်မခံပါနဲံ့ ငါတို့ဒီမိုခိုင်အောင်လုပ်ကြပါ

zin said...

ရီရတယ်.....ဟဟဟဟ

zin said...

လုပ်တာတောင်နည်းသေးတယ်

ကိုငလင်း said...

-reddevil ၏အမြင်နှင့်တင်ပြပုံ ပြည့်စုံတဲ့အတွက်
အပြည့်အ၀ထောက်ခံပါတယ်။
-မအေးသူစံ ဘာမေးလိုက်သလဲ မသိပါ။(တိတိကျကျ)
-မိမိကိုယ်ကို ပြည်သူ့အချစ်တော်ဟုခံယူထားသော
အကယ်ဒမီဝါရင့်သရုပ်ဆောင်ကြီး(မင်းသမီးဟုမခေါ်ထိုက်)၏သေးသိမ်
အောက်တန်းကျသော ပင်ကိုယ်စရိုက်၊
၎င်းတို့ပါးစပ်မှအကြိမ်ကြိမ်ပြောခဲ့သောကျေးဇူရှင်ပရိတ်သက်
ကိုအလေးမထားသောလုပ်ရပ် များကြောင့်
**ထမင်းကျွေးသောလက်ကိုပြန်ကိုက်သည်**ဟု ရှုံ့ချပါသည်။

Powered by Blogger.