မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀၊နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်ပြီ

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်းမရမ်းကုန်းမြို့နယ် ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
ဥပဒေနှင့် ကိုက်ညီသော ကြိုတင်မဲပေးခွင့်ရှိသူတိုင်း ကြိုတင်မဲ ပေးနိုင်မည်ဖြစ်ပြီး၊ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိမိမိတို့နှင့် သက်ဆိုင်သော ရပ်ကွက်ကော်မရှင်ရုံးတို့တွင် လာရောက်မဲပေးနိုင်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
“ကြိုတင်မဲပေးခွင့်ရှိသူ ဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်းကြိုတင်မဲပေးလို့ရပါတယ် သက်ဆိုင်ရာပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်လာကြည့်လို့ရတယ် ပြီးတော့ သူတို့ကိုယ်တိုင်ချိတ်ပိတ်လို့ရတယ် ပြီးရင် လူတွေမြင်သာ ထင်သာရှိတဲ့နေရာမှာထားမှာပါ”ဟု မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးကပြောသည်။
အဆိုပါ ကြိုတင်မဲပေးရမည့်နေ့တွင်ဆေးရုံတက်နေသောလူများနှင့် သက်ကြီးရွယ်အို လမ်းမလျှောက်နိုင်သောသူများက ရပ်ကွက်ရုံးသို့ လာရောက်အကြောင်းကြားပါက ရပ်ကွက်ကော်မရှင်က ကိုယ်စားလှယ်နှစ်ယောက်ကို သွားရောက်ကြိုတင်မဲ ယူနိုင်ရန်စီစဉ်ထားကြောင်း သိရှိရသည်။
“အန်ကယ်တို့က ကြိုတင်မဲတွေကို လူတွေထင်သာမြင်သာရှိတဲ့နေရာမှာ ရေမှာပါ လူတွေမမြင်နိုင်တဲ့ အခန်းကျဉ်းလေးထဲမှာ ရေမှာမဟုတ်ပါဘူး ကိုယ်စားလှယ်တွေက ချိတ်ပိတ်ပြီးတာနဲ့ နောက်နေ့မနက်ကျရင် ကိုယ်ချိတ်ပိတ်ထားတာ ဟုတ်မဟုတ်စစ်ဆေးလို့ရပါတယ်” ဟု မရမ်းကုန်းမြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ကလဲ ကြိုတင်မဲကို သွားရောက်စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်းက ပြောသည်။
“အန်ကယ်က သိတောင်မသိဘူး အဲဒါက ဒီလိုပါသမီးရယ် စိုးရိမ်တဲ့ပါတီတွေသွားကြည့်ပါလိမ့်မယ် အန်ကယ်တို့ကတော့ ဘာမှပြသာနာမရှိဘူးဆိုတော့ အန်ကယ်တို့က ကြည့်ဖြစ်မယ်တောင်မထင်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်က ပြောသည်။
 ရှုမ၀အောင်(မြစ်မခ)
မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀၊နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်ပြီ မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀၊နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်ပြီ Reviewed by သစ်ထူးလွင် on 14:32 Rating: 5

9 comments:

Han Gyi said...

အေးပေါ့ အပြတ်ရှုံးမှာဆိုတော့ဘယ်သွားကြည့်ရဲမလဲ။ မှန်မှန်ကန်ကန်လုပ်ရင်ပြောတာပါ။ ဒီပွဲမှာ NLD ကအများဆုံးမနိုင်ရင်မတရားလို့ဘဲ။ တစ်ဖတ်သက်အမြင်မဟုတ်ဘူး။ ပြည်သူတွေရင်ထဲမှာဘာရှိလဲဆိုတာ အားလုံးသိပြီးသားပါ။

bk said...

ဦးရဲထွဋ် မင်းကကြည်.စရာမလိုအောင်ရူံးမှာပါ။

chit pain said...

“အန်ကယ်က သိတောင်မသိဘူး အဲဒါက ဒီလိုပါသမီးရယ် စိုးရိမ်တဲ့ပါတီတွေသွားကြည့်ပါလိမ့်မယ် အန်ကယ်တို့ကတော့ ဘာမှပြသာနာမရှိဘူးဆိုတော့ အန်ကယ်တို့က ကြည့်ဖြစ်မယ်တောင်မထင်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်က ပြောသည်။မင်းတို့ကတော့ သူခိုးပါတီဆိုတော့ ကြည့်စရာမလို
ဘူးပေါ့။ အများစုကလည်း မင်းတို့ပါတီကို ဘက်လိုက်နေကြတာပဲကိုး။

hhe said...

“အန်ကယ်က သိတောင်မသိဘူး အဲဒါက ဒီလိုပါသမီးရယ် စိုးရိမ်တဲ့ပါတီတွေသွားကြည့်ပါလိမ့်မယ် အန်ကယ်တို့ကတော့ ဘာမှပြသာနာမရှိဘူးဆိုတော့ အန်ကယ်တို့က ကြည့်ဖြစ်မယ်တောင်မထင်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်က ပြောသည်။
YOU ALREADY ALIBABA, SO NO NEED TO SEE.

ုkyaw said...

အင်း ကြည့်စရာမလိုဘူးဆိုတော့ အပိုင်လုပ်ထားပြီးသားဖြစ်လို့မလိုတာဖြစ်မယ် နိုင်ငံတစ်နိုင်ငံကမဲပုံးကိုတွေ့ဖူးတယ် မလပ်စတစ်ပုံးမဟုတ်ဘူး မှန်အကြည်အလုံပိတ်ပုံးလုပ်ပြီး သော့ခလောက်ပါတပ်ထားတယ် ဖွင့်လို့လဲမလွယ်ကူဘူး အပြင်ကလဲမြင်နေရတယ် ခုတော့ဒီပုံးက ဖွင့်လို့ပိတ်လို့လွယ်တယ် ပြီးတော့အထဲကစာရွက်တွေကိုလဲမသဲကွဲဘူး တတိုင်းပြည်လုံးအရေးကိုဒီလိုပလတ်စတစ်ပုံးလေးနဲ့ပလတ်စတစ်ကြိုးလေး
ချည်ပြီးလုပ်နေတာကိုက ပေါ့စလွန်းအားကြီးတယ် ဟန်ပြလုပ်ပေးနေရသလို
ဖြစ်နေပြီး ။

amtkhunlay said...

ကြိုတင်မဲတွေကို စိုးရိမ်တဲ့ပါတီတွေက သွားကြည့်ကြပါလိမ့်မယ်လို့ ကြံ့ဖွတ် ဦးရဲထွဋ်က ပြောတယ်။ အန်ကယ်တို့က ဘာပြဿနာမှမရှိဘူးဆိုတော့ ကြည့်ဖြစ်မယ်မထင်ဘူးတဲ့။ မဲခိုးမဲလိမ် လုပ်မရမဲ့ အတူတူပေါ့လေ။

Kalaw Thar said...

သြော် ပြောတတ်လိုက်တာ ဦးရဲထွန်း ရယ်
မဲ ခိုးမှာစိုးရိမ်တဲ့ပါတီ ကတော့သွား ကြည့် မှာပေါ့။
မဲခိုးနိုင်တဲ့ အခွင့်အရေး အာဏာ လည်း မင်းမှာပဲ
ရှိတာကို ဒါ့အတွက်ကြောင့် သူများပါတီမဲခိုးမှာ
မင်းမစိုးရိမ်တာပေါ့ ။
အပြောကတော့ရွှေမန်း အက ကတော့ ချိုမိုင်မိုင် ပါ
ရီးရဲထွန်း ရယ်

SM said...

ဦးရဲထွဋ်ေ၇ ခင်ဗျားကတော့ အပြောကောင်းတာပေါ့ ဘယ်ပါတီမှ ပြသနာမလုပ်ဘူး နာမည်ကြီးနေတာဘယ်ဘာတီလည်း ခင်ဗျား29 ၇က်နေ့က မ၇မ်းကုန်းမြို့နယ်လိုက်ပြီး မဲပေးပါလို့ စံပယ်ပန်းတွေ အများကြီးစွပ်ပြီးလူတိုင်းကို ခင်ဗျားပြုံးပြနေတာ
ဘယ်သူကမှ ခင်ဗျားကို လိုက်လိုက်လှဲလှဲနုတ်မဆက်ကတော့ မျက်လုံးနှင့် အမြင်သားခင်ဗျ ရှက်လိုက်တာနော်

Unknown said...

ကြည့်စရာမှမလိုပဲဟာ ကြည့်ရင်လဲ ရှုံးမှာဘဲ ဉီးရဲထွဋ်ရယ် မကြည့်တာပဲကောင်းပါတယ် ခိုးသူမှ သူခိုးကြောက်တာပါ၊မခိုးဘူးဆိုရင် မကြောက်ရပါဘူးခင်ဗျာ

Powered by Blogger.