အိမ်မဲ ကြံ့ဖွံ့ ကိုယ်စားလှယ်ကလည်း လမ်းခင်းပေးမယ် လျှပ်စစ်မီးပေးမယ်ဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင်
တွေ့ရှိခဲ့ရသောပုံဖြစ်ပါသည်။

Myanmar News Now
အိမ်မဲ ကြံ့ဖွံ့ ကိုယ်စားလှယ်ကလည်း လမ်းခင်းပေးမယ် လျှပ်စစ်မီးပေးမယ်ဆို အိမ်မဲ ကြံ့ဖွံ့ ကိုယ်စားလှယ်ကလည်း လမ်းခင်းပေးမယ် လျှပ်စစ်မီးပေးမယ်ဆို Reviewed by သစ်ထူးလွင် on 21:40 Rating: 5

16 comments:

ko htoo said...

ကိုယ်စားလှယ်ကြီးခင်ဗျား ...... လွန်ခဲ့တဲ့လေးငါးနှစ်က သေပြီးသူတွေလဲ မဲစာရင်းမှာပါနေတယ်လို့ သိရပါတယ်။ အဲဒီမဲတွေဟာ ဖွတ်ထောက်ခံမဲတွေဖြစ်ကုန်မှာ သေချာပါတယ်။ မတော်တဆများ ခင်ဗျားနိုင်ခဲ့ရင် သင်္ချိုင်းကုန်းကို မီးသွယ်ပေးဖို့နဲ့ ကတ္တရာလမ်းခင်းပေးဘို့ မမေ့ပါနဲ့ဗျာ။

အဆင့်ရှိပြည်သူများ said...

ဟားဟား တော်တော် ရယ်ရတယ်
သူတို့ကို မဲမပေးရင် မီးမလာဘူးပေါ့ အစိုးရထုတ်ထားပေးတဲ့ ဘဏ္ဍာတွေ ပျောက်တာ ကြံ့ဖွတ်တွေ ကြောက်ကိုး အရင်က လမ်းခင်းဖို့ပေးထားတဲ့ ပိုက်ဆံ လျှပ်စစ်မီးကတော့ ဆီဖိုးခိုးတာပေါ့ ဒီတော့ ဖွတ် တွေ က ရေနဲ့ရောပြီး သောက်လိုက်ရော ဂလု ဆိုတာနဲ့ လျှောရော

U Thar said...

မီးပေးမယ်ေ၇ပးမယ် လမ်းခင်းပေးမယ်
ဆိုတာ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့သူတွေ၇ဲ့အလုပ်
ဒါတွေအတွက်က ပြည်သူတွေဆီကအခွန်ခတွေထဲ
မှာပါပီးသားဘယ်ပြည်သူမှအလကားမသုံးထားဘူး
ကျတလောက်ပေးစောင်နေကြတာပဲ ညံ့ဖြင်းလွန်း
တဲ့စစ်အာဏာ၇ှင်အစိုး၇တက်လာလို့ ဒီလိုတွေဖြစ်
လာတာ ၇ှက်တတ်မယ်ဆို၇င်ခေါင်ဆောင်တွေ၇ှက်
သင့်တယ် အေ၇အချင်းမ၇ှိတဲသူတွေ တိုင်းပြည်ကို
အုပ်ချုပ်နေတာလဲထင်၇ှားတယ်

citynet said...

ပြောတော့လဲမင့်ပါဘဲ့....
2010 ရွေးကောက်ပွဲတုန်းကလဲ မြိတ်မြို့ မှာ(ယုဇန)ဦးဌေးမြင့်မဲဆွယ်တုန်းက
လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် 200 နှုန်းဖြင့်ပေးမည်ဟုမဲဆွယ်ခဲ့ပါတယ်..
ကြံ့ဖွတ်ပြက္ဒိန်ကိုအခမဲ့ဝေငှခဲ့ပါတယ် (ပြက္ဒိန်က ၂လစာ)ဖြစ်ပါတယ် (၁၀)လ
ပျောက်နေပါတယ်.မီတာယူနစ်ခကလဲ ၂လ ဘဲ့ခံပါတယ်..
အခုတော့ဘယ်လိုလဲမသိဘူး..????

Unknown said...

သူခိုးကြီးများအဖွဲ့ မို့ ..မဲမပေးပါ။အမေစု..မှ..အမေစုပါ..ဗျာ။

junight said...

သူမဲဆွယ်ပုံအတိုင်း မဲမနိုင်ရင်တော့ အဲဒီရွာဘယ်တော့မှ ကတ်တရာလမ်းရော
လျှပ်စစ်မီးရော ရ မှာမဟုတ်တော့ဘူး၊ မဲနိုင်မှလုပ်မည့်သဘော၊
မဲမနိုင်ရင် မလုပ်ဘူးဆိုတဲ့သဘော၊
မကောင်းတော့ဘူးမင်းကြီး၊မကောင်းတော့ဘူး........ဟူး

ktd said...

မြန်မာပြည် လွတ်လပ်ရေးလည်း ရခဲ့တာကြာခဲ့ပြီ။
မင်းတို့တွေ လုပ်ချင်သလိုလုပ် အုပ်ချုပ်ခဲ့တာလဲကြာခဲ့ပြီ။
ခုထိ ခရီးလမ်းပမ်း ခက်ခဲတဲ့ဒေသတွေ၊ မီးမလင်းတဲ့ ဒေသတွေ၊
ဒီလောက်များမှန်း ခုမှသိလိုက်ရသလိုဘဲ။
ညံ့လိုက်ကြတဲ့၊ ရှော်လိုက်ကြတဲ့၊ ဖျင်းလိုက်ကြတဲ့ အစိုးရတွေ၊
ဌာနတွေ၊ အာဏာပိုင်တွေပါလား၊ ခုမှ မင်းတို့အကွက်ထဲဝင်သလိုဘဲ၊
လမ်းခင်းပေးမယ်၊ မီးလင်းပေးမယ်၊ ဟုတ်လား၊
တော်ပါတော့၊ မင်းတို့ ဖအေတွေလည်း ဒီလိုလုပ်စားခဲ့ပြီး၊ နှိပ်စက်ခဲ့တာ ကြာလှပေါ့၊ ခုလည်း ဒီအချိုးဘဲလား၊ တော်သင့်ပြီ၊ ဖွံ့တွေရယ်။ ။ ။ နားညီတယ်၊ ၊ ၊ ဒီထက်ကောင်းတဲ့ မက်လုံးလေးများ ရှာသုံးကြည့်ပါဦး၊ ရီချင်လို့။ ။ ။

Min Thit Sar said...

လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေဖူလုံစေရေး စတာတွေဟာ ဘယ်နိုင်ငံရဲ့ အစိုးရဖြစ်ဖြစ် ပြည်သူအတွက် လုပ်ပေးရမဲ့ အခြေခံကျတဲ့ အချက်တွေပါပဲ။ ပါတီနိုင်မှ ဒါတွေလုပ်ပေးမယ်ဆိုတာ လူထုရဲ့ အခြေခံရပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းလို့ပဲ မြင်ပါတယ်။ အနှစ်သာရမရှိတဲ့ မဲဆွယ်မှုပါပဲ။

Bravo said...

အခြားပါတီတွေ ဘယ်လိုမဲဆွယ်ကြတယ်ဆိုတာ လေ့လာကြပါအုံး။ မင်းတို့မဲဆွယ်တဲ့စကားတွေက အခုမှပုခက်ထဲက ထွက်ပြီးစကားပြောတတ်စ ခလေးငယ်တွေလို ဖြစ်နေကြတယ်။ အဲဒီလိုလူမျိုးတွေလက်ထဲ တိုင်းပြည်ပုံအပ်ဖို့တော့ မဖြစ်နိုင်သေးဘူး။

Tri Asian Taste said...

အိမ်မရှိတဲ့အကောင်းက...... လမ်းခင်းပေမယ်၊ လျှပ်စစ်မီးထွန်းပေးမယ်။ မင်း အိမ်မရှိလို့ ဖွတ်ဖြစ်မှ နေရာရတဲ့အကောင်က ကြီးကြီးကျယ်ကျယ်။ အိမ်မရှိဘဲ မွေးတယ်ဆိုတာ ဒါမျိုးလား။ ဟင်... ခွေးဖင်က နတ်သြေဇာထွက်တယ်ဆိုတာနဲ့တူနေပြီး။ အေး ထည့်တော့ထည့်မယ် ဒါပေမဲ့ မဲတော့မဟုတ်ဘူး.............. မင်းသိပါတယ်

bo said...

ဟာ!ဒီမဲဆွယ်နည်းကပြည်သူလုထုကိုဒါသတ်သတ်စော်ကားလိုက်
တာပဲ!ကျေးရွာတွေအထိမီးလင်းဖို့တို့လမ်ခင်းပေးဖို့ဆိုတာတွေက
မဖြစ်မနေအစိုးရကလုပ်ရမဲ့အလုပ်ပဲ။ဒေါက်တာကြီးကိုမဲမပေးပဲနေရင်ဒီကျေးရွာလူထုတွေအမှောင်ထဲမှာတသက်လုံးနေသွားရတောမှာလား။ဒီလမ်းတွေလဲလှည်းမောင်းလို့ရရင်ပြီးရောပြစ်ထားကြမှာပဲလား???

elino said...

တို့ အမေခင်းပေးမဲ့လမ်း ဘယ်လောက်ပဲ ကြမ်းကြမ်း ငါတို့ ချစ်တယ်......မင်းတို့ ဖွတ်တွေခင်းတဲ့ ငရဲလမ်းကိုတော့ မောင်သန်းရွှေ နဲ့ မင်းတို့ သာသွားကြပေတော့...ဒယ်အိုးကြီးစောင့်နေတယ်..

myayeethway said...

မီးလင်းတာနဲ့ ဒီမိုကရေစီ ဘယ်ဟာအရေးကြီးသလဲ......

Arlarwaka said...

Dr မျိုးသန့်တင်ကို တစ်ခုလောက်မေးချင်လို့ ခင်ဗျား အမတ်ဖြစ်မှ မီးလင်းမယ် ကတ်တရာ ခင်းမယ်ဆိုတော့ အခု လက်ရှိဆောက်လုပ်ရေး၊လျှပ်စစ်၊စည်ပင် ၀န်ကြီးဋ္ဌာနတွေက ခိုးရုံပဲခိုးပြီး ဘာမှအလုပ်မလုပ် ဘူးလို့ပြောချင်တာလား။ ပြီးတော့မင်း ပိုက်ဆံနဲ့ခင်းပေးမှာလား။ မင်းအဲဒီလိုပြောတာ မရှက်ဘူးလား။ မဲတွေတော်တော် လိုချင်နေတယ်ပေါ့ မဲတော့မရဘူး ခဲတွေပဲရလိမ့်မယ် သတိထား။

myayeethway said...

မီးလင်းတာနဲ့ ဒီမိုကရေစီဘယ်ဟာလိုချင်လဲ?

tertee said...

ကြံ့ဖွတ်ရဲ. မဲဆွယ်ကတိတွေ ကိုတော. မယုံ ပါ...အရေးကြီးတာက ..ရွေးချယ်ခံအမတ် တွေသည်...ရွေးချယ်ခံရပြီးရင်သာ
ရပ်ကျိုး ရွာကျိုး တိုင်းပြည်အကျိုးတကယ်ထမ်းဆောင်၏ မဆောင်၏...သာမူတည်ပါတယ်...ဘယ်ပါတီကဖြစ်ဖြစ် မိမိတို.ရပ်ကွက် မြို. တိုင်းပြည်အတွက် လွတ်တော်မှာ ဘာတွေတင်ပြပေးတောင်းဆိုပေးသလဲကြည်.ရမည်သာ.....
လွတ်တော်ထဲဝင်ပြီး လက်ညှိုးထောင်ခေါင်းငြိမ်.အဆင်.သာဆိုပါက..နောက်တခါရွေးပွဲကျရင်တော. ဂျက်ကလိဂျောင်းမောင်းထုတ်ရုံသာ ရှိပေသည်
ထို.ကြောင်.မိမိတို.ကြိုက်နှစ်သက်သူကိုသာမဲထည်.ရပေမည်
ကြိုတင်ပေးကတိတွေကိုဂရုစိုက်ရန်မလိုပေ....
ကတိမတည်သူတွေပေးသည်.ကတိများပိုရွေ.ဂရုစိုက်ရန်မလို

Powered by Blogger.