ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ ဆက်လျက်ပြုလုပ်

ကျောက်ပန်းတောင်းမြို့ နယ်တွင် မတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ဆုတောင်းပြည့် မဟာစေတီကြီးဘုရားဝင်း အတွင်းတွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်မ တို့ ခေါင်းဆောင် အမေ စု ကို ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေးတာပါ...၂၇ ရက်နေ့ ဒီကို အမေ စု လာမယ်ပြောလို့ ကျွန်မ တို့ ပင်နီ တွေ ချုပ်ပြီး အမေစုကို ကြိုမယ်...ပန်းစည်းတွေလည်း မှာထားတာ...အခု အမေစု ရုတ်တရက် ကျန်းမာရေးချို့ယွင်းသွားတယ်ဆိုတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်...အမေ စု ကို အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်...အမေ စု ကို အပြင်မှာမတွေ့ဘူးတော့ အရမ်းလည်းတွေ့ချင်တယ်...ကျန်းမာရေး အမြန်ဆုံးကောင်းပြီး ကျောက်ပန်းတောင်းကို လာစေချင်ပါတယ်” ကျောက်ပန်းတောင်း မြို့ ခံ တစ်ဦးဖြစ်သူ မဝတ်မှုံ မှ ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ ရဟန်းသံဃာ များမှ မေတ္တာ သုတ် များ ရွတ်ဖတ်ပေးခဲ့ ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း စာများကို လည်း ရွတ်ဖတ်ပေးခဲ့ ကြသည်။

“ ရဟန်းသံဃာ တွေကလည်း လူထု အကျိုးကို အမှန်တကယ် ပြုလုပ်ပေးတဲ့ ခေါင်းဆောင် တစ်ယောက် ကို ကျန်းမာရေး အမြန်ကောင်းမွန်စေချင်တယ်...အဲဒါကြောင့်လည်း ယခု ကဲ့ သို့ ကြွရောက်၍ ဆုတောင်းပေးနေရခြင်းဖြစ်တယ်” ဟု ဦဆောင် သံဃာ တစ်ပါးက ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ မြို့လူထု နှင့် အတူ ကျေးရွာများ မှ လူထုပါ လာရောက်ကြ သည် ဟု သိရသည်။လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း ပွဲကို လူထု ပရိတ်သတ် ၁၅၀၀၀ ခန့် လာရောက်ဆုတောင်း ပေးကြ သည်။

ဆုတောင်း ပွဲ ပြီးနောက် ကျောက်ပန်းတောင်း မြို့ တစ်ပတ် လှည့် လည်၍ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ ဟူသော ဆုတောင်း သံများဖြင့် လှည့်လည် ခဲ့ကြသည်။
ဝေမိုးအောင် (မြစ်မခ -ကျောက်ပန်းတောင်း)
ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ ဆက်လျက်ပြုလုပ် ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ ဆက်လျက်ပြုလုပ် Reviewed by သစ်ထူးလွင် on 16:47 Rating: 5

15 comments:

အတာ said...

ကျောက်ပတောင်းသူ/သား တွေရဲ့ စိတ်ဓါတ်ကတော့ ရေလည် ချီးကျူးပြီး ခိုက်တယ်ဗျာ ... မြိတ်ကရေယာဉ်ပိုင်ရှင်တွေလို ကြောက်တတ်တဲ့ တန်ဖိုးမထားတဲ့ စိတ်တွေနဲ့ ကွာပါ့ ... ဒီက မလာတာကိုတောင် ခုလို လုပ်ကြတယ် .. ဟိုက အမေစုကိုယ်တိုင် လာတာတောင် ဘာမှ မလုပ်ပေးနိုင်ဘူး ... လုံးဝ နံ့သာဆီနဲ့ အီးပဲ ..။ (အမြန်ရေယာဉ်ပိုင်ရှင်များကိုသာ)

ပုဂံစစ်သည် said...

မြင်လား ကြံ့ဖွတ်တွေ ဒါတောင်ဒေါ်စုလာတာ မဟုတ်သေးဘူးနော်၊ မင်းတို့လဲမပူပါနဲ့ မင်းတို့သွားရင်တော့ ငါတို့လဲ ဆုတောင်းပွဲလေးတစ်ခု လုပ်ပေးပါမယ့်ကွာ။

tharzaw said...

ဝမ်းသာတယ်ဗျာ။ ကြည်နူးတယ်ဗျာ။

သူရိယ said...

အောင်သောင်းပြောသလို ဟိုတစ်ယောက်ဒီတစ်ယောက်ခေါ်တာတော့မဟုတ်လောက်ဘူးနော် :P လူကိုယ်တိုင်တောင်မလာရသေးဘူး နေမကောင်းဘူးကြားလို့ ဝိုင်းဆုတောင်းပေးတဲ့ လူစုက လွှတ်တော်တောင်တက်သိမ်းလို့ရတယ်။ ကျောက်ပန်းတောင်းသား/သူတွေကို လေးစားပါတယ်။ လူညီရင်ဘာမဆိုမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ တဖြည်းဖြည်းနဲ့ စစ်သားလူထွက်တွေ မဲဇာရောက်တော့မှာပါဗျာ။ ကျွန်တော်ကတော့ ငါတို့နယ်မှာ NLD မဲနိုင်တယ်ဟေ့လို့ပြောပြီး ကိုယ်တတ်နိုင်သလောက် တိုင်းပြည်အတွက်တာဝန်ကျေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကြိုက်ရာမဲပေးလို့ရတယ့် ရွေးကောက်ပွဲမျိုးနဲ့ ကြုံရတာတောင် ဟိုလူ့ကြောက်လို့တို့ ၊ ဟိုဟာလုပ်ပေးမယ်ဆိုလို့တို့ စတဲ့ဆင်ခြေမျိုးတွေကိုပေးနေအုံးမယ်ဆိုရင်တော့ အသက်ပေးသွားတဲ့ကျွန်တ်ာတို့နောင်တော်/အမတော်တွေကို အားနာဖို့ကောင်းလှပါတယ်ဗျာ။ ဒီလောက်တော့ သတ္တိရှိပြကြပါ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မကြိုက်တာကို မျက်နှာစေ့စေ့ကြည့်ပြီး မကြိုက်ဘူးလို့ မပြောဝံ့တောင် ဘယ်သူမှမသိတဲ့မဲရုံလေးထဲမှာတော့ မကြိုက်ရင်မကြိုက်ဘူး၊ကြိုက်ရင်ကြိုက်တယ်လို့ ရိုးရိုးသားသား၊သတ္တိရှိရှိမဲပေးဝံ့ကြဖို့သင့်ပါတယ်။

yin win said...

ဟာ ...ဂုဏ်ယူပါတယ်...လေးစားတယ်ဗျာ..ဒါ ပြည်သူ့သဘောထားဘဲ...ကျောက်ပန်းက သူရဲကောင်းတွေဘဲ....မြင်တယ်နော်..ကြံ့ဖွံ့..အမေစုကိုချစ်တယ် ..အားကိုးတယ်ဆိုတာပြ သလို ...ကြံ့ဖွံ့အုပ်ချုပ်မှူကို ပြည်သူက မလိုဘူးဆိုတာပြလိုက်တာဘဲ...ဒါပေမယ့်..နိုင်ငံပျက်ရင် ပျက်ပါစေ..ငါတို့အာဏာတည်မြဲပြီး ..ချမ်းသာကြွယ်ဝရင်ပြီးရော.ဆိုတဲ့အုပ်စုကတော့...ကြိုက်မှာပေါ့လေ....ကိုကိုကြံကို

Anonymous said...

အင်..သာဓုခေါ်ပါတယ်ဗျာ...
ဒါပေမယ့်...မေတ္တာဆိုတာ တစ်ယောက်တည်းကို ကွက်ပြီးပို့တာထက်.. အများကိုခြုံငုံပြီးပို့တော့ ပိုပြီးအကျိုးအာနိသင်ရှိတယ်ဆိုပဲ...ဒါမှ ပို့တဲ့သူတွေရောအကျိုးရှိ အပို့ခံရတဲ့သူတွေရော အကျိုးရှိ..နိုင်ငံနဲ့ ပြည်သူတွေအတွက်လည်း မေတ္တာအကျိုးကြောင့် အေးအေးချမ်းချမ်းနေနိုင်ကြမှာပါဗျာ...နော်..

Unknown said...

ကျောက်ပန်းတောင်းမြိုးသူ မြို့သားများနှင့်တကွ ကျေးရွာ ရပ်ကွက် အသီးသီးမှ ပြည်သူလူထုတစ်ရပ်လုံးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်မိပါတယ် အားရကျေနပ်စရာလဲကောင်းပါတယ် လူထုခေါင်းဆောင်တစ်ယောက်ကို ချစ်မြတ်နိုးသူတိုင်းဟာ သန်း ၆၀ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ နိင်ငံသူ နိုင်ငံသား အားလုံးနဲ့ နိုင်ငံတော်ကြီးကို ချစ်မြတ်နိုးခြင်း ကာကွယ်စောင့်ရှောက်ခြင်းနဲ့ အတူတူပါပဲ....ပြည်သူလူထု က ပို့သပေးသောဖြူစင်သော မေတ္တာဓါတ်တွေကြောင့် အမေစုလဲ အခု ကျန်းမာရေးပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပါပြီလို့ အများပြည်သူ ပျော်ရွှင် ၀မ်းမြောက်နိုင်အောင် သီတင်းကောင်းပါးလိုက်ပါတယ်ဗျာ......။ ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ........

ko htoo said...

ဒီသတင်းဟာ အမေစုကိုချစ်သူတွေအားလုံး ကြည်နူးပီတိဖြစ်စေပါတယ်။ အမေစုကိုယ်တိုင်လဲ ဒီသတင်းကြောင့် စိတ်ခွန်အားအသစ်တွေနဲ့ အမြန်ဆုံးပြန်လည်ကျန်းမာလာမှာပါ။ ကျွန်တော်တို့ လူကိုယ်တိုင် မပူးပေါင်း မပါဝင်နိုင်သည့်တိုင်အောင် ဆန္ဒကတော့ ထပ်တူထပ်မျှပါ။ ပါဝင်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။

Waiyan Soe said...

အားကျတယ်ဗျာ...
မန်းလေးထောင့်တနေရာကနေ ကျနော်လည်းဆုတောင်းပေးပါတယ် "Amay Su"

The Nature Myanmar said...

ကျောက်ပန်းတောင်းသားကွ...အမျိုးချစ်တတ်တယ်...

လွတ်လပ်ရေးကောင်းကင် said...

ကျောက်ပန်းတောင်းသားတို့ရေ ခင်ဗျားတို့ကတော့ စံထားပြီး အတုယူလောက်တဲ့ စိတ်ဓါတ်တွေနဲ့ပဲဗျ ၊ ဂုဏ်ပြုပါတယ် ၊ ကျေးဇူးလဲတင်ပါတယ် ၊ အဲဒီအတိုင်းပဲ ဆက်ပြီးထိန်းထားကြပါဗျာ ။

saishanhein said...

အမြန်ဆုံးနေကောင်းပြီး၊အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေ။

ဘ၀သံသရာ said...

အမေစုရဲ့ပြည်သူတွေအပေါ်ထားရှိသော စစ်မှန်တဲ့မေတ္တာတွေအတွက် တန်ပြန်သက်ရောက်မှုတွေပါ။

aung naing said...

ခင်ဗျားတို့ဦးသန်းရွှေ၊ဦးမောင်အေး။ဦးရွှေမန်း၊ဦးသိန်းစိန်၊ဦးတင်အေး၊အောင်သောင်း၊၀င်းမြင့်၊ကျော်ဆန်းတို့အတွကပြည်သူတွေကဘာဆုတွေတောင်းနေလဲမသိချင်ဘူးလား၊ပြည်သူတွေကိုဒုက္ခပင်လယ်ဝေအောင်လုပ်ခဲ့တဲ့သူတွေကိုလေ။

maung maung said...

ကျောက်ပန်းတောင်းသားတွေဟာ ရိုးသား- ကြိုးစားတယ်-- အလွန့်အလွန်လည်း ညီညွှတ် ရိုင်းပင်းကြတယ်- ကျောက်ပန်းတောင်းသားတွေရဲ့ နိုင်ငံနဲ့ အမျိုးချစ်စိတ်- သူတို့ လှိက်လှိက်လှဲလှဲ ယုံကြည် လေးစားတဲ့ လူထုခေါင်းဆောင်ကို ချစ်မြတ်နိုး တန်ဘိုးထားတဲ့စိတ်ဓါတ်တွေကို အဝေးရောက်နေတဲ့ ကျောက်ပန်းတောင်းသားတစ်ယောက်အနေနဲ့ အရမ်းလေးစားပါတယ်- အမေစု နေမကောင်းလို့ မလာနိုင်တာနဲ့ မြို့ဦးစေတီမှာ ၀တ်ပြုဆုတောင်းပွဲလုပ်- ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျောက်ပန်းတောင်းသားတွေထောက်ခံကြောင်း တစ်မြို့လုံးကို နှစ်ရက်တိတိ လှည့်လည် စီတန်း ကြွေးကြော်ခဲ့ကြသေးတယ်လို့ သိရတယ်-- ကြက်သီးမွှေးညှင်းတွေတောင်ထတယ်-- တစ်မြို့လုံးလှည့်လည်နေတဲ့ အဲဒီအချိန်မှာ ကြံဖွတ်က ဖွတ်ကောင် သာပေါင်းညှာစား အော်လန်ဖား စာမတ် ပေမတတ် စိတ်ဓါတ်ညံ့ လူတောမတိုးတဲ့ ဖွတ် ကိုယ်စားလှယ် အောင်ဝင်းကြည် ရေ - မင်း ကိုယ့်မြို့သားတွေကို လေးစားလိုက်စမ်းပါ- မင်း ခေတ် မဟုတ်တော့ဘူး

Powered by Blogger.