ရန်ကုန်၌ ဂျီအက်စ်အမ်ဖုန်း နှစ်သိန်းကျော် ချထားပေးမည်

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ် ဖုန်းလိုင်းအရေအတွက် နှစ်သိန်းကျော်နှင့် WCDMA ဖုန်းလိုင်းအရေအတွက် တစ်သိန်းကျော် ချထားပေးမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ချထားပေးမည့် အရေအတွက်မှာ နှစ်သိန်းကျော်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက ပြောသည်။ ရန်ကုန်မြို့၌ Elite Tech အရောင်းဆိုင် ၁၄ ဆိုင်အပြင် တခြားသော ကိုယ်စားလှယ် အရောင်းဆိုင်များ၌ပါ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ဧပြီလ ၉ ရက်နေ့၌ ဝယ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း ဝယ်ယူရာ၌ ယခင်အတိုင်း ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းများ စတင်ဝယ်ယူရာတွင် အင်တာနက်လိုင်းများ တွဲဖက်ပါဝင်မည် မဟုတ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရန်ကုန်၌ ဂျီအက်စ်အမ်ဖုန်း နှစ်သိန်းကျော် ချထားပေးမည် ရန်ကုန်၌ ဂျီအက်စ်အမ်ဖုန်း နှစ်သိန်းကျော် ချထားပေးမည် Reviewed by သစ်ထူးလွင် on 16:28 Rating: 5

7 comments:

amtkhunlay said...

Elite Tech ကို ကြိုဆိုပါတယ်။ ဟောဒီစီမံချက်ကိုလည်း ပါတီနိုင်ငံရေး ကင်းရှင်းစေလိုပါတယ်။ ရွေးကောက်ပွဲမှာ ဟိုပါတီ နိုင်ရင် ရောင်းပေးမယ်။
မနိုင်ရင် ဒီစီမံချက်ကို ရုတ်သိမ်းမယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဆက်သွယ်ရေး ကွန်ယက်ကောင်းမွန်လာတယ်ဆိုတာ တိုင်းပြည်တိုးတက်လာတယ် ဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဖြစ်စေချင်ပါတယ်။ ဟိုလူကြီးစကားအရဆိုရင် နောက်ထပ် ရန်ကုန်သူ/သား နှစ်သိန်းလောက် အဆင့်အတန်းရှိလာတော့မှာပါ။ ဂုဏ်ယူပါရစေ။

kyawkyi91 said...

ကြိုဆိုပါတယ်။

kyawkyi91 said...

ကောင်းပါတယ်။လူတန်းစေ့အကျိုးခံစားရရင်ပိုကောင်းတာပေါ့။

kyawkyi91 said...

ဆက်သွယ်ရေး နောက်ထပ် ဂုဏ်ယူပါရစေ။

yankinthar said...

မသုံးနိုင်သေးတဲ့လူတန်းစားတွေအတွက် ရည်ရွယ်မယ် ဆိုရင် ပိုပြီးဝမ်းသာစရာပါ

ရာရာ said...

စိတ်မ၀င်စားပါ။

micromyo said...

services ကောင်း ဘို့လိုပါသည်။၂ သိန်းတန် မထွက်သေး ခင် ကလိုင်း ကျပ်နေပြီး ထွက်လာလို့ကတော့မတွေးရဲ စရာ ပါ ဘဲ။

Powered by Blogger.