ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

ဓါတ်ပုံ (AP)
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန် လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

သဘက်ခါတွင် စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေးမြို့သို့ သွားရောက်ရန်ရှိသည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး ဋ္ဌာနမှ ယနေ့နေ့လည်ပိုင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မြန်မာနိုင်ငံအနှံသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလဆန်းမှစတင်၍ သွားရောက်လျှက်ရှိရာ မြို့ပေါင်း တဒါဇင်ထက်မနည်း သွားရောက်ပြီး ဖြစ်သည်။ ။
ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ Reviewed by သစ်ထူးလွင် on 20:46 Rating: 5

27 comments:

David Henry said...

အမေစု ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းပါစေ...

David said...

အမေပင်ပန်းလှပါပြီ။ ခဏဖြစ်ဖြစ်နားလိုက်ပါဦးအမေ ...

Ar Ga said...

အမေ .. ပင်ပန်းနေပါပြီ ။ နားလိုက်ပါဦး ။ အမေ့ကျန်းမာေ၇း ထိခိုက်ခံလို့ မဖြစ်ပါဘူး ..

nandar said...

အမေနေကောင်းအောင်နေပါနော်။အမေရှိမှသမီးတိုတိုင်းပြည်ကြီးအေချမ်းမှာမို့ပါ။ကျန်းမာပါစေအမေ။

ပုဂံစစ်သည် said...

ကျွန်တော်ယောင်္ကျားပါ၊ ဒါပေမယ့် ဒေါ်စုစည်းရုံးရေး ခရီးကိုမြင်တိုင်း မျက်ရည်ကျရတဲ့ နေ့တွေမနည်းတော့ပါဘူး။ အမေဟာတိုင်းပြည်ကို ဘယ်လောက်ထိ အနစ်နာခံတယ်ဆိုတာ ပြည်သူတွေအသိပါ၊ ပြည်သူတွေဟာလဲ အမေ့ကိုအားကိုးတယ်ဆိုတာ တစ်ကမ္ဘာလုံးကအသိပါ၊ အမေ့လိုလူမျိုး ဒီတိုင်းပြည်မှာမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ပြည်သူ့အင်အားဟာ အမေစုတစ်ယောက်ရဲ့ အင်အားနဲ့ညီမျှပါတယ်၊ ကျွန်တော်တို့ပြည်သူတွေ နအဖ ကိုမတွန်းလှန်နိုင်ခဲ့ပါဘူး။ ခေါင်းငုံ့ခံကာ သည်းခံပြီးအမေ့လို တံတိုင်းကာရံပေးမယ့် သူကိုစောင့်နေတာဟာ နှစ်ပေါင်းနှစ်ဆယ်တောင် ကျော်ခဲ့ပါပြီအမေ၊ အမေဟာကျွန်တော်တို့ပြည်သူတစ်ရပ်လုံးကို အမှောင်ထဲကနေ အလင်းရောင်ပေးခဲ့တဲ့ ကယ်တင်ရှင်ဆိုရင် မှားမယ်မထင်ပါဘူး။
အမေ့မျက်နှာ၊ အပြုံးဝေဆာ
ရာကျော်အသက်၊ ရှည်စေသော်..... လို့မေတ္တာပို့သလိုက်ပရစေ။

အညာသားကြီး said...

အမေရယ်...အမေအပင်ပန်းခံပြီးတော့ စည်းရုံးရေးတွေ လုပ်ပေးခဲ့တာ လူထုကိုအသိတရားနဲ့ အကြောက်တရားကင်းအောင် စွမ်းဆောင်ပေးနေတာ သားတို့ အတွက် စွမ်းအားတွေပါ။ ဒါပေမဲံ့အမေရယ် တချို့သောပြည်သူ ပြည်သားတွေက သတ္တိတွေ နည်းနေကြတာ ကြားရတော့ စိတ်မကောင်းဖြစ်မိရပါတယ်။ ပက္ခုက္ကူ ကလူတွေ လောင်းလုံမြို့က ပညာတတ်ဆိုတဲ့ ဆရာ၊ဆရာမတွေ အသိပညာအတတ်ပညာရှင်တွေလို့ ခံယူထားတဲ့ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်က ဒီဌာန ဆိုင်ရာ အကြီးအကဲဆိုတဲ့ လက် ၁ ဆုပ်စာ တွေကို ကြောက်လွန်းလို့ ကိုယ်ထဲ့ချင်တဲ့ ပါတီကို မထဲ့ရဲဘူးတဲ့။ အများစုသော အစိုးရ ၀န်ထမ်း ပညာတတ်ကြီးတွေ ကိုယ်တိုင်က သူတို့ကို ကြံ့ဖွတ်ပါတီ ဦးသိန်းစိန်ကပဲ အိပ်ထဲကစိုက်ပြီး လစာတွေ ပေးနေသလို ထင်နေကြပုံရတယ်။ ပြောရရင်တော့ ပညာတတ်ဝန်ထမ်းတွေ ကိုယ်တိုင်က နိုင်ငံအတွက်ဆိုတာထက် မိမိအတွက်တကိုယ်ကောင်းဆန်တဲ့ စိတ်တွေ တွေ့ရတော့ သားရင်လေးမိပါတယ်။ အသက်နဲ့ ရင်းရတဲ့ အရာမဟုတ်သေးပါဘူး ဒီမဲပေးတာလေးတောင် လူကြီးရှေ့မို့ မပေးရဲဘူးတဲ့အမေရယ် ။ နေပူမရှောင် မိုးရွာမရှောင် မြစ်ချောင်းကိုကျော် ပင်လယ်ဖြတ်လို့ အသက်ကိုပဓာနမထားပဲကျိုးစားနေခဲ့တဲ့ အမေ့ကိုမှ အားမနာ လုပ်ရက်လိုက်ကြတာ။ ပြည်သူကကျွေးတဲ့ ထမင်းကိုစားနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါင်းတို့ အမေ့လို မစွန့်လွတ်နိုင်ရင်နေပါ အမေ့လို နိုင်ငံကို ခေါင်းမဆောင်နိုင်ရင်နေပါ။ အမေ့လို အပင်ပန်းအဆင်းရဲခံပြီး နိုင်ငံအတွက်မလုပ်နိုင်ရင်နေပါ။ မိမိတို့သားစဉ်မြေးဆက် မျက်နှာလေးတွေ အတွက်ဆိုတဲ့ သတ္တိလေးတော့ မွေးကြစေချင်ပါတယ်ဗျာ။ အမေရယ်....ရှေ့ဆက်ရမဲ့ ခရီးကြမ်းကြီးမှာ သားတို့ မျိုးဆက်သစ်လူငယ်တွေ ကို ရှေ့ဆောင်လမ်းပြ ဖို့အတွက် ခွန်အားတွေဖြည့်ပါအုံးအမေရယ်... အမေ ပင်ပန်းနေပါပြီ...အမေ့ရဲ့ လက်ဆင့်ကမ်းအမွေကို ဆက်ခံဖို့ သားတို့ သတ္တိရှိရှိ ကျိုးစားပါ့မယ်လို့ ...အမေပင်ပန်းရကျိုးနပ်ရပါစေ့မယ်...

အညာသားကြီး said...

ပြည်သူပြည်သားများနဲ့ ပြည်သူ့ဝန်ထမ်းအပေါင်းတို့ ပါးစပ်က ဗိုလ်ချုပ်ကို လေးစားတယ် အမေစု ကို ချစ်တယ်လို့ ပြောကြသလို ရင်ထဲ နှလုံးသားထဲကလဲ ငါတို့ရဲ့ခေါင်းဆောင်အမေစု ဖြစ်စေချင်သလို သတ္တိရှိရှိ နဲ့ အကြောက်တရားကို ကျော်လွှားကြပါစို့။ ဖွတ်တွေ ဆောက်ထားတဲ့ ထောင်ဆိုတဲ့ အတားအစီးရဲ့ ဟိုတဖက်မှာ သုခတွေပြည့်နေတဲ့ နိုင်ငံတော်သစ်ကြီးရှိနေပါတယ်။ ငါတို့ရဲ့ အနာဂါတ်မျိုးဆက်သစ်တွေကို အမေ့ရဲ့ လမ်းပြမူ့နဲ့အတူ ရဲရင့်စွာ ဦးဆောင်ကျော်လွှားခေါ်ဆောင်ကြပါစို့လား.....အမေ့ကျေးဇူး ဆပ်နိုင်ကြပါစေ

zaw 1975 said...

ူအမေ...အနားယူပါအုံး...ပင်ပန်းလှပါပြီ...အမေ့ကိုယ်စားသားတို့စည်း
ရုံးရေးဆင်းနေပါတယ်...သားတို့လူငယ်တွေအားလုံး အမေ့တာဝန်တွေ
ကျေပွန်အောင် ကြိုးစားပေးပါမယ်...အမေ့ချွေးစက်တိုင်းဟာ တန်ဖိုးရှိလှတဲ့
မဲပြားလေးတွေ ဖြစ်ကုန်ပါပြီ...ယုံပါ အမေ..ဒီတခါ...အမေနိုင်ပါပြီ...

zaw 1975 said...

ူအမေ...အနားယူပါအုံး...ပင်ပန်းလှပါပြီ...အမေ့ကိုယ်စားသားတို့စည်း
ရုံးရေးဆင်းနေပါတယ်...သားတို့လူငယ်တွေအားလုံး အမေ့တာဝန်တွေ
ကျေပွန်အောင် ကြိုးစားပေးပါမယ်...အမေ့ချွေးစက်တိုင်းဟာ တန်ဖိုးရှိလှတဲ့
မဲပြားလေးတွေ ဖြစ်ကုန်ပါပြီ...ယုံပါ အမေ..ဒီတခါ...အမေနိုင်ပါပြီ...

zaw htay said...

အမေ .. ပင်ပန်းနေပါပြီ ။ နားလိုက်ပါဦး

Unknown said...

အမေ အရမ်းပင်ပန်းနေလို့ပါ ခဏအနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ......အမေ့ ကျန်းမာရေးကိုသာအထူးဂရုစိုက်ပါ.......အမေ့ကျန်းမာရေးအခြေအနေကြောင့် အမေမသွားဖြစ်တဲ့ မြို့ရွာဒေသတွေက ပြည်သူတွေကလဲ နားလည်ပေးကြပြီးသားပါ အမေ့ကိုတွေ့ဖူး မြင်ဖူး ချင်ကြလို့သာမျှော်နေကြတာပါ အမေမစည်းရုံးလဲ အမေ့ရဲ့ပါတီ NLD ကိုပဲ အပြည့်အ၀ထောက်ခံပြီးသားပါအမေ....အမေအမြန်ဆုံးကျန်းမာပျော်ရွှင်နိုင်ပါစေ ဘေးရန်ခပ်သိမ်းအပေါင်းမှကင်းဝေးပါစေ သက်တော်ရာကျော်ရှည်ပါစေ အမေဆောင်ရွက်နေသမျှကိစ္စအ၀၀အားလုံးဟာ အောင်မြင်ပြီးမြောက်ခရီးဆုံးပန်းတိုင်ရောက်သည်အထိစွမ်းစွမ်းတမံကြိုးစားအားထုတ်နိုင်ပါစေလို့ သားတို့ပြည်သူပြည်သားတွေက ဆုတောင်းမေတ္တာပို့သနေကြပါတယ် အမေ

Moe Thet said...

အမေစု ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ ဒါမှ ဆက်လုပ်စရာတွေလုပ်လို့ရမှာပါ

myosanoo said...

အမေဒေါ်အောင်ဆန်းစုကြည်. အမြန်နေကေါင်းပါစေလိုတောင်ဆုချွေလျှက်. နွေမှာငုနဲ့ပိတောက်လှိုင်သည်။ဧပရယ်မှာအမေစုရဲ့ခွပ်ဒေါင်းနိုင်မည်။(မဲမခိုးကြရင်ပေါ့)

The Nature Myanmar said...

ဗိုလ်ချုပ်ရဲ့ အညာမြေမှ အညာသူ၊ အညာသားအပေါင်းတို့...
အမေ မလာနိုင်တော့ဘူးတဲ့...
တစ်နိုင်ငံလုံး ခရီးထွက်နေရတော့...ပင်ပန်းနေမှာပေါ့...
အမေက အသက်အရွယ်လည်း ရပြီလေ...၆၀ လည်းကျော်ပြီဆိုတော့...
သားသမီးတွေက ရှေ့ထွက်ပြီး လုပ်ရတော့မယ်လေ...ကျုပ်တို့နိုင်ငံမှာ အမေရှိနေရင် လုံခြုံမှုရှိတယ်၊ နွေးထွေးမှုရှိတယ်...မျက်နှာလည်း မငယ်ရဘူး...
အမေ မလာနိုင်တော့တဲ့ အတွက် အမေ့ကိုယ်စား သားသမီးအားလုံးက အမေ့ဆန္ဒပြည့်ဝအောင် ခွပ်ဒေါင်းစိတ်ဓာတ်ပြကြပါလို့...
အမေ့ရဲ့ အဝေးရောက်သား

lwannaymie said...

(ပုဂံစစ်သည်...ညီလေးစာကလန်းတယ်....)
ညီအကိုနှစ်ယောက်ထဲရှိပြီး၊နှမ...မရှိတာခက်တယ်။

နီယို said...

ဟုတ်ပါတယ် အမေ စု ...အမေနားလိုက်ပါဦးဗျာ.....ကိုအညာသား ပြောတာကောင်းပါတယ် ......တိုင်းပြည်အတွက် ....အတူတူ ဆက်လက်ကြိုးစားကြတာပေါ့

visuddha said...

ဒကာမကြီး အမေစု လျှင်မြန်စွာ ကျန်းမာ ချမ်းသာပါစေ။
အခက်အခဲ အတားအဆီးတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေ လို့ သားတော် မောင်ပဉ္စင်းတွေ မေတ္တာပို့နေပါတယ်။

ladyjune said...

အမေစု.အနားယူပါ.ကျန်းမာမှဖြစ်မှာပါ.ကျန်းမာပါစေ.
NLD must win!ပြည်သူလူထု ရဲ့မေတ္တာကြောင့် အမေ အားတွေပြည့်နေပါစေ.

purewhite said...

အမေ့အသက်စေ့ ဘုရားစာလေးတွေ ရွတ်ပေးနေပါတယ်အမေ အမေ ခရီးတွေမထွက်ပါတော့နဲ့ အရမ်းပင်ပန်းနေပါပြီ။ အမေ့ရဲ့ စေတနာတွေကို အားလုံးလိုလိုနားလည်ကြပါတယ်။ ပြည်သူ့အသဲကြားက မဲတပြားကလည်း အမေ နဲ့ အနစ်နာခံ ခဲ့သူ သူရဲကောင်းတွေအတွက်ပါ။ အမေကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ။

shwe man thar said...

Mom,....

just relax at home please,...you have done thousands of miles within a month,..thanks for that..

we all stand with you and ready for 1st April or even for 2015.....

a son from Mandalay,..

Anonymous said...

အမေစု ပင်ပန်းနေပါပြီ။ သား ညတိုင်း ဘုရားရှိခိုး ဆုတောင်ပေးနေပါတယ် အမေ အမြန်ဆုံး ကျမ်းမာပါစေနော် ။ အမေက သားတို့ ပြည်သူတွေ ပို့တဲ့ မေတ္တာနဲ့ ကျမ်းမာပါစေ။

Unknown said...

အမစု ကျန်းမာရေး အမြန်ဆုံးကောင်းပါစေ

vimpire said...

ဒို့တတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒို့တစ်တွေလက်လှမ်းမှီရာ မိသားစု၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းအပေါင်းအသင်း ပြည်သူတွေကို နိုင်ငံရေးဆိုတာဘာ၊ အစိုးရဆိုတာဘာ၊ ပြည်သူဆိုတာဘာ၊ လူ့အခွင့်အရေးဆိုတာဘာ၊ ဒီမိုကရေစီဆိုတာဘာ ဆိုတာတွေကို ပြောဆိုစည်းရုံးအသိပေး ကြရအောင် လား.......

ywarthar said...

အမေ့မေတ္တာကြောင့် သွားလေရာမှာ ပြည်သူတွေက ကြည်ဖြူစွာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါပြီ၊ ယခုအခါ အမေ သိပ်ပြီး မကျန်းမာဘူး လို့ကြား ရတော့ တော်တော်လးစိတ်မကောင်းဖြစ်မိပါတယ်။ ရဟန်းရှင်လူ ပြည်သူပြည်သား အပေါင်းတို့ကလည်း အမေအမြန်ဆုံးပြန်လည်ကျန်းမာပါစေကြောင်း စုပေါင်းမေတ္တာပို့သင့်ပါတယ်။ ပြည်သူကိုချစ်သော အမေ ပြည်သူ၏မေတ္တာဓာတ် ကြောင့် အမြန်ဆုံး ပြန်လည် ကျန်းမာပြီး ပြည်သူအတွက် ကောင်းကျိုးချမ်းသာဟူ သမျှကို ပြန်လည်ထမ်းဆောင်နိုင်ပါစေ။

095343387 said...

အမေရယ် မကွေးကိုအမှန်တကယ်လာစေချင်တယ် သားတို့အရမ်းမျှော်လင့်ထားတာ တခြားပါတီဝင်တွေက ကိုယ့်ကိုကြည့်ရင်ကို မလုံဘူးတမျိုးပဲ ဒါပေမဲ့အမေ့ ကျန်းမာရေးကပိုအရေးကြီးပါတယ် ကျွှန်တော်တို့အားလုံး တစ်ခုခုအားကို အားငယ်သွားသလိုပဲ တစ်ခုခုကိုမကျေနပ်သလို အဲဒါ ဘိတ်က အုပ်ချုပ်ရေးမှုးတွေညစ်ပတ်လို့ ကျွှန်တော်တို့ဘယ်တော့မှမကျေဘူး အမေ့ကိုစိတ်အနှောက် အယှက်ဖြစ်အောင်လုပ်တာ ကျွှန်တော်တို့လဲ မခံရပ်နိုင်အောင် ထပ်တူခံစားရတယ် သနားလိုက်တာအမေရယ် အမေနဲ့ပြည်သူတွေအားလုံး အောင်မြင်ပါစေလို့ မကွေးကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

အောင်ရဲမိုး said...

တိုင်းပြည် တစ်ပြည်လုံး ကလူတွေ ကမေတ္တာ ပို့ သ မယ်ဆိုတာ ကို အမေယုံတယ်မလား...ကျွန်တော် တော့ယုံကြည်နေတယ်...ကြံဖွံ့ တစ်သိုက် ကလွဲလို့ ပေါ့ လေ

pink rose said...

သိပ်ကောင်းတဲ့ comment ပါအညာသားကြီး
အဲဒါမျိုးတွေ နောက်လည်း များများရေးပေးဖို့ အားပေးပါတယ်။ အထူးသဖြင့် ပညာတတ်တံဆိပ်ကပ်ထားတဲ့ ၀န်ထမ်းတွေ နားလည်လာအောင် ရေးပေးစေချင်တယ်။

Powered by Blogger.