မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံအမြှောက်ဖြစ်ပါ တယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့ မှ ရှေးဟောင်းလက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ
မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ Reviewed by သစ်ထူးလွင် on 16:35 Rating: 5

10 comments:

မန်းလေးသား said...

ဒီလိုပါဘဲ အာဏာရှိတယ်ဆိုပြီး ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် တွေ့သမျှငါ့ဟာဆိုပြီး အကုန်သိမ်း............. သူ့သမက်တရုတ်ဆီကိုပို့ ..... တို်င်းရင်းသားအချင်းချင်း ရန်တိုက်ပေးနေကြပါ.......ရခိုင်သားတို့ရေ တို့ဗမာတိုင်းရင်းသား တွေကိုအထင်မလွဲနဲ့နော်.... အပြစ်လုပ်တဲ့သူတွေကိုဘဲ ဆဲကြနော်... နောက်နောင်အဲဒီလိုမျိုးတွေနဲ့ မကြုံ့ရအောင် ဒီရွေးကောက်ပွဲမှာ တို့တိုင်းရင်းသားတွေရဲ့မိခင် အမေစုကိုသာထောက်ခံအားပေးကြပါစို့ ..... ရဲရဲဝင့်ဝင့် ကြံ့ဖွတ်တွေကိုတိုက်ထုတ် နှိမ်နှင်းကြပါစို့......

moenyo said...

ကျွန်တော်တို. ရခိုင်ပြည်က ထွက်သမျှကိုပဲ ယူနေတာလားမသိဘူးဗျ.....
ကျွန်တော်တို.ပြည်နယ်ကိုတော်တော်ကြိုက်နေတယ်နဲ.တူတယ်....
ဆင်ဖြူတော်တွေဆိုလည်း အမြဲတမ်းလာယူနေကြတာပဲ...ခုလည်းကြည်...အမြှောက်တွေတဲ. သူတို.မယူတာဆိုလို.မရှိသလောက်ပဲ....ကျွန်တော်တို. ရခိုင်ပြည်မှာ
အမွေအနှစ်အနေနဲ.လည်း ပြထားဖို.အတွက် ချန်ထားပါဦးလို.

Toe Toe said...

ကိုယ်ကဗမာဆိုတော့လဲဘာပြောရမှန်းမသိလို့၊စိတ်မကောင်းပါဘူးလို့ဘဲပြော
့ရမှာပေါ့ဗျာ။သူတို့ခံစားချက်လဲမှန်ပါတယ်။

ZAWAUNG said...

မတရားဘူး..
ကိုလိုနီစနစ်ကိုတိုင်းရင်းသားတွေအပေါ်ကိုကျင့်သုံးတာ မတရားဘူး..
လုံးဝကန့်ကွက်တယ်..ဒါဟာတိုင်းပြည်ကို ဖြိုခွဲတာနဲ့တူတယ်..
တိုင်းရင်းသားတွေကို ဖိနိပ်တာ သပ်ချိုဖြိုခွဲတာပဲ..
တို့တာဝန်အရေးသုံးပါးနဲ့ဆန့်ကျင်တယ်..
အင်္ဂလိပ် ဂျပန်ခေတ် အတိုင်းတိုင်းရင်းသားတွေ ခံစားနေရတယ်..
အဲလိုမျိုးလုပ်တာ အင်္ဂလိပ်တွေ ဂျပန်တွေလုပ်သွားတာ..
ရခိုင် စစ်တွေ ကအရှင် ပညာစာရကိုဖမ်းစီးထောင် ချတုန်းက မတရား ဖမ်းဆီး
ခေါ်ဆောင်သွားတဲ့ ကလေး၈၀ကျော်ကို ဘယ်မှာထားထားကြလဲ..
ကလေးစစ်သားလုပ်လိုက်ပြီလား..
သူတို့ရဲ့ အရှင်ဘုရား ထောင်ထဲက လွတ်မြောက်လာပြီ..
အဲဒီကလေးတွေကို ချက်ချင်းပြန်ပို့ပေးပါ..
သက်ရှိသက်မဲ့တွေကို ရခိုင်ပြည်ထဲက မတရား ဖမ်းဆီး ယူဆောင်မှုတွေကို
ချက်ချင်းရပ်ပါ...

မောင် said...

ရွှေတိဂုံမှာရှိတဲ့ နေလ ဘုရားဆင်တုတော်ဟာလည်း
မူလ ဆင်းတုတော်မဟုတ်တော့...

HtetNWin said...

မှန်တယ်ဗျို့ ။ရခိုင်ခေတ်ယဉ်ကျေးမှု့ကိုကြည့်ချင်ရင် ရခိုင်ပြည်နယ်မှာလာကြည့်မှာ။အဲဒီမှာပဲရှိရမယ်။လုံးဝကန့်ကွက်တယ်ဗျာ။

myanma soldier said...

ရပ်သင့်ပြီ

buthidaungtharchay said...

အရာရာကို သူတို့ လိုချင်သည် ၊ ဖျက်ဆီးချင်သည် ။ သူတို့ လိုချင်တိုင်း ယူ ဖျက်စီးချင်တိုင်း ဖျက်စီးနေမည်ဆိုလျှင်တော့ ရခိုင်ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ အီးအီးကုန်းစရာ တုတ်တံလေးတောင် ကျန်မှာ မဟုတ်ပါဘူး ။ ဒီလိုမျိုး တရားလက်လွတ်တော့ မလုပ်သင့်ပါ ဗျာ။

Ag Thu said...

ဆင်ဖြူတော်ရူးတွေ ပေါ်သမျဆင်ဖြူတွေလည်း တစ်ကောင်ပြီးတစ်ကောင်ယူသွားကြပြီ။ တစ်ကယ်တော.အဲဒါတွေက ဆင်ဖြူတွေမဟုတ်ဘူး။ ရောဂါဖြစ်နေတဲ.ဆင်အရေခွံကျွတ်တွေ။
ယူချင်ယူပစေ အရေးမကြီးဘူး။ ဒါပေမဲ. အခုဟာက ကျွန်တော်တို.ရဲ. ရှေးဟောင်းအမွေအနှစ်တွေ။ ပထမတစ်ခေါက်တုန်းက စစ်တွေPointကမ်းခြေက အမြောက်ကြီးကိုယူသွားကြပြီး Mandalay မြနန်းစံကျော်နန်းတော်မှာ သွားထားလိုက်ကြပြီ။ ပြီးတော. မြနန်းစံကျော်နန်းတော်က အမြာက်သေးသေးလေးကို ပြန်လာထားလိုက်တယ်။ Mandalay မြနန်းစံကျော်နန်းတော် မှာရှိနေတဲ.ပာာလည်း ကျွန်တော်တို.ဟာပါဘဲ။ ဒီနှစ်ခုပါဆိုသုံးခုဖြစ်သွားပြီဗျ။ ပြီးခဲ.တဲ.နှစ်တုန်းကလည်း ရထားလမ်းကိုအကြောင်းပြပြီး မြောက်ဦးက ရှေးဟောင်းအဆောက်အအုံတွေနဲ. ဘုရားတွေကိုဖျက်ဆီးလိုက်ကြပြီ။ ဒါတောင်မ၀သေးဘူးလား။

mad dog said...

တိုင်း၇င်းသားယဉ်ကျေးမှုအမွေအနှစ်ဆိုတာ သူ့နေ၇ာဒေသမှာ သွားေ၇ာက် လေ့လာ၇င်ပိုကောင်းတာပေါ့။ မင်းတို့နေပြည်တော် ကေ၇ှးဟောင်းယဉ်ကျေးမှုဒေသလည်းမဟုတ် ဘာမဟုတ်နဲ့ လုပ်မနေပါနဲ့ကွာ။

Powered by Blogger.