ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်း ရှင်းလင်းပြောဆို (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်း ရှင်းလင်းပြောဆို (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်း ရှင်းလင်းပြောဆို (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 21:58 Rating: 5

20 comments:

ပုဂံစစ်သည် said...

ကိစ္စမရှိပါဘူး၊ မဲကမဆွယ်လဲထည့်ပြီးသား၊ အမေနေကောင်းဖို့ကအဓိကပဲ၊ အမေ ပြည်သူတွေကိုယုံလိုက်ပါ၊ အမေ့အတွက် မဲအပြတ်အသတ် နိုင်စေရယ်ဆိုတာယုံလိုက်ပါ။

sean said...

အမေ ကျန်းမာရေးက အဓိကပါ.. မကွေးကို အမေကိုယ်စား ကိုမင်းကိုနိုင် ကိုယ်စားသွားပေးပါ .. မဲစောင့်ကြည့်ရေးအဇွဲ့ က ထွက်လိုက်ပါ...

sean said...

ဆရာဒေါက်တာတင်မျိုးဝင်းခင်ဗျား အမေ ရဲ့ ကျန်းမာရေး အခြေအနေ သတင်း ကို ဆက်လက်ထုတ်ပြန်ပေးပါခင်ဗျား..ကျွန်တော်တို့ အရမ်း စိုးရိမ်နေတယ်..
အမေ အိမ်မှာတိတ်တိတ်နားပါစေ လို့အားလုံးမေတ္တာရပ်ပါတယ်..
ကျန်တဲ့ လူတွေ အမေအတွက် အလိုက်တသိ တက်တက်ကြွကြွ လုပ်ကြပါလို့တိုက်တွန်းပါရစေ..
ပုဂံစစ်သည် လိုဘဲ သတင်းတွေဖတ်တိုင်း မျက်ရည်ကျတယ်ဗျာ.. ဝမ်းနည်းလို့မဟုတ်ဘူး.. ကြည်နူးဂုဏ်ယူလို့...

ကျော်သူအောင် said...

အမေစု မလာနိုင်တော့ဘူးဆိုလို့ သားတို့ မကွေးသားတွေ အတော်လေးကို ၀မ်းနည်းရပါတယ်...ဒါပေမဲ့ အမေစု နေကောင်းဖို့က အဓိကပါဗျာ..လာတော့လာစေချင်တာပေါ့ဗျာ... မလာနိုင်တော့လည်းဘယ်တတ်နိုင်မှာလဲဗျာ...အမေစု မလာလည်း သားတို့မကွေးသားတွေကတော့ NLD ပါတီ ကိုယ်စားလှယ် ဦးမြင့်သိန်း ကိုပဲ မဲပေးမှာပါဆိုတာ အမေစု သိအောင် အော်ပြောလို့ရရင်ပြောလိုက်ချင်တယ်ဗျာ...အမေစု နေကောင်းတဲ့အခါကျ သားတို့မကွေးကို တစ်ခါလောက်တော့ ရောက်အောင်လာခဲ့ပါဦးဗျာ...

Tri Asian Taste said...

အခုလို အထူး ဂရုတစိုက် အမေစုကို စောင့်ရှောက်ပေးတဲ့ အတွက် အထူးဘဲ ကျေးဇူးတင်ပါတယ် ဆရာရယ်။
ကျနော်သိတယ် ဟိုခွေးမသား မြိတ်က တိရိစ္ဆာန်တွေ လှေမငှားပေးလို အမေ အခုလိုဖြစ်ရတာ။ ပလယ်ပြင်ဆိုတော့၊ လေးကတိုက်မှာပေါ့။ အမေမို့လို့ စိတ်ဓါတ်ခိုင်မာလို့ တခြားသူတွေဆိုဘယ်လွယ်မလဲ။ မြိတ်သူ မြိတ်သားတွေ ည မိုချုပ်တဲ့အထိ တာဝန်ကျေကျေ ကြိုခဲ့ပါတယ်။
ဟို တိရိစ္ဆာန်တွေကြောင့် အမေကျနော်တို့ဆီကို မလာနိုင်တာ ကျနော်တို့ ၀မ်းနည်းတယ်။ အမေ မလာနိုင်ရင်လည်း ကျနော်တို့ ဆန္ဒမဲတွေအမေရမှာပါ။
အမေ့ကို မကြိုရပေမဲ့ အမေအတွက်ကို ရွေးကောက်ပွဲနေ့မှာ အမေဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်လုပ်မယ်။ အမေ၀မ်းသာနေပါ။ မကွေးသာတွေ ညီကြောင်းပြလိုက်ပါ့မယ်။

minmin said...

ဒေါ်အောင်ဆန်းစုကြည်......မြန်မြန်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်.............

ahphyulay said...

အင်း...
လုံးဝ ဖြစ်သင့် တဲ့ ကိစ္စပါပဲ။
နွားတွေနဲ့  နေ့ စဉ်ဖက်ဖြစ်နေရတဲ့ ကိစ္စတိုင်း
အမေ့ အတွက် ပူနေရတာ..။
အမေသာလျှင် အရာရာကို ပြောင်းလဲနိုင်တာ၊
အမေသာလျှင် ကမ္ဘာနဲ့ မြန်မာကို ကိုင်လှုပ်နိုင်တာ၊
အမေရှိနေမှ ဖြစ်မှာပါ၊
အမေ နားပါစေတော့ ဗျာ....။

visuddha said...

ဒကာမကြီး အမေစု မြန်မြန် ကျန်းမာ ချမ်းပါစေ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့ အနေနဲ့လည်း မေတ္တာသုတ်တွေ ရွတ်ဖတ်ပြီး မေတ္တာတွေ ပို့နေပါတယ်။
အမေစု ကျန်းမာ ချမ်းသာ အောင်မြင်ပါစေ။
အခက်အခဲ အန္တရာယ် အနှောင့်အယှက်တွေက ကျော်လွန်ဖြတ်သန်းနိုင်ပါစေ

Sayarma Pu said...

အမေစုကျန်းမာရေးကို အထူးစိတ်ပူမိပါတယ် ပင်လယ်ထဲမှာ လေတွေ လှိုင်းတွေ သောင်တင်တဲ့ဒုက္ခတွေနဲ့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ မြိတ်မှာ စီးပွားပြုတ်ချင် ပြုတ်ပါစေကွာ အမေစုကို ရှပ်ပြေးယဉ်ငှားမယ် ဆိုတဲ့ သူဌေးသူရဲကောင်းတစ်ယောက်မှ မရှိတာလည်း စိတ်မကောင်းပါဘူး။ အမေစုလို ကမ္ဘာကတောင်အလေးပေး စောင့်ကြည့်ပြီး ချစ်နေ တန်ဖိုးထားနေကြရတဲ့ Democracy Icon၊ မြန်မာလူထု (ဖွတ်များနှင့် ဖွတ်နောက်လိုက်များမှလွဲ၍) တစ်ရပ်လုံး ချစ်ခင် မြတ်နိုး အားကိုးရတဲ့ လူထုခေါင်းဆောင်ကိုတောင် ဒင်းတို့ ဒီလိုဆက်ဆံရဲတာမို့ သူတို့ ခြိမ်းချောက်တိုင်း ကြောက်ရ နှိပ်စက်တိုင်းခံနေရတဲ့ သာမာန်ပြည်သူလူထုဘ၀ကိုတော့ တွေးကြည့်ကြပါတော့။
ပြည်သူတွေပို့သတဲ့မေတ္တာကြောင့် အမေအမြန်ကျန်းမာလာ ပါစေ ... မြန်မာပြည်အတွက် အမေရှိမှဖြစ်မှာ အမေစုရှိမှ လုံခြုံမှာ မို့ပါ။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်......မြန်မြန်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်.............
အမေစု ကျန်းမာ ချမ်းသာ အောင်မြင်ပါစေ။
အခက်အခဲ အန္တရာယ် အနှောင့်အယှက်တွေက ကျော်လွန်ဖြတ်သန်းနိုင်ပါစေ

Anonymous said...

အခက်အခဲ အန္တရာယ် အနှောင့်အယှက်တွေက ကျော်လွန်ဖြတ်သန်းနိုင်ပါစေ
ဒေါ်အောင်ဆန်းစုကြည်......မြန်မြန်ကျန်းမာပါစေ
မေတ္တာ ပို့နေပါတယ်
ပြည်သူတွေပို့သတဲ့မေတ္တာကြောင့် အမေအမြန်ကျန်းမာလာ ပါစေ .

May said...

Is it heat stroke?
Please be careful.

datha said...

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမြန်မြန်ကောင်းစေရန်
မကွေးမြသလွန်ဘုရားကြီးတွင် 28.3.2012 (အင်္ဂါနေ့) အမေရဲ့ ကျန်မာရေးအတွက် မွေးနေ့ဆုတောင်းပွဲကို အင်္ဂါထောင်ကတွင် နံနက်
9 နာရီတွင် ဆုတောင်းပွဲပြုလုပ်ပါမည်
ရပ်နီးရပ်ဝေးမှ ပြည်သူအပေါင်းတို့ တက်ညီလက်ညီ ဆုတောင်းပေးကြ
ပါစို့
မကွေးမှ မဟုတ်သော ပြည်သူများလဲ နီးစပ်ရာ တန်ခိုးကြီးဘုရားများ
တွင် ဆုတောင်းပေးပါရန် တိုက်တွန်းလိုက်ပါတယ်

Unknown said...

ဆရာခင်ဗျာ..
အမေ့ ကို အကောင်းဆုံးစောင့်ရှောက်ပေးပါ။အမေဘယ်သွားသွား ကျန်းမာရေးအစီအမံတွေကို အလေးအနက်ထားပြီးဦးစားပေးလုပ်ပေးပါ။ဆေ၀ါးနဲ့ အရေးပေါ် စက်ပစ္စည်းတွေကို ဆောင်ထားပေးပါ။လိုအပ်ရင် အရေးပေါ်လူနာတင်ကား (ပစ္စည်းစုံ) တစ်စီးကို အမေဘယ်သွားသွား လိုက်သွားပေးပါ ခင်ဗျာ။

thant said...

comment တွေဖတ်ရင်း မျက်ရည်တောင်ဝဲမိတယ်...အမေကျန်းမာပါစေ..
ဒေါင်းပျိုမာတာ ကျန်းမာပါစေ....

Win & San said...

Rest in peace forever.

tertee said...

ပြည်သူအားလုံးရဲ.အမေ...ပြည်သူအားလုံးမေတာပို.ပါတယ်
အမေ ကျန်းမာပါစေ...

MyintOo said...

ဒေါ်အောင်ဆန်းစုကြည်မြန်မြန်ကျန်းမာပါစေ၊ပြည်သူများရဲ.အကျိုးကိုဆထက်တပိုး၊သယ်ပိုးနိုင်ပါစေလို.ဘုရားမှာအမြဲဆုတောင်းပေးနေပါတယ်........အမေ။

Anonymous said...

ပြည်သူတွေ ပို့ သ တဲ့ အေးချမ်းတဲ့ မေတ္တာတွေကြောင့် အမေစု အမြန်ဆုံးကျန်းမာလာမှာပါ . . .

အောင်ရဲမိုး said...

အမေ နေ့ မအားည မအား အလုပ်လုပ်နေတာတွေ ကိုနည်းနည်းလောက် နားပြီး အိမ် မှာဘဲ စီမံ တဲ့ အလုပ် လောက်ဘဲ လုပ် ရင် ရ ပါတယ်..ဒါမျိုးက လူငယ်တောင် ခံ နိုင်မှာ မဟုတ်ဘူးလေ..ခရီးတွေ က အရမ်းကြမ်းပါတယ်

Powered by Blogger.